• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, March 13, 2013

ကျောက်တည်ရောဂါ ဖြစ်စေနိုင်တဲ့ အကျင့်ဆိုးများ-၁


 ကျောက်တည်ရောဂါ ဖြစ်စေနိုင်တဲ့ 

အကျင့်ဆိုးများ-၁

2013-03-12

ရေသောက်တာ နည်းလွန်းအားကြီးဆိုရင် ကျောက်တည်ရောဂါ ဖြစ်စေနိုင်ဖွယ်ရာအန္တရာယ် တိုးလာစေနိုင်
တယ်။ ရေသောက်တာ နည်းရင်၊ ဆီးထဲက အက်ဆစ် ပမာဏ,တိုးလာတတ်တယ်၊ ကယ်လ်ဆီယံဓါတ် အ
နည်ထိုင်မှုလည်း ဖြစ်စေတတ်တယ်၊ အချိန် ကြာတော့ ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်နိုင်မယ်။

နေ့စဉ် ဆီးပမာဏ,မီလီမီတာ ၂၀၀၀ လောက် သွားအောင် ရေများများသောက်ပါလို့ ဆရာဝန်တွေက တိုက်တွန်းပါတယ်။ နံနက်စာ မစားတာဟာ ကျောက်တည်ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါ
တယ်။

နံနက်စာ မစားရင်၊ ဗိုက်ထဲမှာအစားအစာမရှိတဲ့အချိန် ကြာလွန်းအားကြီးမယ်ဆိုရင်၊ သည်းခြေရည်သို
လှောင်တဲ့အချိန် ကြာလွန်းတာမို့ ကိုလက်စထရော အနည်ထိုင်တတ်တယ်။ အဲဒါဟာ သည်းခြေကျောက်
တည်ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အသက် ၄၀ကျော် အဝ,လွန်သူအမျိုးသမီးက နံနက်စာမစားရင် ကျောက်ကပ်ကျောက်တည်
ရောဂါ ဖြစ်နှုန်းဟာ ရိုးရိုးသာမန်လူထက် ငါးဆ,ပိုမြင့်တယ်လို့ သိရပါတယ်။

Copy from http://myanmar.cri.cn/666/2013/03/12/1s24470.htm