အရင်းရှင်ဒီမိုကရေစီ
By သုအိုင်စံ
လူဘုရင်အုပ်စုနဲ့
တူ တံဇဉ်အုပ်စု
အတူယှဉ်ခုတ်လုသတ်ကြတယ်
လူဘုရင်အုပ်လည်း
ကျူငုတ်မကျန်
ကျွန်သခင်စနစ်ကြီး
လားလားပျောက်
တူ တံဇဉ်အုပ်လည်း
ကျူငုတ်မကျန်
ကွန်မြူနစ်စနစ်ကြီး
ကားယားမှောက်
ပြီးတော့...ကမ္ဘာကို
အရင်းရှင်များ
ထမင်းဝင်စားသွားတယ်
ဂုတ်သွေးတွေပေါတယ်
အလုပ်ဈေးတွေပေါတယ်
ဘဝကို ပေါင်နှံအပ်ထားတယ်
အမြတ်ကို ထောင်ပြန်ချစားတယ်
ယဉ်ကျေးမှုတွေ ယှဉ်ပြေးလုယက်
ခေတ်ရဲ့ အော်သံ
တိုးတက်မှုတွေ ထိုးဖဲ့လုတက်
ခေတ်ရဲ့ ခေါ်သံ
လည်ပင်းတွင် ကြိုးကွင်းဆွဲခံ
လူထုရဲ့ အားကို
အရင်းရှင် ပျိုးခင်းထဲက
လူတစ်စုက ဝါးမြို
မင်းထင်တဲ့ ဒီမိုကရေစီနဲ့
အရင်းရှင်ရဲ့ ဒီမိုကရေစီ မတူတဲ့အခါ
လူဟာ
တော်လှန်ရေးကျည်ဆံတစ်တောင့်ပေါ့
ဒါပေမဲ့ ကမ္ဘာဟာ
ထွက်ပေါက်မှာ အသက်ပျောက်ပြီး
ဆက်လျှောက်နေရတယ်
ရုန်းလေ နစ်လေ
စနစ်ဆိုးရဲ့ နွံအိုင်လျှံထဲက
ဝဲသြဃများ
မုန်းလေ ချစ်လေ
အချစ်မျိုးနဲ့
ကျွန်နိုင်ငံထဲက ငမွဲလောကသား ။ ။
သုအိုင်စံ
၂၅-၀၈-၂၀၁၂
Copy from
http://soneseayar.blogspot.com/2012/08/blog-post_74.html