• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, December 2, 2013

အချိန်လေး ၅ မိနစ်လောက်ပေးပြီး ဖတ်ကြည့်ပါ

အချိန်လေး ၅ မိနစ်လောက်ပေးပြီး ဖတ်ကြည့်ပါ

December 02, 2013
Monday

ကျွန်တော် လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းက ဈေးတစ်ခုမှာ ဈေးဝယ်ဘို့ လျှောက်ကြည့် နေခဲ့ပါတယ်..။
အဲ့ဒီအချိန်မှာပဲ အရုပ်ဆိုင်တစ်ဆိုင်မှာ ဆိုင်ပိုင်ရှင်နဲ့ အသက် ၅နှစ် ၆နှစ်ထက်မပိုတဲ့ ကောင်လေးတစ်ယောက်နဲ့ စ
ကားပြောနေတာကို ကြားရပါတယ်..။

ပိုင်ရှင်က
"၀မ်းနည်းပါတယ် ကလေးရယ်..။
သားပိုက်ဆံက ဒီအရုပ်ဝယ်ဘို့ မလောက်ဘူးကွယ့်…" 

အဲ့ဒီအခါမှာ ကောင်လေးဟာ ကျွန်တော့်ဖက်ကို လှည့်ပြီး
"ဦးဦး..၊ သား ဒီအရုပ်ဝယ်ဘို့ ပိုက်ဆံမလောက်ဘူးလို့ပြောနေလို့ စစ်ပေးပါအုံး.."
လို့ ပြောလာပါတယ်..။

ကျွန်တော် သူ့ပိုက်ဆံကို ရေတွက်လိုက်ပြီး
"ဟုတ်တယ်သားရဲ့..၊ သားပိုက်ဆံက ဒီအရုပ်ဝယ်ဘို့မလောက်ဘူး.."
ဒါပေမယ့် ကောင်လေးဟာ အရုပ်ကလေးကို လက်ထဲမှာ မလွတ်တမ်းကိုင်ထားဆဲပါပဲ..။
နောက်ဆုံးတော့ ကျွန်တော် သူ့ဆီကိုလျှောက်သွားပြီး
"သားက ဘာလို့ဒီအရုပ်ကို ဒီလောက်တောင်လိုချင်နေရတာလဲ "
လို့မေးတော့

"ဒီအရုပ်က သားရဲ့မမ အကြိုက်ဆုံးအရုပ်လေးပါ..၊ သူဒီအရုပ်လေးကို တအားလိုချင်တာလေ..။
အဲ့ဒါ သားက သူ့မွေးနေ့လက်ဆောင် အဖြစ် ၀ယ်ပေးချင်လို့ပါ။
မေမေက မမဆီကို သွားတော့မှာလေ..။
သား ဒီအရုပ်ကို မေမေနဲ့အတူ မမဆီကိုထည့်ပေးလိုက်ချင်လို့ပါ.." စကားပြောနေချိန်မှာ ကောင်လေးရဲ့မျက်ဝန်းဟာ ၀မ်းနည်းမှုတွေနဲ့ ပြည့်နှက်နေပါတယ်..။

"မမက အခု ဟိုးကောင်းကင်ပေါ်မှာလို့ ပြောတယ်..။ 
ဖေဖေက မေမေလည်း မကြာခင် ကောင်းကင်ပေါ်ကို လိုက်သွားတော့မယ်လို့ပြောတယ်..။
ဒါကြောင့် မေမေနဲ့ မမအတွက်မွေးနေ့လက်ဆောင်အရုပ်လေး ထည့်ပေးလိုက်ချင်လို့ပါ.."
ကျွန်တော့် နှလုံးတွေ ရပ်တန့်သွားသလိုပါပဲ..။

ကောင်လေးက ကျွန်တော့်ကို ကြည့်ပြီး .
"သား ဖေဖေ့ကိုပြောထားသေးတယ်..။
အမေ့ကို မသွားခိုင်းပါနဲ့အုံးလို့..။
သား အရုပ်ပြန်ဝယ်လာပြီးတဲ့ အထိစောင့်ပါလို့"

ပြီးတော့ ကျွန်တော့်ကို အရမ်းချစ်စရာကောင်းတဲ့ သူ့ရဲ့ရီနေတဲ့ဓါတ်ပုံလေးကိုထုတ်ပြတယ်..။
"မေမေ့ကို ဒီဓါတ်ပုံလေးလည်း ထည့်ပေးလိုက်မှာလေ..၊ ဒါမှ မမ က သားကို မမေ့မှာ..။
သားက မေမေ့ကို အရမ်းချစ်ပါတယ်..။
ပြီးတော့ သားတို့ကိုလည်း ခွဲမသွားစေချင်ပါဘူး..။
ဒါပေမယ့် ဖေဖေက မမတစ်ယောက်တည်းဖြစ်နေလို့ မေမေက လိုက်သွားရမှာတဲ့.."
ပြီးတော့ အရုပ်ကို ၀မ်းနည်းတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်ပြီး ငြိမ်သက်နေပါတယ်..။

ချက်ချင်းပဲ ကျွန်တော့်ပိုက်ဆံအိတ်ကို စမ်းပြီး
"ဦးတို့ နောက်တစ်ခေါက် ပိုက်ဆံ ပြန်ရေရအောင်ကွာ..၊
ဒီတစ်ခါ ပြည့်ချင်ပြည့်သွားမှာပေါ့..မဟုတ်ဘူးလား.."
"ဟုတ်..၊ "

သူမသိအောင် ကျွန်တော်ပိုက်ဆံအနည်းငယ်ကို ထပ်ထည့်လိုက်ပြီး ကျွန်တော်တို့ အတူရေကြတယ်..။ အရုပ်အတွက် ပိုက်ဆံက လောက်တဲ့အပြင် ပိုလို့တောင် နေပါတယ်..။
ကောင်လေးက
"ပိုက်ဆံပြည့်အောင်ဖြည့်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်"

ပြီးတော့ ကျွန်တော့်ကြည့်ပြီး
"မနေ့က မအိပ်ခင်မှာ အရုပ်ဝယ်ဘို့ပိုက်ဆံ လောက်ပါစေဆိုပြီး ဆုတောင်းခဲ့သေးတယ်..။ ပြီးတော့ မေမေက နှင်းဆီဖြူ တအားကြိုက်တာ..။
ပိုက်ဆံပိုတယ်ဆိုရင် နှင်းဆီဖြူ တစ်ပွင့်လည်း ၀ယ်သွားချင်ပါတယ်…"
ဈေးဝယ်ဘို့ထွက်လာတဲ့ ကျွန်တော်ဟာ လုံးဝမျှော်လင့်မထားတဲ့ပုံစံနဲ့ ဈေးဝယ်ခဲ့ရပါပြီ..။

ကျွန်တော် ဒီကလေးလေးကို စိတ်ထဲကနေထုတ်လို့မရခဲ့ပါဘူး..၊ အဲ့ဒီနောက် ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်ရက်
က ပြည်တွင်းသတင်းစာ တစ်စောင်ရဲ့သတင်းတစ်ပုဒ်ကို သတိရခဲ့ပါတယ်..။
သတင်းက အရက်မူးပြီး ကားမောင်းခဲ့သူတစ်ဦးရဲ့ မဆင်မခြင်မောင်းနှင်မှုကြောင့် အခြားကားပေါ်မှ ကလေးမလေး
တစ်ဦး နေရာတွင်သေဆုံးပြီး အမျိုးသမီးကတော့ ဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးကုသမှု ခံယူနေရတယ်
ဆိုတဲ့ သတင်းလေးပါ..။
နောက်ဆုံး မိသားစုက သူမအသက်ကိုဆွဲမဆန့်တော့ပဲ စွန့်လွှတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်..။
ဘာလို့လဲဆိုတော့ သူမဟာ coma လို့ခေါ်တဲ့ ရောဂါဆိုးကနေ ပြန်လာနိုင်စွမ်းမရှိတော့လို့ပါပဲ..၊ ဒီသတင်းထဲက
မိသားစုဟာ ကျွန်တော်တွေ့ခဲ့တဲ့ ကောင်လေးရဲ့မိသားစုများဖြစ်နေမလားဆိုတဲ့ အတွေးက ကျွန်တော့်ကိုခြောက်
လှန့်နေခဲ့ပါတယ်..။

ကောင်လေးနဲ့ဆုံပြီး နှစ်ရက်မြောက်နေ့မှာ..၊ သတင်းစာထဲမှာ အဆိုပါအမျိုးသမီး ဆုံးပါးသွားကြောင်း ဖတ်လိုက်ရ
ပါတယ်..။
ကျွန်တော်လည်း သိချင်စိတ်များစွာနဲ့ နှင်းဆီဖြူတစ်စည်းကိုဝယ်ပြီး အသုဘရှိရာအိမ်ကို သွားခဲ့ပါတယ်..။ အဲ့ဒီမှာ သေဆုံးခဲ့တဲ့အမျိုးသမီးကို အခေါင်းထဲမှာ ငြိမ်သက်စွာ လဲလျောင်းနေတာကို မြင်တွေ့ရပြီး လက်မှာ နှင်းဆီ
ပန်းအဖြူလေးတစ်ပွင့်၊ ရယ်ပြုံးနေတဲ့ ကောင်လေးရဲ့ဓါတ်ပုံနဲ့အရုပ်လေးတစ်ရုပ်ကို ရင်ဘတ်ပေါ်မှာတင်ထားတာကို
တွေ့ရပါတယ်..။
ကျွန်တော်ဆက်ပြီး ကြည့်နိုင်စွမ်းမရှိတော့ပါဘူး..။
ကျွန်တော့်ပါးပြင်ပေါ်စီးကျလာတဲ့ မျက်ရည်စ တွေကိုသုတ်ရင်း ကျွန်တော် ပြေးထွက်ခဲ့ပါတယ်..။

ကျွန်တော့်ဘ၀မှာ တစ်ခါမှ မခံစားဖူးတဲ့ ခံစားမှုမျိုးကိုလည်း ခံစားလာရပါတယ်..။
ကောင်လေးရဲ့ သူ့အမေနဲ့အမပေါ်ထားရှိတဲ့ချစ်ခြင်းက ထာဝရတည်တံ့နေမှာပါ..။
မဆင်မခြင် လူတစ်ယောက်ရဲ့အမှားကြောင့် ပေးဆပ်လိုက်ရတဲ့ ကောင်လေးရဲ့ဆုံးရှုံးမှုကတော့ ကြီးမှားလွန်းလှပါ
တယ်…။
ကျေးဇူးပြုပြီး အရက်မူးပြီး ကားမမောင်းကြပါနဲ့ဗျာ..။

Credit: Origenal Uploader

(မေတ္တာဖြင့် www.facebook.com/pages/ကောင်းသန့်-မအီတဲ့ဒံပေါက်/183769381716549 မှ ပြန်လည်မျှဝေ
ပါသည် )