ကျန်းမာရေးအတွက်
အကျိုးရှိတဲ့ကော်ဖီတစ်ခွက်ဖြစ်ရလေအောင်
Thursday
by သဲသဲ
ကော်ဖီဆိုင်မှာထိုင်လိုက်ပြီး အရသာရှိတဲ့ ကော်ဖီတစ်ခွက်ပေးပါဆိုရင် တကယ်ပဲအရသာရှိတဲ့ ကော်ဖီတစ်ခွက်
ဖြစ်စေဖို့ ကော်ဖီအပြင် တခြားဖြည့်စွက်တဲ့ နွားနို့ ဒါမှမဟုတ် နို့မှုန့်၊ သကြား စတာတွေနဲ့ရောစပ်ပြီး ကယ်လိုရီတွေ
ပြည့်ဝနေတဲ့ ကော်ဖီတစ်ခွက်ကို သင်သောက်ရမှာပဲ ဖြစ်ပါတယ်။
ဒီကော်ဖီခွက်ထဲမှာ ကယ်လိုရီများစွာပါဝင်နေပါပြီ။
ကျန်းမာရေးအတွက် ကော်ဖီသောက်မယ်ဆိုပေမယ့် ဒီလိုကယ်လိုရီများတဲ့ကော်ဖီဆိုရင်တော့ ကြာရင် သင့်ခန္ဓာ
ကိုယ်အလေးချိန် တက်လာတော့မှာပါ။
ဒီတော့ ဘယ်လိုထိန်းချုပ်မလဲလို့ သင်တွေးနေမှာပေါ့။
ဒါကတော့ လွယ်ပါတယ်။
သင်ဟာ ကော်ဖီသောက်မယ်လို့ဆုံးဖြတ်တိုင်း ဘာမှရောမထားတဲ့ သီးသန့်ကော်ဖီတစ်ခွက်ကိုသာ မှာယူပါ။
အဲ့ဒီကော်ဖီကို အဆီလျှော့ထားပြီးသားဖြစ်တဲ့ နို့မှုန့်မျိုးနဲ့တွဲပြီး သောက်ဖို့ပါပဲ။ ကော်ဖီစစ်စစ်ကို ကြိုက်နှစ်သက်တဲ့
သူတွေက သကြားနဲ့ နို့မှုန့် ထည့်တာဟာ ကော်ဖီအရသာကို ပျက်စေတယ်လို့ဆိုပါတယ်။
ကော်ဖီကြိုက်သူတွေဟာ ကော်ဖီစစ်စစ်အနည်းငယ်ကိုသောက်ရရုံနဲ့ တကယ်ကို စိတ်ကျေနပ်မှုရစေပြီး ကော်ဖီ
သောက်ချင်နေတဲ့စိတ်ကို တကယ်ပဲအာသာပြေစေတယ်လို့ ဆိုပါတယ်။
တစ်နေ့ ကော်ဖီသုံးခွက်ထက်ပိုပြီး သောက်သူတွေဟာ တကယ့်ကော်ဖီစစ်စစ် (ဘာမှ ရောမထားတဲ့)ကို သောက်
မယ်ဆိုရင်တော့ ကယ်လိုရီတိုးမလာဘဲ ကျန်းမာရေးနဲ့ညီညွတ်စေပါတယ်။
အမေရိကန်နိုင်ငံမှလေ့လာမှုတွေအရ ကော်ဖီသောက်ခြင်းကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးတွေ ရှိပါတယ်။
ကော်ဖီမှာ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ၊ရောဂါ ကာကွယ်နိုင်စွမ်းအင်နဲ့ နေမကောင်းမှုတွေကို လျှော့ချ
ပေးနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။
ကော်ဖီသောက်ခြင်းကြောင့် သွားအရောင်စွန်းခြင်း ကင်းဝေးချင်တယ်ဆိုရင် ကော်ဖီကို ပိုက်နဲ့စုပ်သောက်တာဟာ
သင့်သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။
အမျိုးသမီးတွေမှာ နှလုံးရောဂါအန္တရာယ်ကို လျှော့ချပေးနိုင်ခြင်း
အသက် ၅၅ နှစ်ကနေ ၆၉ နှစ်အရွယ် အမျိုးသမီး ၂၇၀၀၀အထက်ကို လေ့လာမှုတွေအရ တစ်နေ့ကို ကော်ဖီစစ်
စစ်သုံးခွက်သောက်ခဲ့ရာ နှလုံးရောဂါအန္တရာယ်ကို ၂၄ ရာခိုင်နှုန်းလောက်ကျသွားစေတယ်လို့ ဆိုပါတယ်။
အမျိုးအစား (၂) ဆီးချို၊ သွေးချိုကို ကာကွယ်နိုင်ခြင်း
ဟားဗတ်တက္ကသိုလ်မှလေ့လာမှုတွေအရ တစ်နေ့ကို ကော်ဖီခြောက်ခွက်သောက်တဲ့အမျိုးသမီးတွေမှာ အမျိုးအ
စား (၂)ဆီးချို သွေးချိုရောဂါကို ၂၂ ရာခိုင်နှုန်းလျှော့ချနိုင်ပြီး အမျိုးသားတွေမှာဆိုရင် ၅၄ရာခိုင်နှုန်းအထိ လျှော့
ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပါကင်ဆန်ရောဂါကို တားဆီးနိုင်ခြင်း
အနည်းဆုံး ခြောက်ကြိမ်လောက် လေ့လာမှုတွေအရ ပုံမှန် ကော်ဖီ သောက်သုံးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်
ဟာ ပါကင်ဆန်ရောဂါ ဖြစ်နှုန်းနည်းတာကို တွေ့ရှိခဲ့ရပါတယ်။
ခေါင်းကိုက်ခြင်း
ကဖင်းဓာတ်ကို သဘာဝကိုက်ခဲပျောက်ဆေးလို့တောင် ဆိုနိုင်လောက်အောင် တစ်ခါတလေ ခေါင်းကိုက်တာမျိုး
တွေမှာ ကော်ဖီ တစ်ခွက်လောက်သောက်လိုက်ရုံနဲ့ ကိုက်ခဲပျောက်ဆေးတစ်လုံးသောက်လိုက်သလို ခေါင်းကိုက်
ခြင်းတွေ ပြေပျောက်သွားစေတယ်ဆိုတာ လူအများလက်ခံထားကြပါတယ်။
အသည်းကင်ဆာအန္တရာယ် လျှော့ချနိုင်ခြင်း
ဟားဗတ်တက္ကသိုလ်ရဲ့လေ့လာမှုတွေအရ ကော်ဖီပုံမှန်သောက်သူတွေဟာ အသည်းကင်ဆာဖြစ်နှုန်း ၂၃ကနေ ၅၅
ရာခိုင်နှုန်းအထိ လျော့ကျနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ တစ်နေ့ ကော်ဖီတစ်ခွက် ပုံမှန်သောက်သူတွေမှာတောင်
၂၃ ရာခိုင်နှုန်းအထိ အသည်းကင်ဆာအန္တရာယ်ကို လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကော်ဖီစစ်စစ် ကြိုက်သူတွေအတွက်တော့ သတင်းကောင်းပဲဖြစ်ပါတယ်။
သဲသဲ
Copy from https://www.facebook.com/photo.php?fbid=397304373700733&set=a.351047714993066.76926.351018658329305&type=1&theater