• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, December 6, 2013

ပွက်ပွက်ဆူနေတဲ့ ရေ

ပွက်ပွက်ဆူနေတဲ့ ရေ

December 06, 2013
Friday

By မင်းစိုးစံ

ပြဿနာတစ်ရပ်ပေါ်ပေါက်လာပြီဆိုလျင် အဓိက,အကြောင်းရင်းဆိုတာ တစ်ခုတည်းဖြစ်နိုင်ပါ့မလား ဆိုတာကိုစဉ်း
စားကြည့်ကြပါစို့။
ဥပမာ  ကျောင်းသားတစ်ယောက် စာမေးပွဲကျရှုံးရတဲ့အဓိက,အကြောင်းရင်းဟာ စာမကြိုးစားလို့ ဆိုတဲ့အဖြေတခု
တည်းနဲ့ လုံလောက်နိုင်ပါ့မလား။ အခြားအဓိက,ကျတဲ့အချက်တွေ မရှိနိုင်ဘူးလား။
ယာဉ်တိုက်မှုဖြစ်ပြီဆိုလျင် အဓိကအချက်ကဘာလဲ။ တစ်ခုတည်း တစ်မျိုးတည်းနဲ့ယာဉ်တိုက်မှုဖြစ်ရတာပါ ဆိုလျင်
သဘာဝကျပါ့မလား။
စီးပွါးရေးပိတ်ဆို့တာကိုခံရတာတခုတည်းကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်(ပြည်ထောင်စုဗမာနိုင်ငံတော်)ကြီး
အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်မှုနောက်ကျရတာပါဆိုတဲ့ အကြောင်းပြချက်က တကယ်ခိုင်လုံပါရဲ့လား။
တခြားအကြောင်းအချင်းအရာတွေ မရှိနိုင်ဘူးလား။ တခြားအချက်အလက်တွေ မရှိတော့ဘူးလား။

ဘာကြောင့်လဲဆိုတော့ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတယ်ဆိုတာကို ပြောထားလို့ပါ။
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး လူ့စွမ်းအားမြှင့်တင်ရေး စတဲ့ကိစ္စရပ်တွေအားလုံးဟာ စီးပွါးရေးပိတ်ဆို့မှုတစ်ခု
တည်းကြောင့်တော့ ဖြစ်နိုင်လာနိုင်စရာမရှိပါဘူး။
ကရင်စကားပုံရှိပါတယ်။
ထုင်းလီလ်ုသှေ် လ၀်လု ဟှင်းခေါဟ်ဍိင်ခိင့် (ထုန်းလီလသစ် လော်လေး ဂေါင်းခိုးဒိန်ခိန့်) အဓိပ္ပါယ်က မက,တတ်
တာကို မက,တတ်လို့ပါလို့ ၀န်မခံပဲနဲ့ မြေစောင်းနေလို့ ဆိုတဲ့ အသုံးမကျတဲ့ ကိုယ့်ကိုယ်ကို မင်းသားဟန်ဆောင်
ထားတဲ့ လူတစ်ယောက်ရဲ့အပြောအဆိုမျိုးဖြစ်နေလို့ပါ။

“အာဆီယံနိုင်ငံတွေထဲမှာ ကျနော်တို့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအဘက်ဘက်ကနေ နောက်ကျနေတဲ့နိုင်ငံဖြစ်ပါ
တယ်။
အဓိက,အကြောင်းရင်းကတော့ နှစ်ပေါင်း ၂ဝ ကျော်လောက် စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံထားခဲ့ရတဲ့အတွက်
ကြောင့် ဖြစ်ပါတယ်။"


ကိုယ်အသုံးမကျလို့ ဖြစ်တာလို့ဝန်ခံလိုက်လျင် ဘာဖြစ်သွားမလဲ။ သတ္တိမရှိတာလား။ ခေါက်ရိုးကျိုးနေလို့လား။
မှန်တဲ့အတိုင်း ပြောဆိုဘို့ မသိနိုင်လောက်အောင် အမှန်တရားနဲ့ ကင်းကွာနေလို့လား။
သွားလေသူတွေကိုပဲ အပြစ်ပုံချတတ်တဲ့ အကျင့်ဆိုးတွေက အင်မတန်မြိန်ရည်ယှက်ရည်ရှိတုန်းမို့လား။
ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရဆိုပြီးတော့  မျက်နှာပြောင်တိုက်နေတာလား။
ဒါဆိုလျင် ဘာကြောင့်ပြောတာလဲ။ ဘယ်သူ့အတွက် ပြောတာလဲ။

သတ်တာ ဖြတ်တာ မတရားတာ မကောင်းတာ တွေကိုပဲ ကြံစည်တွေးတော ပြောဆိုဆွေးနွေး လုပ်ကိုင်ဆောင်
ရွက်ခဲ့သလို သတ်ဘို့ ဖြတ်ဘို့ မတရားတာ မကောင်းတာတွေကိုပဲ ဆက်လုပ်ရမှ နေသာထိုင်သာရှိတဲ့ စစ်အာ
ဏာရှင်ကြီးတွေဆိုတော့။

အင်းပေါ့ဗျာ။ ပွက်ပွက်ဆူနေတဲ့ ရေကိုအေးအောင်စောင့်နေတဲ့အချိန်မှာ အပူဆိုတဲ့ကာလတစ်ခုကို ဖြတ်သန်းရ
မယ်ဆိုတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ပြောဘူးခဲ့တဲ့စကားအတိုင်း စောင့်ကြည့်နေသေးတာပေါ့။
တစ်ခုပဲရှိတယ်။ အဲဒီပွက်ပွက်ဆူနေတဲ့ရေဟာ သာမာန်ရေမျိုးမဟုတ်ဘူးဆိုတာတော့ အသေအခြာပါပဲ။


မြန်မာကိုကူညီဖို့

သမ္မတဦးသိန်းစိန် ဖိလစ်ပိုင်ကို တိုက်တွန်း

2013-12-05

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အထောက်အကူဖြစ်စေမယ့် အကူညီတွေကိုပေးဖို့ ဖိလစ်ပိုင်
သမ္မတ ဘင်နင်နို အကွီနိုက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဖိလစ်ပိုင်သမ္မတနန်းတော်မှာ မြန်မာသမ္မတဦးသိန်းစိန်နဲ့အတူကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ
အကွီနိုက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဖိလစ်ပိုင်နိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံ အချင်းချင်း အပြန်အလှန်လေ့လာဖို့နဲ့ ကဏ္ဍရပ်ပေါင်းစုံမှာ
ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားဖို့အတွက် လိုလားမှု ကိုဖော်ပြနေကြောင်း၊ ဖိလစ်ပိုင်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပိုမို
ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်သွားလိုကြောင်း ဖိလစ်ပိုင်သမ္မတက ပြောသွားခဲ့တာပါ။

သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၂၀ကျော် စီးပွားရေးပိတ်ဆို့ခံရမှုကြောင့် အာဆီယံနိုင်ငံတွေ
ထဲမှာ ဖွံဖြိုးမှုနောက်ကျနေရကြောင်း၊ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးမှုအကူအညီတွေပေးဖို့ တိုက်တွန်း
ကြောင်း ပြောကြားခဲ့ပါတယ်။

“အာဆီယံနိုင်ငံတွေထဲမှာ ကျနော်တို့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအဘက်ဘက်ကနေ နောက်ကျနေ တဲ့နိုင်ငံဖြစ်ပါ
တယ်။
အဓိကအကြောင်းရင်းကတော့ နှစ်ပေါင်း ၂ဝကျော်လောက် စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံထားခဲ့ရတဲ့အတွက်
ကြောင့်ဖြစ်ပါတယ်။
ဒါကြောင့်မို့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး လူ့စွမ်းအားမြှင့်တင်ရေးကိစ္စတွေမှာ ကျနော်တို့နဲ့ ပါဝင်ပူးပေါင်း
ဆောင်ရွက်ပေးဖို့ သမ္မတကြီးကိုလည်း ကျနော့်အနေနဲ့မေတ္တာရပ်ခံခဲ့ပါတယ်”

ဒါ့ပြင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ၂၀၀၈ခုနှစ် နာဂစ်လေမုန်တိုင်းဒဏ်ခံခဲ့ရတဲ့အတွေ့အကြုံကြောင့် လက်
ရှိ ဖိလစ်ပိုင်ပြည်သူတွေခံစားနေရတဲ့ လေမုန်တိုင်းဘေးအတွက်စာနာထောက်ထားကြောင်း ပြောဆိုခဲ့ပါတယ်။
စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံက လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဝေဖန်ရှုံ့ချလေ့ရှိတဲ့ ဖိလစ်ပိုင်သမ္မတ
မစ္စတာအကွီနိုဟာ လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးကနေ မြန်မာ့သမိုင်းမျက်နှာစာသစ် ဖွင့်လှစ်ခဲ့
ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လူ့စွမ်းရည်မြင့်တင်ရေးနဲ့ နည်းပညာပိုင်းတွေမှာ အကူညီပေးဖို့၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ငါး
လုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေမှာလည်း ကူညီဖို့ကမ်းလှမ်းထားကြောင်းလည်း ဖိလစ်ပိုင်သမ္မတက ပြောကြားခဲ့ပါ
တယ်။
သမ္မတဦးသိန်းစိန်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ရောက်ရှိခဲ့တာဖြစ်
ပြီး ၂ ရက်ကြာ နေထိုင်မှာဖြစ်ပါတယ်။
ဒီကနေ့မှာ နှစ်နိုင်ငံသဘောတူ စာချုပ်တွေလက်မှတ်ရေးခဲ့ရာမှာ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံသားတွေအကြား သီတင်း
၂ပတ်ကြာ ဗီဇာကင်းလွတ်ခွင့် သဘောတူစာချူပ်လည်း ပါဝင်ပါတယ်။

Copy from
http://www.rfa.org/burmese/news/utheinsein-urge-philipine-help-myanmar-12052013094404.html