• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, November 16, 2013

စုပေါင်း ကထိန်သင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပရန်ရှိခြင်း

  သံဃာတော်နှင့် Karen Buddhist Society of Minnesota မှ တာဝန်ရှိသူတို့ 
စုပေါင်း ကထိန်သင်္ဃန်းကပ်လှူပူဇော်ပွဲအတွက် ဆွေးနွေးနေစဉ်

November 16, 2013
Saturday

စုပေါင်း ကထိန်သင်္ဃန်းကပ်လှူပူဇော်ပွဲ 

ကျင်းပရန်ရှိခြင်း

By ဖူ့ယောင်ဟက်

အမေရိကန်ပြည်ထောင်စု မင်ဏီးဆိုးတားပြည်နယ် စိန့်ပေါမြို့ အမှတ် 795 Sherburne Avenue ရှိ (ဖူ့တာမိက်
ဂုဏ်တာ.ဘာ.) ဖုတာမိုက် ဂုဏ်ကျေးဇူးတော်ကျောင်း၌ စုပေါင်းကထိန်သင်္ဃန်း ကပ်လှူပူဇော်ပွဲတရပ်ကို မနက်
ဖြန် November 17, 2013 Sunday တွင် ကျင်းပပြုလုပ်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 Karen Buddhist Society of Minnesota အဖွဲ့ဝင်အချို့ ပဒေသာပင်ကို ပြင်ဆင်နေကြစဉ်

အဆိုပါ ကထိန်သင်္ဃန်းကပ်လှူပူဇော်ပွဲသို့ ကြွရောက်တရားနာရေစက်ချကြမည့် ဓမ္မမိတ်ဆွေများကို Karen
Buddhist Society of Minnesota မှ ထမင်းဟင်းလျာများဖြင့် ဖွယ်ဖွယ်ရာရာကျွေးမွေးဧည့်ခံမည့်နည်းတူ ကြွ
ရောက်လာကြသော ဗုဒ္ဓဘာသာဝင်ဓမ္မမိတ်ဆွေများအနေဖြင့် သင်္ဃန်းတစုံလျှင် ဒေါလာ ၃၀၊ ကန်တော့ ပွဲတစ်လုံး
လျှင် ဒေါ်လာ၂၀ နှုံးဖြင့် အစဉ်ပြေပြေလှူဒါန်းနိုင်စေရန်အတွက် ဆောင်ရွက်စီစဉ်ပေးထားသည် ဟုလည်းသိရှိရပါ
သည်။

ထို့အပြင် လာမည့်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကိုလည်း ခါတိုင်းကျင်းပပြုလုပ်သည့် ပွဲတော်များထက် ပိုမို
စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်ကြောင်း Karen
Buddhist Society of Minnesota မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောဆိုကြောင်း သတင်းရရှိပါသည်။

ဖူ့ယောင်ဟက်
နိုဝင်္ဘာ ၁၆ ၂၀၁၃