• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, November 12, 2012

ကန့်ဘလူ မြို့နယ် ဆီတွဲရထားတိမ်းမှောက်ပြီး မီးလောင်မှုကြောင့် လူ ၂၉ဦးအထိသေဆုံး


ကန့်ဘလူ မြို့နယ် ဆီတွဲရထား

ဘီးချာ်တိမ်းမှောက်မှုမှ မီးလောင်ကျွမ်းမှုကြောင့် 

လူ ၂၉ ဦးအထိ သေဆုံးပြီးဖြစ်

Monday 12th November 2012

မန္တလေးမြို့ မြို့ဟောင်း ဘူတာမှ နိုဝင်ဘာလ ၈ ရက်နေ့မှာ ထွက်ခွာ လာတဲ့ ဆီတွဲ ရထားဟာ ကန့်ဘလူ မြို့နယ် ချပ်ကြီးဘူတာအ၀င် မိုင်တိုင်အမှတ် ၅၁၁/၈ နဲ့ ၅၁၁/၁၃ ကြားသို့ရောက်ရှိစဉ် ဓာတ်ဆီတွဲ ၃တွဲမှာ ရထားဘီးချော်
ကျရာမှ ပထမတွဲနဲ့ဒုတိယတွဲမှာ သံအချင်းချင်းပွတ်တိုက်မိရာမှ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ် ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့အထိ လူ ၂၆ ဦးသေဆုံးပြီး ၉၂ ဦး ဒဏ်ရာ ရရှိခဲ့တာဖြစ်
ပါတယ်။

အဆိုပါ ဒဏ်ရာရရှိသူများကို ကန့်ဘလူဆေးရုံမှာ ၈၂ ဦး၊ ချပ်သင်းမြို့နယ်ဆေးရုံမှာ ၂ ဦးနဲ့ ကျွန်းလှမြို့နယ်ဆေးရုံ
မှာ ၈ဦး တင်ထားခဲ့ရာမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ မှာတော့ လူ ၃ ဦး ထပ်မံသေဆုံးကာ စုစုပေါင်း လူ ၂၉ ဦး သေ
ဆုံးသွားပြီ ဖြစ်ပါတယ်။

အဲ့ဒီ မီးလောင်ကျွမ်းမှု မှာတော့ တိမ်းမှောက် မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ ရထားတွဲ ၃ တွဲမှာ ၁ တွဲကို ဒီဇယ်ဆီ ၆၈၀၀ ဂါလံပါရှိတာ ဖြစ်ပြီး စုစုပေါင်း ဒီဇယ်ဆီ ဂါလံ ၂၀၀၀၀ ခန့် ဆုံးရှုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Copy from http://www.mrtv4.com.mm/news/local/others/detail/item%3A12039