Myanmar’s speaker of the Lower House of Parliament, Thura U Shwe Mann,
speaks at The Asia Foundation’s headquarters in San Francisco.
speaks at The Asia Foundation’s headquarters in San Francisco.
Photo/Whitney Legge
ရွှေမန်းပြန်ရင် လိုက်သွားကြ
ရဲရင့်သက်ဇွဲ၊
ဇွန် ၂၂၊ ၂၀၁၃
အရှက်မရှိသူများရဲ့
ပက်လက်လှန်တံတွေး ထွေးတဲ့ပွဲမှာ
ဇီးသီးသယ် မဗျိုင်းများ
လက်ခုပ် တဖျောင်းဖျောင်းတီးလို့  …….။
သွေးစွန်းလက်တွေကို
ဆွမျိုးရင်းချာပမာ ဖက်လှဲတကင်း
ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ
သင်တို့ရဲ့လာရာ
အတိတ်လမ်းဆီက အရိပ်များ
မီးပြတိုက်ရဲ့
အချက်ပြမီးရောင် တလက်လက်အောက်မှာ
မျက်ရည်စက်လက် … … … …။
အဲဒီပွဲမှာ
ကွယ်ဝှက်ထားတဲ့ လှော်တက်များ
မျက်ဝါးထင်ထင် တွေ့ မြင်ရပြီ
ဒီကွေ့ မှာ ဒီတက်
ဟိုကွေ့ မှာ ဟိုတက်
ယုံကြည်ချက်က ခွေးကတက်မှာ
သြော် … ရန် ငါ စည်း ပြတ်ကြပုံများ ……။
ဘာကိုယုံလို့  ဘာကိုပုံကြမှာတဲ့တုန်း
သွေးဆာနေသူရဲ့နှုတ်ဖျားက
ပြုပြင်ပြောင်းလဲမှုလိုလားတဲ့တရားဟာ
ပြည်တွင်းက လက်ရှိအခြေအနေဆိုးများ
တိုင်းရင်းသားဖိနှိပ်မှုများ
စတဲ့ မငြိမ်းချမ်းမှုများကို
မျက်ကွယ်ပြုထားခဲ့တယ်….။
အဲဒီတရား
ယုံစားကြမယ်ဆိုရင်
ရွှေမန်းပြန်ရင် အကုန်လိုက်ပြန်ကြ…………။
ရဲရင့်သက်ဇွဲ၊
Copy from http://moemaka.com/archives/35750





