• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, April 3, 2013

လူ ၂၀၀ ကျော်သတ်သော သူနာပြု လေးဦး

 
Vienna's Lainz hospital.

လူ ၂၀၀ ကျော်သတ်သော သူနာပြု လေးဦး သို့မဟုတ် Angels of Death

စုစုပေါင်း လူနာ ၂၀၀ ကျော်ကို သတ်ခဲ့တဲ့ သူနာပြုလေးဦးရဲ့  ရာဇဝတ်မှု ကြီး သမိုင်းမှာ တကယ်ဖြစ်ခဲ့ပါ
တယ်။ သိပ်မကြာသေးပါဘူး။

သြစတီးယားနိုင်ငံမှာ ဖြစ်ပြီး ၁၉၈၃ ခုနှစ်က စလို့ ၁၉ ရာစုတစ်ခုလုံး Angels of Death လုပ်ခဲ့သူများ ဖြစ်ပါ
တယ်။

 
Irene Leidolf (l) and Waltraud Wagner (r) lower their heads before a court appeal in 1992. (Photograph: Ronald Zak/AP)

ပုံမှာတော့ သုံးဦးပဲ မြင်တွေ့ရပါတယ်။ Maria Gruber, Irene Leidolf, Stephanija Meyer, and Waltraud Wagner တို့ ဖြစ်ပြီး ခေါင်းဆောင် ကတော့ မျက်မှန်တပ်ထားတဲ့ ညာဘက်ထောင့်က Wagner အမည်ရ အမျိုးသမီး ဖြစ်ပါတယ်။
သြစတီးယား နိုင်ငံ ရဲ့  မြို့ တော် Vienna မှ Lainz General Hospital အမည်ရ ဆေးရုံမှာ ဖြစ်ပြီး သူတို့ကို Lainz မရဏ နတ်သမီး လို့တောင် အမွမ်းတင်ခေါ်ဆိုပါတယ်။
 
Waltraud Wagner was convicted of fifteen murders, seventeen attempted murders, and two counts of aggravated assault, drawing a sentence of life imprisonment.

 
Irene Leidolf also got life, on conviction of five murders and two bungled attempts.

 
Maria Gruber was sentenced to fifteen years for two murder attempts.

 
Stephanija Mayer earned fifteen years for a manslaughter conviction and seven counts of attempted murder.

ခေါင်းဆောင်ဖြစ်သူ Wagner မှ ၁၉၈၃ ခုနှစ်က လူနာတစ်ဦးကို မော်ဖင်း အကိုက်အခဲပျောက်ဆေး အလွန်
အကျွံထိုးလို့ သတ်ခဲ့ပါတယ်။ အဲ့တုန်းက သူမဟာ အသက် ၂၃ နှစ်ပဲ ရှိပါသေးတယ်။ ယင်းနောက် သူမနဲ့
အသက် ၁၉ နှစ်နဲ့ ၂၁ နှစ်အရွယ် သူငယ်ချင်း နှစ်ယောက် ထပ်တိုးလာပြီး အသက် အကြီးဆုံး (၄၃ နှစ်အ
ရွယ် ) သူနာပြု Stephanija Meyer အထိပါဝင် လာပါတယ်။သူမကပဲ ဦးစီးဦးဆောင်ပြုလုပ် သင်ကြားပေး
ခဲ့တာ ဖြစ်ပါတယ်။ ယင်းလေးယောက် စလုံးမှာ စိတ်ရောဂါတစ်မျိုး ဝင်နေပါတယ်။

Playing God အလုပ်ကိုနှစ်သက်ပြီး အသက်ရှင်စေသေစေဆိုတဲ့ စွမ်းအင်ပိုင်ဆိုင်တယ်လို့ ကိုယ့်ကိုယ်ကို
ထင်မှတ်နေသူများဖြစ်ပါတယ်။ Playing God ဆိုတာကတော့ ဘုရားသခင်ကဲ့သို့ လူသားတို့၏အသက်ကို
ချုပ်ကိုင်နိုင်တယ်လို့ထင်မြင်ပြီး ယင်းကဲ့သို့အလားတူလုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။ အကြောင်းပြချက်
မရှိပဲ လူပါင်းများစွာ သတ်ဖြတ်တဲ့ အလုပ်ကို Playing God လို့ခေါ်ပါတယ်။

သူတို့ကိုယ်တိုင်ပဲ သက်သေမပေါ်ပဲ လူသတ်တဲ့နည်းလမ်းအသစ်များ ထွက်ရှိစေခဲ့ပါတယ်။ ပြီးတော့ သူမ
တို့ကိုလည်း Angels of Death လို့လည်း အမည်တွင်စေပါတယ်။
၁၉၉၀ နှောင်းပိုင်းမှ ဆရာဝန်တစ်ဦးဟာ သူတို့ရဲ့ လုပ်ရပ်ကို လျှို့ ဝှက်ကြားသိရပြီး တိုင်ကြားရာမှ အဖမ်း
ဆီးခံခဲ့ရပါတယ်။ ခေါင်းဆောင် Wagner ဟာ လူသတ်မှု ၁၇ခု ထွက်ဆိုချက်နဲ့ ထောင်ဒဏ် တစ်သက်တစ်
ကျွန်းချမှတ်ခံခဲ့ရပြီး Leidolf လည်း တစ်သက်တစ်ကျွန်းပါပဲ။

ကျန်နှစ်ဦးကတော့ ထောင်ဒဏ် ၁၉ နှစ်အချမှတ်ခံခဲ့ရပါတယ်။ အမှန်တကယ်သတ်ဖြတ်ခဲ့တဲ့ စာရင်းက အ
နည်းဆုံး ၂၀၀ ရှိပေမယ့် အမှုမပေါ်ခဲ့ပါဘူး။ ယနေ့အထိ သူတို့ရဲ့ လုပ်ရပ်ကြောင့် Lainz ဆေးရုံဆို လူတိုင်း
ကြောက်နေဆဲ ဖြစ်ပါတယ်။
သြစတီးယားနိုင်ငံရဲ့ ဆေးလောကကို ညစ်နွမ်းစေခဲ့ပြီး Angels of Death လို့အမည်တွင်တဲ့ ယင်းသြစတီး
ယား သူနာပြုများကို ဥရောပသားတို့ ယနေ့တိုင် ရွံ့ ရှာမုန်းတီးလျက်ရှိကြောင်း သိရပါတယ်။
Ref: wikiှုInternational news for myanmar

Copy from http://satekuupuyar.blogspot.com/2013/02/blog-post_5967.html

Source Photos from http://murderpedia.org/female.W/w/wagner-waltraud-photos.htm