• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, February 19, 2013

ဖြစ်ချင်သူများ

 

ဖြစ်ချင်သူများ

By ဆောင်းလူ
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃

ကျွန်ဖြစ်တဲ့သူ ဖြစ် ….
နွံနစ်တဲ့သူ နစ် …. ….. ….

ခေတ်ကြီး .. မနေ့ကထိတော့
သူဟာ သူထား
အကောင်းတိုင်းကြီးလိုလိုနဲ့ ….။

နာနေကျတရား
ထပ်များ နာရဦးမလား …
ပါနေကျ စကား
ထပ်များ ပါရဦးမလား …

ခေတ်က … စနစ်ကို မှီ
စနစ်က … ခေတ်ကိုချီ …
ကိုင်းကပဲ … ကျွန်းဆီလား …
ကျွန်းကပဲ … ကိုင်းဆီလား

ရွှေရည်စိမ်ခေတ်ကြီး
အ,မနာပ,
နွံနစ်ချင်သူတွေ …
ကျွံဖြစ်ချင်သူတွေနဲ့ …
လှလို့ …။

ဆောင်းလူ
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃

Copy from http://moemaka.com/?p=32322