• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, May 12, 2012

ဟွမ်ယန်ကျွန်းအရေးနှင့် တရုတ်သံအမတ်ကြီး

 Foreign Ministry spokesman Hong Lei
Source Photo from http://google.com/images

တရုတ်သံအမတ်ကြီးက 

ဟွမ်ယန်ကျွန်းအရေးနှင့် ပတ်သက်၍

ထုတ်ဖော်ပြောကြား
2012-05-10

ဖိလစ်ပိုင်တို့ စခဲ့တဲ့တရုတ်ပြည်ပိုင် ဟွမ်ယန်ကျွန်းအရေးအခင်း ဖြစ်ပွားခဲ့တာ တစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဖိလစ်ပိုင်တို့ကအရေးအခင်းကိုတိုးချဲ့ အောင်မှားယွင်းတဲ့ ပြောဆိုမှုများကြောင့် နှစ်ဘက်အကြားဆက်ဆံမှုကို ဆိုးဆိုးဝါးဝါး ထိခိုက်လာစေခဲ့ပါတယ်။

အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး(ထုန်ရှောင်လင်)က မကြာခင်က ကျွန်တော်တို့ စီအာအိုင်သတင်း
ထောက်နဲ့ တွေ့ဆုံရာမှာ၊ အကယ်၍ ဖိလစ်ပိုင်အစိုးရအနေနဲ့ ဟွမ်ယန်ကျွန်းအရေးအခင်းမှာ ဆက်လက်ပြီး ငါတစ်ကောကောနေမည်ဆိုရင် စီးပွားရေးဆက်ဆံမှုအပါအဝင် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုကို ထိခိုက်လာ
လိမ့်မည်လို့ ပြောကြားပါတယ်။

၂၀၁၁-ခုနှစ်က ဖိလစ်ပိုင်နဲ့ တရုတ်နှစ်နိုင်ငံကုန်သွယ်မှု ပမာဏစုစုပေါင်း ဒေါ်လာသန်း(၃၀၀၀၀)ကျော်ရှိပြီး သမိုင်းစံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ အခု တရုတ် ပြည်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံအတွင်းမှာ တရုတ်ပြည်ရဲ့ ဆဌမအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။

ဖိလစ်ပိုင်စက်မှုလုပ်ငန်းဝန်ကြီးဌာနမှ ဒုဝန်ကြီးကဒီနှစ်ဆန်းက ထုတ်ဖော်ပြောကြားရာမှာ၊ဖိလစ်ပိုင်ရဲ့ပို့ကုန်ကို မူလက အမေရိကနဲ့ ဥရောပကို အဓိကထားတင်ပို့ရာမှနေ အခု တရုတ်ပြည်နဲ့ အခြားလွတ်လပ်စွာ ကုန်သွယ်
ရေးစာချုပ် ချုပ်ဆိုထားတဲ့ နိုင်ငံများသို့ ပြောင်းလဲတင်ပို့ သွားမည်လို့ ပြောဆိုခဲ့ဘူးပါတယ်။
ဖိလစ်ပိုင်ကုန်သွယ်ရေးလောကမှ ပုဂ္ဂိုလ်များက ဆိုရင် ၂၀၁၆-ခုနှစ်ကျရင် တရုတ်ပြည်ဟာ ဖိလစ်ပိုင်ကုန်စည် တင်ပို့ရာနိုင်ငံကြီးဖြစ်လာလိမ့်မည်လို့ ခန့်မှန်းထားကြပါတယ်။

တရုတ်-ဖိလစ်ပိုင်ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးပြောကြားရာမှာ သံအမတ်ကြီးထုန်ရှောင်လင်က တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံ စီးပွားကုန်သွယ်မှုဟာ မကြာခင်နှစ်များက ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တရုတ်ပြည်က ဖိလစ်ပိုင်နဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုပြုတဲ့အပြင် ဖိလစ်ပိုင်နိုင်ငံမှာလည်း ငွေရင်းမြှုပ်နှံ လုပ်ကိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းအစီအစဉ်များ ကန်ထရိုက်ယူလုပ်ကိုင်ခြင်းနဲ့ အခြေခံတည်ဆောက်ရေး လုပ်ငန်းများလည်း ရှိပါတယ်။
တစ်ချို့လုပ်ငန်းအစီအစဉ်များနဲ့ ပတ်သက်ပြီး စေ့စပ်ဆွေးနွေးရာမှာ အဆင်မပြေတာ မျိုးလည်းရှိပါတယ် လို့ပြောကြားပါတယ်။

မကြာခင်က ဖိလစ်ပိုင်ငပျောသီးများတရုတ်ပြည်သို့ တင်ပို့ဖို့စစ်ဆေးရာမှာ အခက်အခဲနဲ့ကြုံတွေ့ရတာနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ တရုတ်သံအမတ်ကြီးထုန်ရှောင်လင်က မကြာခင်က ဖိလစ်ပိုင်ငပျောသီးများ တရုတ်ပြည်သို့ တင်ပို့ဖို့စစ်ဆေးရာမှာ အခက်အခဲနဲ့ ကြုံတွေ့ရတဲ့ သတင်းများကို ကြည့်ရှုခဲ့ရပါတယ်။ ဒါမျိုးဟာ နှစ်ဘက်ကုန်သွယ်ရေးမှာ မဆန်းတော့ပါဘူး။

ဒီကိစ္စဟာ ဟွမ်ယန်ကျွန်းအရေးအခင်းနဲ့ မပတ်သက်ဘူးလို့ ထင်ပါတယ်။ တရုတ်ကုန်သွယ်ရေးဌာနများအနေနဲ့ နိုင်ငံတကာ ထုံးတမ်းစဉ်လာများနဲ့အညီ ကိုင် တွယ်ဖြေရှင်းသွားလိမ့်
မည်လို့ ယုံကြည်ပါတယ် လို့ပြောကြားပါတယ်။
သံအမတ်ကြီးထုန်ရှောင်လင်က၊ အကယ်၍ ဖိလစ်ပိုင်အစိုးရအနေနဲ့ ဟွမ်ယန်ကျွန်းအရေး အခင်းမှာဆက်ပြီး ငါတစ်ကောကောင်နေမည်ဆိုရင်တော့ ၊အနာဂတ်နှစ်နိုင်ငံစီးပွားကုန်သွယ်မှုအပါအဝင် နှစ်ဘက်ဆက်ဆံမှုကို အနုတ်လက္ခဏာများ ပေါ်ထွက်လာစေမှာ သေချာပါတယ်လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးသူက ဟွမ်ယန်ကျွန်းအရေးအခင်းဆက်လက်ကြီးထွားလာရင် တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံဆက်ဆံမှု
ကို ဘက်စုံထိခိုက်လာမှာ သေချာပါတယ်။ တရုတ်အစိုးရ အနေနဲ့ ဟွမ်ယန်ကျွန်းအရေးအခင်းကို သံတမန်ရေး နည်းလမ်းနဲ့ ဖြေရှင်းရေးမူကို ဆက်လက်စွဲကိုင်ထားပါတယ်။

ဖိလစ်ပိုင်တို့ အနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်ပေါ်သို့ ပြန်လည်ရောက်ရှိ စေလိုပါတယ်လို့ပြောကြားသွားပါတယ်။

Copy from 
http://myanmar.cri.cn/666/2012/05/10/1s19535.htm