• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, December 11, 2013

ဒေါနတောင်ခြေမှ အညတြများအကြောင်း

 ဒေါနတောင်ခြေမှ အညတြများအကြောင်း

December 11, 2013
Wednesday

By မင်းစိုးစံ

ရန်ကုန်မြို့၏ တစ်ခုသောရပ်ကွက်၌ဖြစ်သည်။
မြန်မာနိုင်ငံမှ အခြေခံလူတန်းစားအများစုသည် ယိုးဒယားမှလာသော အခြေခံစားသုံးကုန်ပစ္စည်းများကို အားကိုး
အားထားပြုနေရသည့် အချိန်ကာလဖြစ်သည်။
အချိုမှုန့်(ဟင်းချိုမှုန့်) သကြားလုံး ခေါက်ဆွဲထုပ်မှအစ အလှကုန်ပစ္စည်းအထိ ရောင်းဝယ်ဖေါက်ကားမှုအရှိန်တက်
ခါစ ကာလလည်းဖြစ်ပါ၏။
ရန်ကုန်မြို့ရှိ ကရင်ကုန်းဟုခေါ်သောရပ်ကွက်တွင် ကော်သူးလေး ပြည်နယ်ဘက်မှ ထိုင်းကုန်ပစ္စည်း ရောင်းသူဈေး
သည်တစ်ဦး ခေါင်းလိမ်းဆီရောင်းနေပါသည်။

"နင့်ခေါင်းလိမ်းဆီက အစစ်မှဟုတ်ရဲ့လားဟယ်။
အတုတွေက အောတိုက်ပေါ်နေတာ။
ပြီးတော့အစစ်နဲ့အတုကို ခွဲလို့မရအောင် လုပ်ထားတာဆိုတော့ အစစ်ပဲလိုချင်တယ်။"

ဈေးရောင်းသူသည် အလွန်အပြောကောင်းသောသူ ဖြစ်သည်။
Cleopatra တံဆိပ်ပါ ခေါင်းလိမ်းဆီဗူး ၂ဗူးကို ၎င်း၏ Singapore air တံဆိပ်ပါ အိတ်ရှုံ့အတွင်းမှ ထုတ်ယူလိုက်
ပြီးနောက်

"ဒီမှာကြည့် အတုနဲ့အစစ်ကို ငါပြမယ်။
အတုက သူ့တံဆိပ်ပေါ်က စာတမ်းလေးဟာ မစိမ်းဘူး။
အပြာရောင်လေး။
ပြီးတော့ ဗူးက ဖန်လ်ဗူးဆိုပေမယ့် အောက်ကအသားကပ်တံဆိပ်မပါဘူး။
ငါကိုယ်တိုင် တောင်ပေါ်ကိုတက်ပြီး ၀ယ်လာတာ။
ဒီတခေါက်ကြာနေတာက နင်တို့သိတဲ့အတိုင်းပဲ တောင်ပေါ်ငှက်ဖျားက ပေါ့သေးသေးမဟုတ်ဘူးလေ။
ငါတောင်ကြားမှာ ငှက်ဖျားမိနေလို့ဟ။
အေး နင်တို့မယုံလို့မယူဘူးဆိုလျင်လည်း ငါမတတ်နိုင်ဘူး။
၂ဗူးပဲ ကျန်တော့တာ။ နောက်တစ်ခေါက် ရောက်လာဘို့ဆိုတာကလည်း လွယ်တာမဟုတ်ဘူး။
ဇာသပြင်မှာလည်း အဘမ်းအဆီးကသိပ်ကြမ်းတာ။
ဘယ်လောက်အထိကြမ်းသလဲဆိုလျင် ရေလယ်မှာ သင်္ဘောကိုပိတ်ရပ်ပြီး တက်ဘမ်းတာ။
ဘယ်လိုလှေမျှ သင်္ဘောနားကပ်လို့မရဘူး။"

" အေးလေ ဒါဆိုလည်း ငါ ၂ဗူးလုံးယူမယ်။
နည်းနည်းတော့လျှော့ပေးပေါ့။
ဟုတ်လား။"

"ဟာ မလျှော့ပါရစေနဲ့။
ဒီဈေးက တောင်ပေါ်ကဈေးနဲ့ အတူတူလောက်ကျတာ။
ငါက အထုပ်ထမ်းရင်းနဲ့ ယူလာ တာဆိုတော့ အကောက်မတင်ရဘူး။
အကောက်တင်ရလျင် ဒီဈေးနဲ့ရောင်းလို့ကတော့ လယ်ပေါင်ယာပေါင်ဖြစ်သွားမှာ။
နင်တို့အိမ်က ငါ့ရဲ့စားအိမ် သောက်အိမ်ပဲ။
ကမာရွတ်ဘက်ကဆို ငါ့ကို ၆ဗူးလောက် ယူခဲ့ဘို့ပြောထားတာ။
အဲဒါ ၂ဗူးပဲကျန်နေတော့ မသွားချင်လို့ ဒီဈေးနဲ့ပေးတာဟ။"

" အေးအေး ဒါဆိုပြီးရော။"

ဈေးရောင်းသောသူ၏အမည်မှာ ကိုအောင်မြင့်ဖြစ်သည်။
ကော်သူးလေပြည်နယ် ကေါ့ကရိတ်မြို့နယ်မှဖြစ်ပြီး ထိုင်းနိုင်ငံမှကုန်ပစ္စည်းများကို ရန်ကုန်အရောက်လက်လီရောင်း
ချနေသူတစ်ဦး ဖြစ်သည်။
သူ့ထံမှပစ္စည်းများသည် ဈေးချို၍စစ်မှန်သဖြင့် အရောင်းသွက်လှ၏။
သူကိုယ်တိုင် သူများအထုပ်ကိုအငှားလိုက်ထမ်းရင်း အိမ်သုံးပစ္စည်းလေးများ ၀ယ်ယူပြီးပြန်လည်ရောင်းချခြင်းဖြစ်
သည်။

အထုပ်ထမ်းရသည်မှာ လွယ်ကူသည့်အလုပ်မဟုတ်ချေ။
မိမိရရှိသောထမ်းခ,ကို ချွေတာစားသောက်ကာ ပစ္စည်းလေးများအနည်းအကျဉ်းဝယ်ယူပြီး ရန်ကုန်မြို့အထိ တက်
ရောက်ရောင်းခြင်းဖြင့် အထမ်းသမားဘ၀မှလွတ်မြောက်ရန် ကြိုးစားနေသူဖြစ်သည်။

အထမ်းသမားများသည် ကျန်းမာရေးကောင်းနေချိန်တွင် မသိသာလှသော်လည်း ကျန်းမာရေးချို့တဲ့ပြီဆိုပါက နာ လန်ထူရန်မလွယ်သည့်အပြင် နာတာရှည်ရောဂါသည်ဖြစ်သွားကာ တရှောင်ရှောင်ဖြင့် အသက်ဆုံးရသည့်အဖြစ်
ဆိုးများ မရေမတွက်နိုင်အောင်ပင်ရှိနေသောကြောင့် ကိုအောင်မြင့်တစ်ယောက် အထမ်းသမားဘ၀မှလွတ်မြောက်
ချင်နေသည်မှာ ထူးဆန်းသည်တော့မဟုတ်။

ထို့အပြင် သူဌေးဆိုသော အထုပ်ပိုင်ရှင်ဘ၀ကိုအားကျမိ၏။
အထုပ်ပိုင်ရှင်များသည် ကုန်သည်ပွဲစားများမှပေးသည့်လက်ဆောင်ပစ္စည်းများကို သတ်မှတ်ထားသည့်ငွေ(၀ယ်
ငွေ)တန်ဘိုးပြည့်လျှင် လက်ဆောင်များရသဖြင့် ကိုမြင့်အောင်တစ်ယောက် မိမိကိုယ်တိုင်အထုပ်ပိုင်ရှင်(အ၀ယ်
တော်)ဖြစ်ချင်နေမိခြင်းဖြစ်သည်။
ထို့ကြောင့် သူသည် ကုန်းတတန်ရေတတန်ဖြင့် နယ်စပ်မှ ရန်ကုန်မြို့တိုင်အောင် ငွေရှာနေခြင်းဖြစ်သည်။

ပစ္စည်းတစ်ခု ရန်ကုန်သို့ရောက်ရန်ဆိုသည်မှာ လွယ်ကူသောကိစ္စမဟုတ်ချေ။
အခန့်မသင့်လျှင်ပစ္စည်းဆုံးရှုံးနိုင်သည်။ အဘမ်း ခံရနိုင်သည်။ အသက် ဆုံးရှုံးနိုင်သည်။
ကိုမြင့်အောင်တစ်ယောက် ဟင်းချိုမှုန့်များသယ်ယူလာသောအခေါက်ကအကြောင်းကို ပြန်သတိရနေမိ၏။
အကောက်ခွန်ဌာနမှလူများသည် မည်သူသည်ပစ္စည်းကယ်ရီရိုက်သူဖြစ်သည် ဆိုသည်ကို သိနေတတ်၏။
အဘယ်ကြောင့်ဆိုသော် သင်္ဘောပေါ်တွင် နေ့စဉ်ရက်ဆက်ဆိုသလို သွားလာနေကြသော ကယ်ရီသမားများကို
မျက်မှန်းတန်းမိနေသောကြောင့်ဖြစ်သည်။

ဟင်းချိုမှုန့်ပေါင်ထုပ် (၅၀၀ဂရမ်)အထုပ် ပေါင်း ၅၀တိတိသယ်လာသော အခေါက်ဖြစ်သည်။
ရေလယ်တွင် ပိတ်ဆို့ပြီး ဘမ်းဆီးသောအခေါက်ဖြစ်သည်။ မော်လမြိုင်မှဆင်းလာသော ကယ်ရီသမားများကို
သင်္ကေတဖြင့်မေးကြည့်ရာ အဘမ်းအဆီးမရှိကြောင်းသိရသဖြင့် အေးအေးဆေးဆေးဖြစ်ပြီဟု စိတ်ချနေရာမှ
ယုတ်တရက် ဘွားကနဲ အသံချဲ့စက်မှ သင်္ဘောရပ်တံ့ရန်အမိန့်ပေးသံကိုကြားလိုက်ရသဖြင့် သင်္ဘေပေါ်ရှိ ခရီးသည် များအားလုံး လှုပ်လှုပ်ရှားရှားဖြင့်ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြတော့သည်။

ကိုအောင်မြင့်တစ်ယောက် အချိန်မှီပင် ကျုံပိုင်းမှမော်လမြိုင်သို့အလည်လာကြသော ကရင်မိသားစုတစ်စုကို အ သုံးချလိုက်သည်။
ပလပ်စ်တစ်ခြင်း ဆယ်လုံးအတွင်းသို့ အ၀တ်စုတ်တခုစီခံလိုက်ပြီး ဟင်းချိုမှုန့်များကို ထည့်ထားလိုက်သည်။
ထို့နောက် အပေါ်တွင်မရမ်းသီးများကိုဖြည့်ထည့်ကာ ကလေးငယ်များကို မရမ်းသီးနှိုက်စားနေဟန်လုပ်နေရန်နှင့်
မော်လမြိုင်မှဆွေမျိုးသားချင်းများအား လက်ဆောင်ပေးရန်အတွက် မရမ်းသီးများယူလာသည့်အကြောင်း အ
ကောက်ခွန်တာဝန်ရှိသူများက မေးလာလျင် ဖြေကြားရန်ပြောထားလိုက်ပါသည်။
အကောက်အခွန်ဌာနမှ တာဝန်ရှိသူများ တက်ရောက်မွှေနှောက်ဘမ်းဆီးနေချိန်အတွင်း ၎င်းတို့၏သင်္ဘောသည်
ကား ခရီးသည်တင်သင်္ဘောကို လှည့်ပတ်စစ်ဆေးကြည်ရှုလျှက်ရှိနေပါတော့သည်။

လူအတော်များများ မျက်ရည်နှင့်မျက်ခွက်ဖြင့် ဖြစ်ကျန်ရစ်ခဲ့သောသင်္ဘောကို အကောက်အခွန်ဌာနမှ အရာရှိအ ကြပ်တပ်သားများကို တင်ဆောင်ထားသည့်သင်္ဘောက အောင်မြင်ခြင်းသင်္ကေတအနေဖြင့် ဥသြသံပေးကာ တ ရွေ့ရွေ့ထွက်ခွါသွားပါတော့သည်။
မျက်နှာစိမ်းခရီးသည်မိသားစု၏ ကောင်းမှုကြောင့် ကိုမြင့်အောင်၏ ဟင်းချို မှုန့်ထုပ်များအားလုံး ရန်ကုန်မြို့ရှိ စား
သုံးသူများလက်တွင်းသို့ တန်ဘိုးရှိစွာရောက်ရှိသွားခဲ့လေတော့သည်။

တချို့အရင်းအနှီးမရှိသဖြင့် ငွေတိုးဖြင့် ကယ်ရီရိုက်စားကြ၏။ ကယ်ရီရိုက်သည်ဆိုသည်မှာ ယခုခေတ်တွင်လူသိ
များသည့် လူကယ်ရီသမားပုံစံမျိုးဖြစ်သည်။ ကျုံဒိုးမှ မော်လမြိုင်အထိ သယ်ယူပို့ဆောင်ခ(အခကြေးငွေ)ယူပြီး
ပစ္စည်းသယ်ကြခြင်းဖြစ်သည်။

အချို့က ငွေအကြေချေပြီးသယ်ကြ၏။ အချို့က အကြွေးတ၀က်လင်ငင်းတ၀က်ဖြင့် သယ်ကြ၏။
လွတ်လျှင်အတော်တွက်ခြေကိုက်သောကြောင့် လူအတော်များများသည် ကယ်ရီရိုက်သည့်အလုပ်ကို လုပ်ကြလေ
၏။
လူသုံးကုန်ပစ္စည်းများဖြစ်သည့် မော်တော်ဆိုင်ကယ်၊ လယ်ထွန်စက်ဘီး၊ ကားဘီး ကူဘိုတာစက်များအထိ အမျိုးစုံ
အောင် ကယ်ရီရိုက်ကြလေတော့၏။

အဘမ်းခံရသူ မိန်းကလေးငယ်တစ်ဦးကို တွေ့ဘူး၏။
ပစ္စည်းက နည်းနည်းနောနောတန်ဘိုးမဟုတ်။ အကောက် ခွန်ဌာနမှအရာရှိကိုငွေပေးမှပစ္စည်းပြန်ရမည်ဟုဆိုသ
ဖြင့် ငွေလိုက်ချေးရှာ၏။
ငွေပေးပြီးသည့်တိုင် ငွေကိုယူထားပြီး သူ့အထက်အရာရှိနှင့်ညှိပေးပါမည်ဟုပြောကာ မသေမခြာလုပ်ထားခြင်း ခံရ
ပြန်ပါ၏။ ထို့နောက် အသွေးအသားကို ရင်းရသည့်အခြေအနေသို့ဆိုက်ရောက်ကာ ဘ၀ပျက်သွားရလေတော့၏။

ကိုအောင်မြင့်သည် လယ်ပိုင်ရှိသည်။ နွားပိုင်လည်းရှိသည်။ လယ်လုပ်ရသည်ကို စိတ်မ၀င်စား။ အကြောင်းရှိ၏။
တာဝန်ကျေစပါးသွင်းရ၏ မသွင်းနိုင်လျှင် အခြားနေရာမှဝယ်၍ အစားထိုးပေးရ၏။
မိမိတို့လယ်မြေများသည် မြေသြဇာမကောင်းလှသဖြင့် ထွက်နှုန်းကျဆင်းလာနေသော်လည်း တာဝန်ကျေကိုမူ ပုံ
မှန်ပေးနေရသဖြင့် လယ်လုပ်ချင်စိတ် ကုန်ရခြင်းအကြောင်းရင်းများအနက် တစ်ခုဖြစ်၏။
လယ်လုပ်ပြီး အချိန်တန်လျှင် စုမိဆောင်းမိရန်မဆိုနှင့် စပါးပေါ်ချိန်အထိ ၀မ်းစာလုံလောက်ရန်ပင် မသေခြာ။
ရာသီဥတုဖေါက်ပြန်လျင် ပိုဆိုးတော့သည်။

အထုပ်ထမ်းလျင် ပင်ပမ်းသော်လည်း ငွေရွှင်၏။ ရေဒီယိုလေး ကက်ဆက်လေး ၀ယ်ယူနိုင်၏။
ထိုခေတ်ထိုအခါက နာမည်ကြီးလုံခြည်ဖြစ်သည့် အုန်းနှစ်ပင်တံဆိပ် လုံခြည်ကိုဖြစ်စေ ရေစိုထဘီ(ထမိန်)လား။ ၀မ်းခါမီးလောင် ထဘီ(ထမိန်)လား။ ၀ယ်ဝတ်နိုင်၏။ ထို့ကြောင့်ပင် မည်မျှပင်ခက်ခဲကြမ်းတမ်းစေကာမူ အထမ်းသ
မားများနှင့် အထုပ်ပိုင်ရှင်များ ဥဒဟိုသွားလာနေသော တောင်ပေါ်လမ်းကြောင်းတစ်လျှောက် ကြက်ပျံမကျ နေ့စဉ်
စည်ကားနေရခြင်းဖြစ်ပါ၏။

ဆက်ရန်

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)