• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, December 25, 2012

ခရစ္စမတ် လက်ဆောင်


ခရစ္စမတ် လက်ဆောင် 

By မင်းစိုးစံ

December 25, 2012
Tuesday

အခြေနေ အကြောင်းအမျိုးကြောင့် သားနဲ့ခွဲနေရ,တဲ့အဖေတွေ အဖေနဲ့ခွဲနေကြရ,တဲ့သားတွေ အခုလို ခရစ္စမတ် အခါသမယ,မှာ အဝေးကိုရောက်နေကြတဲ့ သား၊ အဝေးကိုရောက်နေကြတဲ့ အဖေ၊ အဲဒီအ
ဖေတွေနဲ့ သားတွေအတွက် ရည်ရွယ်ပြီး အောက်က ရုပ်သံကလစ်လေးကို တင်ပေးလိုက်ပါတယ်။


ချစ်သူခင်သူနဲ့ ခွဲခွါနေရ,တာ ကွဲကွာနေရ,တာ အဲဒါတွေဟာ ဒုက္ခပဲမဟုတ်ပါလား။
အဖေတစ်ယောက်က သားကိုချစ်တဲ့အချစ်၊ သားတစ်ယောက်က အဖေကိုချစ်တဲ့အချစ် အဲဒီလိုချစ်ခြင်း
တရားတွေဟာ စစ်ပွဲတွေကြောင့်၊ နိုင်ငံရေးယုံကြည်ချက်ကြောင့်၊ စားဝတ်နေရေးကြောင့်၊ တခြားသော
အကြောင်းအချင်းအရာတွေကြောင့် ခွဲခွါနေကြရပြီး မဆုံဆည်းနိုင်တော့တဲ့ မဆုံဆည်းနိုင်သေးတဲ့ ဆုံ
ဆည်းဘို့ရာမသေခြာ မရေမရာဖြစ်နေတဲ့  သားတွေနဲ့ အဖေတွေ အားလုံး အလွမ်းပြေနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ဒီနေရာမှာ ခရစ္စမတ်နေ့နဲ့အတူ မခွဲမခွါသင့်ပဲ ကွဲကွာနေကြရတဲ့ မိသားစုတွေအကြောင်းဖြစ်ပါတယ်။
မိသားစုဖြစ်နေပါလျက် အဖေတွေ အမေတွေက နိုင်ငံခြားမှာ သား ဒါမှမဟုတ် သမီးတွေခမျာမှာတာ့
ဒုက္ခသည်စခန်းမှာ ကျန်နေခဲ့ရတာတွေရှိသလို သားတွေသမီးတွေက နိုင်ငံရပ်ခြားမှာ အဖေဖြစ်သူကျ
တော့ ဒုက္ခသည်စခန်းမှာ ကျန်နေရစ်ခဲ့တာမျိုးရှိနေတယ်ဆိုတာ သိရပါတယ်။
 
UNHCR လို့ခေါ်တဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အဓိက,ရည်ရွယ်ချက်တွေမြောက်များစွာ
တွေထဲမှာ မိသားစုပြန်လည်ပေါင်းစည်းရေး ဆိုတာရှိနေပါလျက် မိသားစုတွေ ဘာကြောင့်တခြားစီ
ခွဲခွါနေကြရတာလဲ?
UNHCR အသိအမှတ်ပြုလက်မှတ် လုပ်တုန်းက အဲဒီ သား၊ သမီး ဒါမှမဟုတ် အဖေ၊ အမေ တွေဟာ
ဒုက္ခသည်စခန်းထဲမှာ မရှိလို့၊ အသိအမှတ်ပြုလက်မှတ်မရှိလို့ မိသားစုတွေနိုင်ငံရပ်ခြား ထွက်သွားကြ
တဲ့အချိန်မှာ ကျန်ရစ်ခဲ့ရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုအတိုင်းအတာကို ဘယ်လိုအရာနဲ့
တိုင်းတာ သိရှိနိုင်မှာတဲ့လဲ?
မိသားစုကိုမဆိုထားနဲ့ ဒုက္ခသည်စခန်းထဲမှာနေခဲ့ကြစဉ်တုန်းက တကျက်ကျက်ရန်ဖြစ်တတ်တဲ့ သူတွေ
တောင်မှ တယောက်ယောက်က နိုင်ငံခြားကိုထွက်သွားပြီဆိုတာနဲ့ မျက်ရည်လည်ရွဲ ငိုယိုနှုတ်ဆက်ကြ
သေးတာပဲ၊ မိသားစုဆိုတဲ့ သံယောဇဉ်ဆိုလျင် ဘယ်လောက်အထိ ခံစားကြရရှာမလဲ?

ဒီနေရာမှာ ပြောစရာရှိတာတခုက  ဒုက္ခသည်စခန်းထဲမှာနေပေမယ့်လို့ အခွင့်ထူးခံရ,ပြီး အကြီးအကျယ်
ချမ်းသာနေတဲ့လူနည်းစုက,တော့ ကိုယ်ချင်းစာတရားမဲ့နေနိုင်တယ်ဆိုတာ သိပါတယ်၊ သူတို့ရဲ့ သားသ
မီးတွေကလည်း သူတို့မိဘကို စိတ်ချလက်ချ ထားရစ်နိုင်ခဲ့ကြတာကလည်း မဆန်းပါဘူး။

ဒုက္ခသည်စခန်းက ရိက္ခာလေးကို အမှီသဟဲပြုပြီး အားကိုးနေကြရတဲ့ ကျန်ရစ်ခဲ့တဲ့ သား၊သမီး မိဘ ညီ
အစ်ကို မောင်နှမ တွေအတွက် နိုင်ငံရပ်ခြားကို ထွက်ခွါသွားကြရမယ့် သား သမီး မိဘ ညီအစ်ကို မောင်
နှမ တွေက ဘယ်လိုလုပ်ပြီးစိတ်အေးလက်အေး ထားရစ်နိုင်ခဲ့ကြမှာတဲ့လဲ။

အဲဒီတော့ဗျာ မိသားစုနဲ့အတူနေဘို့ လုံးဝစိတ်မကူးတဲ့လူတွေက,လွဲလျင် မိသားစုနဲ့ ညီအစ်ကိုမောင်နှမ
တွေနဲ့ အတူနေချင်ကြသူတိုင်းအတွက် UNHCR ရဲ့ အဓိက လုပ်ဆောင်ချက်တွေထဲက မိသားစုပြန်လည်
ပေါင်းစည်းရေးဆိုတဲ့အချက်ကို အကောင်အထည်ဖေါ်ပေးဘို့ သက်ဆိုင်ရာလုပ်ပိုင်ခွင့်ရှိသူတွေ အာဏာ
ရ,သူတွေကို မေတ္တာရပ်ခံချင်ပါတယ်ဗျာ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)