ညီလေးအတွက် ရေးတဲ့ကဗျာ
(မင်းစိုးစံ)
ညီလေး
မင်း ဘာတွေတွေးနေလဲ
သောင်ရင်းချောင်းနံဘေးက
သွေးစွန်းနေတဲ့ မိုးမခရွက်တွေအကြောင်းလား။
ဒါမှမဟုတ်
ကော်မူးရာရဲ့ ခံကတုတ်ကျင်းတခုမှာ
မျက်လုံးစုံဖွင့်ရင်း
အံ့အားသင့်တဲ့မျက်နှာထားနဲ့
ကျဆုံးသွားခဲ့တဲ့
ကရင့်တော်လှန်ရေးတပ်သား
စိုင်းနေဘွား အကြောင်းလား။
ဒါဆို..........။
မြေနီတောင် စခန်းကိုချီတက်
အသက်ကိုပမာမခန့်ပဲ
တိုက်ပွဲဝင်ခဲ့တဲ့ စစ်သည်အထောင်အသောင်းတွေထဲက
မင်းရဲ့ သွေးသောက်အကြောင်း
ပြန်ပြောင်းသတိရနေသလား။
နေဦး..........။
အသက်ကိုပမာမခန့်ပဲ
တိုက်ပွဲဝင်ခဲ့တဲ့ စစ်သည်အထောင်အသောင်းတွေထဲက
မင်းရဲ့ သွေးသောက်အကြောင်း
ပြန်ပြောင်းသတိရနေသလား။
နေဦး..........။
သွေးပေနေတဲ့သားသတ်ရုံရဲ့စဥ့်နီတုံးလို
နီညိုညိုသွေးတွေစိုနေတဲ့
စုတ်ချာချာ ကုတင်အိုတစ်လုံး အကြောင်းလား။
စုတ်ချာချာ ကုတင်အိုတစ်လုံး အကြောင်းလား။
ရှိသေးတယ်..........။
စစ်ဘေးသင့်ကရင့်သမီးပျိုလေး
စစ်ခွေးတွေအနိုင်ကျင့်လို့
သွေးတွေနဲ့နင့်နေတဲ့ သင်တိုင်းကတခြား
မိမွေးတိုင်းဖမွေးတိုင်း အသက်ထွက်သွားရရှာတဲ့
ကညာပျိုတွေရဲ့ အကြောင်းတွေကိုများလား။
လက်နက်ကိုင်တယ်ဆိုတာ
စားစရာမရှိလို့မဟုတ်ဘူးဆိုတဲ့စကား
ဗမာအကြီးအကဲများကို
သိသွားစေလိုတဲ့
တကယ့်မျိုးချစ်တွေအကြောင်းလား။
မေးသာမေးရတယ်
ငါလည်း
မအီမလယ်ဖြစ်နေတာအမှန်။
ရင်ပြည့်ရင်ကယ်တာတော့မဟုတ်ဘူး
အစာမကြေဘူးလို့ ပြောချင်တာများလား။
မကွဲပြားသလို မခွဲခြားတတ်တာထက်
ငါ နှာစေးပြနေတာများလား။
ငြိမ်းချမ်းရေးဆိုတဲ့စကား
ပေါပေါများများ ပြောနေကြတဲ့အချိန်
အတိတ်ကို ငါအကြိမ်ကြိမ်ရောက်ခဲ့တယ်။
ကရင်ပြည်မရရင် ဆံပင်မညှပ်ဘူး........ တဲ့
၁၀၁ မိရင်သတ်.......... တဲ့။
နေ၀င်းမသေသမျှ ရွာမပြန်ဘူးကွ....... တဲ့။
အခုတော့
နေ၀င်းသေတာကြာပြီဆိုတော့
ရွာပြန်ချင်ကြ ရှာပြီပေါ့။
ရွာပြန်ချင်လို့ပဲ ဖြစ်ဖြစ်
စစ်မဖြစ်ချင်လို့ပဲ ဆိုဆို
ငြိမ်းချမ်းမှုကို လိုချင်လို့ပဲ ထားလိုက်
နှစ်ပေါင်းများစွာ ယုတ်မာစော်ကားထားတဲ့
ဗမာစစ်သားကို လက်ဆွဲနှုတ်ဆက်ရဲမှတော့
ကရင်အချင်းချင်း လည်ပင်းဖက်ရဲရမယ်။
လူမဆန်တဲ့ဗမာစစ်သားနဲ့
စားပွဲဝိုင်းမှာ
ယမကာပွဲ
ဆင်နွှဲကြသလို
ကရင်ပြည်သူကြားမှာ ငါးပိခါးနဲ့
ထမင်းအတူ စားတတ်ရမယ်။
မြေခွေးလိုကောက်ကျစ်တဲ့
စစ်အစိုးရခင်းပေးတဲ့ အိပ်ယာပေါ်မှာ
ခြေပစ်လက်ပစ် အိပ်ရဲခဲ့လျင်
ကရင်ပြည်သူတွေနဲ့အတူ
အလွယ်တကူ အိပ်စက်ရဲရမယ်။
အဲဒါပဲညီလေး
သိပ်မတွေးနဲ့
စည်းလုံးရေးကို တကယ်လိုချင်လျင်
စင်မြင့်ပေါ်မှာ စကားတက်ပြောတာထက်
စင်အောက်က မ၀ံ့မရဲအံကျလာတဲ့အသံကို
မင်း နာခံတတ်လိုက်စမ်းပါ။
နာခံဘို့ငြင်းဆန်နေလျင်
ငါတို့လိုချင်တဲ့ ငြိမ်းချမ်းရေး
သိပ်ဝေးသွားမယ့်အပြင်
သွေးစိမ်းရှင်ရှင်တလကြမ်းစီးဆင်း
ယမ်းငွေ့တွေ ဆီးနှင်းလို ဝေလိမ့်မယ် ဟေ့။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
မှတ်ချက်
ဓါတ်ပုံအများစုကို KIC (Karen Information Center) မှ ရယူထားခြင်းဖြစ်သည်။
မှတ်ချက်
ဓါတ်ပုံအများစုကို KIC (Karen Information Center) မှ ရယူထားခြင်းဖြစ်သည်။












