• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, April 30, 2012

သုံးနှစ်မြောက်မွေးနေ့

သုံးနှစ်မြောက်မွေးနေ့ 

(မင်းစိုးစံ)
April 29, 2012 Sunday

အားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်လိုက်ပါတယ်။
ဒီနေ့ April 29, 2012 ကတော့ ကျုပ်ဘလော့ဂ်လောကထဲကို ရောက်လာတာ ၃နှစ်တင်းတင်းပြည့်တဲ့နေ့
ဖြစ် တဲ့အတွက် သုံးနှစ်မြောက်ကလေးငယ်တစ်ယောက်ရဲ့ အတွေးတွေကိုမတင်ပြခင် ကျုပ်ရဲ့ နာမည်လေး
အကြောင်း ရှင်းပြပါရစေ။

ပထမဦးဆုံးအနေနဲ့ ဘလော့ဂ် ရေးဖြစ်အောင် တနည်းအားဖြင့် ဘလော့ဂ်လောကထဲရောက်လာအောင် ကူ ညီဆောင်ရွက် သင်ကြားပံ့ပိုးပေးခဲ့ကြသူတွေအားလုံးကို နာမည်စာရင်းနဲ့ မှတ်တမ်းတင်ပါရစေ။ စောကျော်ခွီး။ အဲခေါင်သောင့်။ စောလင်းနက်။ စောအောင်ဟိန်း။ ဆုတောင်း။ မြစ်နဒီကိုးသွယ်ရဲ့ပိုင်ရှင် Poisonous Flower
တို့ကို လေးစားခြင်းများစွာနဲ့ သုံးနှစ်မြောက် ဘလော့ဂ်မွေးနေ့မှာ လက်ဆယ်ဖြာဦးထိပ်တင်လို့ ကန်တော့ပန်း ဆင်လိုက်ပါတယ်။
အဲဒီပုဂ္ဂိုလ်တွေအားလုံး ကျုပ်ရဲ့တူအရွယ် သားအရွယ် သမီးအရွယ် ညီအရွယ်တွေပါ။

ဘာကြောင့် လက်အုပ်ချီ ပြီးကန်တော့ရသလဲ။ ရှင်းပါတယ်၊ အားလုံးဟာ ကျုပ်ထက် ပညာအရာမှာ တတ်
ကြွမ်းနားလည်ရုံမျှမက နားမလည်နိုင်လွန်းတဲ့ကျုပ်လိုလူကို သင်ကြားနိုင်တြတဲ့ထူးခြားတဲ့ ဂုဏ်ပုဒ်တွေရှိ
နေကြလို့ အာစရိယဂုဏောအနန္တော ဆိုတဲ့အတိုင်း ဆရာဆိုတဲ့ဂုဏ်ကျေးဇူးကို ရင်ထဲကနှစ်လိုဝမ်းမြောက်
စွာနဲ့ကန်တော့လိုက်တာပါ။
(ရိုသေထိုက်သောသူကို အရိုအသေပြုခြင်းသည် မင်္ဂလာတပါးဖြစ်၏။)

နာမည်အကြောင်း ရှင်းလင်းဘို့ဆိုလိုက်လို့ အမည်သညာခေါ်စရာကားဆိုပြီးဝါးချမ်းပြားအပေါ် ရေးမှတ်ထား တဲ့ မွေးသက္ကရာဇ်အကြောင်းမဟုတ်ပါဘူး၊ ဘလော့ဂ်နာမည်ကို ရှင်းပြချင်တာပါ၊ ကျုပ်ရဲ့ဘလော့ဂ်အမည်က
ဖူ့တာမိက် ဆိုတော့ အချို့ပုဂ္ဂိုလ်တွေအတွက် အသံထွက်တွေမှားနေသလို စာလုံးပေါင်းတွေလွဲနေလိုက်တာ သုံးနှစ်တိတိကြာခဲ့ပါပြီ။
အချိန်မှီချုပ် အစုတ်သက်သာ ဆိုသလို မှားနေတာလေးပြင်လိုက်ချင်လို့ပါ။

ပိုးကရင်စာကိုနားလည်ပြီး ပိုးကရင်နဲ့ မစိမ်းတဲ့သူတွေ ပိုးကရင်လိုပြောသူတွေအတွက် ဒီနာမည်က ဆန်းပြားမ
နေပေမယ့် ပိုးကရင်နဲ့စိမ်းနေသူတွေ ပိုးကရင်စာကိုနားမလည်တဲ့အပြင် စကားကိုမသိတဲ့လူတွေအတွက် 
ဖူ့တာမိက် ဆိုတဲ့စာလုံးဟာ တွေးချင်စရာဖြစ်နေတတ်ပါတယ်၊ အထူးသဖြင့်ကတော့ မိက် ဆိုတဲ့စာလုံး။

မိက် ဆိုတာ မိတ် ကိုရေးချင်တာ စာလုံးပေါင်းမှားရေးလိုက်တာများလား။ ဖူ့ ဆိုတာကလည်း ဖူး လား ဖူလား စသည်ဖြင့်ပေါ့လေ တာ ဆိုတာကတော့ သိပ်မှားစရာမရှိပါဘူး။ ထာ ဆိုတာလေးနဲ့ ကာ ဆိုတာလေးနဲ့တော့ ထင်စရာလေးဖြစ်နေမှာပါ။

တကယ်တော့ ဖူ့တာမိက် ဆိုတာ ဗမာအသံထွက်က ဖုတာမိုက် လို့ထွက်ပါတယ်၊ ဖုတာများ မိုက်သလေးဘာလေး လုပ်နေသေးတယ်နော်၊ ဖုတာပဲ ရိုးရိုးလေးဖုလို့ရတာပဲလေ ဖုတာမိုက်ဆိုတော့ မဖုလျင်မမိုက်ဘူးပေါ့၊ အဲ ဒါကတော့ ထွက်လာတဲ့ အသံထွက်နဲ့ ထွက်လာတဲ့အသံရဲ့အဓိပ္ပါယ်ကို ရေးပြီး နားလည်သလို တွေးပြတာပါ။

ပိုးကရင်လို ဖူ့တာမိက် ဆိုတာ၊ ပိုးကရင်လူမျိုးတွေအတွက် အထူးမြင့်မြတ်တဲ့ သာသနာပြုသူရဲကောင်းရဟန်းတ ပါးကို ပိုးကရင်လူထုက တလေးတစားနဲ့ခေါ်ဆိုသုံးနှုံးထားတဲ့ နာမည်ဖြစ်ပါတယ်၊ သူ့ရဲ့စွမ်းဆောင်မှုကြောင့်ပိုးက ရင်စာပေဟာ ဒီနေ့အထိတည်တံ့ခိုင်မြဲနိုင်ခဲ့သလို ဗုဒ္ဓဘာသာဝင် ပိုးကရင်တွေလည်း ရဟန်းပြုခွင့်ရခဲ့တယ်ဆို တာကို ပိုးကရင်ဘာသာနဲ့ရေးသားထားတဲ့ စာအုပ်တွေမှာ ဖတ်ရပါတယ်။

ကျုပ်က အဲဒီသံဃာတော်ရဲ့ စွမ်းဆောင်မှုတွေကို ကျေးဇူးတင်လေးစားမိပြီး ဖူ့တာမိက်(ဖုတာမိုက်) ဆိုတဲ့အမည်
ကို ဦးထိပ်ထားဂုဏ်ယူပြီး အသုံးပြုတာပါ၊ လေးစားလျင် လေးစားသူရဲ့တာဝန်က မိမိလေးစားသူလုပ်ဆောင်တဲ့ တည်ဆောက်ထားတဲ့ ချမှတ်ထားတဲ့ အရာတွေအားလုံးကို တတ်နိုင်တဲ့နည်း ဖြစ်နိုင်တဲ့နည်းကိုအသုံးပြုပြီး ပုခုံး ပြောင်းတာဝန်ယူပြီး ဆက်လက်လုပ်ဆောင် အကောင်အထည်ဖေါ်ရမယ် ထိန်းသိမ်းရမယ်၊ လိုက်နာကျင့်
သုံးရမယ်။
အဲဒီသံဃာတော်အရှင်သူမြတ်ရဲ့ ဘွဲ့တော်က အရှင်နန္ဒမာလာ ဖြစ်ပါတယ်၊

စာပေကျမ်းဂန်တွေအများအပြား ရေးသားထားခဲ့တဲ့ ရဟန်းတော်တပါးဖြစ်ပါတယ်။(ပေရွက်ပေါ်တွင် ကညစ်
တံဖြင့်ရေးသားခြင်း) အဲဒီတော့ ကျုပ်ဘလော့ဂ်ထဲကိုအလည်လာတဲ့ မိတ်ဆွေတယောက်က မင်းကဒီနာမည် သုံးပြီး စာပေနဲ့ပတ်သက် တာရေးထားတာမတွေ့ဘူး အခုချက်ခြင်း ဖူ့တာမိက် ဆိုတဲ့နာမည်ကိုပြောင်းပစ်ပါဆို
တဲ့ အရေးအသားမျိုးအရေး ခံခဲ့ရဘူးတယ်၊ ကျုပ်စိတ်မဆိုးပါဘူး၊ သူ့ကိုတောင်လေးစားသေးတယ်၊ ဒီလူလည်း ငါ့လိုပါပဲလား ဆိုတာတွေးမိလို့ပါ။

ဒီနေရာမှာ ပိုးကရင်တွေခေါ်တဲ့ ဖူ့ ဆိုတဲ့ဗမာလိုအဓိပ္ပါယ်က အဘိုး(အဖိုး)လို့ရပါတယ်၊ အဘိုးဆိုတာ သက်ကြီး ၀ါကြီးတဲ့ ပုဂ္ဂိုလ်တွေကိုခေါ်ကြတာပါ၊ အသက်ငယ်ပေမယ့် ဌာနတခုခုမှာ ထူးထူးချွန်ချွန်နဲ့ ထိထိရောက်ရောက် လူထုအတွက်ကောင်းကျိုးချမ်းသာတွေကို လုပ်ကိုင်သူတွေဆိုလျင်လည်း ဖူ့ ဆိုတဲ့ဝိသေသကိုတပ်ပြီးခေါ်ဝေါ်
လေ့ရှိကြပါတယ်။
အနီးစပ်ဆုံးဥပမာပေးရလျင် ဗမာတွေခေါ်နေတဲ့ သခင်……။ ဗိုလ်…..။ ၀န်မင်း……။လို ၀ိသေသမျိုးဖြစ်ပါတယ်။
အဲဒါကြောင့် ကျုပ်ရဲ့ အမည်နာမနဲ့ပတ်သက်လို့ အမှားအယွင်းတွေမရှိရလေအောင် ပိုးကရင်လို ဖူ့တာမိက် ဆို တာကို ဗမာလိုရေးမယ်ဆိုလျင် ဖုတာမိုက် လို့ရေးစေချင်ပါတယ်။ ဖူ့တာမိတ်။ ဖူ့ဓါမိတ်။ ဆိုတဲ့စာလုံးမျိုးမသုံးမိ
စေလိုတဲ့ ဆန္ဒမျိုးနဲ့အခုလို ပြင်ဆင်နိုင်ကြောင်းကို ရှင်းလင်းလိုက်ရကြောင်းပါခင်ဗျား။

နာမည်အကြောင်းရှင်းပြီးသွားတော့ လူငယ်နဲ့လူကြီးတို့ရဲ့ကြား ဒီကနေ့အထိ အစဉ်အဆက် အပြစ်တင်နေတဲ့ အကြောင်းလေးကို တွေးကြည့်ကြရအောင်လား။

အခုလူကြီးနေရာယူထားတဲ့သူတွေက တချိန်တုန်းက လူကြီးနေရာယူခဲ့ကြသူတွေကို အားမလိုအားမရအပြစ် တင်နေသလို ဒီကနေ့လူငယ်တွေကလည်း သူတို့ကိုအသုံးမကျတဲ့ လူကြီးတွေဆိုပြီး ပြောဆိုနေတာနဲ့ပတ်
သက်လို့ နည်းနည်းလောက် စဉ်းစားကြည့်ကြပါစို့။

ဟုတ်ပြီ လူကြီးနဲ့လူငယ်ဆိုတာ သိကြတဲ့အတိုင်း လူငယ်တွေက လန်းဆန်းတဲ့ အတွေးအမြင်တွေရှိတယ်၊
မြန် မြန်ဆန်ဆန် သွက်သွက်လက်လက်ရှိကြပြီး လုပ်ချင်ကိုင်ချင်စိတ်၊ စူးစမ်းချင်တဲ့စိတ်၊ ဦးဆောင်ချင်တဲ့
စိတ်တွေရှိကြတာ ခေတ်အဆက်ဆက်ပါ။
လူကြီးဆိုတာကလည်း လူငယ်လေးတွေရဲ့ အပြုအမူနဲ့လုပ်ဆောင်မှုအပိုင်းတွေမှာ အမှားအယွင်းတွေရှိမှာကို လူ ကြီးပီပီစိုးရိမ်တတ်ကြ တာ ခေတ်အဆက်ဆက်ပါပဲ။
အဲဒီတော့ ခေတ်အဆက်ဆက်ဖြစ်လာခဲ့တဲ့ အခုလို လူကြီး နဲ့လူငယ်တွေကြားက ပြဿနာလို့ခေါ်မလား အစိုင်
အခဲလို့ပြောမလား အထုံးအဖွဲ့လို့ဆိုကြမလား။
 အဲဒါတွေကို

အေးကွ မင်းတို့တတွေ ငါတို့ကို အသုံးမကျတဲ့လူကြီးတွေဆိုပြီး အားမလိုအားမရ မြည်တွံတောက် တီးခဲ့ကြသ
လို ဟိုးတချိန်တုန်းက ငါတို့လည်း ငါတို့ရဲ့အကြီးအကဲတွေကို အခုလိုစကားလုံးတွေနဲ့ဝေဘန်ခဲ့ကြထောက်ပြခဲ့ ကြတာပဲ လို့ဆိုလိုက်ရုံနဲ့ လူငယ်နဲ့လူကြီးတို့ရဲ့ကြားက ပြဿနာ၊ အစိုင်အခဲ၊အထုံးအဖွဲ့ဆိုတဲ့အ ရာတွေက ပြေ
လည် ပပျောက်သွားမယ်တဲ့လား။
ကဲကျုပ်တခုလောက် ရေးပြပါရစေ၊ လူငယ်နဲ့လူကြီးတို့ရဲ့ သဘောသဘာဝကိုတော့ စောစောတုန်းက ရေးပြခဲ့ပြီး ပါပြီ။(အနည်းအကျဉ်း)

လူကြီးဆိုတာက လူငယ်တွေရဲ့လုပ်ရပ်ကြောင့် တခုခုဖြစ်သွားမှာ တခုခုလွဲသွားမှာ ဆုံးရှုံးသွားမှာကို စိုးရိမ်တတ် ပါတယ်၊ အဲဒီတော့ လူငယ်တွေကို စိုးရိမ်စိတ်ကြောင့် တားဆီးတာ တားမြစ်တာ တို့လုပ်မိတတ်ပါတယ်၊ အဲဒါကို လူငယ်တွေ နားလည်သဘောပေါက်အောင် စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းဆေးဆေး ရှင်းပြပေးဘို့လိုပါတယ် အဲဒီလိုမှမဟုတ်ပဲနဲ့ နောက်မှပေါက်လာတဲ့ အမွှေးက အချောင်းထက်ပိုမရှည်ချင်နဲ့ ဆိုတဲ့ပုံစံမျိုးနဲ့တားဆီးမိလိုက် လျင် ခုနတုန်းကပြောသလို လူငယ်တွေကလူကြီးကို ပစ်တင်ဝေဘန်နေမှာပဲ၊
နောက်ဆက်တွဲပြဿနာက လူ ကြီးနဲ့လူငယ် အလုပ်သာတွဲလုပ်နေရတာ နွေးထွေးပွင့်လင်းမှုမရှိနိုင်တော့တဲ့အ တွက် နှောင့်နှေးကြံ့ကြာမှုတွေ ဖင့်နှေးမှုတွေ ဖြစ်လာတတ်ပါတယ်၊ လုပ်ငန်းတွင်ကျယ်မှုမရှိဘူးပေါ့ဗျာ။

လူငယ်လေးတယောက်က လူကြီးကို ဒီရွာမှာ ပိုးကရင်စာသင်ဘို့လိုအပ်နေပါတယ်၊ လို့ပြောလာလျင် စာဖတ်
သူသာ လူကြီးတယောက်ဖြစ်နေမယ်ဆိုလျင် လူငယ်လေးကိုဘာပြန်ပြောမလဲ။

ကလေးတွေရဲ့ဦးဏှောက်က အင်မတန်နုနယ်တယ်၊ သူတို့ဦးဏှောက်ထဲကို လက်ရှိဘာသာရပ်တွေအပြင်
နောက်ထပ်ပိုးကရင်ဘာသာကိုထပ်ဖြည့် ဘို့မဖြစ်နိုင်ဘူး၊
အဲဒီတော့ မင်းတို့သင်ချင်တဲ့ပိုးကရင်စာ၊ ပိုးကရင်ကျောင်းဆိုတာကို ကရင်အမျိုးသားတွေလွတ်မြောက်တဲ့
တနေ့ကျမှ ကျောင်းကောင်းကောင်းဖွင့်ပြီး သင်ကြတာပေါ့ကွာ

လို့ပြောလိုက်လျင် အင်မတန်တက်ကြွနေတဲ့ အမျိုးသားရေးနဲ့ပတ်သက်ပြီး လုပ်ချင်ကိုင်ချင်စိတ်ပြင်းထန်တဲ့ လူငယ်လေးတယောက်ရဲ့နေရာမှာ ခင်ဗျားသာဆိုလျင် ဘယ်လိုနားလည်သဘောပေါက်သွားမလဲ။
ဟုတ်သားပဲ လို့သဘောပေါက်နားလည်လျင်တော့ အေးဆေးပေါ့ဗျာ၊ နွေရာသီကျောင်းပိတ်ရက်တွေမှာ ပိုးက ရင်စာကို လွတ်လွတ်လပ်လပ်သင်နေရတာပဲနော်။ ဟုတ်တယ်ဟုတ်။

ဒါဆိုလျင် သမ္မတဦးစောမောင်ကို ကျောင်းသားသမ္မဂ္ဂအဆောက်အဦးကို ပြန်ဆောက်ဘို့ ကျောင်းသားတွေက ၀ိုင်းပြောတော့ ဦးစောမောင်က ဘာပြန်ပြောသလဲ။

အခုအချိန်ကတော့ စောပါသေးတယ်၊ ဒီမိုကရေစီရတဲ့တ နေ့မှာ လူတစ်ယောက်ကို တစ်ကျပ်စီစုလိုက်လျင်
ကျောင်းသားသမ္မဂ္ဂအဆောက်အဦးကို ရွှေချလို့တောင်ရပါတယ်၊ အဲဒီအခါကျတော့မှ ပျော်ပျော်ပါးပါး ဆောက်
ကြတာပေါ့  ဆိုတာလေ။

အဲဒီတော့ ၈၈၈၈ ကျောင်းသားတွေက ဘာပြန်ပြောသလဲ။(အဲဒါတော့ ကျုပ်လည်းမသိ)

ဟုတ်ပြီလူငယ်လေးအနေနဲ့ကလည်း ကျောင်းဆောက်ရတဲ့ အကြောင်းရင်းကို တိတိကျကျ ရည်ရည်လည်
လည် အသေအခြာရှင်းပြတတ်ဘို့ အရေးကြီးပါတယ်၊ သင်ရိုးညွှန်းတမ်းတွေကအစ ဒီကျောင်းကအောင်လာ
တဲ့ကလေးတွေကို အခြားကျောင်းကိုတက်နိုင်ဘို့ဒီလိုနည်းစနစ်တွေနဲ့ အရည်အချင်းစစ်မှာဖြစ်ပါတယ်ဆိုတာ
အစအဆုံး ရှင်းလင်းတင်ပြရပါမယ်၊ လုပ်ချင်ကိုင်ချင်စိတ်တခုထဲရှိနေလို့ မပြီးပါဘူး။

အဲဒီလိုတင်ပြလာတဲ့အပေါ်မှာ လူကြီးလုပ်တဲ့ပုဂ္ဂိုလ်ကလည်း စိတ်ဝင်တစားနဲ့ အခြားလိုအပ်ချက်တွေကို ရှင်း လင်းထောက်ပြပြီး အကြေအလည်ဆွေးနွေးအကြံပြုကြမယ် လိုအပ်တဲ့အကူအညီတွေကို စိတ်ပါလက်ပါနဲ့ ၀ိုင်း ၀န်းပူးပေါင်းဆောင်ရွက်မယ်ဆိုလျင် လူငယ်နဲ့လူကြီး လူကြီးနဲ့လူငယ် လက်ဆင့်ကမ်းအပြစ်တင်နေကြတဲ့ပြဿ နာကို ဖြေရှင်းနိုင်ပြီး အစိုင်အခဲတွေကြေသွားတာနဲ့အမျှ အထုံးအဖွဲ့လေးတွေ ပြေပျောက်စေမယ့်အပြင် ယုံယုံ ကြည်ကြည်ပူးပေါင်းလုပ်ကိုင်ချင်စိတ်နဲ့ ချစ်ခင်နွေးထွေးမှုတွေရှိလာတာနဲ့အလျှောက် အလုပ်ခွင်မှာပျော်ပျော်ရွှင် ရွှင်နဲ့ ထိရောက်အောင်မြင်စွာလုပ်ဆောင်သွားနိုင်ကြမယ်ဆိုတာ ဥာဏ်မှီသလောက် သုံးနှစ်မြောက် ဖူ့တာမိက်
(ဖုတာမိုက်) ဘလော့ဂ်မွေးနေ့အခါသမယမှာ ရေးသားတင်ပြလိုက်ရပါတယ်။

အကြောင်းရပ်လေးတခုတည်းကို ကွက်ပြီးမတွေးကြပါနဲ့၊ စစ်ရေး၊ နိုင်ငံရေး၊ စည်းလုံးရေး၊ ကျန်းမာရေး၊ ငြိမ်း ချမ်းရေး၊ အမျိုးသားရေး စတာတွေမှာပါ အကျယ်ချဲ့ပြီး တွေးကြည့်ကြပါ။

လူတကာတွေအမှားပြင်ဆင်နေချိန်မှာ ကိုယ်က သူများမှားဘူးပြီးသားတွေကို လိုက်မှားနေတဲ့ အမှားနောက် လိုက်ကောင်းကြီး မဖြစ်ပါစေနဲ့။ 
(ဘီဘီစီ ဦးဖေသန်း- ဒဿနပန်းခင်း)

ကျန်းမာချမ်းသာကြပါစေ။
 မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)