• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, April 28, 2012

UNFC အဖွဲ့ ဂျပန်ကိုရောက်


UNFC အဖွဲ့ ဂျပန်ကိုရောက် 
by NHK

ညီညွတ်သောတိုင်းရင်းသားများပြည်ထောင်စုကောင်စီ (UNFC) ရဲ့အကြီးတန်းပုဂ္ဂိုလ် ၃ဦးက ဂျပန်နိုင်ငံ ကို
ရောက်ရှိနေစဉ်အတွင်း တိုကျိုမှာသောင်္ကြာနေ့ကပြောကြားရာမှာ၊ မြန်မာအစိုးရနဲ့အကြား ငြိမ်းချမ်းရေးရရှိ ဘို့အတွက်ပြုလုပ်တဲ့ (UNFC)ရဲ့ဆွေးနွေးမှုတွေမှာ ဂျပန်ကကြားဝင်ညှိနှိုင်းပေးရေးကိုတောင်းခံချင်တာကြောင့် ဂျပန်နိုင်ငံ ခြားရေးဝန်ေကြီးဌာနကို သွားရောက်ခဲ့ကြောင်း သူတို့ကပြောပါတယ်။

အဲဒီအခါ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့အနေနဲ့ဘာလုပ်ပေးနိုင်မလဲဆိုတာကို လေ့လာသုံးသပ်သွား မှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်၊ တိုင်းရင်းသားအဖွဲ့ ၁၁ဖွဲ့ထဲက ၁၀ဖွဲ့ဟာ လွန်ခဲ့တဲ့နှစ် မတ်လတုန်းကမြန်မာအစိုးရသစ်တက်လာပြီးနောက်ပိုင်း အစိုးရသစ်နဲ့အကြား အပစ်အခတ်ရပ်စဲဘို့ သဘော တူခဲ့ကြပါတယ်။

ခိုင်မာတဲ့ငြိမ်းချမ်းရေးရရှိဘို့အတွက် အပစ်အခတ်ရပ်စဲမှုတွေကို တိုးမြှင့်နိုင်ဘို့ မကြာမှီကာလအတွင်း မြန်မာ အစိုးရနဲ့ကြားမှာ ဆွေးနွေးမှုအသစ်တွေစတင်နိုင်ဘို့ UNFC ကမျှော်လင့်နေပါတယ်၊ UNFC ရဲ့ဒုတိယ ဥက္ကဌ စောဒေးဗစ် သာကပေါက မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ကြိုးပမ်းမှုတွေကိုလုပ်ဆောင်နေပေမယ့် သူ့ အစိုးရထဲက တချို့ပုဂ္ဂိုလ်တွေကိုတော့ ယုံကြည်လို့မရဘူးလို့ တိုကျိုမှာ သတင်းထောက်တွေ ကိုပြောကြား ခဲ့ပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို မကြာသေးမှီက ယန်းချေးငွေတွေပြန်ပေးဘို့ ကမ်းလှမ်းခဲ့တာကိုထောက်ပြပြီး ဂျ ပန်အစိုးရအနေနဲ့ ဒီလိုမျိုးငွေချေးပေးတဲ့အရှိန်အ၀ါကိုသုံးပြီး (UNFC)ကိုအကူအညီပေးလို့ရကြောင်းနဲ့ ယုံမှား သံသယကင်းတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်ဘို့အတွက်ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးဘို့ အကြံပြုပြောကြား ခဲ့ကြောင်း သိရှိရပါတယ်။

 NHK Radio Japan

ညီညွတ်သောတိုင်းရင်းသားများပြည်ထောင်စုကောင်စီ ဆက်သွယ်မေးမြန်းထားချက်

April 26 2012 Thursday Night


Source NEWS Audio from http://www.rfanews.org/burmese


ညီညွတ်သောတိုင်းရင်းသားများပြည်ထောင်စုကောင်စီ ဆက်သွယ်မေးမြန်းထားချက် 
 April 27 2012 Friday Morning


Source NEWS Audio from http://www.bbcburmese.com