• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Showing posts with label news article. Show all posts
Showing posts with label news article. Show all posts

Monday, October 12, 2015

ရော့ ဒီဖိုင်က မင်းနဲ့ ပတ်သက်နေတယ်၊ ရော့ ဒါမင်းဖို့ ငါ့ရဲ့လက်ဆောင်

ရော့ ဒီဖိုင်က မင်းနဲ့ ပတ်သက်နေတယ်၊
ရော့ ဒါမင်းဖို့ ငါ့ရဲ့လက်ဆောင်

လွန်ခဲ့သော ကိုးနှစ်ကျော် ကာလ၊၂၀၀၅ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ ည ၁၁ နာရီဖြစ်သည်။
ရှစ်မိုင်၊ စစ်ရုံးသစ်ကြီး၏အဆောင်(၁)အပေါ်ဆုံးထပ်ရှိ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကပ်ရက်အခန်းထဲမှ ဒိုင်းကနဲပေါ်ထွက်လာသောသေနတ်သံကြောင့် ကာ
ကွယ်ရေးဦးစီးချုပ် ရုံးစိုက်ရာ အဆောင်(၁)တစ်ခုလုံး အလုပ်လုပ်နေသော အရာရှိစစ်သည်များ တုန်လှုပ်
သွားသည်။

အကြောင်းကလည်း ရှိနေသည်။
တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလုံးကို ဖြိုခွဲထားသည်မှာမကြာသေးသဖြင့် မကျေနပ်သူတစ်ဦးဦး
က တပ်ချုပ်ကိုဖြစ်စေ ဒုတပ်ချုပ်ကိုဖြစ်စေ လုပ်ကြံလိုက်လေသလောဟု အချင်းချင်းတီးတိုးပြောနေကြသည်။
သေနတ်သံကြားပြီးသည်နှင့်ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးကို သူ့ကိုယ်ရေးအရာရှိရုံးခန်းတွင် တွေ့လိုက်
ကြရသည်။
မြင်လိုက်ရသည်က ကိုယ်ရေးအရာရှိသည် အဆောင်အယောင်သေနတ်ဖြစ်သော Colt ခြောက်လုံးပြူး သေ
နတ်ကို ပါးစပ်တွင်ငုံပြီး မောင်းခလုတ်ဆွဲကာ သူ့ကိုယ်သူသတ်သေသွားသည့် မြင်ကွင်းပင် ဖြစ်သည်။
ဗိုလ်ချုပ်ကြီး မောင်အေးသည်သူ့တပည့် အလောင်းအနီး ကုလားထိုင်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်ရင်း
“ဘာကြောင့် မင်း ဒီလိုလုပ်လိုက်ရတာလဲ။ ဒီလို လုပ်စရာလိုလို့လားကွာ။ မင်းနဲ့ငါ တွဲလာတာ ၁၇နှစ်ရှိပါပြီ”
 ဆိုသည့် စကားများ ရေရွတ်နေသည်ကိုရောက်လာသည့်သူများ ကြားလိုက်ရသည်။

အဆောင်(၁)တွင်ပင် အခန်းချင်း မလှမ်းမကမ်းရှိသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေသည် မည်သည့်အဖြေထွက်မည်ကို ကြိုသိနေသည့် ပရောဟိတ်အလား ကွမ်းစားရင်း တီဗီအ
ကြည့်မပျက်သည်ကတော့ သွေးအေးလွန်းသည် ခေါ်ရမည်လော၊ ထူးဆန်းသည်ဟု ခေါ်ရမည်လော မည်
သူမှ မသိနိုင်။
အမှန်ကတော့ ဤသို့ဖြစ်ရန် ဇာတ်ညွှန်းရေးခဲ့သူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်ပင် ဖြစ်သည်လားဆို
သည်ကလည်းပဟေဠိတစ်ခုပင်။

ဇာတ်လမ်းအစမှာ တပ်မတော် ထောက်လှမ်းရေးများကို ဖြိုခွဲပြီးနောက် ယခုရန်ကုန်ဟိုတယ်တည်ရှိရာ ရှစ်
မိုင်ရှိ ထောက်လှမ်းရေးရုံးမှလူကြီးများနှင့် ပတ်သက်သည့်ဖိုင်တွဲများကိုရှာဖွေပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံပို့
ရသည်။
ဤကိစ္စသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေသည်။
ထောက်လှမ်းရေးတပ်ဖွဲ့ဝင်အချို့ကို အာဏာအလွဲသုံးစားလုပ်ခြင်း၊ စီးပွားရေးသောင်းကျန်းခြင်း ဟုဆိုကာ
ဖမ်းဆီးထောင်ချခဲ့သည့်အတွက် ကျန်သည့်သူများရော မည်မျှကင်းရှင်းနေလို့လဲဟုဆိုကာ သူ၏တပည့်များ
ကို အမှုတွဲများ ပြင်ဆင်ခိုင်းထားသောကြောင့် ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ရောက်လာသောဖိုင်တွဲများထဲမှ သူ့မိသားစုနှင့်ပတ်သက်သောဖိုင်တွဲများမှာ မည်
သူမှ ဖတ်ခွင့်မရလိုက်ဘဲ အစဖျောက်လိုက်သော်လည်း ကျန်သည့် တပ်မတော်လူကြီးများ၏ဖိုင်တွဲများကိုမူ
သူဖတ်ရှုပြီးသည်နှင့်သက်ဆိုင်ရာ လူကြီးများထံ ပေးပို့ခိုင်းသည်။
ဖိုင်တွဲတစ်ခုသည်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး လက်ဝယ်ရောက်လာသည်။

ထိုဖိုင်တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့်ပတ်သက်သည့် အတွင်းသတင်းများကို ဖော်ပြထားပြီး ထို
သတင်းများကို ကိုယ်ရေးအရာရှိ၏ဇနီးထံမှ ထောက်လှမ်းရေးက ရရှိကြောင်းဖော်ပြထားသည်။
ထို့အပြင် ကိုယ်ရေးအရာရှိဖြစ်သူဒုဗိုလ်မှူးကြီးက ကုန်သွယ်ရေးမူဝါဒကောင်စီ၏ ဆုံးဖြတ်ချက်များကို အ
စည်းအဝေးပြီးလျှင်ပြီးချင်း တရုတ်ကုန်သည်များထံ အကြောင်းကြားခြင်း၊ နှစ်ပတ်တစ်ခါ ပြောင်းလဲသွား
သည့် မူဝါဒကို ကြိုတင်သိရှိခွင့်ရသော တရုတ်ကုန်သည်များက စီးပွားရေးအရ အကျိုးအမြတ်များစွာရရှိခြင်း
မှသည် ထိုစဉ်က တရားမ၀င်လုပ်ငန်းဖြစ်သော ဒေါ်လာအရောင်းအ၀ယ်လုပ်ငန်းကြီးတစ်ခုလုံးကို သူ၏
ကိုယ်ရေးအရာရှိကဦး ဆောင်လုပ်နေခြင်း၊ တရားမ၀င် ဒေါ်လာရောင်းဝယ်ရေးဈေးကွက်တွင် နေ့စဉ်ပေါက်
ဈေးသတ်မှတ်ပေးနေသူမှာ သူ၏ကိုယ်ရေးအရာရှိ ဖြစ်နေကြောင်း ဖတ်လိုက်ရသည်။
ထိုအချိန်ရောက်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို ကုန်သွယ်ရေးမူဝါဒကောင်စီဥက္ကဋ္ဌ ရာထူးက ဖယ်ရှား
လိုက်သည့် အကြောင်းရင်းကို ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတစ်ယောက် သိလိုက်ရသည်။

ဖိုင်တွဲကိုဖတ်ရှုပြီး အလွန်စိတ်ဆိုးသွားသော ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ဖိုင်တွဲကိုဖတ်ပြီးသည်နှင့်
သူ၏ကိုယ်ရေးအရာရှိဖြစ်သူ ဒုဗိုလ်မှူးကြီးကိုခေါ်ကာ
“ရော့ ဒီဖိုင်က မင်းနဲ့ပတ်သက်နေတယ်။ မင်းဟာမင်းဖတ်ပြီး ဆုံးဖြတ်” ဟု ပြောလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး၏တွက်ကိန်းမှာ ဒုတပ်ချုပ်က သူ့တပည့်ကိုကာကွယ်လျှင် တစ်ခါတည်းရောပြီး အနားပေးရန်
ဖြစ်သည်။
တပ်ချုပ်သည် ဗိုလ်ချုပ်ခင်ညွန့်အကူအညီဖြင့် ဗိုလ်ချုပ်မှူးကြီးစောမောင်ကို အာဏာသိမ်းခဲ့သလို သူ့ကိုတပ်
ချုပ်ခန့်ရန် အမိန့်ပေးခဲ့သော ဗိုလ်ချုပ်ကြီးနေ၀င်းကိုလည်း နေအိမ်အကျယ်ချုပ်ဘ၀ဖြင့် ဘ၀ဇာတ်သိမ်းစေခဲ့
သည်။
ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ထောက်လှမ်းရေးတစ်ဖွဲ့လုံးကို ဖြိုခွဲလိုက်ချိန်တွင် သူ့အတွက်ကြောက်စရာလူဟူ၍ တပ်မတော်ကိုလက်ထဲတွင် ကိုင်ထားသော ဒုတပ်ချုပ်တစ်ယောက်သာ ရှိတော့သည်။ ထို့ကြောင့် ထောက်လှမ်းရေးနှင့်ရောပြီး ဒုတပ်ချုပ်ကိုပါရှင်းထုတ်ရန် အကွက်ချလိုက်ခြင်းဖြစ်သည်။
ဖိုင်ကို ဖတ်ပြီးသည်နှင့်ဒုဗိုလ်မှူးကြီး ငိုက်စိုက်ကျသွားသည်။

ထိုစီးပွားရေးလုပ်ငန်းအားလုံးကို သူနှင့်ဗိုလ်ချုပ်ကြီးခင်ညွန့်၏ကိုယ်ရေးအရာရှိတို့အပြင် ထောက်လှမ်းရေးမှ
အခြားဗိုလ်မှူး တစ်ဦးတို့ သုံးယောက်ပေါင်း လုပ်ခြင်းဖြစ်သည်။
ထို့အပြင် ဆရာသမား၏သတင်းများသည်လည်း မိမိဇနီးထံမှတစ်ဆင့် ပေါက်ကြားခဲ့သည်။
သို့သော် ထောက်လှမ်းရေးရီပို့တွင် မိမိတစ်ယောက်တည်းကိုသာဖော်ပြထားသည်။
ထောက်လှမ်းရေးများကို ကျူပင်ကျူငုတ်မကျန် ခုတ်နေသောအချိန်တွင် ဤဖိုင်ကြောင့် မိမိဆရာသမားပါ ထိ
ခိုက်တော့မည်။
မိမိဆရာသမားကိုလည်း တစ်လက်စတည်းရောရှင်းရန် ဗိုလ်ချုပ်မှူးကြီးကြံစည်လိုက်ခြင်း ဖြစ်သည်ကို စစ်ရုံး
တွင်အနေကြာပြီ ဖြစ်နေသော ဒုဗိုလ်မှူးကြီးက သဘောပေါက်လိုက်သည်။
အဖြစ်မှန်ကလည်း သူတွေးသလိုပင် ဖြစ်သည်။
ဤကိစ္စကို အကြောင်းပြုပြီးမိမိဆရာသမားလည်းဖယ်ရှားခံရတော့မည်ကို သိလိုက်သောသူ့အတွက် အဖြေ
က တစ်ခုတည်းသာရှိတော့သည်။

ထို့ကြောင့် ညနေတွင် ဆရာသမားကိုခွင့်တောင်းပြီး အိမ်ပြန်သည်။
သားသမီးများကို နောက်ဆုံးတွေ့ဆုံရန် သွားခြင်းဖြစ်သည်။
အိမ်တွင် ဇနီး ဖြစ်သူကို ညစာစားမည်ပြောပြီးမှ မစားဘဲ ရုံးသို့ ပြန်လာခဲ့သည်။
သူ့ဘ၀အတွက် ပြင်မရတော့မည့်ဆုံးဖြတ်ချက်တစ်ခုကို ချရသည်မှာ လွယ်ကူသောကိစ္စမဟုတ်ပါ။
ညဖက် ရုံးတွင်ထိုင်ရင်း သူ့ဆုံးဖြတ်ချက်ကို အပြန်ပြန်အလှန်လှန် စဉ်းစားနေစဉ် ဗိုက်ကဆာလာသည်။
ထို့ကြောင့် ရုံးခန်းထဲတွင်ရှိသော သူ့တပည့် တပ်ကြပ်ကြီးကို ခေါ်လိုက်သည်။
"ငါ့အတွက် ခေါက်ဆွဲပြုတ်လေး လုပ်ကွာ" ဟုပြောရင်း သူ့လက်မှ တန်ဖိုးကြီးလက်ပတ်နာရီကိုချွတ်ကာ သူ့
တပည့်လက်ထဲပေးလိုက်ရင်း "ရော့ ဒါမင်းဖို့ ငါ့ရဲ့လက်ဆောင်" ဟု ပြောလိုက်သည်။
တပည့်ဖြစ်သူမှာ ယနေ့အတွက်ဆရာဖြစ်သူ ထူးခြားနေသည်ကိုသတိပြုမိသော်လည်း သူ့ဆရာ၏ဘ၀ဇာတ် သိမ်းခန်းရောက်နေပြီကိုမသိဘဲ ခေါက်ဆွဲပြုတ်ရန် အတွင်းခန်းဝင်သွားသည်။ ထိုအချိန်တွင်ပင် သေနတ်သံကြောင့်ပြေးထွက်လာချိန်တွင် သူ့ဆရာ၏ဘ၀ဇာတ်သိမ်းခန်းကို မြင်တွေ့လိုက်
ရခြင်း ဖြစ်သည်။
စားပွဲပေါ်တွင်မူ တစ်ကြောင်းတည်းရေးထားသည့် စာလေးတစ်စောင်ရှိနေပြီး “ဉာဏ်စိုး အားလုံးသိပါ
တယ်”  ဟု ရေးထားသည်။

ညတွင်းချင်း အပြင်သို့ထွက်ပေါ်လာသည့် သတင်းတစ်ခုကတော့ ဆရာတပည့်နှစ်ယောက်စကားများပြီး အ
ရက်မူးနေသည့် ဒုတပ်ချုပ်ကသူ့တပည့်ကိုပစ်သတ်လိုက်သည်ဟု ဖြစ်သည်။
ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များကို အရေးယူရန် ဖွဲ့စည်းပေးထားသော ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်
သည့် ၁၂ဦးကော်မတီအစည်းအဝေးတွင်မူ အဆိုပါကိုယ်ရေးအရာရှိသည် အိမ်ထောင်ရေး ပြဿနာကြောင့် သူ့
ကိုယ်သူ အဆုံးစီရင်ခြင်းဟု ကြေညာကာ လူတစ်ယောက်၏ဘ၀ဇာတ်သိမ်းပိုင်းကို သွေးအေးစွာဖြင့် ပယ်
ဖျက်လိုက်ကြသည်။

တပည့်ဖြစ်သူ အသက်နှင့်ရင်းသွားသဖြင့် ဒုတပ်ချုပ်ကြီးကိုအနားယူခိုင်းရန် ကြံစည်ထားသည့်အစီအမံ
လည်း ပျက်သွားခဲ့သလို နှစ်ဦးစလုံး တပ်မှအနားယူသည်အထိ ဆက်ဆံရေး အေးခဲသွားကြောင်း၊ ဒုတပ်ချုပ်
အနေဖြင့် အရက်ကိုသာ နေ့ည အဖော်ပြုရင်း သူ၏တပ်မတော်အရာရှိဘ၀ နောက်ဆုံးပိုင်းကို ဖြတ်သန်း
သွားခဲ့ကြောင်းကို တပ်မတော်အသိုင်းအ၀ိုင်းမှ အရာရှိကြီးများကမြင်တွေ့နေရသော်လည်း ဒုဗိုလ်မှူးကြီး၏
ဘ၀ဇာတ်သိမ်းသွားရခြင်း ဖြစ်ရပ်အမှန်ကိုတော့ အများစုကယနေ့အထိ မသိရှိခဲ့ကြပါ။

ဤဖြစ်ရပ်ဖြစ်ပွားပြီး ထူးဆန်းသည့်အချက်နှစ်ချက်ကို တွေ့ရသည်။
ပထမတစ်ချက်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး၏ ရုံးအဖွဲ့ဝင် အခြားအဆင့်လေးဦး တပ်မှနှုတ်ထွက်စာတင်ပြီး
ထွက်သွားခြင်းဖြစ်သည်။
ဒုတိယအချက်မှာ မိမိကိုယ်ကိုသေကြောင်းကြံခဲ့သောသူကို တပ်တွင် ထုံးစံမရှိသော်လည်း စစ်အခမ်းအနား
ဖြင့် သင်္ဂြိုဟ်ပေးခဲ့ခြင်းဖြစ်သည်။
အလားတူ “ဉာဏ်စိုး အားလုံးသိတယ်” ဆိုသည့် စာကလည်း ယခုအချိန်အထိ ပဟေဠိဖြစ်နေဆဲပင်။

Copy from http://myutsawmyitstory.blogspot.com/2015/07/blog-post_24.html#more

မှတ်ချက်။ ။ ခေါင်းစည်းပြောင်းထားပါသည်။ ခေါင်းစည်းအမှန်ကို သိရှိလိုပါက အထက်ဖေါ်ပြပါ လိပ်စာအ
တိုင်း သွားရောက်ဘတ်ရှုစေလိုပါသည်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Sunday, March 1, 2015

ငြိမ်းချမ်းနိုင်ပါ့မလား


EBO Operation Director Victor Biak Lain
Source photo from http://www.google.com/images

ငြိမ်းချမ်းနိုင်ပါ့မလား

March 01, 2015
Sunday
By မင်းစိုးစံ

သူငယ်ချင်း နေကောင်းကျန်းမာတယ်မဟုတ်လား။
ကျန်းမာခြင်းဟာ အကောင်းဆုံးဆုလဒ်ပဲကွ။
ကျန်းမာမှကိုယ် လုပ်ချင်တာတွေလုပ်လို့ရမှာ၊ မကျန်းမာလို့ကတော့ ဟေ့ကောင်ရေ ဘယ်သူက ကိုယ့်ကို
ဘယ်လိုလုပ်ပိုင်ခွင့်မျိုးကို ဘယ်လောက်ပဲပေးပေး ဘာမှလုပ်လို့မရဘူး။
ငယ်ငယ်ရွယ်ရွယ်ဖြတ်ဖြတ်လပ်လပ်သွက်သွက်လက်လက်ရှိနေတဲ့အချိန်မှာ ဘာလုပ်ပိုင်ခွင့်မှမပေးပဲ၊ အ
သက်ကြီးပြီး အိုမင်းမစွမ်းဖြစ်မှ လုပ်ပိုင်ခွင့်ပေးတဲ့နောက် ဘာများစွမ်းနိုင်မှာလဲကွာ။
ဟုတ်တယ်မဟုတ်လား။
လွန်ခဲ့တဲ့ အနှစ် ၂၀လောက်တုန်းက မင်းကို ဒေါနတောင်ရဲ့ အနောက်ဘက်ခြမ်းက ကျေးနယ်တွေမှာ လူ
ငယ်လေးတွေအတွက် စည်းရုံးရေးသင်တန်းဆင်းဘို့ခွင့်ပေးတာနဲ့ အခုအရွယ်ကျမှခွင့်ပေးမယ်ဆိုလျင် မင်း
တတ်နိုင်ပါ့မလား။ မင်းတောင်ပေါ်မတက်နိုင်ဘူး။ တောင်အောက်ကို မဆင်းနိုင်ဘူး။
ကားနဲ့သွားမယ်ထား။ ကားဆောင့်လို့ နံရိုးမကျိုးလျင်တောင် သိပ်တော့စားသာမှာမဟုတ်ဘူး။

ကျန်းမာရေးဆိုကတည်းက မိမိခန္ဓာကိုယ်မှာရှိနေတဲ့ ခြေလက်အင်္ဂါတွေအားလုံးအပြင် စိတ်လည်းကျန်းမာ
မှဖြစ်တာ။ စိတ်က နောက်ကြူနေလျင် ဘာဆိုဘာမှ လုပ်လို့ဖြစ်မှာမဟုတ်ဘူး။
အသက်ကြီးလာတော့ တခါတလေ စိတ်သွားတိုင်း ကိုယ်မပါတာမျိုးရှိတတ်ပေမယ့်၊ စိတ်မပါတဲ့အတွက်
လုပ်နိုင်တာတွေမလုပ်ဖြစ်တာအများကြီး နော်။ ဥပမာ ၀င်သက်ထွက်သက်ကို မှတ်တာမျိုး၊ စာဘတ်တာ
မျိုး၊ ပုတီးစိပ်တာမျိုးတွေ လုပ်နိုင်ပေမယ့် မလုပ်ဖြစ် ဘူး။
အရာရာတိုင်းကို စိတ်ကဦးဆောင်တယ်ဆိုတာ အဲဒါမျိုးထင်တယ်။ အဲဒါတွေကိုရေးနေလို့ ငါ့ကို တရားရူး
ရူးနေပြီလို့ပြောမလို့လား။
မဟုတ်ပါဘူး စိတ်ကြောင့် ဒီကနေ့လူ့လောကကြီး မှာ မင်္ဂလာရှိတဲ့ကောင်းသတင်းတွေ ၊မင်္ဂလာမရှိတဲ့ မ
ကောင်းသတင်းတွေကို မြင်နေကြရ၊ တွေ့နေကြရ၊ ကြားနေကြရတာမဟုတ်လား။

ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး

သတင်းဆိုလို့ February 15 2015 ရက်တုန်းက ကျိုက်တုံမြို့အရှေ့ဘက် ကီလိုမီတာ ၁၀၀ကျော်မှာရှိတဲ့
မိုင်းယန်းမြို့ကို တြိဂံတိုင်းမှူးဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးရောက်လာပြီး ဒေသအတွင်းက ဌာနဆိုင်ရာဝန်
ထမ်းတွေကို မွန်းလွဲ၁ နာရီကနေ ၂နာရီအထိမိတ်ဆက်စကားတွေပြောတဲ့အကြောင်း သျှမ်းသံတော်ဆင့်မှာ
ဘတ်လိုက်ရတယ်။
သျှမ်းပြည်မှာ အမှုထမ်းလာတာ ၁၀နှစ် ကျော်ရှိပြီဖြစ်တယ်၊ သျှမ်းပြည်အရှေ့ပိုင်းမရောက်ခင် သိန္ဒီ စကခ၁၆
မှာ ၂နှစ်ကျော် မိုင်းဖြတ်မှာ ၃-၄နှစ် လက်ရှိကျိုင်းတုံမှာ ၄နှစ်ကျော်ဆိုတာဝန်ထမ်းတွေသိအောင်ပြောသွား
သလို
ဖုန်ကြားရှင်ကို မိုင်းလားအဖွဲ့က လက်ခံထားတယ်။
ဝဆိုတာက ကွန်မြူနစ်လက်ကျန်၊RCSS သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဆိုတဲ့ နာမည်က ဟုတ်
ကိုမဟုတ်ဘူး။
ဘာကိုထူထောင်မှာလဲ။
တိုင်းပြည်တခုမှာ တပ်မတော်၊ အုပ်ချုပ်မင်းလုပ်တဲ့အစိုးရ တခုပဲရှိရမယ်။
ဒီအတိုင်းသွားမယ်ဆိုရင် မရဘူး။
တနေ့နေ့ရှင်းပစ်ရမှာပဲ
ဆိုပြီးပြောသွားလိုက်သေးတယ်ဆိုပါလား။

ကရင်ပြည်နယ်ဘက်မှာလည်း ဗမာစစ်တပ် စစ်ဆင်ရေးကွပ်ကဲမှုဌာန စကခ ၁၃လက်အောက်ခံတပ်နဲ့ က
ရင်စစ်တပ် ဗိုလ်မှူးကြီး စောဆန်းအောင်တို့ တိုက်ပွဲဖြစ်ကြတယ်ဆိုတဲ့သတင်းလည်း ဘတ်ရတယ်။
ဗိုလ်မှူးကြီး စောဆန်းအောင် တို့တပ်ဖွဲ့အနေနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေထဲက ဘယ်အဖွဲ့ကို ကိုယ်စားပြု
ပြီးတိုက်တာလဲ ဆိုတာကို မသိရသေးဘူးဆိုပြီး RFA သတင်းထဲမှာဘတ်ရသေးတယ်။

ကရင်ကလည်း အဖွဲ့အတော်များတာပဲနော်၊ အဖွဲ့တွေဘယ်လောက်ပဲများနေပါစေ၊ သဘောထား၊ ဦးတည်
ချက်၊ ရည်ရွယ်ချက် တူပြီး အချင်းချင်းနားလည်မှု အပြည့်အ၀ရှိတယ်ဆိုလျင် အလုပ်ဖြစ်ပါတယ်။
အဖွဲ့တဖွဲ့တည်းတော့ တဖွဲ့တည်းပဲ၊ ဒါပေမယ့် နားလည်မှုတွေမရှိဘူး၊ သဘောထားတွေကွဲနေမယ်၊ ဦးတည်
ချက် ရည်ရွယ်ချက် မတူဘူးဆိုလျင်ဖြင့် ဘာအလုပ်မှဖြစ်မှာမဟုတ်ဘူး။

ပြီးတော့ ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ဖွဲ့ရဲ့ဆက်ဆံရေးရုံး
၂၉ ရုံးက ကိုယ်စားလှယ်တွေနဲ့ ကရင်ပြည်နယ် အစိုးရ၀န်ကြီးတွေ တတိယအကြိမ်မြောက် အလုပ်ရုံဆွေး
နွေးပွဲကို ဖေဖော်ဝါရီ ၂၇ရက်ကနေ၂၈ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဟိုတယ်သံလွင်ပါရာဒိုက်စ်
မှာ စုစုပေါင်း လူဦးရေ ၁၀၀လောက် ဆွေးနွေးနေကြတယ်ဆိုတဲ့ သတင်းကိုလည်း KIC သတင်းမှာဘတ်ရ
တယ်။

EBO Operation Director ဖြစ်တဲ့ Victor Biak Lain က
“ဒီနေ့မှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ပတ်သက်တဲ့အခက်အခဲတွေ စိန်ခေါ်မှုတွေ၊ ဆက်လုပ်ရမယ့် လုပ်ငန်း
တွေ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ မူဘောင်၊တစ်နိုင် ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု
နောက်ဆုံးအခြေအနေနဲ့ နှစ်ဖက်စစ်တပ်အနေနဲ့ လိုက်နာရမယ့် Code of conduct တွေ ဘယ်နားရောက်
နေပြီးလဲ၊ ဘယ်လိုလုပ်သွားသင့်လဲဆိုတာ ဆွေးနွေးသွားမယ်”
 ကေအဲန်ယူဗဟို ဖားအံဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောရှီးရှိုကလည်း
“ဆက်ဆံရေးရုံးတွေအနေနဲ့ တစ်နှစ်တစ်ခါ လုပ်ငန်းတွေ ပြန်ဆန်းစစ်တာပါ။
အခုလိုမျိုး ဆွေးနွေးပွဲလုပ်တာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒေါက် တိုင်တစ်ခုအနေနဲ့ ပံ့ပိုးနိုင်မယ်လို့
ယုံကြည်တယ်”
လို့ ပြောတဲ့အကြောင်းဘတ်လိုက်ရတော့ အားတက်စရာပေါ့ သူငယ်ချင်းရာ။

EBO ဆိုတာ Euro Burma Office တဲ့။
၂၀၁၂ခုနှစ်ကစပြီး ဗမာစစ်အစိုးရနဲ့ သဘောတူဖွင့်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဆက်ဆံရေးရုံး
တွေရဲ့ ရုံးလုပ်ငန်းလည်ပတ်နိုင်ဘို့ရယ်၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုတာတွေ အကောင်အထည်ဖော်နိုင်ဘို့
အတွက် လိုအပ်ချက်တွေကို EBO က အဓိကထောက်ပံ့တာတဲ့။
အေး ဒီသတင်းမျိုးကိုတော့ ကြိုဆိုရမှာပဲ၊ ကောင်းတဲ့သတင်း၊ မင်္ဂလာရှိတဲ့သတင်းတပုဒ်လို့ ပြောချင်တယ်။
ဒါပေမယ့်ကွာ တြိဂံတိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးပြောသွားတဲ့စကားတွေကို သေသေချာချာနား
ထောင်ကြည့်လိုက်တဲ့အခါ တော်တော်စိတ်ပျက်စရာကောင်းနေတယ်။
တခုရှိတာက ဗမာစစ်အစိုးရဟာ တိုင်းရင်းသားတွေအပေါ် သူတို့ထားတဲ့ သဘောထားဟာ ဘယ်လိုလဲဆို
တာ သိလိုက်ရပြီဆိုကတည်းက ဘာဆက်လုပ်ရမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားနိုင်တာပေါ့။
သတိရှိမယ်ဆိုလျင်ပေါ့လေ။

RFA tv အစီစဉ်တခုမှာ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောသွားတဲ့စကားလုံးတွေထဲက သတိထားစရာစ
ကား လုံးတချို့ကို ငါရေးပြမယ်။
တရုတ် မြန်မာနယ်စပ်နားမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ မိုင်းလားအဖွဲ့တို့
ဝ,အဖွဲ့ KIA တို့ အခြားသောသောင်းကျန်းသူအဖွဲ့အစည်းအတွင်းမှာလည်း ဆိုတာကို ပြောသွားတယ်။
ဆိုတော့ကွာ၊ ငါတို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမားတွေကိုသောင်းကျန်းသူလို့ စဉ်ဆက်မ
ပြတ်သဘောထားနေတုန်းပဲဆိုတာ ပြလိုက်တာပဲ။
တနည်းအားဖြင့်သူတို့တတွေရဲ့ သဘောထားဟာ မပြောင်းလဲဘူးဆိုတဲ့အချက်ကို ပိုခိုင်စေတာပေါ့။
အဲဒီအပိုဒ်ကို ငါ နှစ်ခါထပ်ပြီးကူးလိုက်တယ်။
မင်းသေသေချာ ချာနားထောင်နိုင်အောင်လို့။
မင်းနားထောင်ကြည့်ပါ။
ပြီးလျင် ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို မင်းရဲ့ထင်မြင်ချက် ငါ့ကိုပြန်ပြောပြ။
ဟုတ်ပြီနော်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Tuesday, February 24, 2015

ပျောက်သွားတဲ့ နွယ်တန်းပင် နဲ့ ကောသွားတဲ့ ချောင်း


Source Photo from http://www.google.com/images

ပျောက်သွားတဲ့ နွယ်တန်းပင် နဲ့

ကောသွားတဲ့ ချောင်း

February 24, 2015
Tuesday

By မင်းစိုးစံ

သူငယ်ချင်းရေ ဟိုတလောတုန်းက ဗမာစစ်သားကို ငါတို့ကရင်တွေက ခွေးရူး လို့ခေါ်တဲ့အကြောင်းငါရေးပြ
တာနဲ့ပတ်သက်ပြီး လူတယောက်ကပြောတယ်၊ ကရင်တွေကို ဗမာစစ်သားတွေက ငပွေး လို့ခေါ်တာကို ခင်
ဗျားသိလားတဲ့။
မသိပါဘူးဗျာ လို့ပြောတော့ ခင်ဗျားတို့ကရင်စစ်သားတွေမှာ ပွေး တွေပေါက်နေလို့ ငပွေး လို့ခေါ်တာဗျ။
မှတ်ထား တဲ့။
အင်းပေါ့လေ စစ်သားတွေဆိုတာက တကိုယ်ရေသန့်ရှင်းရေးကို ပုံမှန်လုပ်ဘို့အချိန်မှမရှိရှာကြတာ၊ ဗမာစစ်
သားပဲဖြစ်ဖြစ် ကရင်စစ်သားပဲဖြစ်ဖြစ် နေပူကြီးထဲကနေ ချောင်းတွေကိုကူးမယ်၊ မိုးသည်းသည်းထဲမှာလည်း
လျှောက်ရတယ်၊ ရပ်လျင်ရပ်ရတယ်၊ ရေစိုနေတဲ့ အ၀တ်နဲ့ညအိပ်ညနေနေရမယ်၊ ၁၀ရက် ၁၅ရက်လောက်
ရေမချိုးရတာတွေရှိတယ်။
တဘက်ရန်သူရဲ့အခြေအနေပေါ် လှုပ်ရှားသွားလာနေကြရတာဆိုတော့ ပွေးမပေါက်ပဲနေပါ့မလား။
နောက်တန်းမှာနေတဲ့ အရာရှိတွေကျတော့ သန့်သန့်ပြန့်ပြန့်ရှိတာပေါ့။
မင်းလည်းစစ်သားပဲ ရှေ့တန်းမှာ ရေချိုးချင်တိုင်း ချိုးလို့ရလို့လား။
ရေချိုးတဲ့အခါ ဆပ်ပြာတွေဘာတွေသုံးရလို့လား။ အစားသုတ်သုတ်၊ ရေချိုးတဲ့အခါလည်း ဇိမ်လေးနဲ့ချိုးလို့
ဖြစ်တာမှမဟုတ်တာ။
ဗမာစစ်သား ကရင်စစ်သား အနည်းနဲ့အများပွေးပေါက်ကြပါတယ်။ မဆန်းပါဘူး။
ကရင်စစ်သားကို ဘာကြောင့်ငပွေးလို့ခေါ်ရသလဲဆိုတာကို ဗမာစစ်ပြန်တယောက်ပြောပြတာက ပွေး ဆို
တဲ့အကောင်ဟာ အပင်ရဲ့အမြစ်တွေကို ကိုက်ဖြတ်စားသောက်တဲ့ ကျင်း(တွင်း)အောင်းသတ္တ၀ါဖြစ်တယ်။
ကျင်းတွေအများကြီးတူးထားတော့ သူတို့ကို ရှာရဖွေရအင်မတန်ခက်တယ်။
ဒါကြောင့် ကရင်စစ်သားကို ကျုပ်တို့က ငပွေး လို့ခေါ်တာ တဲ့။
မင်းသိချင်မှသိမယ် ဘာကြောင့်လဲဆိုတော့ မင်းမှာပွေးရှိတယ်လေ။

သူကပြောသေးတယ် ဗမာစစ်သားချည်းဆိုးသွမ်းတာမဟုတ်ဘူး၊ ကရင်စစ်သားတွေလည်း စည်းကမ်းမရှိ
ဘူးတဲ့၊ ဟုတ်တယ်ကွ တချို့ကရင်စစ်သားတွေဟာ ပြောလို့ဆိုလို့မရတာတွေရှိတယ်။
ငါတို့ရွာရဲ့ အနောက်ဘက်ကျကျ စမ်းချောင်းလေးခြားနေတဲ့ရွာမှာ ဗမာစစ်ကြောင်းနားနေတဲ့ တညပေါ့ကွာ။
ကရင်စစ်သား ရှစ်ယောက် ရောက်လာတယ်။ သူကြီးကိုမေးလို့ သူကြီးအိမ်ကိုခေါ်သွားတယ်။
အရက်တောင်းသောက်တယ်ကွာ။ အေးပါ တိုက်ပါ့မယ်၊ ဒါပေမယ့် ဆူဆူပူပူတော့ မလုပ်ကြပါနဲ့ ဗမာစစ်
ကြောင်းက စမ်းချောင်းအကျော်က ရွာထဲမှာစခန်းချနေတယ်။ လူအင်အား ၁၀၀လောက်ရှိတယ်။
လို့ပြောတော့ ရပါတယ် အေးဆေးပါ လို့ပြောပြီး သောက်ကြစားကြတော့တာပေါ့။

အေး မူးလည်းမူးလာရော စစ်သားတယောက်က ပျောက်ကျားပစ်မယ် ဆိုပြီး ဒယီးဒယိုင်နဲ့ ထရံဘေးမှာ
ထောင်ထားတဲ့သေနတ်ကို ဆွဲပါလေရော။ မလုပ်ပါနဲ့ လူလေးရယ် ငါတို့တရွာလုံး ပြာကျသွားလိမ့်မယ်။
ပြီးတော့ သူတို့အင်အားက သေးတာမဟုတ်ဘူး။ မင်းတို့ကပစ်ပြီးပြေးလို့ လွတ်ရင်အကြောင်းမဟုတ်ဘူး။
မိသွားရင် တနယ်လုံးဒုက္ခရောက်ကုန်မှာ၊ မပစ်ပါနဲ့ လို့ ဘယ်လိုပဲတောင်းပန်တောင်းပန် မရဘူး။
ကျုပ်တို့ရဲဘော်တွေဆိုတာ ပြည်သူကကျွေးတဲ့ထမင်းကိုစားတဲ့အတွက် ပြည်သူကိုဒုက္ခပေးတဲ့ ရန်သူကို
တိုက်ရမယ့်တာဝန်ရှိတယ် လို့ပြောပြောဆိုဆို အိမ်အောက်ဆင်းပြီး သေနတ်ကိုမောင်းတင်လိုက်တဲ့အချိန်
မှာ သူ့ဆရာက ၀င်ဆွဲလိုက်ပေမယ့် သေနတ်ပေါက်ထွက်သွားတယ်။ ဒါပေမယ့် တချက်ထဲ။
အဲဒီတော့ ရွာသူရွာသားတွေ အထုပ်အပိုးပြင်ကြတော့တာပေါ့၊ အင်္ဂလိပ်ခေတ်တုန်းက ကျောင်းသားခေါင်း
ဆောင်ဗိုလ်အောင်ကျော် ပညာရေးကိစ္စအရေးဆိုတုန်းက မြင်းခွါသံတချက်ပေါက်လျင် မီးဟုန်းဟုန်းတောက်
စေရမယ် ဆိုပြီး အင်္ဂလိပ်အစိုးရကို စိမ်ခေါ်သလို ငါတို့ရွာကိုလည်း သေနတ်သံတချက်ပေါက်လျင် မီးဟုန်း
ဟုန်းတောက်စေရမယ် ဆိုတဲ့အမိန့်ကို ဗမာစစ်တပ်က ထုတ်ထားတာလေ။
ကံကောင်းချင်တော့ အဲဒီအချိန်မှာ ဗမာစစ်ကြောင်းက ကျုံဒိုးဘက်ကို ဆင်းသွားတာ နာရီဝက်လောက်ရှိ
သွားပြီတဲ့။
နောက်နေ့ မနက်မိုးလင်းမှသိရတာ။

အဲဒီညတုန်းက သူကြီးနဲ့စစ်သားစကားများကြပါရောလား မင်းရဲဘော်ကို မင်းမထိန်းနိုင်ဘူး၊ မင်းမှာတာဝန်ရှိ
တယ်၊ ဆရာဖြစ်တဲ့လူကလည်း ဒီမှာသူကြီး စကားပြောတာဆင်ဆင်ခြင်ခြင်ပြောပါ ကျနော်မမူးသေးဘူး သူ
ကြီး မူးနေပြီ ကျနော့်ရဲဘော်ကို ကျနော်တာဝန်ယူပါတယ်။ နောက်ဆိုလျင် သူကြီးသာ ရဲဘော်တွေမမူးခင်မှာ
မူးအောင်မသောက်ဖြစ်ဘို့ ဆင်ခြင်ပါ ဆိုပြီး သူတို့ထွက်သွားကြတယ်။

ငါတို့ရွာက သူကြီးလည်း မြို့ပေါ်က ဗမာစစ်အစိုးရခန့်ထားတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လူကြီးတွေလိုပါပဲ။
အဲဒီလို ကရင်စစ်သားတွေ သောက်စားပြီးပြန်သွားကြပြီဆိုလျင် ရွာသားတွေပိုက်ဆံထည့်ကြရတယ်။
အရက်က ဘယ်နှပုလင်း၊ ကြက်က ဘယ်နှကောင်၊ ပဲကြီးလှော်က ဘယ်လောက်၊ ကြက်သွန်နီ၊ ဆီ အဲဒါ
တွေစာရင်းလုပ်ပြီး အိမ်တအိမ်ကို ဘယ်လောက်ဆိုပြီးကောက်ကြတာ။
စစ်သားတွေကတော့ သူကြီးကောင်းမှုလို့ပဲမှတ်ပေမပေါ့။ အရက်ရောင်းတဲ့လူကို မေးကြည့်လျင် သူတို့တင်
တဲ့စာရင်းနဲ့ ရောင်းလိုက်တဲ့ပုလင်း ကွာနေသလို တခြားစာရင်းတွေလည်း ကွာနေတာတွေ့ရတယ်။
အဲဒါ သူတို့ကိုပြောလျင် မင်းတို့ ငါ့နေရာမှာလုပ်မလား ဆိုပြီးပြောပြန်တော့ လုပ်ချင်တဲ့လူမရှိပြန်ဘူး။
ကရင်တွေရဲ့သဘာဝကိုက နားအေးပါးအေးနေချင်လို့ အကြီးအကဲမလုပ်ချင်တာလား၊ အားနာတတ်တာပဲ
လားတော့ ငါလည်းမပြောတတ်ဘူး။
အာဏာရှင်စနစ်ရဲ့အခြေခံဟာ အဲဒီကစတာပဲလို့ နိုင်ငံရေးပညာရှင်တွေပြောကြတာဖြစ်မယ်။

အဲဒါတွေက ဟိုးတချိန်တုန်းက တကယ့်အဖြစ်အပျက်တွေပါ။
အခုအချိန်မှာတော့ ဗမာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ ငြိမ်းချမ်းရေးကိစ္စတွေ လုပ်နေကြပြီဆိုတော့
အဲဒါမျိုးတွေမရှိနိုင်တော့ဘူးလို့ထင်တာပဲ၊ ဘာကြောင့်လဲဆို ငါတို့ရွာနဲ့ ငါတို့ရွာရဲ့အနောက်ဘက်ကရွာကို
ခြားထားတဲ့စမ်းချောင်း ပျောက်သွားပြီလို့ ရွာကသူငယ်ချင်းတွေပြောကြလို့ပါ။
စမ်းချောင်းဆိုပေမယ့် ငါတို့တတွေနွားကျောင်းရင် အဲဒီချောင်းထဲမှာ ရေကူးကြပြီး နွယ်တန်းသီးမှည့်တွေ စား
ကြသလို၊ နွယ်တန်းတွေပေါ်ကနေ ဒါန်းစီးပြီးချောင်းထဲခုန်ချကြတာ ပြန်သတိရတယ်သူငယ်ချင်း။
အခု အဲဒီစမ်းချောင်းနဲ့အတူ၊ နွယ်တန်းပင်တွေလည်းမရှိတော့ဘူးဆိုတော့ လွမ်းစရာကောင်းလိုက်တာကွာ။

ဖေဖေါ်ဝါရီ ၁၈ရက်နေ့ ဘားအံမြို့ရွှေမင်းတမာန်ကုမ္ပဏီဖွင့်ပွဲမှာ ဖေဖော်ဝါရီ ၁၂ရက်နေ့က အစိုးရနဲ့ လက်
မှတ်ထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေး
ဖိုး က
“ကျနော်တို့ဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ စိုးရိမ်ကြောင့်ကြနေတဲ့ ပြည်သူလူထုတွေကို ကတိပေး
လိုက်တဲ့ ကတိကဝတ်ရေးသားခြင်းပဲ ဖြစ်ပါတယ်။
အောင်မြင်သွားတဲ့အထိ တိုင်းပြည်ရဲ့ ပြည်သူတွေကို ကတိပေးတာဖြစ်ပါတယ်။ 
တွေ့ဆုံဆွေးနွေးရေးပျက်သွားတယ်ဆိုရင် တချိန်တုန်းကလို သွေးထွက်သံယို စစ်မြေပြင်မှာ ပြန်ပြီး ဖြစ်ပေါ်
လာနိုင်မှာကို စိုးရိမ်တဲ့အပိုင်းမှာရှိတယ်
လို့ ပြောသွားသလို ကရင်ပြည်နယ်လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးစော ကြည်လင်းကလည်း
“ကေအဲန်ယူဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လုပ်သွားမယ်ဆိုတဲ့ ကတိကဝတ်လက်မှတ်ထိုး
တာပါ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတာကတော့ လက်ရှိ ပဋိပက္ခတွေဖြစ်နေတဲ့အပေါ်
မှာ နည်းနည်းကြာဦးမယ်ထင်တယ်”လို့ ဆိုထားပြန်တယ်။

ဒါပေမယ့်တွေ့ဆုံမေးမြန်းခန်းတခုမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်ဖွဲ့(ကေအဲန်အယ်လ်အေ) စစ်
ဦးစီးမှူး ပထမတန်း(G-1) ဒုဗိုလ်မှူးကြီးစောလှငွေ ပြောတာက 
၂၀၁၁ ခုနှစ်ထဲက ကေအဲန်ယူထဲမှာလည်း နှစ်ပိုင်းရှိတယ်။
သေချာပြင်ဆင်ပြီး အထက်အောက် လူထုဆန္ဒကိုယူပြီးတော့ သေချာစဉ်းစားသုံးသပ်ပြီးတော့မှ အကျိုးရှိ
မယ့်အနေအထားတွေအပေါ်မှာ လက်မှတ်ထိုးမယ့်သူ ရှိတယ်။
ဒါမှမဟုတ် လက်မှတ်ထိုးလိုက်မှသာလျှင်လည်း ငါတို့က အလုပ်လုပ်တတ်မယ်ဆိုပြီး လက်မှတ်ကို အရင်
ထိုး၊ နောက်မှ အလုပ်လုပ်မယ်ဆိုတဲ့ အုပ်စုတစ်စု ရှိတာပေါ့။
အဲဒီမှာကြည့်လိုက်ရင် လက်မှတ်ထိုးဖို့အတွက်ကို အားသန်တဲ့လူတွေကနေပြီးတော့ တစ်ဖက်ဆွဲပြီးတော့
လုပ်သွားတဲ့အပေါ်မှာ ဟိုတုန်းက လုပ်သလိုပဲ ဆက်လုပ်တယ် ဆိုတဲ့သဘောပဲ။
ဗိုလ်ချုပ်အောင်ဆန်းပြောသလိုပဲ အခုလုပ်နေတာတွေက စားဖားများ ညီညွတ်ရေးဖြစ်နေတယ်။
ဆိုပြီးပြောသွားတာကို February 15, 2015 နေ့စွဲနဲ့ KIC သတင်းထဲမှာဘတ်ရတယ်။

ငါတို့ KNU ဥက္ကဌမူတူးစေးဖိုးပြောသလို တွေ့ဆုံဆွေးနွေးရေးပျက်သွားတယ်ဆိုရင် တချိန်တုန်းကလို သွေး
ထွက်သံယို စစ်မြေပြင်မှာ ပြန်ပြီး ဖြစ်ပေါ်လာနိုင်မှာကို စိုးရိမ်တဲ့အပိုင်းမှာရှိတယ် ဆိုတော့ လက်မှတ်ထိုး
လိုက်လျင် စစ်တိုက်စရာမလိုတော့ဘူး၊ သွေးထွက်သံယိုမှုတွေမရှိနိုင်တော့ဘူးလို့ ဆိုလိုချင်တာများလားမ
သိဘူး။ အဲဒီလို ယူဆနေလျင်တော့ မှားမယ်ထင်တယ်။
ဘာကြောင့်လဲဆိုတော့ ဆောင်းပါးရှင် ဂါမဏိ ဆိုသူက ဘယ်လိုရေးထားသလဲဆိုတော့ 
သိန်းစိန်ဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို သဘောတူတယ်၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲ
ရေးကို လိုချင်တယ်လို့ လူကြားကောင်းအောင်အာချောင်ထားပြီးသားဖြစ်လို့ ပြည်ထောင်စုနေ့မှာ စာရွက်တ
ခုခု မဖြစ်မနေလက်မှတ်ထိုးဖို့လိုလာတော့ ဟိုမရောက်ဒီမရောက်ကတိပြုချက်ဆိုတာကို ကရင်တသိုက်၊ရှမ်း
တခြမ်းနဲ့ဘဲ ထိုးလိုက်ရတယ်။
မင်းအောင်လှိုင်တောင် လက်မှတ်ဝင်မထိုးခဲ့ဘူး။

ငါက မှားမယ်လို့ထင်ရတာက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် လက်မှတ်မထိုးတာက
အချက်တချက်ပေါ့လေ၊ နောက်တချက်က ၀န်ကြီးဦးအောင်မင်း အနေအထားကိုကြည့်လိုက်တဲ့အခါ သူက
တမျိုးပြော စစ်တပ်ကတမျိုးပြော ဆိုတာဖြစ်နေတယ်။ အထူးသဖြင့် ကိုးကန့်တိုက်ပွဲမှာ သူက တရုတ်မပါဘူး
လို့ ပြောပေသော်လည်းပဲ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက
တရုတ်ကြေး စားတပ်တွေပါတယ်ဆိုပြီး ပြောတယ်မဟုတ်လား။
လက်ပံတောင်းတောင် အရေးအခင်းတုန်းက သံဃာတော်တွေကို အထက်ကိုတင်ပြပေးပါ့မယ်၊ ဘာညာ
ဘာညာကတိတွေပေးပြီး မကြာဘူး မီးလောင်ဗုံးနဲ့ပစ်ထည့်လိုက်တာပဲလေ။
အဲဒီတော့ ဘယ်လိုစာချုပ်မျိုးပဲချုပ်ချုပ် စစ်ဘက်ကမပါလျင် မလွယ်ဘူးထင်တာပဲဟေ့။
အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်ပြီး အသံတချို့ကို မင်းနားထောင်ကြည့်။
ပြီးတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ မင်းရဲ့ခန့်မှန်းချက်ကို ပြန်ပြောပြကွာ။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဂါမဏိ။ http://gita.cc/archives/42380
http://kicnews.org/2015/02/



 

Friday, February 20, 2015

မတူရင် မတုနဲ့

Source photo from
http://moemaka.blogspot.com/2015/02/blog-post_106.html

မတူရင် မတုနဲ့

February 20, 2015

သူငယ်ချင်း။
MNDAA (မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်) နဲ့ ဗမာစစ်တပ်တိုက်ပွဲသတင်း မင်းကြား
ပြီးရောပေါ့။
ဗမာစစ်တပ်က အရပ်သားတွေကိုပစ်သတ်တာ မဟုတ်ရပါဘူးဆိုတာတွေလည်း မင်းသိပြီးသားဖြစ်မှာပါ။
မြို့ကြီးပြကြီးမှာနေပြီး နယ်စပ်ဒေသတွေနဲ့ ကင်းကွာနေတဲ့လူတွေကတော့ ယုံချင်လျင်ယုံကြပေမပေါ့။
တချို့ကျပြန်တော့ စစ်ပွဲတွေရဲ့သဘောသဘာဝအရ အရပ်သားတွေသေကြေပျက်စီးရတာမျိုးဟာ မြေဇာပင်
ဘ၀ပါ ဘာညာပေါ့လေ၊ အဲဒီလိုလေးပေါ့ပေါ့တန်တန်တွေးကြရင်း နှစ်ဘက်စလုံးကတပ်တွေဆင်ခြင်ကြပါ
ဆိုတဲ့ စကားလုံးကိုလွယ်လွယ်ကလေးပြောလိုက်ကြတာမျိုးတွေလည်း ဘတ်ရလိမ့်မယ်လို့ ငါထင်ပါတယ်။
အခုဆို ဗမာ့တပ်မတော်က နယ်မြေလုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်ဆိုတာ သ
တင်းထဲမှာ မင်းဘတ်ရတယ်မဟုတ်လား။
အဲဒီလိုနယ်မြေရှင်းလင်းရေးလုပ်တဲ့အခါ ဗမာစစ်တပ်ကို ငါတို့ကရင်တွေက ခွေးရူး လို့နာမည်ပေးထားကြ
တာဆိုတော့ ခွေးရူး တွေရဲ့သဘာဝအတိုင်း မြင်တဲ့အရာတိုင်းကို ကိုက်ကြမှာသေချာတယ်။
ဆိုတော့ အရပ်သားလား၊ ဘာလား၊ မိန်းမလား၊ ကလေးလား၊ ဘိန်းစားလား၊ အရူးလား ဗမာစကားတတ်
တတ် မတတ်တတ် အားလုံးကို အမှိုက်ရှင်းသလို လုပ်ပစ်တတ်ကြတာမျိုးတွေ ငါတို့နယ်မြေမှာ ကိုယ်တွေ့
ခံစားလာကြရလို့ ပြောနေတာ။

ဗမာစစ်တပ်ကို KNU ကပစ်လို့ သေနတ်တွေရေထဲကျတော့ အဲဒါ ငါတို့ရွာကလူတွေ ၀ိုင်းလျော်ပေးလိုက်ရ
တယ်။ အဲဒီအချိန်က မိုးတွင်းကြီး၊ ဗမာစစ်တပ်က မှောင်ခိုအထုပ်တွေလိုက်ဘမ်းတော့ KNU က ချောင်း
ဘေးကနေပစ်တာ။
ချောင်းထဲကလူနဲ့ ကုန်းပေါ်ကလူ ဘယ်သူအထိနာမလဲဆိုတာ မင်းအသိ။
အဲဒီတော့ သူတို့လူသေတယ်။ သေနတ်တွေ ပျောက်တယ်။
သေနတ်မှန်ပြီး သေတာက နည်းနည်း၊ ကြောက်အားလန့်အားနဲ့ လှေပေါ်ကနေခုန်ချ လို့ ရေနစ်သေတာက
များများ။

အဲဒီတော့ မောင်မင်းကြီးသားတွေ ဒေါကန်ပြီး ဆိုင်တန်းထဲက တွေ့သမျှပစ္စည်းတွေ စားသောက်စရာတွေကို
ယူငင်စားသောက်တဲ့အပြင် မီးတင်ရှို့ပစ်လိုက်ရုံမက အနီးအနားရွာတွေက ကြက် ဘဲ ၀က် အကုန်ပစ်ခတ်
စားသောက်ကြတဲ့အပြင် ရေထဲမြုပ်သွားတဲ့သေနတ်တွေကို ပြန်ငုတ်ခိုင်းလို့ငါတို့တတွေ နေ့စားခပေးပြီး ရေ
ငုတ်သမားတွေကို ငှားကြရတယ်မဟုတ်လား။
သေနတ်တွေကို ရေစီးသန်တဲ့ချောင်းထဲကနေ တချို့ပဲပြန်ရတယ်။ ကျန်တာတွေကိုရွာလုံးကျွတ် ပြန်လျော်ကြ
ရတာ။
ရေငုတ်သမားတွေအတွက် နေ့စားခလည်းပေးရ၊ သေနတ်ဘိုးလည်းလျော်ရ ဆိုင်တန်းလည်းဆုံး ကြက် ၀က် ဘဲတွေလည်းကုန်။
သေနတ်ငုတ်တဲ့လူတွေထဲက လူတယောက်ကို ဒီလူသေနတ်တွေ့ရဲ့သားနဲ့ ၀ှက်ထားတယ်ဆိုပြီး ထုရိုက်
လိုက်ကြတာ မသေရုံတဲတဲလေးပဲ။
သူတို့ထုရိုက်လို့ သေလုမျောပါးလူကို ရွာကတိုင်းရင်းဆေးဆရာနဲ့ ကုတာဆိုတော့ ဆေးဘိုးဝါးခမကုန်ဘူး။
ဒါပေမယ့် သူပုန်ကိုဆေးကုပေးရကောင်းလားဆိုပြီး ဆေးဆရာကို ရိုက်ပစ်လိုက်တာ သွားတွေကျွတ်ကုန်ပါ
ရောလား။
ဗမာစစ်တပ်ကို ငါတို့ကရင်တွေက ဘာ့ကြောင့် ခွေးရူး လို့ ခေါ်ရသလဲ ဆိုတာကို ရှင်းပြတာပါ။

စစ်ရေးသုံးသပ်သူတွေကတော့ ဗမာ့တပ်မတော်ဘက်က အထိအခိုက်အကျအဆုံးများရတဲ့အကြောင်းရင်း က လူထုထောက်ခံမှု မရလို့။ တိုက်ရည်ခိုက်ရည်ညံ့လို့။
အမျိုးသမီးတယောက်ကဆိုလျင် စစ်အသုံးစားရိတ်တွေ ဒီလောက်အများကြီး သုံးထားပါရဲ့နဲ့ ခုလိုအရေးနိမ့်
ရတဲ့အတွက် အားမလိုအားမရဖြစ်နေတာတွေလည်း ဘတ်ရတယ်။
အဲဒါတွေကတော့ တကယ့်လက်တွေ့ပဲ။ မင်းစဉ်းစားကြည့် ဗမာစစ်တပ်ရွာထဲဝင်လာပြီဟေ့ဆိုလျင် တခါ
တည်းကိုကွာ ဓါးပြတွေထက်တောင်ဆိုးကြတာ။ ဆိုတော့ ဘယ်ပြည်သူကထောက်ခံချင်မှာလဲ။
စစ်ရေးမှာ ဘာကြောင့်တိုက်ရည်ခိုက်ရည်ညံ့ရတယ် ဆိုတာကိုလည်း မင်းတွက်လို့ရပါတယ်။
လူထုကို အနိုင်ကျင့်လို့တတ်ပြီဆိုလျင်ပဲ ဗမာစစ်တပ်မှာ ဗိုလ်လုပ်လို့ရပြီလေ။ ဗမာစစ်တပ်ထဲမှာ အရာရှိ
တွေကများနေပြီး စစ်သားတွေကနည်းနေတယ်ဆိုပါလား။
လူအင်အား ၁၀၀မှာ ၉၉ယောက်က ဗိုလ်၊ ကျန်တဲ့တယောက်က ထမင်းချက်၊ ဒါပေမယ့် တပ်ကြပ် ဆိုတဲ့
ဟာသလို ဖြစ်နေပြီမှတ်တယ်။

ဒါကြောင့်မို့ လောက်ကိုင်ဒေသတိုက်ပွဲမှာ စစ်တပ်ဘက်ကူညီအားဖြည့်ဘို့ရည်ရွယ်ပြီး တိုက်ခိုက်ရေးတပ်
ရင်း တပ်ခွဲတွေ ဖွဲ့စည်းလိုက်တယ်လို့ ပုသိမ်မြို့နယ် စစ်မှုထမ်းဟောင်းများအဖွဲ့က ပြောပြီး ဖေဖေါ်ဝါရီလ ၁၃
ရက်နေ့မှာ အဲဒီ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ဗဟိုစည်းရုံးရေးကော်မတီက အမှတ်စဉ်၁/၂၀၁၅ နဲ့ စစ်မှုထမ်းဟာင်းဗဟိုစည်းရုံးရေးကော်မတီနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအားလုံးအနေဖြင့် တရားသော
စစ်ကိုဆင်နွဲနေသော တပ်မတော်သားများ၏ စွမ်းဆောင်ချက်များအား ထောက်ခံပါကြောင်းနှင့် တပ်မတော်
နှင့်အတူ ပါဝင်ဆင်နွဲတိုက်ပွဲဝင်သွားရန် အသင့်ရှိနေပါကြောင်း
ဆိုတဲ့ ကြေငြာချက်တစ်ခုထုတ်တဲ့အထိ ဖြစ်သွားတာက စစ်တပ်ကို အားမရဘူးဆိုတာထင်ရှားနေတာပေါ့။

စစ်အသုံးစားရိတ်ကို အဆမတန်သုံးရတဲ့အထဲမှာ ဗမာစစ်တပ်က တိုင်းရင်းသူတွေကို ဗလက္ကာယလုပ်လို့ မထိန်းနိုင်မသိမ်းနိုင်တဲ့ အမှုတွေဘာတွေလူသိရှင်ကြား ဖြစ်လာပြီဆိုလျင် ငွေရေးကြေးရေးနဲ့ ဖြေရှင်းဘို့အ
တွက် ထားထားရတဲ့ငွေက ခပ်များများလို့ငါထင်တယ်။
မင်းလည်းသိပါတယ် ကချင်ဆရာမလေးနှစ်ယောက်ကိစ္စမှာ ငွေလာပေးတာကိုပဲမင်းကြည့်လိုက်။
ဗမာတပ်က အဲဒီအမှုကို တကယ်မကျူးလွန်ပါဘူးဆိုလျင် ငွေပေးစရာဘာအကြောင်းမှမရှိဘူး။

Source photo from http://www.facebook.com

စစ်ဖြစ်ပြီဆိုလျင် လူတွေဟာစစ်ဖြစ်နေတဲ့နေရာနဲ့ဝေးရာကို ပြေးနိုင်တဲ့သူဆိုတာ အရမ်းနည်းပါတယ်။
စစ်ပွဲတွေကြားထဲကနေ မပြေးဘူးတဲ့လူတွေကတော့ မသိကြဘူးပေါ့ကွာ။
တိုက်ပွဲဖြစ်တော့မယ်ဆိုတာ ကြိုတင်သိတဲ့လူ(အရပ်သား)ဆိုတာ မရှိသလောက်ပါပဲ။
ဖြစ်ပြီဆိုလျင်လည်း ကျည်ကွယ်ရာလေးမှာ ခဏခိုမယ်၊ သိပ်ဆိုးလာပြီဆိုလျင် နည်းနည်းလေးပိုလှမ်းတဲ့နေ
ရာကို ရွှေ့မယ်။ အခြေအနေနည်းနည်းလေး ငြိမ်နေတယ်ဆိုမှ စားစရာသောက်စရာ အိုး ခွက်ပန်းကန်လေး
တွေ နိုင်သလောက်သယ်ပြီး နီးရာလယ်ကွက်တွေ တောစပ်တွေကြားမှာပုန်းနေကြတာ။
တိုက်ပွဲဖြစ်တော့မယ်ဆိုတာကို ကြိုတင်သိလျင်တောင် တထမ်းတပိုးစားစရာတွေထမ်းပိုးရင်း ခိုင်းနွားလေး
တွေကိုဆွဲပြီး သယ်ကြ ပိုးကြ ရှောင်ကြရှားကြပေမယ့် ဝေးဝေးလံလံကို သွားကြတာမဟုတ်ဘူး။
ရွာထဲကိုလှမ်းမြင်နေရတဲ့နေရာအထိလောက်ဆိုလျင်ပဲ သူတို့အတွက်က တော်တော်လေးကို ဝေးနေကြတဲ့
အဖြစ်မျိုး။ ကိုယ့်အိမ်ကိုယ့်ရာကို ခင်တွယ်တတ်ကြတာ လူတွေရဲ့ သဘာဝပဲမဟုတ်လား။
အဲဒါက ဒီမြေမှာမွေး ဒီမြေမှာလူဖြစ်လာတဲ့ တကယ့်မရှိဆင်းရဲသား တောသူတောင်သားတွေ။
ငါနေတဲ့တဲလေး မီးအရှို့ခံလိုက်ရတော့မလား၊ ငါ့ဝက်ကလေး သတ်စားသွားပြီလား၊ ငါ့ဘဲ ဘယ်နှကောင်
ကျန်လေမလဲဆိုပြီး ရင်တမမနဲ့စောင့်ကြည့်နေကြရင်း ရွာထဲကနေ မီးခိုးလုံးကြီးတွေလိမ့်တက်လာ ပြီဆိုလျင်
တော့ အဲဒါငိုကြပြီ။
အသံထွက်ပြီး ငိုတဲ့လူက ငို၊ အင့်ကနဲအင့်ကနဲ ရှိုက်ငိုငိုတဲ့လူက ငို၊ တယောက် မျက်နှာတယောက်ကြည့်ပြီး
ငိုတဲ့လူက ငို၊ အံကြိတ်ငိုတဲ့လူက ငို၊ ဘယ်လောက်ကြေကွဲစရာကောင်းလိုက်လဲ။
ငါအခုပြောပြနေတာတွေက မြို့မကျ တောမကတဲ့ နေရာမျိုး။
တိတိကျကျပြောရမယ်ဆိုလျင် ဒေါနတောင်တန်းရဲ့ အနောက်ဘက် ခြမ်းကဒေသတွေပေါ့။

ဒေါနတောင်တန်းရဲ့ အရှေ့ဘက်ခြမ်းမှာဆိုလျင် နောက်ကျတဲ့ခြေထောက် သစ္စာဖေါက် လို့သတ်မှတ်ပြီးပြေး
ကြရတာ။ အဲဒီနေရာမျိုးကျတော့ အိုးခွက်ပန်းကန်တွေများများစားမသယ်နိုင်ဘူးလေ။ များများစားစားလည်း မရှိရှာကြပါဘူး။
ဒီတော့ အိုးကြီးကြီးတလုံးထဲမှာ ထမင်းချက်၊ တောင်ယာထဲက ငရုပ်သီးကိုခူး၊ ဆုံတခုထဲမှာ ဆားနဲ့ထောင်း၊
လူရှစ်ယောက် ဆယ်ယောက်လောက် ရရာဖက်တွေပေါ်မှာ ဖြစ်သလိုစားကြရတာ။ ပြီးလျင် တောထဲကနေ သေနတ်သံကိုနားထောင်ရင်း အသံတိတ် ဆုတောင်းတဲ့လူက ဆုတောင်း။
ရွာထဲကိုမှန်းပြီး ကြည့်တဲ့လူကကြည့်။
ကလေးလေးတွေဆို မျက်လုံးလေးကလယ်ကလယ်နဲ့ ဘာတွေဖြစ်နေတာပါလိမ့်ဆိုတဲ့ မျက်နှာလေးတွေနဲ့
ထိတ်လန့်စိုးရွံ့နေတဲ့ အမူအရာတွေကို မြင်ရတော့ ရင်ထဲမှာတမျိုးကြီးကွာ။

တချို့မသန်မစွမ်းဖြစ်နေလို့ မပြေးနိုင်တဲ့လူတွေ သေနတ်မှန်ပြီးသေနေတာများ မြင်ရက်စရာတောင်မရှိဘူး။
မျက်မမြင်အဘွားအိုတယောက်ဆိုလျင် တောင်ဝှေးကိုအားပြုရတဲ့အပြင် အသက်အရွယ်ကလည်း ရလာပြီ
ဆိုတော့ ပြေးတဲ့အခါ လူငယ်တွေလို မပြေးနိုင်တဲ့အတွက် ကန်သင်းရိုးနဲ့တိုက်မိလိုတိုက်မိ၊ ကောက်ရိုးငုတ်
တွေစူးလိုစူးနဲ့ ခြေသလုံးတွေမှာ ပေါက်ပြဲပြီးသွေးတွေစီးကျနေလို့ တကိုယ်လုံးတုန်နေတာမျိုးတွေ။ ဆိုတော့ ဗမာစစ်တပ်ကို မနာကျည်းပဲနေမလား။
လောက်ကိုင်ဘက်မှာ အရပ်သားတွေအသတ်ခံရတယ်ဆိုတဲ့ သတင်းကမဟုတ်ပဲနေမလားကွ။
စစ်တပ်အထိနာတယ်။ ဒီတော့ နယ်မြေရှင်းလင်းရေးဆိုတာကို အကြောင်းပြပြီး အရပ်သားလား ရန်သူလား
မခွဲတော့ပဲ မြင်ရာတွေ့ရာကို အားလုံးသေနတ်တွေနဲ့ ပိတ်ပစ်ထည့်မှာအမှန်ပဲ။

သာဓကအနေနဲ့ ဗမာစစ်တပ်အရာရှိတယောက်ပြောတဲ့စကား မင်းကိုငါရေးပြမယ်။ 
‘‘ကျွန်တော်တို့ကို အိမ်တွေထဲက ချောင်းပစ်တယ်။
ဟိုဘက်နဲ့တိုက်ပွဲတွေဖြစ်တော့လည်း အရပ်ဝတ်တွေပါနေတယ်။
ဒီလောက်စစ်ဖြစ်နေတဲ့နေရာမှာ အိမ်တွေထဲမှာ အခုချိန်ထိဆို သာမန်ရိုးရိုးပြည်သူ ဘယ်သူမှမနေတော့
ဘူး။ ရပ်ကွက်ထဲက အိမ်တွေကနေ ပစ်နေတော့ ဝင်ရှင်းရမှာပဲ။ အဲဒီလိုနေရာမှာ ယူနီဖောင်းဖြစ်ဖြစ်၊ အရပ်
ဝတ် ဖြစ်ဖြစ် တွေ့ရင်ပစ်ရမှာပဲ’’
“သူတို့ ချုံခိုတိုက်ခိုက်နိုင်တဲ့ ကြံတောတွေကို မီးနဲ့ရှို့ပြီး ရှင်းလင်းနေတယ်။”
ဆိုတော့ အရပ်သားတွေ မသေပဲနေမလား။
စားဝတ်နေရေးအတွက် ကြံခုတ်တဲ့လူတချို့ ကြံတောထဲမှာပုန်းနေကြရတာလေကွာ။
ပြီးတော့ တချို့ဆိုလျင် ငွေရေးကြေးရေးအခက်အခဲကြောင့် ဆက်မနေလျင်မဖြစ်တဲ့အခြေအနေမျိုး ရှိကောင်း
ရှိနိုင်သလို တချို့များကျတော့ခေတ်ပျက်သူဌေးဖြစ်ချင်တာမျိုးလည်း ရှိမှာပေါ့လေ။ တချို့ကျပြန်တော့ ၁ရက်၊ ၂ ရက်လောက်ကြာလျင် အေးသွားမှာပါလေ ဆိုတဲ့အထင်မျိုးနဲ့ ကိုယ့်ရပ်ကွက်မှာနေနေကြတဲ့လူတွေရှိနိုင်တာ
ပေါ့။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အဲဒီအရာရှိပြောလိုက်တဲ့စကားလုံးတွေဟာ ဘယ်လောက်အထိ
ကြောက်ဘို့ကောင်းသလဲဆိုတာ မင်းခန့်မှန်းနိုင်မှာပါ။

တခြားတဘက်ကလည်း သတင်းကိုအမှောင်ချဘို့လိုနေပြန်တာမို့ သတင်းသမားတွေကို ဖေဖော်ဝါရီ ၁၈
ရက်နေ့ ရက်စွဲနဲ့ စစ်အုပ်ချုပ်ရေးအမိန့်အမှတ်(၁/၂ဝ၁၅)ထဲမှာ စစ်ခုံရုံးနဲ့စစ်ဆေးမယ့်ပြစ်မှုတွေဟာ သတင်း
မီဒီယာဥပဒေအရအနည်းဆုံးထောင်ဒါဏ်သုံးနှစ်ကနေ သေဒါဏ်အထိအပြစ်ပေးမယ်ဆိုတဲ့ ကျေငြာချက်ထုတ်
လိုက်တဲ့အခါကျတော့ ပိုပြီးရှင်းမသွားဘူးလား။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ စစ်ဆင်ရေးကာလမှာ လှေ၊ လွှ၊ လှည်း၊ လှံ ဆိုတဲ့ဗမာစကားကိုခေါ်ခိုင်း
လို့ မပီလျင် အသတ်ခံခဲ့ရတဲ့ကရင်တွေနည်းမှမနည်းတာ၊ အဲဒီရဲ့အကျိုးဆက်က အခုမြစ်ဝကျွန်းပေါ်က က
ရင်အတော်များများ ကရင်စကားမပြောနိုင်တော့တာ၊ မပြောတတ်တော့တာ မင်းအသိပဲ။

တချို့ကရင်တွေက လာလိုက်သေးတယ်၊ ဗမာကိုတိုက်လျင် ဗမာစကားကိုပီပီသသပြောနိုင်ရမယ်၊ ဗမာလို
ကောင်းကောင်းနားလည်ရမယ်တဲ့။ လက်ခံပါတယ်။ ဗမာစကားမတတ်လို့ အချောင်သက်သက် အရိုက်ခံရ
တဲ့ ဘုမသိဘမသိကရင်တွေ ငါတို့နယ်ဘက်မှာအများကြီး။
ဗမာစကားပဲပြောနိုင်ပြီး ကရင်လိုမပြောတတ်တာမျိုးကျတော့ အဲဒါ က, ချင်ရဲ့လက်ကျိုး ဖြစ်မနေဘူးလား။
ဒီကိုရောက်လာတဲ့ကရင်တွေလည်း ကရင်လိုမပြောကြဘူး၊ ဘိုလိုပဲပြောနေကြတယ်။
အချို့ကရင်တွေဆို အစားအစာကအစ ဘိုစာကိုအထင်ကြီးကြတာ။
ကဲမင်းအနေနဲ့ ဘိုလိုပဲပြောမယ် ကရင်လိုမတတ်ဘူးဆိုပါစို့၊ မင်းသိတဲ့ နားလည်ထားတဲ့ ပညာဗဟုသုတ
တွေကို ကိုယ့်ကရင်အမျိုးသားတွေနားလည်အောင် ဘယ်လိုလုပ်မလဲ။
အဲဒါ အရေးကြီးတယ်။
ဘိုစကားလည်းတတ်အောင်လုပ် ကရင်စကားလည်းမမေ့နဲ့။
ဘိုစာတတ်အောင်သင်တယ်ဆိုတာ ဘိုတွေလိုလိုက်လုပ်ဘို့ ဘိုတွေနဲ့တူအောင်လုပ်ဘို့မဟုတ်ဘူး။ သူတို့အကြောင်းကိုသိထားဘို့ပဲ လိုတာ။
အဲဒါကိုနားမလည်ပဲ ဘိုတွေနဲ့တူအောင်လိုက်တုနေတာမျိုးကိုတော့ ဆက်မလုပ်ကြပါနဲ့လို့ ပြောချင်တယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောက်မှ သတင်းများကို ဘတ်ပြီးရေးပါသည်။

http://www.myitmakhamediagroup.com/news/public-news/2513-2015-02-16-11-29-03

http://7daydaily.com/story/31900#.VORM9S6C_Dc:

Saturday, February 14, 2015

ဘောလုံးနောက်ကို လိုက်မပြေးဘူး ဘောလုံးကို ကစားကြမယ်

Source photo from http://www.google.com/images

ဘောလုံးနောက်ကို လိုက်မပြေးဘူး

ဘောလုံးကို ကစားကြမယ်

2/14/2015 

Posted by Admin
U Ravika

တိုင်းရင်းသားများနဲ့ အတိုက်အခံများရဲ့ အားနည်းချက်တစ်ခုမှာ စစ်အုပ်စုတို့ပစ်ပေးတဲ့ ဘောလုံးနောက်ကို
ပြေးခြင်းဖြစ်တယ်။
ကိုယ်ပိုင်ဟန်နဲ့ ဘောလုံးကို ကစားတတ်အောင် လေ့ကျင့်ရပါ့မယ်။
Reactive ဖြစ်ရုံနဲ့ မပြီးဘူး။
Proactive ဖြစ်ဖို့လည်း လိုတယ်။
ဥပမာကို ပြောမယ်။
ဖက်ဆစ်တို့က စစ်မျက်နှာအားလုံးကို ဖွင့်ထားတယ်။
အဓိကကို ပြောရရင်
(၁) ဖွဲ့စည်းပုံကို ရွေးကောက်ပွဲပြီးမှ ပြင်နိုင်မယ်။ ဒါဟာ NLD အတွက်ပါ။
(၂) ကျောင်းသားသပိတ် ဒဂုံကို မဝင်ရ။ ဒါဟာ ကျောင်းသားများအတွက်ပါ။
(၃) ကိုးကန့်ဟာ မြန်မာတိုင်းရင်းသားမဟုတ်။ ဒါဟာ UNFC အတွက်ပါ။ ဖက်ဆစ်တို့က နေရာတိုင်းမှာ ကျော့ကွင်းထောင်ထားတယ်။
ပထမဆုံး NLD နဲ့ပတ်သက်ပြီး ဆွေးနွေးကြည့်မယ်။

NLD ရဲ့ နိုင်ငံရေးအခင်းအကျင်းအရ တွေ့ဆုံဆွေးနွေးရေးယဉ်ကျေးမှုတစ်ခုကို ဇွဲကောင်းကောင်းနဲ့ လုပ်ချင်
တယ်။ ဒါကြောင့် ဖိအားပေးတဲ့နည်းကို မသုံးဘူး။ ဒါ လေ့လာလို့ရပါတယ်။
ဒါကိုသိလို့လည်း ဖက်ဆစ်တို့က (၅)နှစ်အချိန်ဟာ ပုဒ်မ ၅၉(စ)နဲ့ ပုဒ်မ ၄၃၆ကို ပြင်ဖို့တောင် မလုံလောက်
အာင် အချိန်ဆွဲခဲ့ပါတယ်။
ရွေးကောက်ပွဲကို ဝင်၊ ပြီးမှ ဖွဲ့စည်းပုံကို ပြင်ကြမယ်ဆိုတဲ့ ဗျူဟာကို သုံးတယ်။
ဒါဟာ ဘောလုံးကို မိမိခြေထောက်မှာပဲ ထားပြီး ပိုင်ဆိုင်မှုများများရထားအောင် ကစားချင်လို့ဖြစ်တယ်။ NLD က ရွေးကောက်ပွဲမှာ ဘယ်လောက်အနိုင်ရမလဲ တွက်ချက်ပြီး USDP တို့က အပေးအယူ လုပ်ကြဖို့ပါ
ပဲ။ဒီပွဲကိုတော့ အရှုံးကြီး မရှုံးအောင် သူတို့ထိန်းကန်ပါလိမ့်မယ်။

နောက်တစ်ခုကျတော့ သူတို့က တစ်မျိုးကစားတယ်။
ကျောင်းသားသပိတ်ပါ။
ကျောင်းသားသပိတ်ကျတော့ ဘောလုံးကို ပေးတယ်။
ဒါပေမဲ့ သူတို့ကွင်းထဲမှာတော့ Long ball တွေ၊ Passed ball တွေ ကစားတာကို မကြိုက်ဘူး။
ပွဲကို ကြည့်ကောင်းအောင် လုပ်ထားတယ်။
ပွဲက မျှတသလို ပုံဖော်ထားတယ်။
ဒါပေမဲ့ ဂိုးအသွင်းမခံဘူး။
ဂိုးအသွင်းမခံရင် သူတို့က ဘယ်တော့မှ မရှုံးဘူး။
ဒီပွဲကိုတော့ သရေပွဲ ကန်ချင်တယ်။
ရအောင်လည်း ကန်ကြမှာပါ။
နောက်ဆုံးပွဲကျတော့ အနိုင်ကန်ဖို့ပါပဲ။

အမှန်မတော့ NCCT ဆိုတာ ပွဲကြပ်တစ်ခုပေါ့။
ဒါပေမဲ့ အစိုးရက NCCT ဂိုးပေါက်ရှေ့မှာ Long balls တွေပေးတယ်။
UNFC နဲ့ Non-UNFC တွေ ဖရိုဖရဲ ဖြစ်ကုန်တယ်။ ဒီထဲမှာ KNU က ရှေ့တန်းတက်ပြီး ဂိုးသွင်းချင်တယ်။
ထိုးဖောက်လို့ရတယ်လို့ ဖက်ဆစ်တို့က ဖွင့်ပေးထားတာကိုး။
အခု ကိုးကန့်မှာတိုက်ပွဲဖြစ်တော့ ဖက်ဆစ်တို့က ကိုးကန့်ဟာ တိုင်းရင်းသားမဟုတ်ဘဲ တရုတ်တွေ ဖြစ်
ကြောင်း၊ တိုင်းရင်းသားတွေကို စစ်ရာဇဝတ်မှုများကျူးလွန်အောင်မျှားခေါ်ပြီး ပြစ်ဒဏ်ဘောများများ ပေး
အောင် ဒိုင်လူကြီးကိုပြေးကပ်ဖို့ စဉ်းစားနေကြပါပြီ။
ညစ်နိုင်သမျှ ညစ်ပြီး ဒီပွဲကို နိုင်အောင် ဖက်ဆစ်တို့ ကန်ကြပါလိမ့်မယ်။
ဒါဖြင့်ရင် NLD ၊ ကျောင်းသားတွေနဲ့ UNFC တို့က ဘယ်လိုတုံ့ပြန်သင့်ပါသလဲ။

မိမိအမြင်ကို ပြောကြည့်ပါ့မယ်။
(၁) NLD ဟာ ဒီအတိုင်းပဲ ဆက်သွားပါ။ ရွေးကောက်ပွဲကို နိုင်အောင် ဝင်ပါ။ ထိပ်တိုက်တွေ့မဲ့ကိစ္စ မှန်သမျှ
ကို ရှောင်ရှားပါ။ ဒါပေမဲ့ ဖွဲ့စည်းပုံကို မပြင်ရင် အထွေထွေသပိတ်ကို ဆင်နွှဲမယ်ဆိုတဲ့ ရာဇသံကို ပြတ်ပြတ်
သားသား ပေးထားပါ။
ပွဲကို အနိုင်မကန်သေးဘဲ ဒုတိယအကျော့ပြန်ကန်ပါ။
(၂) ကျောင်းသားတွေအနေနဲ့လည်း မဟာဒဂုံကို မဝင်ရဆိုတော့ ဝင်ရင် ဖက်ဆစ်တို့က တစ်ခုခု လုပ်ပါလိမ့်
မယ်။ ဒါပေမဲ့ အခြားတဖက်မှာ ကျောင်းသားတွေရဲ့တောင်းဆိုချက်ကို မူအရလက်ခံထားပြီးပြီဆိုလို့ ကျောင်း
သားတွေဘက်ကလည်း ကတိအချို့ကို စောင့်ထိန်းရပါ့မယ်။
ဒါကြောင့် စစ်ကြောင်းများကိုတိုးချဲ့ပြီး မဟာဒဂုံမြို့တော်ကို ဝိုင်းထားကြပါ။
ဒါဟာ မဟာဗျူဟာအရ ပိုတောင် ကောင်းပါသေးတယ်။
ဖက်ဆစ်တို့ ပေးထားတဲ့ကတိကို ဖက်ဆစ်တို့မစောင့်စည်းတာနဲ့ မဟာဒဂုံကို ဝင်ဖို့ပါပဲ။
(၃) တိုင်းရင်းသားတွေကျတော့ အကြပ်တွေ့နေပါတယ်။
နိုင်ရာကနေ ရှုံးချင်နေပါတယ်။
ဒါလည်းပဲ ဟန်ယောင်ဝေရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုများကြောင့် ဖြစ်တယ်။
သူက ဘယ်သူမှမခန့်ဘဲ ဒိုင် ဝင်လုပ်နေသူပါ။
ဖက်ဆစ်တို့က သူ့ကိုအသုံးချပြီး ဒီပွဲကို အနိုင်ကန်ပါလိမ့်မယ်။
သူ့ဝီစီက ဖက်ဆစ်တို့ ပြစ်မှုကျူးလွန်ရင် အသံမထွက်ဘူး။
UNFC ဘက်ဆိုရင် တရွှီးရွှီးပါပဲ။
နောက်ပြီး UWSA, RCSS, နဲ့ KNU တို့ရဲ့ ရပ်တည်ချက်ကြောင့် အခြားတိုင်းရင်းသားလူမျိုးများ အကျဉ်းအ
ကြပ်ထဲ ရောက်နေခဲ့ရပါတယ်။
ကစားကွက်က ကြပ်နေတယ်။
အခု ကိုးကန့်တိုက်ပွဲဖြစ်တော့ ကိုးကန့်ဆိုတာ တိုင်းရင်းသားဟုတ်မဟုတ်တောင် မသေချာဘူး။
ဒါဟာ ကိုးကန့်ကို တရားမဝင်ဘောလုံးဝင်ကန်နေတာလို့ ဖက်ဆစ်တို့က စွတ်စွဲနေပါပြီ။
UNFC အနေနဲ့ အလုပ်မဖြစ်ဘူးလို့ယူဆခဲ့ရင် ညစ်ပွဲများတဲ့ဒီကွင်းမှာ မကန်ကြဖို့ ဆုံးဖြတ်ကြရပါလိမ့်မယ်။
အကောင်းဆုံးကတော့ NCCT ကနေ နုတ်ထွက်လိုက်ဖို့ပါပဲ။
ဒီလို လှုပ်ရှုားကြရင် ဖက်ဆစ်တို့က
(၁) NLD ကို ဖြိုဖို့ ခက်သွားတယ်။
(၂) ကျောင်းသားတွေကို အရေးယူဖို့ခက်သွားတယ်။
(၃) UNFC နဲ့ FUA ကို အနိုင်ယူလို့ မရတော့ဘူး။

ဒီလိုဆိုရင် ဖက်ဆစ်တို့က နောက်တစ်မျိုး ကြံပါလိမ့်မယ်။
(၁) ၂၀၁၅-ခုနှစ်နောက်ပိုင်းမှာ NLD ကို အစိုးရဖွဲ့ခွင့် ပေးပါလိမ့်မယ်။
(၂) ဖက်ဆစ်တို့က နောက်ကွယ်ကနေ ကြိုးကိုင်ပြီး ကျောင်းသားများကို သင်းကွပ်ပါလိမ့်မယ်။
(၃) NLD အစိုးရအမည်ခံပြီး UNFC ကို နာနာတီးပါလိမ့်မယ်။
ဒါပေမဲ့ ကျောင်းသားများနဲ့ UNFC တို့ဟာ NLD အစိုးရနဲ့ပူးပေါင်းနိုင်ခဲ့ရင် အခုန ဖက်ဆစ်တို့ရဲ့ ယုတ်မာပက်
စက်တဲ့အကြံဟာ သဲထဲရေသွန်ပမာ ထိရောက်မှု မရှိတော့ဘူး။
ဒါပေမဲ့ ဒါကို NLD က ဘယ်လိုသဘောထားမလဲအပေါ်မှာ မူတည်တယ်။
NLD အစိုးရ ဖြစ်လာခဲ့ရင် ဒီအင်အားစုတွေအပေါ်မှာ ချိန်ခွင်လျှာ ဘယ်လိုညှိမလဲ။
ဒါ အရေးကြီးတယ်။

Copy from http://hugawngkachin.blogspot.com/2015/02/blog-post_17.html

Monday, February 2, 2015

အချမ်းပြေလေးလား အမုန်းဆွဲမှာလား

ထမနဲထိုးနေဟန်
Photo by Phu Young Hat

အချမ်းပြေလေးလား အမုန်းဆွဲမှာလား

February 02, 2015
Monday

By မင်းစိုးစံ

သူငယ်ချင်းရေ မင်းကိုမမျှော်လင့်ပဲ ဘုန်းကြီးကျောင်းက ထမနဲထိုးပွဲမှာတွေ့လိုက်ရလို့ အံသြ၀မ်းသာဖြစ်မိ
တာ အမှန်ပဲ။
မင်းရောက်လာလိမ့်မယ်လို့ ငါလုံးဝထင်မထားဘူးလေ။ အားကောင်းမောင်းသန်လူငယ်တွေကြားမှာ ပျော်
တပြုံးပြုံးနဲ့ထမနဲကိုအားပါးတရထိုးနေလိုက်တာများ ငါတော့ လက်ဖျားခါတယ်ဟေ့။ မင်းနဲ့တွေ့ချင်ဆုံချင် လို့
ဖုံးနဲ့ခဏခဏအချိန်းအချက်လုပ်တာ တခါမှမဆုံဖြစ်ခဲ့ဘူး။ အခုလိုဗြုံးကနဲတွေ့လိုက်ရတော့ ၀မ်းမသာပဲနေပါ့
မလားကွာ။ ဟုတ်တယ်မဟုတ်လား။

ဈာန်ရပြီးကောင်းကင်ကြွနိုင်တဲ့ လူတယောက်ယောက်ကိုတွေ့လိုက်ရလို့ ဘုန်းကြီးကျောင်းကို မင်းရောက်
လာတာတော့ ဟုတ်လိမ့်မယ်မထင်ဘူး။ ပြီးတော့ ကရင်လိုရွတ်ဆိုထားတဲ့ ဓမ္မစင်္ကြာတရားကို နာရလို့ ဘုန်း
ကြီးကျောင်းကိုရောက်တာများလား ဆိုပြန်တော့၊ အဲဒါလည်း သိပ်မသေခြာဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ဘုန်းကြီးကျောင်းကို မင်းရောက်လာတယ်ဆိုတာနဲ့တင် ငါ့အနေနဲ့ဝမ်းသာပြီးသားပါ။

 Source photo from http://www.hotnewsweekly.com/node/4031

မင်းကိုပြောရဦးမယ် ကျည်ဆံခွံတွေနဲ့ထုထားတဲ့ ဆင်းတုတဆူကို အစဉ်အဆက်တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ်တွေအတွက် လှူမယ်ဆိုတဲ့သတင်း မင်းကြားပြီးပြီလား။ ငြိမ်းချမ်းရေးအတွက် ရန်ကုန်ကနေ လိုင်
ဇာအထိ လမ်းလျှောက်ခဲ့တုန်းက ကောက်ထားတဲ့ကျည်ဆံခွံတွေကို အရည်ကျိုပြီး သွန်းထားတဲ့ ဆင်းတုတဲ့
ကွ။ ရန်ကုန်- လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်တဲ့အထဲပါခဲ့တဲ့ ဦးဝင်းချိုက ပြောတာ။
မနောဝိမုတ္တိရသ လို့ ဘွဲ့ပေးထားတယ်ဆိုပဲ။ ဆင်းတုတော်ကိုမြင်လျင် ဒီဆင်းတုတော်ဟာဖြင့် ကျည်ဆံခွံနဲ့
သွန်းလောင်းထားတာပါလား ဆိုတာကိုသိလျင် ကျေနပ်ပြီ လို့ ပြောတယ်တဲ့။

မနောဝိမုတ္တိရသ ဆိုတာပါဠိလိုရေးထားတာ၊ မနောဆိုတာ စိတ်။ ၀ိမုတ္တိဆိုတာ လွတ်မြောက်ခြင်း။ ရသဆို
တာ အရသာ။ ဒီတော့ ဒီဆင်းတုတော်ကို ဖူးမျှော်လိုက်တယ်ဆိုလျင် တက်လာတဲ့ ဘယ်လိုစစ်ဦးစီးချုပ်မျိုးပဲ
ဖြစ်ဖြစ် စိတ်အေးချမ်းမှုရပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့ လှူတာဖြစ်နိုင်သလို၊ ငြိမ်းချမ်းမှုကို နားလည်သဘော
ပေါက်ပါစေသား ဆိုတဲ့ရည်ရွယ်ချက်နဲ့ လှူတဲ့စေတနာမျိုး ဖြစ်နိုင်တာမို့ အင်မတန်မွန်မြတ်တဲ့အလှူဖြစ်တဲ့အ
တွက် သာဓု အကြိမ်ကြိမ်ခေါ်လိုက်မိတယ်သူငယ်ချင်း။
သို့ပါသော်လည်း တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ် ဆိုတဲ့စာလုံးကိုနည်းနည်းလောက်အဓိပ္ပါယ် ဖေါ်
ကြည့်ရအောင်။

ဗမာစာရိုးရိုးလေးကို အဓိပ္ပါယ်ဖေါ်မယ်ဆိုတော့ ငါ့ကို ရူးနေတယ်လို့ထင်သွားလား။
ဘာကြောင့်လဲဆိုတော့ မြို့ပြနဲ့ဝေးလံခေါင်သီပြီး ဗမာစကားကိုတောင် ပီပီသသမပြောနိုင်ရုံမက ဗမာစာကို
တောင် သတ်ပုံမှန်မှန်မရေးတတ်တဲ့ ခပ်နုံနုံကရင်တယောက်က ဗမာစာနဲ့ရေးထားတဲ့ တပ်မတော်ကာကွယ်
ရေး စစ်ဦးစီးချုပ် ဆိုတဲ့ဗမာစာကို အဓိပ္ပါယ်ဖေါ်မယ်ပြောလို့လေ။
ငါဟာ ကရင်စစ်စစ်တယောက်ပါ၊ ငါ့အမေဘက်ကရော ငါ့အဖေဘက်ကပါ အဘိုးအဘွားတွေအားလုံးဟာ
ရေမရောတဲ့ တောသားကရင်ကြီးတွေ။
ဆိုတော့ ငါဗမာလိုမပီတာမဆန်းသလို ဗမာစာမတတ်တာလည်း သဘာဝကျပါတယ်။
ကရင်ပီပီ ရိုးရိုးအေးအေးနေချင်တဲ့ဗီဇရှိတဲ့အတွက်လည်း ကိုယ့်နဲ့မဆိုင်တာဆိုလျင် ဘာမျှဝင်မရှုတ်ချင်ဘူး။
ဗမာစာသင်ထားတာကလည်း သေစာရှင်စာဘတ်တတ်ရုံလေးဆိုတော့ နာမ၀ိသေသ၊ ကြိယာဝိသေသ၊
နာမ်၊ နာမ်စား၊ ကံ၊ ကတ္တား၊ တိုတိုပြောမယ်ဆိုလျင် ဗမာသဒ္ဒါကိုလည်း နားမလည်ဘူး။ အဲဒီလိုကရင်ပါ။

ဘာကြောင့် မင်းကိုအခုလိုရှင်းပြနေရသလဲဆိုတော့ ငါရေးတဲ့အခုအကြောင်းအရာတွေက ငါ့စိတ်ထဲကဖြစ်
လာတဲ့အတိုင်း မြင်တဲ့အတိုင်းရေးတာဆိုတော့ အချက်အလက်တွေကို ထောက်ပြတဲ့အခါ တိကျခိုင်မာမှုမ
ရှိပဲ လျော့တိလျော့ရဲနဲ့ စိတ်ပျက်စရာတွေ တွေ့ရဘတ်ရမှာမို့လို့ပါ။

ဥပမာပေါ့ကွာ။ အသင်းအဖွဲ့တခုခုကို ရေးကြတဲ့အခါ လူမှုကယ်ဆယ်ရေး အဖွဲ့။ ဆွမ်းလောင်း အဖွဲ့။ ပညာ
ရေးရံပုံငွေ အဖွဲ့။ ဥပဒါယိကာ အဖွဲ့။ ဆိုပြီးရေးကြတယ်။
အဖွဲ့ ကယ်ဆယ်ရေး။ အဖွဲ့ ဆွမ်းလောင်း။ အဖွဲ့ ပညာရေးရံပုံငွေ။ အဖွဲ့ ဥပဒါယိကာ။ ဆိုပြီး အဖွဲ့ကိုရှေ့မှာ
ထားပြီး ရေးတာမျိုး မတွေ့ရဘူး။
တောင်တက် အသင်း။ သာရေးနာရေး အသင်း။ ငွေစုငွေချေး အသင်း။ ဘောလုံး အသင်း။ ဘော်လီဘော အသင်း။ ကျန်စစ်သား အသင်း။ အလောင်းဘုရား အသင်း။ ဘုရင့်နောင် အသင်း။ ဗန္ဓုလ အသင်း။
ရဲ တပ်ဖွဲ့။ မီးသတ် တပ်ဖွဲ့။ ကြက်ခြေနီ တပ်ဖွဲ့။ ဆေးတပ်။ ထောက်ပံ့နဲ့ထောက်ပို့တပ်။
စသည်ဖြင့်ပေါ့ကွာ။
အသင်း။ အဖွဲ့။ တပ် စတာတွေကို ရှေ့မှာထားရေးတာမျိုးကိုတော့ ငါမတွေ့ဘူးတာအမှန်ပါ။ ငါ့ရဲ့လေ့လာမှု
အားနည်းတာဖြစ်နိုင်သလို၊ မြို့ကြီးပြကြီးနဲ့ အဆက်အသွယ်မရှိတဲ့အတွက် ဗဟုသုတ ခေါင်းပါးတာမျိုးလည်း
ဖြစ်နိုင်ပါတယ်။  
တပ်မတော်ကာကွယ်ရေးဆိုတော့ ဒီရာထူးကိုယူတဲ့ စစ်ဦးစီးချုပ်ဆိုတဲ့လူတိုင်း(ပုဂ္ဂိုလ်တိုင်း)ဟာ တပ်မတော်
ကို ကာကွယ်ဘို့သက်သက် ဖြစ်နေတယ်။ တပ်မတော်ကို မဖြစ်မနေကာကွယ်ကို ကာကွယ်ပါမှ အဲဒီရာထူး
ကိုရမှာ။ မကာကွယ်တဲ့လူ(ပုဂ္ဂိုလ်)ဆိုလျင် အကျင့်စာရိတ္တပိုင်းမှာ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ၊ အတွေးအခေါ် အမျှော်အမြင် ဘယ်လောက်ပဲ တော်နေတော်နေ၊ ဒီနေရာ(ရာထူး)ကို လုံးဝမရနိုင်ဘူး။ စာလုံးမှာကိုက တပ်မတော်ကာကွယ်ရေး လို့အတိအကျရေးထားတာကိုး။
တကယ်လို့များ ကာကွယ်ရေးတပ်မတော် လို့ရေးလျင် စစ်တပ်ထဲက ပြည်သူကိုချစ်မြတ်နိုးပြီး အရည်အချင်း
ပြည့်မှီတဲ့ ဘယ်လိုစစ်သားမျိုးမဆို စစ်ဦးစီးချုပ် ဆိုတဲ့ရာထူးကို ယူနိုင်တယ်။ ယူခွင့်ရှိတယ်။ လို့ ကောက်ချက်
ချမှာ စိုးလို့များလား။ ငါပြောခဲ့ပြီးပြီနော်။
ငါဟာ ကရင်။ ဗမာလို မပီဘူး။ ဗမာစာ မတတ်ဘူး။ သဒ္ဒါအကြောင်း မသိဘူး။
ငါသိတာကတော့ အာဏာကိုသေတဲ့အထိ ဖက်တွယ်တတ်တဲ့လူ(ပုဂ္ဂိုလ်)တိုင်း သူတို့နှလုံးသားနဲ့ အသိတ
ရားထဲမှာ အာဏာကိုလက်လွှတ်ဆုံးရှူံး မခံရရေးပဲ။
အဲဒီတော့ ဒီခေါင်းစဉ်အောက်က စစ်ဦးစီးချုပ်နေရာယူထားတဲ့လူတွေ(ပုဂ္ဂိုလ်)မှာ ဦးဏှောက်ဆေး ခံထား
ရပြီးသားလူတွေ။ အင်္ဂလိပ်လို တလုံးလောက်ရေးကြည့်မယ် (Brain wash ) ခံရပြီးသားလူတွေချည်းပဲ။

ဒီနေရာမှာ ငါတို့တိုင်းပြည်ကို နယ်ချဲ့အင်္ဂလိပ်တွေဝင်လာခဲ့တုန်းက ငါတို့ကို ဘာနဲ့တိုက်သလဲ။ အမြောက်ကြီးတွေနဲ့ တိုက်တယ်။ အမြောက်ကို ဘယ်ကရတယ်ထင်တုန်း။ ဘုရားစေတီပေါ်က ခေါင်းလောင်းတွေကို အရည်ကျိုပြီး အမြောက်လုပ်တာလေကွာ။

သမိုင်းမှာသင်ခဲ့တဲ့ ငဇင်္ကာ ဆိုတာမင်းမှတ်မိမှာပေါ့။ အေးအဲဒီပုဂ္ဂိုလ်ကြီးကို ငါက ပေါ်တီဂီလူမျိုးလို့ထင်နေ
တာ။ ဒီလူက ကပြားကွ ကပြား။
သူ့ကို ပေါ်တူဂီသမိုင်းစာအုပ်မှာ ဇွင်ကါကူ လို့ခေါ်သလို ဖိလစ်ဒီဗရစ်တို (Filipe de Brito e Nicote)လို့လည်း
ခေါ်တယ်။
သူ့အမေက ရခိုင်လူမျိုး။ သူ့အဖေက ပေါ်တူဂီ။ သူ့အဘိုးက ရခိုင်ဘုရင် မင်းပါကြီး။ သူ့အဖေနာမည်က ဒေ
လီဗဇာ။ သူ့အမေရဲ့နာမည်က ပဲသီဒါ။
ငဇင်္ကာကို မြန်မာသက္ကရာဇ် ၈၉၃ခုနှစ်မှာမွေးတယ်။ သူဘယ်လိုသေရသလဲ သိလား။
ဗမာသက္ကရာဇ် ၉၈၁ခုနှစ်(ရခိုင်ရာဇ၀င် ၉၆၈ခုနှစ်)မှာ သံတကျင်လျှိုပြီးအသတ်ခံရတယ်။ သူ့ဘော်ဒါ တောင်ငူဘုရင် နတ်သျှင်နောင်နဲ့ အတူအသတ်ခံရတာ။

ဆောင်းပါးတခုထဲမှာတော့ ငဇွင်ကာကူ နဲ့ ဖိလစ်ဒီဗရစ်တို ဆိုတာ မတူဘူးဆိုပြီးရေးတာဘတ်ရတယ်။ တချို့ရာဇဝင်ဆရာတွေဟာ ဂိုဝါ ကနေ ပဲကူး(ပဲခိုး)ကို သက္ကရာဇ် ၉၆၈ခုနှစ်မှာ သင်္ဘော ၁၂-စင်းနဲ့ ရောက်
လာတဲ့ ဇွင်ကာကူ ကို ဂိုဝါ ကနေ ရခိုင်ကို သက္ကရာဇ် ၉၃၂-ခုနှစ်မှာ သင်္ဘော ၁၂-စင်းနဲ့ပဲ ရောက်လာခဲ့ဘူး
တဲ့ ဒီဘရစ်တိုး နဲ့ ရှုပ်ထွေးမှားယွင်းသွားပုံရတယ်လို့ ရေးထားတာဘတ်ရတယ်။

ငါပြောပြချင်တာက ငဇင်္ကာအကြောင်းမဟုတ်ပါဘူး။ အာဏာကိုအရူးအမူးဖြစ်ကြတဲ့သူတိုင်းဟာ ဘုရား
လည်း မသိနိုင်တော့သလို တရားလည်း မရှိနိုင်တော့ပါဘူး။
သူတို့အာဏာမြဲဘို့ဆိုလျင် ဘာကိုမျှအလေးထားတတ်ကြတာ မဟုတ်ဘူး။
သူတို့နားလည်လက်ခံထားတာက အာဏာကို လက်မလွှတ်ရဘို့အရေးက အဓိက။
ကျန်တာတွေက ထမင်းစားကောင်းရုံလေး၊ အရက်သောက်ကောင်းရုံလေး၊ လူအမြင်ကောင်းရုံလေး လုပ်ပြ
ဘို့လောက်ပဲ သဘောထားကြတာ။

မင်းကတော့ပြောမှာပေါ့ ဘုရားဆင်းတုတော်တဆူလေးများ ဘယ်လိုလုပ်ပြီး အမြောက်လုပ်လို့ရမလဲ။
နှစ်ပေါင်းရာပေါင်းများစွာက ကိစ္စနဲ့လာပြီးချိန်ထိုးနေတာ။ ယုတ္တိမတန်ပါဘူး ဆိုပြီးလေ။
ခေတ်စနစ်သစ်မှာ အတွေးအမြင်သစ်လေးနဲ့ မင်းတွေးကြည့်လိုက်။
ကျည်ဆံခွံနဲ့သွန်းလုပ်ထားတဲ့ ဆင်းတုတော်။
ဘယ်လောက်ကောင်းတဲ့စိတ်ကူးလဲ။
ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး လမ်းလျှောက်ကြရင်း တွေ့တဲ့ကျည်ခွံတွေကို ကောက်ရာကနေ ဖြစ်ထွန်း
ပေါ်ပေါက်လာတဲ့ အင်မတန်ကဗျာဆန်တဲ့စိတ်ကူးနဲ့ ဆောက်တည်သွန်းလုပ်ထားတဲ့ ဆင်းတုတော်။
အဲဒီဆင်းတုတော်ကို တနေ့နေ့တချိန်ချိန်မှာ အာဏာရှင်တွေကငွေရှင်ကြေးရှင်တွေနဲ့ ပေါင်းပြီး ဈေးပြိုင်စနစ်
နဲ့ရောင်းဘို့ ဖြစ်လာခဲ့မယ်ဆိုလျင်။
တစုံတရာရလာတဲ့ ငွေကြေးတွေကလည်း အခြေခံလူထုအတွက် မဟုတ်ခဲ့ဘူးဆိုလျင်။
ငဇင်ကာ က ခေါင်းလောင်းတွေကို အရည်ကျိုပြီး အမြောက်လုပ်တာကမှ တော်ပါသေးရဲ့လို့ ပြောရမှာပဲ။

မင်းကို နည်းနည်းသတိပေးလိုက်ဦးမယ်။ မင်းထမနဲထိုးနေတဲ့နေရာဟာ ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ် ဆိုတဲ့ နေရာတခုနော်။
ရိုးရိုး သွားနေကျလာနေကျနေရာ မဟုတ်ဘူး။ သူလိုငါလိုလူတွေနေတဲ့ နေရာဒေသမဟုတ်ဘူး။ အချမ်းပြေ
သဘောမျိုးနဲ့ လုပ်တယ်ဆိုလျင်ပဲ အတော်လေးကို လွန်လှပြီ။
ဗမာစကားပုံရှိတယ် သိသာသိစေမမြင်စေနဲ့ ဆိုတာ။ အခုဟာက စက္ကူထုပ်က ပေါက်ပြဲလို့၊ လူတယောက် တုတ်ကောက်နဲ့လမ်းလျှောက်နေတဲ့ ပုလင်းတွေက ထမနဲထိုးဘို့ ပစ္စည်းတွေထားတဲ့စားပွဲခုံပေါ်မှာ တုံးလုံး ပက်လက်တချို့၊ ခုံအောက်မြေကြီးပေါ်မှာ ဗလာကျဉ်းနေတဲ့ပုလင်းခွံတွေက ဘေးစောင်းအနေအထားနဲ့တချို့။
ပြီးတော့ မင်းပေးတဲ့ညာသံက လိုတာထက်ပိုပြီးကျယ်နေတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောက်က စာတွေကိုဘတ်ပြီးတော့ ပြန်ရေးတာဖြစ်ပါတယ်။

http://www.hotnewsweekly.com/node/4031

http://www.poemscorner.com/professional-authors/nat-shin-naung/895

Friday, December 12, 2014

ပြည်ထောင်စု ဗမာနိုင်ငံတော်(မြမ္မာနိုင်ငံတော်) ဖွံ့ဖြိုးတိုးတက်ဘို့

President Truman orders the development of the hydrogen bomb
Source photo from http://www.google.com/images
See more at:
http://www.historytoday.com/richard-cavendish/president-truman-orders-development-hydrogen-bomb#sthash.Oi4B15we.dpuf

ပြည်ထောင်စု ဗမာနိုင်ငံတော်(မြမ္မာနိုင်ငံတော်)

ဖွံ့ဖြိုးတိုးတက်ဘို့

December 11, 2014
Thursday

By မင်းစိုးစံ

သူငယ်ချင်းရေ ငါလည်းစာရေးတဲ့ဘက် မလှည့်နိုင်သေးဘူး။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကလည်း နီးနေပြီမဟုတ်လား။ နှစ်သစ်တွေ တနှစ်ပြီးတနှစ်ပြောင်းသွားသ
လို ငါတို့ရုပ်ရည်တွေ တဖြည်းဖြည်းနဲ့အိုမင်းမစွမ်း ပိုပိုပြီး ဖြစ်လာကြတယ်။
ငါတို့လုပ်နိုင်ကိုင်နိုင်တာတွေကျတော့ ဘာတခုမှသိသိသာသာဖြစ်လာတာ မရှိတော့ဘူး။
လွန်ခဲ့တဲ့ခပ်ငယ်ငယ်တုန်းက လုပ်ခဲ့ကိုင်ခဲ့တာတွေဆိုတာကလည်း ဒီနေ့ဒီအချိန်မှာ ရယ်(ရီ)စရာလိုလို ရှက်
စရာလိုလိုကြီး။
ဥပမာပြရလျင် လူရှေ့သူရှေ့ရှူရှူးပေါက်ချလိုက်တဲ့ ကလေးလေးလိုပဲ။ အဲဒီတုန်းကတော့ ကိုယ့်ကိုယ်ကို ငါ
ဟဲ့ဘာမထီ အာဇာနည်ဆိုလား ငါဟဲ့ယောင်္ကျား ပြိုင်စံရှားဆိုတဲ့ပုံစံမျိုးလား။ အေးအေးအဲဒီလို မြောက်ကြွ
မြောက်ကြွနဲ့ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ခဲ့တာ။
အခုအသက်အရွယ်ရောက်လာတော့ အဲဒါတွေကိုပြန်တွေးမိပြီး တယောက်တည်း ရှက်ပြုံးပြုံးနေမိတယ်။
အော် ကိုယ့်ကိုယ်ကို အထင်ကြီးတခွဲသားနဲ့ ရူးခဲ့တာပါလားဆိုပြီးပေါ့။

သို့ပေမယ့်ပေါ့ကွာ။
လူတယောက်ယောက် သစ်ပင်တပင်ပင် ဆိုတာ တနေ့နေ့တချိန်ချိန် တနေရာရာမှာတော့ အသုံးဝင်တာပါပဲ
လေ တဲ့။
ဂမုန်းပင်ဟာ တော်ဝင်တဲ့ဆေးဖြစ်သလို ခွေးသေးပန်းပင်ဟာလည်း သူငယ်နာနှပ်ဆေး အဖြစ်နဲ့ သုံးလို့ရ
တာပါပဲ ဆိုပြီး ပြာလောင်ကာတွန်းရေးတဲ့ ဆရာတင်အောင်နီ ရေးခဲ့ဘူးတာ ငါမှတ်မိနေတယ်။
အခုလည်း ငါ့လို ဘယ်သူမှအဘက်လုပ်ပြီး စကားမပြောတဲ့လူတယောက်ကို ဒေါက်တာဘွဲ့ယူမယ့် ကျောင်း
သားလေးတယောက်က အင်တာဗျူးလုပ်ဘို့ ရက်ချိန်းလုပ်ထားတာ ခံလိုက်ရသဗျား။
အမေရိကန်အစိုးရနဲ့ ဗမာစစ်အစိုးရတို့ အခုလုပ်နေတဲ့ ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး မေးခွန်းလေးတွေ
မေးပါရစေတဲ့ကွာ။ သူက ရန်ကုန်က နာရေးကူညီမှုအသင်း ဥက္ကဌ အကယ်ဒမီရုပ်ရှင်မင်းသား ကျော်သူနဲ့
တွေ့ခဲ့သလို အခြား နိုင်ငံရေးပါတီက ခေါင်းဆောင်တော်တော်များများနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပြီးပါပြီ
တဲ့။ အများစုက ပြည်ထောင်စု ဗမာနိုင်ငံတော်(ပြည်ထောင်စုမြမ္မာနိုင်ငံတော်) အတွက်လိုအပ်တာက ပညာ
ရေးဆိုပြီး ပြောကြတယ်တဲ့။ ကိုကျော်သူကတော့ ဗမာပြည်က လူထုတွေရဲ့ အတွေးအခေါ်ကိုပြောင်းလဲပစ်မှ ရမယ်လို့ပြောတယ်လို့ ငါ့ကိုပြောပြတယ်။
ငါ့ကိုလည်း ဒုက္ခသည်တယောက်အနေနဲ့ ဗမာပြည်စည်ပင်ဝပြောဘို့ အဓိကလိုအပ်ချက်ကဘာလဲ ဆိုတာ
မေးမလို့တဲ့ကွာ။

သူကပြောသေးတယ်၊ ဗမာပြည်ကို ဒီမိုကရေစီစနစ်ပြောင်းတဲ့နေရာမှာ တခြားနိုင်ငံတွေလို စစ်ရေးနဲ့မဖြေ
ရှင်းရပဲ စီးပွါးရေးအရဖြေရှင်းလိုက်ရုံလေးနဲ့ အများကြီးပြောင်းလဲသွားတယ်၊ ဗမာပြည်အရေးကိစ္စနဲ့ပတ်
သက်လို့ အမေရိကန်က လူနည်းစုတွေထဲမှာ အနည်းအကျဉ်းလောက်ပဲ ခဏတဖြုတ်စိတ်ဝင်စားကြတာဖြစ်
တော့ အဲဒါမျိုးမဖြစ်ရအောင် အမြဲတမ်းစိတ်ဝင်စားနေအောင် လှုံ့ဆော်ပေးဘို့လိုတယ်၊ ဒီတော့မှ အမေရိကန်
အစိုးရအနေနဲ့ကလည်း လိုအပ်တာတွေကို စိစစ်သုံးသပ်ပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်မယ်
ဆိုပြီးပြောပြသေးတယ်။

အမေရိကန်အစိုးရက ဗမာပြည်သူလူထုတွေကြားထဲကို ၀င်ပြီး ဘာတွေလိုအပ်နေသလဲဆိုတာကိုမမေးပဲ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့သာ တွေ့ဆုံမေးမြန်းတာဆိုတော့ ထိရောက်မှုသိပ်မသိသာဘူး၊ တကယ်ဆိုလျင် လူထုနဲ့တသားထဲကျနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ အဲဒီလိုလူပုဂ္ဂိုလ်မျိုးကို မေးမြန်း
စုံစမ်းလျင် ပိုပြီး ထိရောက်မှာပေါ့လို့ ပြောသေးတယ်။

သူပြောတာကို ငါလည်းနားထောင်ပြီးပြန်ပြောလိုက်တယ်၊ ၁၉၆၂ခုနှစ်ကစပြီး ဒီနေ့အထိ ရက်ရက်စက်စက်
ဖိနှိပ်အုပ်ချုပ်တာခံလာခဲ့ရတဲ့ လူ့ပတ်ဝန်းကျင်ထဲကလူတွေရဲ့အဖြေတွေဟာ ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေး
အတွက် အထောက်အကူဖြစ်နိုင်ပါ့မလားပေါ့၊ သူဘာပြန်ပြောလဲသိလား အခု လွတ်လွတ်လပ်ရဲရဲတင်းတင်း
ပြောလို့ ရနေပြီတဲ့ကွာ။ ဒါကြောင့် မြန်မာနိုင်ငံ၏စစ်မှန်သောဒီမိုကရေစီရရှိရေးနှင့် စီးပွားရေးများအတွက် အ
မေရိကန်က ဒေါ်လာ ၃၇၅ သန်းကျော်ကူညီ ဆိုတဲ့ခေါင်းစည်းနဲ့ သတင်းဆောင်းပါးတပုဒ် ပူစပ်ပူလောင် သ
တင်းဂျာနယ်မှာ ဘတ်လိုက်မိတယ်။
See more at: http://www.hotnewsweekly.com/node/3756

အမေရိကန်အစိုးရက နှစ်ပေါင်းနှစ်ဆယ်ကျော်လောက် ဗမာစစ်အစိးရအပေါ်စီးပွါးရေးပိတ်ဆို့မှုတွေ လုပ်
တာခံရလို့ ဗမာပြည်ကြီး ပညာရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ အကုန်လုံးကျဆင်းရပါတယ်လို့ ပြောတဲ့စစ်အစိုး
ရထောက်တိုင်တွေကို ငါ ရိုင်းရိုင်းစိုင်းစိုင်းမပြောချင်ဘူး။
ထိပ်ပိုင်းကလူတွေ အကျင့်ပျက်ခြစားတာကို စစ်တမ်းကောက်ထားတာတွေထဲက တချို့ကိုကြည့်ကြရအောင်။

Transparency International အဖွဲ့ရဲ့ CPI ကမ္ဘာအ၀ှမ်း အဂတိလိုက်စားမှု အခြေအနေသုံးသပ်တဲ့ စစ်
တမ်းထဲမှာ နိုင်ငံပေါင်း ၁၇၅နိုင်ငံထဲ မြန်မာနိုင်ငံဟာ အဆင့် ၁၅၆ဆိုပေမဲ့ မနှစ်တုန်းက ၁၅၇ထက် တဆင့်
တက်လာတယ်လို့ ပြောပြီး သတ်မှတ်တဲ့အမှတ်ပေးနှုန်းမှာတော့ ၂၁ မှတ်ဖြစ်လို့ မနှစ်ကနဲ့ အတူတူပဲလို့ ဆို
ပြန်တယ်။
See more at: http://burmese.voanews.com/content/article/2544472.html

စီးပွားရေးလုပ်ငန်းပေါင်း ၃,၀၀၀ ကျော်ဆီကနေ ကောက်ယူတဲ့သဘောထားတွေပေါ် အခြေခံထားတဲ့စစ်
တမ်းမှာ သဘောထားပေးခဲ့တဲ့ကုမ္ပဏီတွေထဲ ၂၀% က အကျင့်ပျက်ခြစားမှုဟာ သူတို့လုပ်ငန်းတွေအတွက် သိပ်ဆိုးရွားတဲ့အတားအဆီးတခု ဖြစ်နေတယ်လို့ပြောကြလို စစ်တမ်းမှာပါတဲ့ ကုမ္ပဏီ ၆၀% က မှတ်ပုံတင်
ရဖို့၊ လိုင်စင် ဒါမှမဟုတ် ပါမစ်ရဖို့ လာဘ်ထိုးကြရတယ်လို့ ပြောတဲ့အပြင် ကုမ္ပဏီ၅၀%လောက်ကတော့ အပိုကြေး ဒေါ်လာ ၅၀၀ လောက်ပေးရတဲ့အကြောင်းနဲ့ ကုမ္ပဏီတဒါဇင်ကျော်က ဒေါ်လာ၁၀,၀၀၀ ကျော်ထိ
တောင်အပိုကြေးပေး ရတယ်ဆိုတာ VOA မှာဘတ်ရတယ်။
See more at:
http://burmese.voanews.com/content/eco-myanmar-business-survery-2014/1912823.html

ဖွံ့ဖြိုးမှုနိမ့်ကျတဲ့တိုင်းပြည်တွေစာရင်း က ကင်းလွတ်ဘို့ဆိုလျင် လယ်ယာစိုက်ပျိုးရေးကဏ္ဍမြှင့်တင်မှုနဲ့ ထုတ် ကုန်တိုးမြှင့်နိုင်မယ့်ကဏ္ဍတိုင်းကို စနစ်တကျဗျူဟာချမှတ်လုပ်ဆောင်ဘို့လိုတယ်လို့ပြောရင်း လက်ရှိအချိန်
မှာ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်က အရမ်းကိုနည်းနေတယ်။ လယ်ယာစိုက်ပျိုးရေးထုတ်ကုန် အထွက်များလာဖို့ ဘယ်လိုလုပ်မလဲဆိုတာနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့
ဖြိုးလာဖို့နဲ့ ထုတ်ကုန်မြင့်မားလာဖို့ ဆက်စပ်တဲ့ကဏ္ဍတွေနဲ့ ချိတ်ဆက်မှုတွေမှာ သေချာအောင်လုပ်နိုင်မှ
ကဏ္ဍနှစ်ခုစလုံး ဖွံ့ဖြိုးလာပြီး တိုင်းပြည် ရဲ့စီးပွားရေး ဖွံ့ဖြိုးလာမှာဖြစ်တယ်" လို့ မြန်မာတိုင်း(စ်) သတင်းမှာ
ဂျန်ချန်ဒရာ ကပြောသွားသေးဗျား။
See more at:
http://myanmar.mmtimes.com/index.php/national-news/12865-2014-12-11-11-49-57.html

စီးပွားရေးပညာရှင် Sean Turnell ကျတော့
“၂၀၁၅ နောက်ပိုင်းမှာ အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်မယ်ဆိုရင် အဓိကကျတာက စစ်တပ်နဲ့
စစ်တပ်ရဲ့ လွှမ်းမိုးတဲ့အခန်းကဏ္ဍကို ပြောင်းလဲဖို့ ပြုလုပ်မှာလား တကယ်ဖြစ်သင့်တဲ့အတိုင်း စစ်တပ်ရဲ့ချုပ်
ကိုင်မှုကိုလျှော့မှာလား ” ဆိုတဲ့မေးခွန်းထုတ်သွားတာ ဘတ်လိုက်ရပြန်တယ်။
See more at: http://burmese.voanews.com/content/article/2554495.html

စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဇော်ဦးက အထူးသဖြင့် အချိန်နဲ့အမျှပြောင်းလဲနေတဲ့ ဘဏ္ဍာရေးလုပ် ငန်းတွေမှာ ခေတ်မီအောင်လုပ်ဖို့ လိုနေပါတယ်။
ဆက်သွယ်ရေးစနစ်တွေက အားမကောင်းသေးဘူး။
အထူးသဖြင့် ငွေရေးကြေးရေးမှာ ဆက်သွယ်ရေးကွန်ယက်တွေနဲ့၊ ဘဏ်တွေအချင်းချင်း ကွန်ယက်လို ချိတ်
နိုင်တဲ့ကိစ္စတွေ၊ နောက်ပြီးတော့ မြို့ တမြို့နဲ့တမြို့ ချိတ်ဆက်နိုင်တဲ့ကိစ္စတွေ၊ ဒါတွေက သေချာမလုပ်နိုင်သေး
ဘူးခင်ဗျ။
အဲဒါက ရိုးရိုးဆက်သွယ်ရေးနဲ့ မတူပဲနဲ့ တကယ့်ကို စိတ်ချရပြီးတော့၊ Reliable ဖြစ်တဲ့ ဆက်သွယ်ရေးစနစ်
တွေ လိုတာပေါ့နော်။
အဲဒီတော့ ဒါတွေက ချက်ခြင်းလက်ငင်းကို အကျိုးရှိနိုင်တဲ့ ကိစ္စမျိုးပေါ့။
အခုဆိုရင် ဘဏ်တွေမှာဆို တခုနဲ့တခုက စာရွက်ပေါ်မှာပဲ ချိတ်ဆက်ပြီးတော့လုပ်နေရတဲ့ အခြေအနေမှာပဲ ရှိနေတယ်။
သတင်းနဲ့ ဆက်သွယ်ရေးနည်းပညာအခြေခံတွေနဲ့ အခြေခံအဆောက်အအုံ (Infrastructure)က အား
နည်းနေတာရှိတဲ့အခါမှာ ဥပမာ၊ စတော့ခ်ဈေးကွက်လိုဟာမျိုးဆိုရင် အချိန်နဲ့အမျှအပြောင်းအလဲတွေအားလုံး
ကို စီမံခန့်ခွဲနိုင်မယ့် အင်တာနက်စနစ်တွေ၊ သတင်းစီမံခန့်ခွဲမှုစနစ်တွေ၊ ဒါတွေဟာ မပေါ်လာသေးဘူး ဖြစ်
နေတယ်။”
See more at:
http://burmese.voanews.com/content/burma-finance-and-banking/1907903.html

ဘာတွေလိုအပ်နေသလဲဆိုတာ ကြည့်ကြည့်ရအောင်။
အကျင့်ပျက်ခြစားမှု ပပျောက်ဘို့လိုတယ်။
လယ်ယာစိုက်ပျိုးမှုက ထုတ်ကုန်တွေ တိုးတက်ဘို့လိုတယ်။
သတင်းအချက်အလက်တွေ အချိန်မှီဆက်သွယ်နိုင်တဲ့နည်းစနစ်တွေလိုတယ်။
ဘဏ်မှာငွေအပ်ထားတဲ့ လူတွေ ယုံကြည်စိတ်ချမှုရှိဘို့လိုတယ်။
ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါနဲ့ သေဆုံးရမယ့်ကလေးတွေ မရှိဘို့လိုတယ်။
အောက်ခြေလူတန်းစားကနေ တက်လာတဲ့ အခြေခံပညာရေးစနစ် ပေါ်ပေါက်ဘို့လိုတယ်။
ပြည်တွင်းစစ်ကြောင့် စိတ်ဒါဏ်ရာခံစားနေရသူတွေအတွက် လုံလောက်တဲ့ကုသမှုနဲ့ ပြန်လည်ပြုစုပျိုးထောင်
ဘို့ လိုတယ်။
တရားဥပဒေ စိုးမိုးဘို့လိုတယ်။
နောက်ဆုံးမှာတော့ စစ်တပ်က ချုပ်ကိုင်ထားတာတွေမရှိဘို့ လိုတယ်ဆိုတာ အဓိကကျနေတယ်။

ကဲ ငါ့အမြင်ဘယ်လိုရှိသလဲဆိုတာ အဲဒီ ဒေါက်တာဘွဲ့ယူမယ့် သူငယ်လေး မေးလျင်ငါတော့ ပြည်ခိုင်ဖြိုးပါ
တီ မကွေးတိုင်းမဲဆန္ဒနယ်အမှတ်(၁)က ဦးလှဆွေရဲ့စကားကို ငှားပြီးပြောမှာပဲ။
ကမ္ဘာ့အခြေအနေကို ပြန်ကြည့်လိုက်ပါ။
ဘယ်နိုင်ငံက သူတို့သူပုန်တွေကို ဆွေးနွေးနေသလဲ။
အမေရိကန်က အိုစမာဘင်လာဒင်နဲ့ ဘယ်နှခါညှိဘူးလဲ။
ဒုတိယကမ္ဘာစစ်တုန်းက သမ္မတထရူးမင်းကိုမေးတယ် နောက်ထပ်လူမသေအောင်ဘယ်လိုလုပ်မလဲ တဲ့။
နောက်ထပ်လူမသေအောင် ဂျပန်ကို အနုမြူဗုံးကျဲလိုက်တဲ့။
အဲဒီတော့ Little boy bomb နဲ့ Fat man bomb နှစ်လုံး ဂျပန်ကိုကျဲချလိုက်တယ်။
လူတွေထပ်မသေအောင် အပြတ်ချလိုက်ရမယ်။

 
ပြည်ခိုင်ဖြိုးပါတီ မကွေးတိုင်းမဲဆန္ဒနယ်အမှတ်(၁)က ဦးလှဆွေ ပြောတဲ့ Fat man bomb
Source photo from http://www.google.com/images

ပြည်ခိုင်ဖြိုးပါတီ မကွေးတိုင်းမဲဆန္ဒနယ်အမှတ်(၁)က ဦးလှဆွေ ပြောတဲ့ Little boy bomb
Source photo from http://www.google.com/images 

ဒါကတော့ နေပြည်တော်က ဗမာစစ်ခေါင်းဆောင်တွေအတွက် drone
Source photo from http://www.google.com/images

ပြည်ထောင်စု ဗမာနိုင်ငံတော်(ပြည်ထောင်စု မြမ္မာနိုင်ငံတော်) ဖွံ့ဖြိုးတိုးတက်လာဘို့ ဘာလိုအပ်သလဲ။
ဗမာစစ်ခေါင်းဆောင်တွေရဲ့ အတွေးအမြင်ကို သုံးသပ်ကြည့်ပါ။
ဗမာစစ်ခေါင်းဆောင်တွေဆိုတာ ငြိမ်းချမ်းရေးကို လူလိုနားမလည်နိုင်ကြဘူး။
ငြိမ်းချမ်းရေးကို နားမလည်နိုင်တဲ့ စစ်ခေါင်းဆောင်တွေပီပီ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဘို့ အရေး၊ ပြည်သူလူထုရဲ့ အရေးကို ကိုယ်ချင်းမစာနိုင်ကြတဲ့အတွက် လူတွေကို ဖိနှိပ်ညှင်းဆဲသတ်ဖြတ်ဘို့ကလွဲပြီး ဘာမှမလုပ်တတ် မကိုင်တတ်ကြဘူး။
ဒါကြောင့် ပြည်ထောင်စု ဗမာနိုင်ငံတော် (ပြည်ထောင်စု မြမ္မာနိုင်ငံတော်) တိုးတက်ဖွံဖြိုးဘို့ ဗမာစစ်ခေါင်း
ဆောင်တွေကို drone စာကျွေးပစ်ရမှာဖြစ်တယ်။
လို့ ငါပြောလိုက်မယ်သူငယ်ချင်း။
မင်းကြိုက်ပါ့မလား။
ဘာကြောင့်လဲ ဆိုတော့ မင်းအမျိးတွေ နေပြည်တော်မှာ ခြေချင်းလိန်နေတယ်လေ။
ပြည်ခိုင်ဖြိုးပါတီ မကွေးတိုင်းမဲဆန္ဒနယ်အမှတ်(၁)က ဦးလှဆွေပြောသလို မဆိုင်တဲ့သူတွေရှောင်ကြ လို့ ကြို တင်စာကျဲလိုက်လျင် ဖြစ်မှာပါနော။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)