• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, April 25, 2013

ခွေးသားစားကြရာဝယ်

 Source Photo from http://www.google.com/images

ခွေးသားစားကြရာဝယ်

By ကိုချစ်ဖေ

တခါတလေတော့လဲ ရေများရေနိုင် မီးများမီးနိုင်ခေတ်ကြီးမှာ မျက်နှာငယ်ရပါတယ်ဗျာ ဒီအချိန်မှာ ဒီလိုပြော
နေကြတာတွေဟာ နောက်တချိန်မှာကြတော့ မမှန်တော့ပြန်ပါဘူး။ လူများစုကြီးက လူများစုကြီးကဖြင့် သ
ဘောတူကြတယ်ဆိုရင်ဖြင့် ပြီးသွားတော့တဲ့ဟာကိုး။
ဒါကြောင့်မို့လို့လဲ ဒီလူများစုကြီးကို လူများစုကြီးရဲ့ဆန္ဒကို မနှစ်သက်နိုင်ပဲ ငါတကော ကောချင်တဲ့သူတွေ
ကိုချစ်ဖေတို့ နိုင်ငံတော်ကြီးမှာ များမှများ ဖြစ်နေရသလားပဲ။
ဒါပေမဲ့လဲ လူများစုကြီးရဲ့ဆန္ဒကို အသိအမှတ်ပြုရသလို လူနည်းစုကြီးရဲ့ ဆန္ဒသဘောသဘာဝကိုလဲ အလေး
ထား လေ့လာသင့်တာပဲ အသိအမှတ်ပြုသင့်တာပဲ မဟုတ်လား။

သြော်..ကိုချစ်ဖေလဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေမိပြန်ပါပြီ။ ဘာမှမဟုတ်ပါဘူး အခုရက်ထဲ ငယ်ငယ်တုန်းက အကြောင်းလေးတွေ ပြန်တွေးမိနေလို့ပါ ကိုချစ်ဖေတို့ ငယ်ငယ်က ကိုချစ်ဖေတို့ နေတဲ့မြို့
က ကရင်နဲ့ ဗမာနဲ့ အတူတွဲနေကြတဲ့မြို့ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်မပါသေးပဲ။
ကျေးရွာအုပ်စု ၁၁၅ အုပ်စုမှာ ၆၅ အုပ်စုက ကရင်စကားပဲ ပြောကြတဲ့ရွာ အခြားရွာတွေ က ကရင်တ၀က်
ဗမာတ၀က်နေကြတဲ့ရွာတွေ ဗမာရွာတွေကြားမှာ ကရင်ရွာလေးတရွာ ကရင်ရွာလေးတွေကြားမှာ ဗမာရွာ
လေးတရွာ အဲ့ဒီလို အတူနေကြ သူ့စကားကိုယ်တတ် ကိုယ့်စကား သူနားလည် ကြတာကိုးဗျ။

ဗမာရွာလေးတွေက နည်းနည်းကြီးလို့ ကရင်ရွာလေးတွေက ကျောင်းသွားတက်ကြရတယ်ဆို ကရင်က
လေးတွေက အလိုလို ဗမာလိုတတ်ကုန်ကြရော ကရင်ရွာလေးက နည်းနည်းကြီးလို့ ဗမာကလေးတွေ က ကျောင်းသွားတက်ကြတယ်ဆို ကရင်စကားအကုန်တတ်ကုန်ကြ ဆိုသလို နေကြတာကိုး။

ဟိုးလွတ်လပ်ရေးမရခင် အင်္ဂလိပ်အပြေး ဂျပန်အ၀င် ကရင်ဗမာ အဓိကရုဏ်းဖြစ်ကြတုန်းကတောင် တချို့
နယ်တွေမှာ အချင်းခြင်းအကာအကွယ်ပေးကြ ကူညီကြနဲ့ နေကြတာပါ၊ တရွာနဲ့ တရွာ သတ်ကြ ဖြတ်ကြ
တာတွေလဲ ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် သေသေချာချာ စာရင်းချကြည့်ရင် လူဦးရေနဲ့စာရင် ဒေသတခု
လုံးနဲ့စာရင် အတော်ကို နည်းပါတယ်။
ဒါပေမဲ့လဲ နောက်ပိုင်းမှာ လူမျိုးတမျိုးရဲ့ စရိုက် အားနည်းချက် အားသာချက်လေးတွေအပေါ်မှာ အနိုင်ယူ
အသာစီးယူပြီးပြောကြ ဆိုကြတာတွေတော့လဲ ရှိကြပါတယ်။

တကယ့်တကယ်သေသေချာချာ နားလည်သဘောပေါက်လာတဲ့အခါမှာတော့ လူမျိုးတမျိုးရဲ့ ဓလေ့ထုံးစံ နဲ့
အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ရတဲ့အချိန် နယ်ချဲ့တွေရဲ့ သွေးခွဲအုပ်ချုပ်ရေးက စခဲ့တဲ့ပြဿနာတွေပါ တဦးနဲ့တဦး ညှိ
နှိုင်းရင် နားလည်မှုရှိရင် အဲ့ဒီပြဿနာတွေဟာ ဘာမှမဟုတ်တော့ဘူး ထင်တာပါပဲ။
ခက်တာက အင်အားကြီးတဲ့ လူမျိုးစုက လူနည်းစုကို လက်နက်အားကိုး နဲ့ အနိုင်ကျင့်ပြီး ပြဿနာတွေကို
မရှင်းပဲ ငြိမ်းချမ်းညီညွတ်စွာ အတူတကွပူးတွဲမနေထိုင်ပဲ နေရင်တော့ အနိုင်ပဲရမှာပါ ငြိမ်းချမ်းရေးတော့ မ
ရနိုင်ပါ ငြိမ်းချမ်းရေးမရရင် ဖွံဖြိုးတိုးတက်မှုတော့ မရနိုင်ပါဘူး လူမျိုးစုကြီးတခုလုံး အိမ်ပြောင်းသလို ကိုယ့်
ဘိုးဘွားမိဘ ဓါးမဦးချနေထိုင်လာတဲ့ နေရာကနေ အားလုံးပြောင်းရွေ့ထွက်ခွါသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
မဖြစ်လဲ မဖြစ်ကောင်းပါဘူး။

ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ ညီညီညွတ်ညွတ် တန်းတူရည်တူရှိမှဖြစ်မှာမဟုတ်ပါလား။
သြော်..ဘယ်ရောက်ကုန်ပါလိမ့်။
ခုတလောငြိမ်းချမ်းရေးအသံတွေ ကြားပါများလို့ သံယောင်လိုက်သွားမိတာ။

 Source Photo from http://www.google.com/images

 ကိုချစ်ဖေပြောချင်တာက ဒါမဟုတ်ပါ ခွေးသားအကြောင်း။
ကိုချစ်ဖေတို့ ငယ်ငယ်တုန်းက ၀က်သားဈေးက တပိဿာ ၁၄ ကျပ် အမဲသားက ၁၂ ကျပ် လက်ဖက်ရည် တခွက် တကျပ် အဲ့ဒီအချိန်တုန်းက ခွေးသားက တပိဿာကို ၆ ကျပ်ရယ်ပါ။
ခွေးသားကို မင်းတို့ မြို့ကလဲ အဲ့ဒီလို ပေါ်ပြီးရောင်းကြသလား ဆိုတော့ မရောင်းကြပါဘူး မရောင်းကြဘူးလားဆိုတော့လဲ ရောင်းကြပါတယ်။ အဲ ခိုးရောင်းကြတာပါ။

ဒီတုန်းက ကိုချစ်ဖေ နဲ့ ခင်မင်တဲ့ သူငယ်ချင်းတွေ မိသားစုတစုက ခွေးသားစားပါတယ် ခွေးသားစားတယ်
ဆိုတာ အဲ့ဒီတုန်းက မစားကောင်းဘူး ရွံစရာကောင်းတယ် ခွေးသားစားတယ်ဆိုတာ ဒီ.....တွေပဲစားတာ
ပြောကြဆိုကြတော့ ဗြောင်တော့မစားကြဘူးပေါ့ဗျာ။

ဒါပေမဲ့လဲ ရရင်တော့ ဆေးဖက်ဝင်တယ် အပူနိုင်တယ် ဒူလာကောင်းတယ် မီးယပ်ကောင်းတယ် ဘာညာ
ဆိုပြီးစားကြတာပါပဲ။ မသိလို့ စားတာရှိကြသလို စားမိပြီးမှ ကြိုက်လို့ ဆက်စားကြတဲ့သူတွေလဲ ရှိပါတယ်
အဲ့ဒီလူတွေထဲမှာ ကိုချစ်ဖေလဲ ပါပေါ့။
အစကတော့ ကြောက်ကြောက်ရွံရွံနဲ့စားတာပါ နောက်တော့ အခြောက်လှမ်း အချဉ်ထည့် အချိုချက် အစပ်
ချက် တရုတ်ချက် ကုလားချက် ကာလသားချက် အကုန်ချက် ကိုစားတော့တာပါ။
စားပေမယ့် သိုသိုသိပ်သိပ်ပေါ့ဗျာ။

မစားတဲ့လူများစုကြီးက အများစုကိုး။
စားပြန်ရင် ပြောကြတော့မှာကိုး။
ဒါပေမဲ့ ထူးဆန်းတာက ကိုချစ်ဖေတို့ မြို့ကနေ ခဏထွက်သွားတဲ့ ငါးနှစ်တာ ကာလအတွင်းမှာ ပြောင်းလဲ
သွားတာကို ပြောရရင် ယုံကြပါ့မလားမသိ။
ကိုချစ်ဖေ ၁၉၉၄ ခုနှစ် နှစ်ဆန်းပိုင်း အိမ်ပြန်ရောက်တော့ ခွေးသားအတူ တ၀တပြဲစားခဲ့တဲ့ သူငယ်ချင်းက
လာခေါ်ပါတယ် ချစ်ဖေ မင်းကို ငါစပါယ်ရှယ်ဧည့်ခံဖို့ ငါ ဆိတ်ကတုံးသားရှာထားတယ် ခုရက်ထဲရရင် မဆုံ
ရတာကြာပြီ မကျွေးရတာကြာလို့ မင်းကို ငါလာခေါ်မယ် လို့ပြောရှာပါတယ်။
ဒါပေမယ့် ကိုချစ်ဖေက စိတ်ပြောင်းသွားပါပြီ ဘာဖြစ်လို့လဲမသိဘူး ကိုယ်က အနိုင်ကျင့်ခံရတာတွေ များ
လာလို့လားမသိ။ သခင့်အပေါ် သခင်လို့ သူကသတ်မှတ်ထားတဲ့ သခင်က သူ့ခွေးလို့ သတ်မှတ်မှတ် မမှတ်
မှတ် သခင့်အပေါ်သစ္စာရှိတဲ့ သခင်ပြုသမျှ လည်စင်းခံတဲ့ ခွေးလေးတွေအသက်ကို နိုင်ထက်စီးနင်း သတ်
ဖြတ်ပြီး မစားချင်တော့ပါဘူး။

ဒါကြောင့် သူငယ်ချင်းကို ငါအခု ခွေးသားမစားတော့ဘူး လို့ ပြောတော့ သူက မနောက်နဲ့ဟေ့ကောင် မင်း
ဘာမှတ်လို့လဲ ခွေး သားကို ဟိုတုန်းက ဒို့(.....)တွေခွေးသားစားတုန်းက အမဲသားဈေးရဲ့ တ၀က်ပဲရှိတယ်
ကွ ခု(.....)တွေပါခွေးသားစားလာတော့ ..အမဲသားဈေးထက် ၂ ဆ ပိုဈေးကြီးသွားပြီ ဟေ့ကောင်ရေ...
 တဲ့။ 
တို့ (.....)တွေ ခွေးသားစားတယ် ခွေးသားစားတယ် နဲ့..မင်းတို့(.....)တွေ ခွေးသားလဲစားရော ဈေးက ၂ ဆပေးတောင် ရက်စောင့်ရတယ် ဟေ့ကောင်ရေ..တဲ့။
ခွေးသားစားတဲ့ ဓလေ့ကလဲ သိပ်မထူးဆန်းကြတော့ဘူးဆိုပဲ။

လူများစုကြီးက စားလာကြတာကိုး လူများစုကြီးက မစားတုန်းကတော့ဖြင့် ဘာဖြစ်သလေး ညာဖြစ်သလေး
နဲ့ ပြောပါတယ်။
တခါတလေတော့လဲ လူများရင် အမှန်များ ဖြစ်သွားသလား လူညီရင် ကိုတောင် ကျွဲ ဖတ်လို့ရတယ်
ပြောကြသကိုးဗျ။
ဒါကြောင့်ပြောပါတယ် ရေများရေနိုင် မီးများမီးနိုင် လို့ပြောကြတာထင်တယ်။ ဒါပေမဲ့ ရေများရေနိုင်မီးများမီးနိုင် ဆိုပေမဲ့လဲ အနည်းစုကိုတော့ အင်အားနည်းတဲ့သူတွေ လက်နက်မဲ့တဲ့ သူ
တွေအပေါ်မှာ အနိုင်အထက် အဓမ္မ မလုပ်မနေရ အတင်းအကြပ်လုပ်ရမဲ့ နတ်ပြည်ရောက်အောင် ဇိကုတ်
တင်သင့် တင်ရမှာပဲ ဆိုတဲ့ အာဏာရှင်စနစ်ကြီးကိုတော့ မကြိုက်တော့တာ မရှိစေချင်တော့တာ အမှန်ပါပဲ
ဗျို့။

ခွေးသားစားကြမယ်ဆိုလဲ ညီညီညွတ်ညွတ် မစားကြဘူးဆိုလဲ ညီညီညွတ်ညွတ်ပေါ့ နောက်ဆုံး မညီညွတ်
ရင်တောင်မှ ဒုတ်ဆွဲ ဓါးဆွဲ မလုပ်ကြကြေးပေါ့နော်..။
အသက်တွေလဲ ရလာကြမှပဲ။ အန္တရာယ်မရှိဘူးဆို သူများကို မထိခိုက်ဘူးဆို စားချင်သူတွေစားကြတာ စား
ကြပါစေပေါ့ဗျာ။

ကိုချစ်ဖေ

Copy from http://kochitphay64.blogspot.com/2011/09/blog-post.html