• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, January 1, 2014

ကရင်အမျိုးသားနှစ်သစ်ကူးအတွက် ကြိုတင်ပြင်ဆင်ခြင်း

ကရင်အမျိုးသားနှစ်သစ်ကူးအတွက် 

ကြိုတင်ပြင်ဆင်ခြင်း

December 31, 2013
Tuesday

By မင်းစိုးစံ

ရန်ကုန်နဲ့ အာရှတိုက်က နေရာအတော်များများမှာတော့ ကရင်နှစ်သစ်ကူးပွဲတော်ကို စပြီးကျင်းပနေပြီဆိုတာကို
မီဒီယာတွေကနေတဆင့်သိရတဲ့အတွက် ကြေနပ်အားရမိတာအမှန်ပါ။
အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ ကရင်ညီအစ်ကိုတွေထဲက ဒုံးဆရာမောင်မောင်တို့လည်း ၅ကြိမ်မြောက်
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို နှစ်သစ်ကူးရက်မတိုင်မီ ကျင်းပပြီးစီးသွားပြီဆိုတာကိုလည်း ဘတ်လိုက်ရပါ
တယ်။ အော် ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ ပေါ့ဗျာ။

ကျုပ်နေတဲ့ မင်နီစိုးတားမှာတော့ မနက်ဖြန်မှ လုပ်မယ်။ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်ကျမှ January 1, 2014
ကို ကူးမှာလေဗျာ။
ဒါကြောင့် နှစ်သစ်ကူးလုပ်ဘို့ပြင်ဆင်နေတဲ့ Karen Buddhist Society  of Minnesota အဖွဲ့ရှိတဲ့နေရာကိုရောက်
အောင်သွားပြီး လေ့လာကြည့်လိုက်တော့ ခန့်မှန်းခြေ လူ ၃၀၀ကျော်လောက်အတွက် ချက်ပြုတ်ကြော်လှော်နေကြ
တာကို တွေ့ရပါတယ်။

ကောက်ညှင်းပေါင်းနဲ့ ကြက်သားကြော်ဆိုပဲ။ ဆိုင်မှာကြော်ပြီးသား ကြက်သားကြော်တစ်တုံးရဲ့ တန်ဘိုးကမပြောပ
လောက်ပေမယ့် အတုံးများလာတော့ ကိုယ်တိုင်ကြော်တာက ပိုတွက်ခြေကိုက်တာမို့ ကိုယ်ထူကိုယ်ထစနစ်နဲ့
ကော်မီတီဝင်တွေအားလုံးဟာ အပြင်းအထန်အပင်ပမ်းခံပြီးလုပ်နေကြတာကို တွေ့ရပါတယ်။

လူ ၃၀၀ကျော် ၄၀၀ရဲ့ စားအိုးက သေးတာမှမဟုတ်ပဲ။
ဒုံးအဖွဲ့ ၃ဖွဲ့ ပါမယ်။ အဆိုဝါသနာရှင်တွေ အများအပြားလာမယ်။ အနီးအနားပြည်နယ်က ဧည့်သည်တွေလည်းလာ
ကြမယ်လို့ ပြောတာကိုကြားလိုက်ရတယ်။
သူတို့အဖွဲ့က ဒုံး ၂ဒုံးနဲ့ ကျောင်းသားလူငယ်ဒုံး ၁ဒုံးပါမယ်ပြောတယ်ဗျ။
မင်နီစိုးတားမှာ ဒုံးဘယ်နှစ်ဒုံးထွက်သလဲဆိုတာတော့ တိတိကျကျမပြောနိုင်တာတော့အမှန်ပဲ။ အနည်းဆုံး ဒုံး ၅ဒုံး
လောက်ရှိတာတော့ သေခြာတယ်။

ဒုံး ၄ဒုံးက Saint Paul မြို့ကဖြစ်ပြီး ကျန်တဲ့ဒုံး ၁ဒုံးကတော့ Worthington မြို့ကဖြစ်ပါတယ်။  Worthington ဒုံးကို
မဲလဒုက္ခသည်စခန်းမှာ ဒုံးဆရာတဆူဖြစ်ခဲ့တဲ့ ဆြာ့ကျဝ့်ဝေန်း ကိုယ်တိုင်သင်တယ်လို့သိရပါတယ်။
ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ ပေါ့ဗျာ။

 Karen Buddhist Society  of Minnesota အဖွဲ့က ကရင်လို( ဖီ့ဘူးယော် ဖီ့ဘီးယော်-ဗမာအသံထွက်) ဖုန်းမကျီ
စပါးစောင့်နတ်သမီးကို ကောက်သစ်စားပွဲမှာ အရောက်ကြွမြန်းလာဘို့ အစဉ်အလာမပျက် ပင့်ဘိတ်တဲ့အစီအစဉ်
ပါမယ်လို့ သိရပါတယ်။
ဒါကြောင့် သူတို့တတွေရဲ့လှုပ်ရှားမှုရုပ်သံဖိုင်လေးကို အောက်မှာကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)