• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, April 5, 2013

တရားမ၀င် ဓာတ်မြေသြဇာများကို ဆက်လက်စစ်ဆေးသွားရန် စီစဉ်လျက်ရှိ

 

 နေရွက်လှေသည် ( ၄၆းဝး၀) အချိုးပါဝင်သည့် ( Urea ) ပါဝင်သာ အစွမ်းထက်သည့် ဓါတ်မြေသြဇာ

Source Photo from http://www.marlarmyaing.com/home.php?view=dt&id=197

တရားမ၀င် ဓာတ်မြေသြဇာများကို 

ဆက်လက်စစ်ဆေးသွားရန် စီစဉ်လျက်ရှိ

Friday 5th April 2013

ပြည်တွင်းကို တင်သွင်းတဲ့ ဓာတ်မြေသြဇာ အချို့မှာ သတ်မှတ် ထားသော နိုက်ထရိုဂျင်၊ ပိုတက်နှင့် ဖော့စ
ဖိတ် တို့ပါဝင်မှု နှုန်းထားမရှိတဲ့ တရားမ၀င် ဓာတ်မြေသြဇာ အမျိုးပေါင်း ၁၀၀ ကျော် ရှိတယ်လို့ မြန်မာနိုင်ငံ
ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဆိုပါ တရားမ၀င်တင်သွင်းတဲ့ ဓာတ်မြေသြဇာများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းအနေနဲ့ ဆက်လက်စစ်
ဆေး ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်စပါးလုပ်ငန်းရှင်အသင်းအနေနဲ့ ဓာတ်မြေသြဇာ ၁၅ မျိုး
နဲ့ပိုးသတ်ဆေး ၈ မျိုးတို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့အနက်မှ ဓာတ်မြေသြဇာ ၇ မျိုးမှာ သတ်မှတ်
ထားတဲ့ နိုက်ထရိုဂျင်၊ ပိုတက်၊ ဖော်စပိတ်တို့ ပါဝင်ခြင်း မရှိတာကို စစ်ဆေးတွေ့ရှိတာဖြစ်ပါတယ်။

အဲ့ဒီလို ဓာတ်မြေသြဇာများစစ်ဆေးမှုကိုတော့ ဇန်န၀ါရီလမှစတင်ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ
တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးတို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးမှုများကိုတော့ မြန်မာ့စိုက်
ပျိုးရေးလုပ်ငန်းရှိ ဓာတ်ခွဲခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သတ်မှတ်ထားတဲ့ အချိုးအစားများ ပါဝင်ခြင်းမရှိတဲ့
ဓာတ်မြေသြဇာ ၇ မျိုးဟာ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပြည်ပတင်သွင်းမှုများနဲ့ ပြည်တွင်းရှိ ဓာတ်မြေသြဇာ
အချို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆေးမှုများ ကိုတော့ နောက်ပိုင်းမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး တို့အပြင်
အခြားတိုင်းနဲ့ ပြည်နယ်တို့မှာလည်း ဆက်လက်တိုးချဲ့လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Copy from http://www.mrtv4.com.mm/news/local/others/detail/item%3A16034