• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, November 21, 2013

ဆေးစာပါလာတာကိုး


ဆေးစာပါလာတာကိုး

November 21, 2013
Thursday
 
မုန့်ကိုတော့ ဝေစားနိုင်မယ်၊ အချစ်ကိုတော့ ဝေမစားနိုင်ဘူး။
ရည်းစားလူလု အူနုကျွဲခတ်။
မယားထိ ဓါးကြည့်။
ဆံတမျှင်တင်း ချစ်ခြင်းမယား။

ဒီလိုစကားပုံတွေရေးပြီဆိုကတည်းက ဘာပြောတော့မလဲဆိုတာ ခန့်မှန်းနိုင်ပါလိမ့်မယ်။ လူ့လောကမှာ မရှိမဖြစ်တဲ့
အချစ်အကြောင်း ပြောမလို့ပါ။ အမျိုးသမီးနဲ့အမျိုးသား လိင်မတူပေမယ့် အခုပြောမယ့်အချစ် ဆိုတာကတော့ သ
ဘောထားတာချင်း တူကြလိမ့်မယ်လို့ ထင်ပါတယ်။

ပန်းတွေဟာ ပျားတွေအတွက်။
ပျားတွေဟာ ပန်းတွေအတွက်။

ဒါပေမယ့်
တစ်ကောင်သော ပျားအတွက်
တစ်ပွင့်သော ပန်းမဖြစ်နိုင်။
(သိုးဆောင်းကဗျာ)

ဟိုး တခါတုန်းက သူငယ်ချင်းနှစ်ယောက်ရှိတယ်။
တစ်ယောက်သော သူငယ်ချင်းက စောစောစီစီးအိမ်ထောင်ကျသွားပြီး သားသမီးရတနာတွေ ထွန်းကားပေမယ့်
ကျန်နေတဲ့ တစ်ယောက်သောသူငယ်ချင်းကတော့ တကိုယ်တည်း လူပျိုကြီး ဖြစ်နေပါသတဲ့။
သူငယ်ချင်းတွေဆိုတော့ အတူသောက်မြဲ။ အတူတွဲပြီး လောင်းကစားလုပ်မြဲ။ ရပ်ရွာအကျိုး အတူဆောင်ရွက်မြဲ။
တတွဲတွဲနဲ့ အင်မတန်ခင်မင်ရင်းနှီးကြတဲ့ ငယ်ပေါင်းကြီးဖေါ်တွေပီပီ ပြောမနာဆိုမနာ သူငယ်ချင်းတွေပါ။

အိမ်ထောင်သည်သူငယ်ချင်းမှာ သားသမီးတွေ အရွယ်ရောက်လို့ သီးချိန်တန် သီး၊ ပွင့်ချိန်တန် ပွင့်၊ ဆိုသလို အိမ်
ထောင်ရက်သားတွေကျပြီး မြေးတွေဘာတွေနဲ့ပျော်တပြုံးပြုံးဖြစ်နေသလို လူပျိုကြီးဖြစ်နေတဲ့ သူငယ်ချင်းမှာလည်း
လူပျိုလူလွတ်သဘာဝအတိုင်း ပျော်ပျော်နေပြီး သူငယ်ချင်းနှစ်ယောက် အတွဲမပျက် ခင်မင်လျှက်ရှိနေရာကနေ တ
နေ့သောနေ့မှာတော့ ခွါပြဲကြရပါတော့တယ်။

အရက်အတူတူသောက်နေကြရင်းကနေ ဆံပင်တွေဖြူနေကြပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက် ပုလင်းနဲ့ရိုက်ကြ
တဲ့ အဖြစ်က  ဒီလိုပါတဲ့ဗျား။
လူပျိုကြီး သူငယ်ချင်းက
"သူငယ်ချင်း၊ မင်းနဲ့ မင်းမိန်းမတို့အိမ်ထောင်ကျတာ အတော်ကြာပြီနော်။
သားတွေသမီးတွေ မြေးတွေပါ ရနေပြီဆိုတော့ ဟိုကိစ္စမှာ မင်းအနေနဲ့ အရင်တုန်းကလိုပဲ တက်တက်ကြွကြွ ရှိနေ
တုန်းပဲလား။"

အိမ်ထောင်သည် သူငယ်ချင်းက
"တော်လိုက်တော့ သူငယ်ချင်းရေ၊ သားသမီးတွေအတွက် ပူနေရတာကတမျိုး၊ မြေးတွေအတွက် စိတ်မအေးရတာ
က တမျိုး၊ ပြီးတော့ အသက်ကြီးလာတော့ ဟိုသင်းကလည်း အလုပ်မလုပ်နိုင်တော့ဘူး။
ပြောမယ်ဆိုလျင် မနိုင်တော့ဘူးဟေ့၊ မနိုင်တော့ဘူး။
ဘုန်းကြီးကျောင်းသွားပြီး တရားအားထုတ်ရ ကောင်းမလားပဲ။"

အိမ်ထောင်သည်သူငယ်ချင်းရဲ့ စကားအဆုံးမှာလူပျိုကြီးသူငယ်ချင်းက
"ဒါဆိုလျင် မင်းမနိုင်တော့တဲ့ကိစ္စ ငါ့ဘက် ခဏပေးထားပါလား"
ဆိုတော့ ရိုက်ပွဲပေါ့ဗျာ။ အဲဒါ တကယ့်အဖြစ်အပျက်နော်။

အောက်က အဖြစ်အပျက်လေးကိုလည်း လေ့လာကြည့်ကြပါဦး။

ဆေးစာပါလာတာကိုး

ဆေးဆိုင်တစ်ဆိုင်အတွင်းသို့ အမျိုးသမီးတစ်ယောက် ၀င်လာပြီး
"အာဆင်းနစ် အဆိပ်ဝယ်ချင်လို့ပါ"

ဆေးဆိုင်ပိုင်ရှင်ကမေးသည်။
"ဒီလောက် အပြင်းဆုံးအဆိပ်ကို ဘာများလုပ်မလို့ပါလဲခင်ဗျာ"
"ကျွန်မယောက်ျားကို အဲဒီအဆိပ်ခတ်ပြီးသတ်မလို့ပါ"

"လူသတ်ဖို့အတွက်ဆို အဲဒီအဆိပ်ကို ကျွန်တော် မရောင်းပေးနိုင်ပါဘူး"

အမျိုးသမီးက အရောင်းဘီရိုပေါ်သို့ စုံတွဲပုံ ဓါတ်ပုံတစ်ခုတင်လိုက်သည်။
အမျိုးသမီး၏ ယောင်္ကျားနှင့် ဆိုင်ရှင်၏ မိန်းမပုံဖြစ်သည်။
ဆိုင်ရှင်က ဓါတ်ပုံကိုယူကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး

"ဆရာဝန်ဆေးစာပါလာတာ စောစောက ကျွန်တော်သတိမထားမိလိုက်ဘူး"

Credit - Original Writer
ဒါပေမယ့် တချို့ကျတော့ သဘောထားကြီးလိုက်တာများ အံ့သြစရာကောင်းလွန်းလိုက်ပါဘိ။
ဘတ်ကြည့်လိုက်ပါဦး။


ကိုယ်ချင်းစာတတ်သူ

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။
"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမှုန့်
တွေ လူးပေးလိုက်တယ်။
"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမှုန့်တွေနဲ့ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကို
တွေ့တော့ ဒါ ဘာလဲလို့မေးတယ်။
မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့
"အော်... ရုပ်တုပါ။
မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်"
လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကိုဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။
ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားပြီး မီးဖိုခမ်းက ပြန်ထွက်လာချိန်မှာတော့ သူ့လက်
ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။
အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး
"ရော့... အစာနည်းနည်းစားလိုက်ဦး။
ငါ့လိုမဖြစ်စေနဲ့။
ငါ့တုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"

နိုင်းနိုင်းစနေ

Copy from http://www.myanmarcnn.com/2013/11/blog-post_7833.html