More information
http://en.wikipedia.org/wiki/File:Violet_jessop_titanic.jpg
တိုက်တန်းနစ်အပါအဝင်
သင်္ဘောသုံးစင်းနှစ်မြုပ်မှုတွင်ပါဝင်သော်လည်း
အသက်မသေသူ
Violet Jessop အမည်ရ အိုင်ယာလန်သူ အိုင်းရစ်လူမျိုး အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။
တကယ်ပဲ တိုက်တန်းနစ်အပြင် အခြားသော နာမည်ကြီး သင်္ဘော ၂ စင်းနှစ်မြှုပ်မှုမှာပါ အသက်မသေပဲ
လွတ်လာသူ ဖြစ်ပါတယ်။ ၁၈၈၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ဖွားပါတယ်။
မိသားစု ဆင်းရဲပြီး ကျောင်းပြီးအောင် မတက်ရပါဘူး။
ဒါကြောင့်ပဲ အင်္ဂလန် အခြေဆိုက် နာမည်ကြီး ရေကြောင်းပို့ဆောင်ရေး ကုမ္မဏီ အိုလံပစ်မှာ သူနာပြုအကူ
နဲ့ စားပွဲထိုးလုပ်ဖို့လျှောက်ပါတယ်။
၁၉၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ RMS Olympic သင်္ဘောကို စတက်ပြီး တာဝန် ထမ်းဆောင်ပါတယ်။
ဗြိတိန်စစ်သင်္ဘောတစ်စီးနဲ့ တိုက်မှုဖြစ်ပွားပြီး သင်္ဘောမြှုပ်လုနီးနီးဖြစ်ခဲ့ပါတယ်။
သို့ပေမယ့် နီးစပ်ရာကမ်းကို ကပ်နိုင်တာကြောင့် အားလုံး သေဘေးမှလွတ်ပါတယ်။
ယင်းနောက်ပိုင်း သင်္ဘော ကိုအချိန်အတော်ကြာပြန်ပြင်ရပြီး အိုလံပစ် သင်္ဘောလိုင်းမှာ နာမည်ကျော် အက်ဆီးဒန့် တစ်ခု ဖြစ်ခဲ့ပါတယ်။
More information
http://www.titanic-whitestarships.com/Olympic_1911.htm
Sister ship to Titanic, White Star Liner RMS Olympic 1911-1935
More information
http://www.jmilfordrmstitanic.com/2011/04/april-2-1912-titanics-sea-trials-are.html
၁၉၁၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာတော့ တိုက်တန်းနစ် သင်္ဘော (RMS Titanic) ကိုချိတ်ဆက်ခဲ့ပြီး တာ
ဝန်ထမ်းဆောင်ပါတယ်။
မကြာပါဘူး။ ရေခဲ ဝင်တိုက်ပြီး လူပေါင်း ၁၅၀၀ သေတဲ့အထဲမှာလည်း သူမပါပဲ လွတ်ခဲ့ပါတယ်။
More information
http://www.atlanticliners.com/Images/Ship%20Images/Desktops/Britannic%201024x768.jpg
နောက်ထပ် တစ်စီး Britannic စစ်ဆေးရုံ သင်္ဘောမှာ ၁၉၁၆ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ပါတယ်။
ဒီမှာကျ စစ်သူနာပြုအနေနဲ့ပဲ ဖြစ်ပါတယ်။ ယင်းသင်္ဘောလည်း ရန်သူ ရေငုပ်သင်္ဘောရဲ့ ပစ်ခတ်မှုကြောင့်
နစ်မြှုပ်ပြီး လူ ၃၀သေပါတယ်။
၁၀၃၆ ဦးလွတ်ပြီး ယင်းအထဲမှာ သူမ,ပါပါတယ်။
ဒီတော့ ကမ္ဘာ့နာမည်ကြီး သင်္ဘောသုံးစင်းစလုံးနစ်မြှုပ်မှုမှာ သူမ,ပါပြီး ၃ စင်းလုံးကနေ သေဘေးမှလွတ်
မြောက်ပါတယ်။
တိုက်တန်းနစ်သင်္ဘောမှာတုန်းက အရာရှိတစ်ဦးရဲ့ကလေးကိုချီလို့ သက်ကယ်လှေနံပါတ် ၁၆နဲ့ လွတ်သွား
ခြင်း ဖြစ်ပါတယ်။
စစ်ဆေးရုံ သင်္ဘောမှာကတော့ ရေအောက်ကျပြီးဒဏ်ရာရ,လို့ အကယ်ဆယ်ခံရပြီးမှ လွတ်မြောက်သွားတာ
ဖြစ်ပါတယ်။
RMS Olympic က ကြီးကြီးမားမား အက်ဆီးဒန့်မဟုတ်လို့ သေဘေးမှလွတ်ပြီး Britannic ကတော့ အချိန်မှီ
အရေးပေါ် ကယ်ဆယ်ရေးစနစ်ကြောင့် လွတ်ပါတယ်။
အထက်တန်းလွှာတွေကိုပဲ ဦးစာပေးကယ်တဲ့ တိုက်တန်းနစ်သင်္ဘောက,နေ သေဘေးလွတ်သွားတယ်ဆို
တော့ သေဘေးသုံးခါတိတိမှာ သေခွင့်ကံမကြုံသေးပဲလွတ်ခဲ့တာကြောင့် Violet Jessopကို နတ်ဘုရားများ
စောင့်ရှောက်သူလို့ တင်စားခဲ့ကြောင်း သိရပါတယ်။
Copy from http://satekuupuyar.blogspot.com/2013/03/blog-post_7739.html