• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, April 25, 2012

ဒုက္ခသည်တွေရဲ့ ဒုက္ခ



ဒုက္ခသည်တွေရဲ့ ဒုက္ခ 

 (မင်းစိုးစံ)

 April 25, 2012 Wednesday

ဒုက္ခဆိုတာဘာလဲ၊ ဒုက္ခဆိုတာ ဆင်းရဲတာ။
ဆင်းရဲတယ်ဆိုတာ ဘာလဲ ဆင်းရဲတယ်ဆိုတာ ပြည့်စုံလုံလောက် ခြင်းမရှိတာ။
ပြည့်စုံလုံလောက်တယ်ဆိုတာ ဘာလဲ ပြည့်စုံလုံလောက်တယ်ဆိုတာ အိပ်ချိန်မှာ စိတ်ချလက်ချ အိပ်နိုင် ပြီး နိုးလာလျင်ဘာတခုမျှကြောက်ရတာ ပူပန်ရတာမရှိတာ။
ဒါဟာ ပြည့်စုံလုံလောက်ခြင်းဖြစ်တယ်။
ကျုပ်ခံယူထားတဲ့ ပြည့်စုံလုံလောက်ခြင်းပဲ၊ အဲဒီနှစ်ခုရှိလျင် ချမ်းသာတယ်လို့မပြောနိုင်လျင်တောင် ဆင်းရဲတယ် ဒုက္ခရောက်တယ် လို့မပြောနိုင်တော့ဘူး။

 နို့ဖိုးဆိုတာ ကရင်လိုခေါ်တာ ဗမာလိုအဓိပ္ပါယ်က အင်းငယ်လေး(ရေအိုင်)လို့အဓိပ္ပါယ်ရပါတယ်၊ အဲဒီစခန်း
လေးဟာ ထိုင်းဗမာနယ်စပ်တကြောက ကရင့်နယ်မြေထဲမှာ ကရင့်တော်လှန်ရေးတပ်မတော်သားတွေနဲ့ ဗမာ စစ်အစိုးရလက်ကိုင်တုတ်(ဒုတ်) လိုင်စင်ရဓါးပြတွေရဲ့ တိုက်ပွဲတွေကြားကလွတ်အောင် ဘိုးဘွားပိုင်လယ်မြေ ယာမြေတွေအပြင် ယဉ်ကျေးမှုဓလေ့ထုံးစံကို စွန့်ပစ်ခဲ့ရရှာတဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေရဲ့ ခိုလှုံရာနေရာဌာ နလေး ဖြစ်ပါတယ်။

ဒီကနေ့ အဲဒီစခန်းလေးမှာ ထူးထူးခြားခြားဆန္ဒပြပွဲလေးဖြစ်ပွါးခဲ့ပါတယ်၊ ဒီစခန်းလေးမှာ အနာဂတ်မဲ့နေကြရသူ မွန်းကြတ်နေကြရသူ စိတ်ဖိစီးနေကြရသူ စသဖြင့်ပေါ့လေ အဲဒီလိုလူတွေရှိကြသလို အဲဒီလိုလူတွေကို အမှီသ ဟဲပြုပြီး အဆင်ပြေနေကြသူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။
ပထမဦးဆုံး ဆန္ဒပြတဲ့သတင်းနဲ့ပတ်သက်တဲ့ ခေါင်းစဉ်နှစ်ခုကို ယှဉ်ကြည့်ကြပါစို့။

နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည်အချို့ဆန္ဒပြ။

တတိယနိုင်ငံထွက်နိုင်ရန် နို့ဖိုးဒုက္ခသည် ၁၀၀ခန့်တောင်းဆို ဆန္ဒပြ။ 

ဘယ်ခေါင်းစဉ်က ဒုက္ခသည်အများစုအရေးနဲ့ ဆိုင်ပြီး ဘယ်ခေါင်းစဉ်က ဒုက္ခသည်အများစုအရေးနဲ့ လွဲနေသ
လဲဆိုတာ သေသေခြာခြာဖတ်ကြည့်လျင် သိသာလာပါလိမ့်မယ်။
ကဲဒီတော့ ကျုပ်တို့ဘယ်လိုခေါင်းစဉ်အောက်ကနေပြီး လှုပ်ရှားကြမလဲ။

အဓိက ဒုက္ခသည်ဖြစ်ရေးပဲ၊ လူသစ်က လူဟောင်းဖြစ်ဖို့အတွက်ပဲ၊ အဲဒါအဓိကအချက်ပဲ။

ကဲအပြောအဆိုကို ဖတ်ကြည့်ပြီး မေးခွန်းလေးကိုဖြေကြည့်ကြပါ ဒုက္ခသည်ဖြစ်ဘို့အရေးလား ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဘို့အရေးလား၊ ဒုက္ခဆိုတဲ့နေရာမှာ အသစ်အဟောင်းဆိုတာရှိနိုင်ပါသလား၊ အဟောင်းအ သစ်ဆိုတာကို ဘယ်လိုအကြောင်းပြချက်တွေ ဘယ်လိုအထောက်အထားတွေနဲ့ ခွဲခြားနိုင်မှာလဲ။

ဒုက္ခသည်ပါ ဆိုကာမှ လူသစ်လူဟောင်းဆိုပြီးခွဲတဲ့နောက်တော့ ဘယ်လိုလုပ်ပြီးစုစုစည်းစည်းဖြစ်တော့မှာလဲဗျာ။ စုစုစည်းစည်းမရှိတော့ အသံတွေက အမျိုးမျိုးထွက်နေတယ် ဘယ်အသံကိုနားထောင်ပြီး အလုပ်လုပ်ရမှာလဲ၊ ဒီတော့ နောက်အပတ် နောင်လ နောက်နှစ် နောက်တနှစ် နောက်ထပ်ငါးနှစ် နောက်ထပ်ဆယ်နှစ် နောက်ထပ်
နှစ်ငါးဆယ် ဆိုတဲ့အဖြေမျိုးမပေးလို့ ဘယ်လိုအဖြေမျိုးပေးမှာလဲ။

ခင်ဗျားသာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ရှိသူတစ်ယောက်ဆိုလျင် အမျိုးမျိုးထွက်လာတဲ့အ သံကြားထဲ ဘယ်လိုတိတိကျကျ စကားမျိုးပြောရဲမှာလဲ။
ကိုယ်ချင်းစာကြည့်ပေါ့ဗျာ။

ဆန္ဒပြတာက အဓိက နိုင်ငံခြားထွက်နိုင်ရေးကိစ္စပါ။

လာပြန်ပြီနောက်ထပ်အသံတသံ၊ ကဲဘယ်လိုလုပ်မလဲ ဒုက္ခသည်အသစ်ကို အဟောင်းဖြစ်အောင်လုပ်ပေးရမှာ လား၊ နိုင်ငံခြားထွက်ဘို့ လုပ်ပေးရမှာလား၊ ဒါဆိုလျင် နှစ်ပေါင်းနှစ်ဆယ်ကျော်လာခဲ့တဲ့ ဒုက္ခသည်တွေရဲ့ အဓိ က ပြဿနာက ပြီးသွားမှာလား။

တတိယနိုင်ငံသွားချင်တဲ့လူ ထိုင်းမှာအခြေချနေထိုင်ချင်တဲ့လူ နေရပ်ရင်းပြန်မယ့်လူ အဲဒီလိုခွဲလိုက်တာကို ကျုပ်တို့အတွက်အခွင့်အရေးတခုလို့မြင်နေသလား၊ ကျုပ်တို့မညီမညွတ်ဖြစ်လေ ကျုပ်တို့ကိုဒုက္ခရောက်အောင် လုပ်ချင်သူတွေအတွက် အခွင့်အလမ်းတခုဖြစ်စေသလို ကျုပ်တို့ဘ၀ကို တကယ်လွတ်မြောက်စေချင်သူတွေအ
ဘို့ လုပ်ရကိုင်ရတာ တဆထက်တဆ ပိုပိုပြီးအခက်အခဲဖြစ်စေပါတယ်။

ကျုပ်ရဲ့ အတွေ့အကြုံလေးတခုရေးပြမယ်၊ ၈၈၈၈ ကျောင်းသားစခန်းနဲ့ ကျုပ်တို့ကရင်ဒုက္ခသည်စခန်းကွာခြား ပုံ လေးပါ။ စားနပ်ရိက္ခာအကြောင်းထည့်မရေးပါဘူး။

ကရင်ဒုက္ခသည်စခန်းမှာ မရှိတဲ့အခွင့်အရေးတွေကို ၈၈၈၈ ကျောင်းသားစခန်းမှာရတာတွေကို ရေးပြပါ့မယ်။ စက်ချုပ်သင်တန်း၊ စိုက်ပျိုးမွေးမြူရေးသင်တန်း၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ မုန့်မျိုးစုံလုပ်နည်း သင်တန်း၊ စက်ပြင်သင်တန်း၊ ဆံပင်ညှပ်သင်တန်း စတာတွေရှိတယ်၊ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ မြန်မာနိုင်ငံ မှာ ပြန်ပြီးအခြေချကြတဲ့တနေ့ အသက်မွေးဝမ်းကြောင်းအတွက် ရည်ရွယ်တဲ့သင်တန်းတွေဖြစ်ပါတယ်။

၁၉၉၀ ပတ်ဝန်းကျင်လောက်က စတာလို့ထင်တာပဲ၊ ကျုပ်တို့ကရင်ဒုက္ခသည်စခန်းကျတော့ ၁၉၈၄မှာ စခန်း
ဖြစ်လာခဲ့ပေမယ့် ၁၉၉၈အထိ ဘာသင်တန်းကျောင်းမှမရှိခဲ့ပါဘူး၊ အဲဒီတော့ ဗမာပြည်ပြန်လျင် အသက်ရှင်ရပ် တည်နိုင်ရေးအတွက် ဘယ်လိုရှာဖွေစားသောက်ကြမှာလဲ။
အခုတော့ သင်တန်းတွေဖွင့်သလိုလို ဘာလိုလိုတော့ ကြားနေရတယ် ဟုတ္တိပတ္တိရှိရဲ့လားတော့မသိ။

ဦးအောင်မင်းကတော့ အစီအစဉ်တွေဆွဲထားတယ်၊ ပေါက်တူးပေါက်ပြား ပုဆိန် ဓါးမ ဂေါ်ပြားတူရွင်း ပေါက်ချွန်း ဓါတ်မြေသြဇာ အဲဒါတွေ ထုတ်ပေးမယ်တဲ့ လူကြားကောင်းအောင်ပြောနေလိုက်တာများ မစားရ ၀ခမန်းပဲ၊ အဲဒါ တွေတကယ်ရတယ်ပဲထားပါတော့ ထမင်းဖြစ်လာမှမှမဟုတ်တာ။

 ဦးအောင်မင်းပြောတဲ့စကားနဲ့ ဆန့်ကျင်ဘက်စကားတခွန်းရှိတယ် အင်္ဂလိပ်ကျွေးတာကို စားထားကြ၊ ပြန်လာ
လို့ကတော့ အသေကိုခိုင်းပစ်မယ် ဆိုတဲ့စကားကို နည်းနည်းလေးသတိထားကြည့်ကြဘို့ လိုမယ်ထင်ပါတယ်။

ကျုပ်တို့တတွေ ဗမာပြည်ထဲပြန်ရောက်သွားပြီဆိုပါစို့၊ ဘယ်မှာလဲ စိုက်စားဘို့မြေနေရာ၊ သူတို့အစိုးရတွေ မတ ရားမြေသိမ်းနေတာများ ကျုပ်တို့အတွက်စိုက်စားဘို့မဆိုထားနဲ့ အိမ်နေရာလေးတောင် ရမှာမဟုတ်ဘူး၊ ကျုပ်တို့ ကိုယ်ပိုင်မြေနေရာမှာ ပြန်နေမှာပေါ့ဆိုလျင် ရာဘာပင်တွေစိုက်ထားလိုက်တာ မှတ်မိနိုင်စရာတောင် မရှိဘူး။

အဲဒါကတော့ တတိယနိုင်ငံကိုလည်းမသွားဘူး၊ ထိုင်းမှာလည်းမနေချင်ဘူး ဗမာပြည်တွင်းမှာပဲနေဘို့ စဉ်းစား ထားသူတွေအတွက် ကြုံရနိုင်တဲ့အခက်အခဲများစွာထဲက တခုသာသာလေးပါ။

ဆိုလိုချင်တာက ဒုက္ခသည်တွေ အားလုံးမှာ တူညီတဲ့အချက်က ကျုပ်တို့တတွေအားလုံးဟာ အိပ်ကောင်းခြင်း မအိပ်ရဘူး၊ စားကောင်းခြင်းမစား ရဘူး၊ ကောင်းသော နိုးထခြင်းမျိုးနဲ့နိုးထလာရတာလည်းမရှိဘူး။

တနှစ်ဆိုလည်းဟုတ်၊ ဆယ်နှစ်ဆိုလည်းဟုတ် နှစ် နှစ်ဆယ်ဆိုလည်းဟုတ်၊ အဲဒီ လိုလူမျိုးတွေဖြစ်ပါတယ်၊ အဲဒီလိုလူတွေက အသံတသံတည်းထွက်လာပြီဆို တာနဲ့ ဒုက္ခသည်အရေးကိစ္စဖြေရှင်းဘို့ရာ အလွန်ကို လွယ်ကူသွားနိုင်ပါတယ်။ ဒါပေမယ့် နို့ဖိုးဒုက္ခသည်စခန်းမှာ လူဦးရည်၁၀၀၀၀ကျော်(တစ်သောင်းကျော်)ရှိပြီး UNHCR ကအသိအမှတ်ပြု ခံထားရတဲ့လူက ရှစ်ထောင်(၈၀၀၀)ရှိတယ်၊ ဆန္ဒပြတဲ့လူက ၁၀၀(တစ်ရာ)ဆိုတော့ ကျန်တဲ့လူတွေက ဘာလုပ် နေကြတာလဲ၊ ကြောက်နေလား၊ ဘာကိုကြောက်တာလဲ။

ဘယ်သူတွေကိုကြောက်နေတာလဲ၊ ဘာကြောင့် ကြောက်ရတာလဲ၊ ဘာတွေကိုစိုးရိမ်နေတာလဲ၊ ဒါမှမဟုတ် ဆန္ဒမပြတဲ့လူတွေက ဒုက္ခသည်အစစ်အမှန်မဟုတ်လို့လား၊ UNHCR အသိအမှတ်ပြုခံထားရတဲ့လူတွေက
ရော ရေလောင်းပြီးရထားတဲ့ လက်မှတ်မို့လို့လား၊ ကိုယ့်အရေးကိစ္စလေးတောင် ပူးပေါင်းပါဝင်လိုစိတ်နည်းနေ
မှတော့ ဒုက္ခသည်ဘ၀က လွတ်မြောက်ဘို့ လွယ်မယ်တဲ့လား။

ဒီလိုပုံစံမျိုးနဲ့ ပြည်တွင်းမှာပြန်နေကြလို့ကတော့ ရေရှည်မှာမလွယ်ဘူးထင်တာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် တတိ
ယနိုင်ငံကိုပဲပြောင်းပြောင်း ထိုင်းမှာပဲနေနေ ဗမာပြည်ကိုပဲပြန်ပြန် စုပေါင်းပါဝင်လှုပ်ရှားမှုဆိုတဲ့အကျိုးကို
သိရှိသဘောပေါက်ပြီး စဉ်ဆက်မပြတ်ကျင့်သုံးတတ်ဘို့ အခုကတည်းက ပြုစုပျိုးထောင်ဘို့လိုအပ်နေပြီ ဖြစ် ပါကြောင်း။




ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)