စုပေါင်း ကထိန်သင်္ဃန်းကပ်လှူပူဇော်ပွဲ
ကျင်းပ ပြီးစီးခြင်း
November 17, 2013
Sunday
By ဖူ့ယောင်ဟက်
အမေရိကန်ပြည်ထောင်စု မင်ဏီးဆိုးတားပြည်နယ် စိန့်ပေါမြို့ အမှတ် 795 Sherburne Avenue ရှိ (ဖူ့တာမိက် ဂုဏ်တာ.ဘာ.) ဖုတာမိုက် ဂုဏ်ကျေးဇူးတော်ကျောင်း၌ စုပေါင်းကထိန်သင်္ဃန်း ကပ်လှူပူဇော်ပွဲတရပ်ကို Karen Buddhist Society of Minnesota မှ ဦးစီးဦးဆောင်ကာ ယနေ့ November 17, 2013 Sunday တွင် ကျင်းပပြု
လုပ်ပြီးစီးသွားကြောင်း သတင်းရရှိပါသည်။
ဆရာတော် ဦးဝါသ၀(မျက်မှန်နှင့်) Utah State, ဦးသူရိယ Wat Lao ( Forest Lake) ဦးကုဝေရ South Dakota
ဦးသြဘာသ ဖူ့တာမိုက်ဂုဏ်ကျေးဇူးတော်ကျောင်း။ လောအမျိုးသား သံဃာတော်များ (၂)ပါး
(လက်ျာမှ လက်ဝဲ သို့)
စုပေါင်းကထိန်သင်္ဃန်းပူဇော်ပွဲသို့ Utah State နှင့် South Dakota State မှ ကရင်သံဃာတော်များကြွရောက် ချီး
မြှင့်ကြသည့်အပြင် Wet Lao 4530 23rd Street North Forest Lake မှ မွန်အမျိုးသား သံဃာတော် ဦးသူရိယ
နှင့် Lao အမျိုးသား သံဃာတော်နှစ်ပါး ပေါင်း ၃ပါးတို့နှင့်အတူ Lao ဗုဒ္ဓဘာသာဝင်များလည်း ကြွရောက်ချီးမြှင့်ကြ
ကြောင်း သိရှိရပါသည်။
Forest Lake မှ ဓမ္မမိတ်ဆွေများ
Forest Lake မှ ဓမ္မမိတ်ဆွေများ
ကထိန်သင်္ဃန်းအလှူဒါနနှင့် ကထိန်အကြောင်းသိကောင်းစရာ တို့ကို ဆရာတော် ဦးဝါသ၀မှ စကောကရင်၊ ပိုးက
ရင်ဘာသာများအပြင် ဗမာဘာသာဖြင့်ပါ ကြွရောက်လာကြသည့် ဓမ္မမိတ်ဆွေများအား ဟောကြားတော်မူခဲ့
ကြောင်းနှင့် အဆိုပါ ကထိန်သင်္ဃန်းကပ်လှူပူဇော်ပွဲသို့ ပြည်ထောင်စု မြန်မာနိုင်ငံမှ တိုင်းရင်းသားများဖြစ်ကြသည့်
ကရင်၊ ကရင်နီ၊ မွန်၊ ဗမာ ၁၅၀ခန့် ကြွရောက်တရားနာခဲ့ကြကြောင်း သိရှိရပါသည်။
အလှုရှင်တဦးမှ ကထိန်သင်္ဃန်းကို ကိုယ်တိုင်ကပ်လှူနေစဉ်
ကထိန်သင်္ဃန်းကပ်လှူပူဇော်ပွဲကို ယနေ့ညနေ ၃း၀၀နာရီခန့်တွင် နမောတဿ ကန်တော့ချိုးဖြင့်ရုပ်သိမ်းလိုက်
ကြကြောင်း သတင်းရရှိပါသည်။
နိုဝင်္ဘာ ၁၇-၂၀၁၃