Thursday
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ,ပြီးစီးခြင်း
By ဖူ့ယောင်ဟက်
ကရင့်သက္ကရာဇ် ၂၇၅၃ခုနှစ် ထိုက်ခေါက်ဖိုးလ? လဆန်းတစ်ရက်နေ့ (January 01, 2014)တွင် ကျရောက်သည့်
ကရင့်အမျိုးသားနှစ်သစ်ကူးနေ့အား Karen Buddhist Society of Minnesota အဖွဲ့မှ စိန့်ပေါမြို့တွင် ကျင်းပပြီးစီး
သွားကြောင်း သတင်းရရှိပါသည်။
အခမ်းအနားကို နံနက် ၁၀း၃၀နာရီတွင်စတင်ဖွင့်လှစ်ခဲ့ပြီး ကရင့်ရိုးရာ ဒုံးအကများ၊ ဖုန်းမကျီ (စပါးစောင့်နတ်) ပင့်
ဖိတ်ခြင်းအခမ်းအနားအပြင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ပိုးကရင်ဘာသာ၊ အင်္ဂ
လိပ်ဘာသာတို့ဖြင့် ပြောကြားသွားကြောင်းသိရှိရပါသည်။
အခမ်းအနားကို ဦးစွာပထမ ကရင့်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ကရင့်အမျိုသား
အာဇာနည်ခေါင်းဆောင်များအားအလေးပြုခြင်း၊ ကရင်အမျိုးသားသီခြင်းနှင့် ကရင့်သစ္စာအဓိဌာန်များ ဟစ်ကြွေး ရွတ်ဆိုပြီးဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
အလေးပြုခြင်း၊ အမျိုးသားသီချင်းသီဆိုခြင်းနှင့် သစ္စာအဓိဌာန် ရွတ်ဆိုခြင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်နေပုံ
ထိုနှစ်သစ်ကူးအခမ်းအနားသို့ ကရင့်အမျိုးသားခေါင်းဆောင်တဦးဖြစ်သူ မန်းရောဘတ် ဘဇန် တက်ရောက်ပြီး အ
အဖွင့်အမှာစကားပြောကြားသွားကြောင်း သတင်းရရှိပါသည်။
ခန့်တက်ရောက်လာကြောင်း သတင်းရရှိပါသည်။
January 04, 2014 နေ့တွင်လည်း KCM မှ ဦးဆောင်ကာ ကရင်အမျိုးသားနှစ်သစ်ကူးအခမ်းအနားကို အထူးစည်
ကားသိုက်မြိုက်စွာ ကျင်းပ,မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ဖူ့ယောင်ဟက်
January 02, 2014