• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, May 11, 2012

ဘုရားသုံးဆူ ပစ်ခတ်မှု ငြိမ်းအဖွဲ့ ဗိုလ်မှူးတဦး ကျဆုံး


ဘုရားသုံးဆူ ပစ်ခတ်မှု 

ငြိမ်းအဖွဲ့ ဗိုလ်မှူးတဦး ကျဆုံး 

ကွန်းချမ်း
သောကြာနေ့၊ မေလ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၁ မိနစ်

 စံခလပူရီ (မဇ္ဈိမ)

အာဝါဒေးပွဲ ကျင်းပနေသည့် ဘုရားသုံးဆူမြို့ရှိ ဥဒေါင်းကန်အနီးတွင် ကြာသပတေးနေ့က အမည်မသိ လက်နက်ကိုင်တစု ဝင်ရောက်ပစ်ခတ်၍ ကရင် ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့ (KPDF)မှ ဗိုလ်မှူးတဦး ကျဆုံးသွားကြောင်း မျက်မြင်များက ပြောသည်။
ည ၉ နာရီကျော်တွင် အပြန်အလှန် ပစ်ခတ်ကြရာမှ KPDF မှ အသက် ၃၀ ကျော်ရှိ ဗိုလ်မှူး ရဲနိုင် ကျဆုံးသွားခြင်း ဖြစ်သည်။

 “ပစ်ကြ ခတ်ကြတာ သိပ်မကြာဘူး၊ 
ဆယ်ချက်လောက် ရှိတယ်၊ ဗိုလ်မှူးရဲနိုင် က ပွဲချင်းပြီးပဲ။ 
တခြားသူတွေ တယောက်မှ မထိဘူး” 

ဟု မျက်မြင်တဦးက ပြောသည်။

ဒေသခံများနှင့် ရဲများကမူ ယခုပစ်ခတ်မှုသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ဆက်နွယ် ပတ်သက်နေသည်
ဟု ဆိုသည်။

“ဆေးကိစ္စလို့ပဲ သိတယ်။ 
ဘယ်သူ ပစ်တယ် ဆိုတာကို ကျနော်တို့ စုံစမ်းနေတုန်းပဲ။ 
အတိအကျ မပြောနိုင်သေးဘူး

ဟု ရဲအရာရှိတဦးက ဆိုသည်။

 ထိုဒေသအနီးရှိ မွန်ပြည်သစ်ပါတီမှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကမူ KPDF နှင့် ဘုရားသုံးဆူဒေသတွင် လှုပ်ရှားနေ သည့် ကရင်ငြိမ်းချမ်းရေး ကောင်စီ တပ်ရင်း (၇၇၇) တို့ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူကို သောကြာနေ့ နေ့လည်ပိုင်းတွင် မီးသဂြုင်္ိလ် ပြီးကြောင်း ဒေသခံများက ပြောသည်။ ကရင် ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့ကို ဧပြီလကပင် စတင်ဖွဲ့စည်းခဲ့ပြီး အင်အား အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။

 Copy from
http://www.mizzimaburmese.com/news/breaking-newsbrief/9327-2012-05-11-12-45-52.html