အမျိုးသမီးတို့ အနိုင်ကျင့်ခံရခြင်းမှ
ကင်းဝေးစေမည့် အတွင်းခံ
Monday, April 8, 2013
အန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့ ဝတ်ဆုံ ဖြစ်ပါတယ်။ အန္ဒိယမှာ အမျိုးသမီး
တို့ အဓမ္မအကျင့်ခံရတဲ့ မှုခင်းတွေ များလာတဲ့အတွက်ကြောင့် ယခုလို ဖန်တီးထုတ်လုပ်လိုက်ခြင်း ဖြစ်ပါ
တယ်။
အပေါ်အောာက် One-Set အတွင်းခံဖြစ်ပြီး အမျိုးသားတို့ထိလိုက်တာနဲ့မလှုပ်မယှက်ဖြစ်သွားအောင်ကို ပြု
လုပ်နိုင်ပါတယ်။
အဝတ်မှာ လျှပ်စစ်ဓာတ်လမ်းကြောင်းစီးဆင်းနေပြီး အမျိုးသား တစ်ယောက်က Rape လုပ်ဖို့ ကြိုးပမ်းပြီဆို
ရင် လျှပ်စစ်ကြောင့် ကျင်သွားပြီး မလှုပ်မယှက်ကို လဲသွားစေမှာ ဖြစ်ပါတယ်။ ဒီတော့ ဝတ်ထားတဲ့ အမျိုး
သမီးကို မထိခိုက်ဘူးလားလို့ မေးစရာ ရှိပါတယ်။ လုံးဝမရှိပါဘူး။
ဝတ်ထားတဲ့ သူရဲ့ နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ်လှုပ်ရှားတုန်ခါမှု index တစ်ခု သတ်မှတ်ထားပြီး ယင်းအမှတ်ကို
ရောက်တာနဲ့ ပြင်ပက လာထိတဲ့သူမှန်သမျှကို လျှပ်စစ်နဲ့ တုန့်ပြန်စေမှာဖြစ်ပါတယ်။ ဝတ်ထားတဲ့သူကတော့ ဘာမှမဖြစ်ပါဘူး။ နောက်ထပ်ပိုကောင်းတာတစ်ခုက ဝတ်ဆုံမှာGPS ပါဝင်ပြီးလျှပ်
စစ်ဓာတ်လွတ်လိုက်ပြီဆိုတာနဲ့ ရဲစခန်းက ကွန်ပြူတာကို ချက်ချင်းလှမ်းအကြောင်းကြားစေမှာ ဖြစ်ပါတယ်။
ဒီတော့ ဝတ်ဆုံဝယ်ဝတ်ဖို့ ဆုံးဖြတ်ထားသူများ အနေနဲ့ မိမိချစ်သူများကို ဖတ်တဲ့အခါ သတိထားရန်လိုအပ်
တယ်လို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
-- Ref: techblog Aung Kham (TSJ team)
Copy from http://satekuupuyar.blogspot.com/2013/04/blog-post_9986.html