• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, November 22, 2013

ဗိုလ်မှူး စောချစ်သူ သိစေရန်

November 22, 2013
Friday

ဗိုလ်မှူး စောချစ်သူ သိစေရန်

By မင်းစိုးစံ

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဘို့ ပညာတတ်တွေလိုအပ်တယ်။ DKBA ဆိုတာပေါ်လာပြီးတဲ့နောက် ကရင်ပြည်နယ်မှာ ပ
ညာရေးနဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းတွေမှာ ပြောင်းလဲလာပြီလို့ ဗိုလ်မှူးချစ်သူပြောတာကို Hot News မှာ
တွေ့လိုက်ရပါတယ်။

မျက်မမြင်ပုဏ္ဏား ၆ယောက်ဆိုတာကိုမသိတဲ့ လူတစ်ယောက်က မျက်မမြင်ပုဏ္ဏား ၇ယောက်ဖြစ်အောင်ပြောတာ
ထက်ကို ပိုဆိုးသွားပြီလို့ ပြောချင်ပါတယ်။ DKBA ဆိုတာပေါ်လာပြီးနောက်ပိုင်းမှာ ကရင်ပြည်နယ်က ပညာရေး
တွေဖွံ့ဖြိုးတိုးတက်လာတယ် ဆိုတာကို ဘယ်လိုအရာတွေနဲ့ တိုင်းတာနှိုင်းယှဉ်မလဲ လို့ မမေးခင်မှာ၊ ကျုပ်တို့တိုင်း
ရင်းသားတွေ ဘာကြောင့်ဗမာစစ်အစိုးရကို လက်နက်ကိုင်တော်လှန်ရသလဲ ဆိုတာကို မေးကြည့်ပါရစေ။

တော်လှန်ရေးဆိုတာက မတရားတာကို တရားအောင်၊ မမှန်တာကို မှန်အောင်၊ မကောင်းတာကို ကောင်းအောင်
လုပ်တာက တော်လှန်ရေး အဲဒီလိုတော်လှန်ရေးလုပ်လို့ မတရားတာတွေ တရားသွားတယ်၊ မှားနေတာတွေ မှန်
လာတယ်၊ မကောင်းတာတွေ ကောင်းကုန်တယ် ဆိုလျင် ဒါဟာ တော်လှန်ရေး တခုအောင်မြင်တာပဲ။ မကောင်းတဲ့
အရာတွေ ရှိနေသမျှ မတရားမှုတွေ ရှိနေသမျှ မှန်တာတွေ မပြောရဲသမျှ တော်လှန်ရေးဆိုတာမအောင်မြင်သေးသ
လို ဘယ်လိုဟာမျိုးမျှ မပြောင်းလဲနိုင်ပါဘူး။
ကျုပ်နားလည်တာက ဗမာစစ်အစိုးရကို တိုက်တယ်ဆိုတာ ဗမာစစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို မကြိုက်လို့၊ မူဝါဒ
တွေကို မကြိုက်လို့၊ လွဲမှားနေတဲ့ မူတွေ၊ စနစ်တွေ၊ လုပ်နည်းလုပ်ဟန်တွေကို တည့်မတ်ပေးနိုင်အောင်လို့ ကျုပ်တို့
တတွေ လက်နက်ကိုင်ပြီး အမျိုးမျိုးသောပင်ပမ်းဆင်းရဲမှုတွေကို ကရင်ပြည်သူတွေနဲ့အတူ ခါးဆီးခံရင်းတော်လှန်
ကြတယ်။

အဲဒီလို တော်လှန်ရေးတရပ်ကို ရဲရဲတောက်လုပ်နေချိန်မှာ ဗမာစစ်အစိုးရ ကျင့်သုံးတဲ့ စနစ်မျိုး လုပ်ရပ်မျိုး မူဝါဒမျိုး
စတာတွေကို လိုက်မလုပ်မိဘို့ လိုတယ်ဆိုတာကိုလည်း တော်လှန်ရေးသမားတိုင်းသိကြပါတယ်။ ဥပမာ ဗမာစစ် အစိုးရက ကရင်ရွာထဲကို ရောက်လာလျင် တွေ့သမျှအိမ်မွေးတိရိစ္ဆာန်တွေကို ပစ်ခတ်စားသောက်တယ်၊ အမျိုးသား
တွေကို ဘမ်းဆီးပြီးရိုက်နှက်တယ်၊ သတ်ဖြတ်တယ်၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သယ်ပိုးခိုင်းတယ်၊ တရွာလုံး
ကို မီးရှို့တယ်။ အမျိုသမီးတွေကို သားမယားပြုကျင့်တယ်။

အဲဒါကြောင့်မို့ DKBA ဖြစ်ပြီးမကြာပါဘူး၊ လူထုရှင်းလင်းပွဲတစ်ခုမှာ KNUက အရာရှိတစ်ယောက်က DKBA နဲ့ KNU
ဘယ်သူ့ကို ပိုချစ်သလဲဆိုပြီးမေးတော့ လူထုက ငြိမ်နေတယ်။ မငြိမ်လို့မဖြစ်ဘူးလေ။ သူတို့နေထိုင်အသက်ရှင်နေ
ရတဲ့ အခြေအနေကို သူတို့အသိဆုံးမဟုတ်လား။ အဲဒီလိုငြိမ်နေတုန်း  KNU အရာရှိက ခင်ဗျားတို့ KNU ကိုချစ်ရမှာ
ပေါ့။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ကိုမတရားလုပ်နေတဲ့ ဗမာစစ်အစိုးရကို ကျုပ်တို့ KNU က တိုက်နေတာ မ
ဟုတ်လား။ DKBA က ခင်ဗျားတို့ကို မတရားလုပ်နေတဲ့ ဗမာစစ်အစိုးရနဲ့ ပေါင်းသွားတာလေ။
လို့ ရှင်းပြတော့မှ KNU ကိုချစ်ပါတယ်ဆိုတဲ့ အသံတွေထွက်လာတာ။


အပေါ်က ဓါတ်ပုံဟာ ကရင်လူမျိုးတွေ ပျော်ပွဲစားထွက်နေတဲ့ပုံမဟုတ်ဘူးဆိုတာ မြင်တာနဲ့သိနိုင်ပါတယ်။ DKBA
က ဒုက္ခသည်စခန်းကို မီးဝင်ရှို့အပြီး ဒုက္ခသည်တွေ နီးစပ်ရာလယ်ကွင်းတွေထဲမှာ ပုန်းအိပ်နေကြတာပါ။ ထပ်လာ
မယ်၊ ဧဧဆေးဆေးခေါ်လို့မရလျင် နောက်တခေါက်ဆို ပစ်သတ်မယ် လို့ ပြောသွားတာဆိုတော့ လက်နက်မရှိတဲ့ အရပ်သားတွေဘက်က ကိုယ်ချင်းစာကြည့်ပေါ့။ 

KNU ကနေ DKBA ဖြစ်အောင်လုပ်လိုက်တာ ဘာကြောင့်လဲ။ ရည်ရွယ်ချက်က ဘာတွေလဲ။ ဘယ်သူ့အတွက်လဲ။
DKBA ကနေ BGF ကိုပြောင်းပစ်လိုက်တာ ဘာကြောင့်လဲ။ ရည်ရွယ်ချက်က ဘာတွေလဲ။ ဘယ်သူ့အတွက်လဲ။
အဲဒီမေးခွန်းကိုတော့ ကာယကံရှင်တွေ အသိဆုံးဖြစ်ပါလိမ့်မယ်။

မိဘတွေအနေနဲ့က စာမတတ်လည်း ထမင်းစားရတာပဲဆိုတဲ့ အမြင်မှား၊ အတွေးမှားတွေဖယ်ပြီး လူငယ်တွေကို ပံ့
ပိုးပေးဘို့လိုပါတယ် ဆိုတော့၊  ဘယ်မိဘကများ ကိုယ့်သားသမီးတွေကို ပညာမဲ့လူတန်းစားဘ၀မျိုး အဖြစ်ခံချင်ကြ
မှာလဲ။ ပညာတတ်ဖြစ်ပါစေတော့ဆိုပြီး မြို့ကိုပို့လိုက်တယ်။ လယ်လုပ်ပြီးငွေပို့တယ်။ နွားရောင်းပြီး ငွေပို့ပေးတယ်။
ကျောင်းပြီးလို့ ရွာပြန်လာတော့ သင်လိုက်တဲ့ပညာက တောရွာမှာအသက်မွေးဘို့ အသုံးမ၀င်ဘူး၊ ကဲ ဒီတော့ စာမ
တတ်လည်း ထမင်းစားရတာပဲဆိုတဲ့ သဘာဝကျတဲ့ ဓမ္မဌိဓာန်ကျတဲ့ စကားထွက်လာပြီပေါ့။

နိုင်ငံတော်ကလည်း ဒီတိုင်းရင်းသားလူငယ်တွေရဲ့ပညာရေးကဏ္ဍကို အထူးမြှင့်တင်ပေးဖို့တိုက်တွန်းပြောကြားလို
ပါတယ် ဆိုတာကို အပြစ်မြင်လို့ ပြောနေတာမဟုတ်ပါဘူး။ ဗမာစစ်အစိုးရ ဆိုတာ တိုင်းရင်းသားတွေကို ကျူပင် ခုတ် ကျူငုတ်မကျန်စေနဲ့ ဆိုတဲ့ မူဝါဒကိုလက်ကိုင်ထားတဲ့ အာဏာရူးတွေဆိုတာ ဗိုလ်မှူးစောချစ်သူသိပါတယ်။
ဗိုလ်မှူးစောချစ်သူ ခေါ်လိုက်တဲ့ နိုင်ငံတော်ဆိုတာ လက်ရှိတိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ဗမာစစ်အစိုး(မြန်မာ
အစိုးရ)ကို ရည်ညွှန်းတယ်လို့ နားလည်မိပါတယ်။

တချိန်တုန်းက ပြည်ထောင်စု ဗမာနိုင်ငံတော်(ပြည်ထောင်စု မြန်မာနိုင်ငံတော်) ရဲ့ ပညာရေးစနစ်ဟာ အင်မတန်
အဆင့်မှီတယ်လို့ ရှေ့မီနောက်မီလူကြီးတွေက ပြောကြပါတယ်။ ကျုပ်တို့ခေတ်ရောက်လာတော့ ပညာရေးသာမ က အားလုံးအားလုံးဟာ အောက်ဆုံးအဆင့်ရဲ့ အောက်ခြေမှာ ပိပြားနေတာမို့ အသုံးမကျတဲ့ ပညာရေးစနစ်ကို သင်ကြားတတ်မြောက်လာတဲ့ လူငယ်တစ်ယောက်အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်တတ်မှာ
တဲ့တုန်း။

စာသင်ကျောင်းတွေဆောက်မယ်၊ ဘာသာစုံသင်မယ်၊ အခမဲ့ပညာရေးစနစ်နဲ့သွားမယ်၊ တိုင်းရင်းသားစာပေတွေကို လည်းသင်ခွင့်ပေးမယ် ဆိုရုံလေးနဲ့ လုပ်လိုက်ရုံနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ဘူးလေ၊ ဘာဖြစ်လို့လဲမေး
လျင် ပညာရေးစနစ်က စုတ်ပြတ်သတ်နေတာ အားလုံးအသိပဲ။ တိုင်းရင်းသားတွေအနေနဲ့ မိခင်စာပေကိုသင်မယ်
ဆိုလျင် အကန့်အသတ်နဲ့ သင်ခွင့်ရှိတယ်၊ ဗမာစစ်အစိုးရ ချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ရမယ်ဆို
ပြီး အတိအလင်းကို အမိန့်ပေးထားတာ။ သင်ရိုးညွှန်းတမ်းကို ခဏဘေးဖယ်ထားလို့ ပညာရေးစနစ်မှာ ဘာတွေ
လုပ်ထားသလဲဆိုတာ ကြည့်ကြရအောင်။
တက္ကသိုလ်ကျောင်းတွေကို မြို့ထဲမှာ မထားဘူး။ မြို့ပြင်မှာ သွားထားတယ်၊ ကျောင်းသူကျောင်းသားတွေအတွက်
သွားရေးလာရေး အခက်အခဲတွေဖြစ်ကုန်တယ်။ သွားလာရေးစားရိတ်တွေ မလိုအပ်ပဲ ပိုကုန်တယ်။ တချို့များဆို
အိမ်ပြန်နောက်ကျလို့ စာသင်ခန်းထဲမှာ နှစ်ပါးသွားအကတွေ ကကြတဲ့အထိ ဖြစ်ကုန်ပါရောလား။

အပစ်အခတ်ရပ်စဲနေတဲ့ကာလမှာ သေနတ်တကားကားနဲ့လမ်းသလားနေတာ မမြင်ချင်လို့ ဆိုပြီး၊ အပစ်အခတ်ရပ်
ထားတဲ့လက်နက်ကိုင်အဖွဲ့တွေကို အကြောင်းပြတာက နိုင်ငံတကာက မြင်သွားလျင် မသင့်တော်လို့ပါတဲ့။ ဒီလိုဆို
မြို့ထဲမှာ ကျောင်းသားလူငယ်တွေ ကျောင်းတက်တာကို ဘာကြောင့်မြို့ပြင်မောင်းထုတ်ပစ်ရသလဲလို့ မေးလိုက်ချင်
တာအမှန်ပဲ။ သူတို့(ဗမာစစ်အစိုးရ)အတွက် အရှက်ရမှာစိုးလို့ပေါ့ဗျာ။ သေနတ်တွေသာ အိမ်တိုင်းမှာ မရှိပဲနေမှာ
ကျောင်းသားဆိုတာက အိမ်တိုင်းမှာရှိတယ်လေ၊ ဆန္ဒပြပွဲတွေဖြစ်လာပြီဆိုလျင် ပစ်ခတ်သတ်ဖြတ်နေတာကို နိုင်ငံ
တကာက မြင်သွားလျင်မကောင်းဘူး။
ဒီတော့ မြို့ပြင်ကိုမောင်းထုတ်လိုက်၊ ဖြစ်လာလျင် ကိုယ့်စိတ်ကြိုက်လုပ်လို့ရတယ်။ နှိမ်နင်းလို့ရတယ်။ ရှင်းပစ်လို့ရ
တယ်။

အဲဒီလို စိတ်ထားမျိုးနဲ့ တိုင်းပြည်အုပ်ချုပ်နေတဲ့ ဗမာစစ်အစိုးရကို တိုင်းရင်းသားလူငယ်တွေ နိုင်ငံရေးမှာပါဝင်လာ
နိုင်အောင် ပညာရေးကိုအထူးမြှင့်တင်ပေးဘို့ပြောနေမယ့်အစား တောထဲက ကျားကို အသားမစားဘို့ သွားပြော
တာကမှ အကောင်အထည်ပေါ်မလားပဲ။

စောဘဦးကြီးရဲ့မူကို လက်ကိုင်ထားသေးတယ်ဆိုလျင် ကရင့်ကံကြမ္မာ ကရင်ဖန်တည်းမယ် ဆိုတဲ့အတိုင်း ကျုပ်တို့
ကရင်မျိုးဆက်သစ်လူငယ်တွေအတွက် ပညာရေးစနစ်ကို ကျုပ်တို့ကိုယ်တိုင် သင်ရိုးညွှန်းတမ်းအပါအ၀င် ပညာ
ရေးစနစ်တခုလုံးကို ကိုယ်တိုင်တည်ဆောက်ဘို့ အသိပညာရှင်တွေ အတတ်ပညာရှင်တွေ တကယ်လိုအပ်နေပါပြီ။

အခုအချိန်မှာ ဗမာစစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ငြိမ်းချမ်းရေးတည်ဆောက်နေ
ချိန်မျိုးမှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ညီညီညွတ်ညွတ်နဲ့ မျိုးဆက်သစ်တွေအတွက် တကယ်အကျိုးရှိ
စေမယ့် ပညာရေးစနစ်ကိုကျင့်သုံးပြီး ပညာရေးမြှင့်တင်ပေးမယ်ဆိုလျင်ဖြင့် အနာဂတ်နိုင်ငံရေးဟာ ဗိုလ်မှူးစော ချစ်သူ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာမှာ အမှန်ပါ။
ဗမာစစ်အစိုးရအပေါ်ကိုယ့်တိုင်းရင်းသား မျိုးဆက်သစ်လေးတွေရဲ့ဘ၀ကို မြေတောင်မြှောက်ပေးဘို့ အားကိုးတ
ကြီးရှိနေသေးမယ် ဆိုလျင်တော့ဖြင့်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)