• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, April 25, 2013

ဓာတုအကြောက်လွန်ရောဂါ ပြေပျောက်ရေး

 

ဓာတုအကြောက်လွန်ရောဂါ ပြေပျောက်ရေး

By ဦးဖရက်သိန်းဖေ

ပြီးခဲ့သည့်နှစ်လယ်ပိုင်းက ရန်ကုန်တက္က သိုလ် အငြိမ်းစား သိပ္ပံကထိက တစ်ဦးနှင့်၊မြန်မာ့စိုက်ပျိုးရေးနှင့်
ဝန်းကျင်သိပ္ပံ အကြောင်း စကားစပ်ဆွေးနွေးမိပါသည်။ ထိုဆရာကြီးမှာ စိုက်ပျိုးရေးပညာရှင် မဟုတ်သော်
လည်း၊ စိုက်ပျိုးရေးလုပ်ငန်းကိုဓာတုကင်းစင်ပုံစံဖြင့် စမ်းသပ်လုပ်ကိုင်နေ သူဖြစ်သည်။

သူသည် သဘာ၀၀န်းကျင် ထိန်းသိမ်းရေးကိုလည်း တစ်ဖက်တစ်လမ်းမှ လုပ်ကိုင်နေသူဖြစ်သည်။ မြန်မာ့
စိုက်ပျိုးရေးလောကတွင် ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေး ပေါင်းသတ်ဆေးကဲ့သို့ အန္တရာယ်ကြီးသော
ဓာတုပစ္စည်းများကို လုံးဝမသုံးသင့်ကြောင်းတို့ကို မိမိလက်လှမ်း မီသမျှ ဟောပြောနေကြောင်း ပြောပြပါ သည်။
သို့သော် စိုက်ပျိုးသူများက ထိုဓာတု ပစ္စည်းများကို မဆင်မခြင်အသုံးပြုနေသည့် အတွက်ဓာတုအဆိပ်သင့်
မှုများ ဖြစ်ပေါ်နေရကြောင်း မချင့်မရဲ ပြောပါသည်။

သူနောက်ဆုံး ပြောသောစကားမှာကား အစွန်းတစ်ဖက်သို့ ရောက်သွားပြီဟု ကျွန်တော်ခံစားရပါသည်။
ထိုသို့သော အယူအဆမျိုးကြောင့်လည်း စိတ်ပျက်ဖွယ်အယူအဆများပြန့်ပွားလာမည်ကို စိုးရိမ်မိပါသည်။
ပညာတတ်တစ်ဦးအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိနေသော ထိုပုဂ္ဂိုလ်ကြီးကို ကျွန်တော့်အနေနှင့်
တရားပြနိုင်မည်ဟု မယုံကြည်၍ သူလက်မခံနိုင်မည့် ကျွန်တော့်အယူအဆများကို မတင်ပြခဲ့ပါ။

ထိုပုဂ္ဂိုလ်ကြီး နောက်ဆုံးတင်ပြချက်များ၊ မြန်မာ့စိုက်ပျိုးရေးသမားများအား ဓာတ်မြေသြဇာ နှင့် စိုက်ပျိုးရေး
သုံး ဓာတုဆေးဝါးများအသုံးမပြုရန် ပညာပေးမှုများ၊ ဟောပြောမှုများ ပြုလုပ်နေသော်လည်း အကြောင်းထူး
မလာပါ။
ထို့ကြောင့် မြန်မာ့စိုက်ပျိုးရေး လောကတွင် ထိုဓာတုဗေဒပစ္စည်းများ လုံးဝအသုံးမပြုတော့ရန်၊ လွှတ်တော်မှ
ဥပဒေပြု၍ ပိတ်ပင်ပစ်ရန်ဖြစ်သည်။ ဤအယူအဆ အမှားတစ်ခုကို ပို၍မှားသောအမှား နောက်တစ်ခုဖြင့်ပြု
ပြင်ခြင်းသာ ဖြစ်ပါသည်။

ယနေ့ကမ္ဘာ့စိုက်ပျိုးရေးတွင် ဓာတုဆေးဝါးများကြောင့် ဓာတုအဆိပ်သင့်မှုများ ဖြစ်ရသဖြင့် လူနှင့်တိရစ္ဆာန်
များရောဂါရ ခြင်း၊ ၀န်းကျင်နှင့် သယံဇာတများ ပျက်စီးခြင်းများဖြစ်ပေါ်နေရသည်ကို မည်သူမျှ မငြင်းနိုင်ပါ။
ခေတ်မီတိုးတက်ပါသည်ဆိုသော နိုင်ငံကြီးများက ထိုပစ္စည်းများကို ပိုကြောက်ကြပါသည်။

ချမ်းသာပြီးဝင်ငွေ အလွန်များသောသူများက မိမိတို့စားသောက်သောအစာများတွင် ဓာတုပစ္စည်းများ ကင်း
စင်ရန်ဂရုစိုက်ကြသည်။ ဓာတုပစ္စည်းမသုံးသော အော်ဂဲနစ်အစာများကို ဈေးကြီးပေးဝယ်စားနေကြရသည်။
သို့သော် အခြားတစ်ဘက်၌လည်း ထိုနိုင်ငံကြီးများမှပင် ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံး ဓာတုဆေးဝါး
များကို အမြောက်အများထုတ်လုပ်နေကြသည်။ အမြောက် အများသုံးစွဲသုံးစွဲလျက်ရှိသည်။

ဓာတ်မြေ သြဇာနှင့် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်း လုံးဝအသုံးမပြုသော အော်ဂဲနစ်စိုက်ပျိုးရေးမှာ ထိုနိုင်ငံ၌
ရာနှုန်းအနည်းငယ်မျှပင်ရှိသည်။
ဤကမ္ဘာတွင် အော်ဂဲနစ်စိုက်ပျိုးရေး အများဆုံးကျင့်သုံးနေသော ဂျာမနီနိုင်ငံသည်ပင်လျှင် မိမိတို့စိုက်ပျိုး
ရေး၏ လေးရာခိုင်နှုန်းသာရှိသေးသည်။ ဤအခြေအနေကို ယနေ့ကမ္ဘာသူ ကမ္ဘာသားတစ်ဦးအနေ နှင့် မည်သို့နားလည်ရပါမည်နည်း။
အရှင်းဆုံးနှင့် အဆိုးဆုံးဆိုရလျှင် ယနေ့ကမ္ဘာ့ စိုက်ပျိုးရေးတွင် ဓာတ်မြေသြဇာများနှင့် စိုက်ပျိုးရေးသုံး ဓာ
တုဆေးဝါးများ များများစားစားထုတ်လုပ်သုံးစွဲနေခြင်းမှာ အခြေအနေအရ လိုအပ်မှုကြောင့်ဖြစ်သည်။ စိုက်
ပျိုးလုပ်ငန်းတွင် ဓာတုပစ္စည်းပမာဏများစွာ ထုတ်လုပ်သုံးစွဲနေသော နိုင်ငံများထက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
သုံးစွဲမှုပမာဏမများသော်လည်း အဆိပ်သင့်မှုက အဆမတန် ပိုများနေသည်။

ဤသို့ဖြစ်ရခြင်းမှာ ဖွံ့ဖြိုး ဆဲနိုင်ငံများက ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများ အသုံးပြုကြရာ
တွင် အမှားနှစ်မျိုးမှာ အထင်အရှားရှိနေသည်။ ပထမတစ်မျိုးမှာ အသုံးများခြင်း (Over Use) ဖြစ်ပြီး၊ ဒုတိ
ယအမှားက အသုံးမှားခြင်း (Misuse)ပင်ဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်ဆိုင်နေရသောအမှားတွင် အသုံးမှားခြင်းက အသုံးများခြင်းထက်
ပိုပါသည်။ ဤသို့ဖြစ်ရခြင်းမှာ မြန်မာ့စိုက်ပျိုးရေးသမားများအတွက် ထိုဓာတုပစ္စည်းများ ဈေးအဆမတန်ကြီး
မြင့်နေခြင်းကြောင့် ဖြစ်သည်။

အန္တရာယ်ကြီးမားလှပါသည်ဟုဆိုသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို မဆိုထားနှင့် မြန်မာ့စိုက်ပျိုး
ရေးသမားများ၏ အသည်းစွဲ ယူရီးယား(ခေါ်)ပုလဲ ဓာတ်မြေသြဇာကိုပင် အသုံးပြုရာ၌၊ ထိုက်တန်သော လုံ
လောက်သော အသိဖြင့်အသုံးပြုနေခြင်းမရှိပါ။

ယူရီးယားဓာတ်မြေသြဇာ ၅၀ကီလိုတစ်အိတ်ကို ကျပ် ၂၀,၀၀၀ ဖြင့်ဝယ်ပြီး၊ ဆယ်စုနှစ်ပေါင်းများစွာ အိတ်
ပေါင်း ရာချီအသုံးပြုခဲ့ကြသော်လည်း၊ ထိုမြေသြဇာနှင့် ပတ်သက်၍ ရှိသင့်ရှိထိုက် သောအသိ လုံလောက်
သောအသိ မရှိခဲ့ကြပါ။
ဤမျှရင်းနှီးနေသော မြေသြဇာနှင့် ပတ်သက်၍ အချက် ၁၀ချက်ခန့်ပင် လေ့လာထားသူ အလွန်နည်းပါ
သည်။
ယူရီးယားဓာတ်မြေသြဇာ၏ အာနိသင်ပြမြန်ခြင်း၊ အာနိသင်မှာမြင်သာထင်သာရှိခြင်း အပေါ်၌သာ အာရုံ
ရောက်ပြီး ထိုမြေသြဇာ၏ လေလွင့်ဆုံးပါးမှုကြီးမားပုံ၊ အပင်အတွင်းဝင်ရောက်မှုနည်းခြင်း၊ မြေဆီလွှာအ
တွင်း ဆုံးပါးလွယ်ခြင်း၊ ဆုံးပါးမြန်ခြင်း၊ ယင်းကိုအကျိုးအရှိဆုံး မည်ကဲ့သို့အသုံးပြုရမည်ကို မသိခြင်းတို့
သည်သာ ယူရီးယား၏ အခြေအနေဆိုးကို ဖန်တီးနေခြင်းဖြစ်သည်။ ယူရီးယားဓာတ်မြေသြဇာသည် စိုက်
ပျိုးရေးအတွက် အမှန်တကယ်လိုအပ်သော မြေသြဇာဖြစ်သည်။ လူသားတို့အတွက်မီးသည် မရှိမဖြစ်လို
အပ်သည်။ သို့သော်မီးကို မမှန်မကန်အသုံးပြုပါက အလွန်အန္တရာယ်ကြီးနိုင်ပါသည်။

ယူရီးယားဓာတ် မြေသြဇာသည်လည်း မီးကဲ့သို့ပင် လူတို့အား ကောင်းကျိုးများစွာဖြစ်စေနိုင်သကဲ့သို့ ယင်း
၌လည်းအားနည်းချက်များရှိနေပါသည်။ မီး၏အန္တရာယ်ကြီးမားမှုကို ရှောင်ရန်၊ မီးကို လုံးဝအသုံးမပြုတော့
ရန် ပိတ်ဆို့၍မဖြစ်နိုင်ပါ။ ကျိုး ကြောင်းဆီလျော်မှုလည်း မရှိပါ။
ယူရီးယားဓာတ်မြေသြဇာကဲ့သို့ပင် အခြားဓာတ်မြေသြဇာများ၊ စိုက်ပျိုးရေးသုံး ဆေးဝါးတစ်ခုစီတွင် ထူးခြားကောင်းမွန် သော အာနိသင်များရှိသကဲ့သို့ အားနည်း ချက်များလည်း ကိုယ်စီရှိနိုင်ပါသည်။ အသုံးပြုသူက အန္တရာယ်မဖြစ်ဘဲ အကျိုး အများဆုံးရရှိအောင် အသုံးပြုတတ်ရန်သာ လိုအပ်ပါသည်။

ကမ္ဘာ့စိုက်ပျိုးရေး၏ ပကတိအနေအထားကိုမသိဘဲနှင့် စိတ်ကူးယဉ်ပြီး၊ ရာနှုန်းပြည့် အော်ဂဲနစ် ဖြစ်လာမည်
ဟု မျှော်လင့်သူများလည်းရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံပင်များအား အစာကျွေးခြင်း၊ ရောဂါပိုးမွှား
များ၏ အန္တရာယ်မှကာကွယ်ခြင်း လုပ်ငန်းတွင် ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံးဓာတုဆေးဝါးများကို အ
စားထိုးမှုများရှိပါသည်။
သို့သော် တစ်နိုင်တစ်ပိုင်မှသည် စိုက်ဧကအနည်းငယ်တွင် လက်တွေ့ဖော်ဆောင်နိုင်သည်ကိုကား သံသယ
မရှိပါ။ သီးနှံတစ်မျိုးတည်းကိုပင် စိုက်ပျိုးဧက သိန်း၊ သန်းချီ၍လုပ်ကိုင်ရာတွင် လုံလောက်သော သဘာဝ
မြေသြဇာ၊ လုံလောက်သော သဘာဝပိုးသတ်ဆေး မရနိုင်တော့ပါ။ ထိုအခြေအနေမျိုးတွင် ဓာတ်မြေသြဇာ
များနှင့် စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးများကို မလွဲမသွေအသုံးပြုလာရတော့သည်။
သဘာဝမြေသြဇာများကို အသုံးပြုရာတွင် ဓာတ်မြေသြဇာများထက် အဆပေါင်းများစွာ ပိုသုံးရန်လိုအပ်
သည်။ စိုက်ပျိုးမြေတစ်ဧကတွင် ဓာတ်မြေသြဇာ ၅၀ကီလိုအိတ် ငါးအိတ်အသုံးပြုပါက ကီလို၂၅၀သို့မဟုတ်
ပေါင်ချိန် ၁၁၀x၅= ၅၅၀ သာလိုအပ်သည်။ သဘာဝမြေသြဇာများကိုကား အနည်းဆုံး အဆ ၄၀-၅၀ ပိုသုံး
ရန်လိုအပ်မည်ဖြစ်သည်။

စိုက်ပျိုးရေး ရေရှည်တည်တံ့ရန်အတွက်ကား သဘာဝ မြေသြဇာနှင့် ဓာတ်မြေသြဇာများကို လိုအပ်သလို ပူးပေါင်းအသုံးပြုရန် လိုအပ်သည်။ တစ်မျိုးက အခြားတစ်မျိုးဖြင့် အစားထိုး၍ မရနိုင်ပါ။
ယနေ့ကမ္ဘာ့လူဦးရေသည် သန်း ၇,၀၀၀ ကျော်ရှိနေပြီးဖြစ်သည်။ နောင်အနှစ်၃၀ အတွင်း၊ လူဦးရေ သန်း ၉,၀၀၀ ရှိလာမည်ဟု ပညာရှင်များက ခန့်မှန်းနေကြသည်။ ဤနေရာတွင် စိုက်ပျိုးရေးလုပ်ငန်းကို ဖော်
ဆောင်လုပ်ကိုင်ရာတွင် ဓာတုအဆိပ်ကင်းရေး (Food Safety)ထက်၊ အစာပမာဏလုံလောက်ရေး (Food Security) က ပိုအရေးကြီးနေပေသည်။

ဓာတုအဆိပ်သင့် မှုလျော့နည်းရန်ကား ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးများကို အသုံးမ
များရေး၊ အသုံးမမှားရေးကို ဂရုစိုက်ရန်လိုအပ်ပေသည်။
“ဓာတ်မြေသြဇာများ နှင့် စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးများလုံးဝအသုံးမပြုရေးထက် ယင်းတို့ကိုနည်းမှန်၊
လမ်းမှန်ဖြင့် အသုံးပြုရန်က ပိုအရေးကြီးပါသည်။”

အကယ်၍ ဓာတ်မြေသြဇာနှင့် စိုက် ပျိုးရေးသုံး ဓာတုဆေးဝါးများအား ဓာတု အဆိပ်မသင့်အောင် အသုံးပြု
နိုင်ပါက ထိုအခြေအနေသည် သားရွှေအိုးထမ်းလာသည်ကို မြင်ရသော အခြေအနေမျိုးဖြစ်ပါသည်။
ဤအခြေအနေမှာ ယင်းဓာတုပစ္စည်းများသုံးခြင်း၊ မသုံးခြင်းထက် အဆိုပါပစ္စည်းများကို မှန်ကန်စွာအသုံးပြု
ခြင်းဖြင့်သာ ရရှိနိုင်မည်ဖြစ်သည်။

ဓာတုအကြောက်လွန်ရောဂါများ ပြေပျောက်နိုင်ပါစေ။

ဦးဖရက်သိန်းဖေ

Copy from http://thefarmermedia.com