ယဉ်ကျေးတဲ့တရုတ်နိုင်ငံကြီးရဲ့ပုံရိပ်
ပြည်ပ,သွားတရုတ်ခရီးသည်များ
နိုင်ငံတကာကို ပြသ,နိုင်မယ်လို့မျှော်လင့်
2014-01-10
ဒီနှစ် နွေဦးပွဲတော်ရုံးပိတ်ရက်၇-ရက်အတွင်း တရုတ်နိုင်ငံသားတော်တော်များများဟာ နိုင်ငံခြားကိုခရီးလှည့်လည်
သွားမှာဖြစ်ပါတယ်။
၂၀၁၄-ခုနှစ်အတွင်း နိုင်ငံခြားကိုခရီးလှည့်လည်မယ့်တရုတ်နိုင်ငံသားဦးရေဟာ သန်း၁၁၀ လောက်ရှိမယ်လို့ ခန့်
မှန်းကြောင်း တရုတ်နိုင်ငံတော်ခရီးသွားလုပ်ငန်းဦးစီးဌာနက ဖော်ပြပါတယ်။
တရုတ်နိုင်ငံတော်ခရီးသွားဦးစီးဌာနနဲ့ ကုလသမဂ္ဂခရီးသွားအဖွဲ့ကထုတ်ပြန်တဲ့စာရင်းအရ ၂၀၁၃-ခုနှစ်မှာ နိုင်ငံခြား
ကိုခရီးသွားခဲ့တဲ့တရုတ်ခရီးသည်ဦးရေဟာ ၉၇-သန်း ၃-သိန်းလောက်ရှိပြီး တစ်ကမ္ဘာ့လုံး ခရီးသည်ဦးရေ စုစုပေါင်း
ရဲ့ ၁၀-ပုံ၁-ပုံလောက်ရှိပါတယ်။
ဒါပေမဲ့ တချို့တရုတ်ခရီးသည်ဟာ ဒေသခံယဉ်ကျေးမှုဓလေ့ထုံးစံအပေါ် သိရှိနားလည်မှုနည်းပါးခြင်းကြောင့် မယဉ်
ကျေးတဲ့အပြုအမူလို့ယူဆရတဲ့ အပြုအမူများခဏခဏဖြစ်ခဲ့ရတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံတော်ခရီးသွားလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် မစ္စတာ ရှောက်ချီဝေက ခရီးသည်များအနေနဲ့ ခရီး
သွားရာမှာ ယဉ်ကျေးစွာပြုမူသွားလာရေးအသိကို တိုးမြှင့်သင့်ကြောင်း မကြာမီက,ပြောပါတယ်။
သြစတြေးလျားတက္ကသိုလ် အာရှနှင့်ပစိဖိတ်ကောလိပ် ပါမောက္ခ မစ္စတာ ကရီမီ-ဘာမ်က တရုတ်ပြည်အနေနဲ့ ပိုမို
ချမ်းသာပြီး နိုင်ငံတကာဇာတ်ခုံပေါ်မှာ ကိုယ့်ကိုယ် ကိုယ်ယုံကြည်စိတ်ပိုရှိလာနေတာနဲ့အမျှ တောင့်တင်းပြီး ယဉ်
ကျေးတဲ့တရုတ်နိုင်ငံကို တစ်ကမ္ဘာလုံးက လေးစားလက်ခံနိုင်ဖို့မျှော်လင့်ကြောင်း ဆောင်းပါးတစ်ပုဒ်ထဲမှာ ရေးသား
ထားပါတယ်။
ညွှန်ချုပ် မစ္စတာ ရှောက်ချီဝေက တရုတ်နိုင်ငံသားက,ကမ္ဘာကိုကြည့်ရှုနေတဲ့တစ်ချိန်တည်းမှာ တကမ္ဘာလုံးက
လည်း တရုတ်ပြည်ယဉ်ကျေးမှုအဆင့်အတန်းနဲ့ ပင်ကိုယ်အရည်အချင်းကို တကမ္ဘာလုံးကို ပြသနိုင်ဖို့ ကြိုးစားသင့်
ကြောင်း အလေးအနက်ပြောပါတယ်။
ခရီးသည်များရဲ့အပြုအမူနဲ့ပတ်သက်ပြီး တရုတ်ပြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးသွားလုပ်ငန်းရေးရာဥပ
ဒေနဲ့ တရုတ်ခရီးသည်များရဲ့ ယဉ်ကျေးတဲ့အပြုအမူများရေးရာ လမ်းညွှန်ချက်များကို အသီးသီး ပြဌာန်းခဲ့ပါတယ်။
ဒါ့အပြင် ယဉ်ကျေးစွာခရီးသွားလာရေးဆိုင်ရာ ပုဒ်မများကို ခရီးသွားကန်ထရိုက်စာချုပ်မှာ ထည့်သွင်းရေးသားထား
ပြီး ဧည့်လမ်းညွှန်များကိုလည်း သက်ဆိုင်ရာပညာများကို တိုးမြှင့် သင်ကြား ပို့ချ ပေးခဲ့ပါတယ်။
၂၀၁၃-ခုနှစ်စက်တင်ဘာလကစပြီး မိုဘိုင်းဖုန်းစီမံခန့်ခွဲရေးကုမ္ပဏီ၃-ခုဟာ နိုင်ငံခြားကိုခရီးသွားကြတဲ့တရုတ်ခရီး
သည်များ အဆင်ပြေစွာခရီးသွားနိုင်စေရေးအတွက် ဒေသခံဓလေ့ထုံးစံ၊ဘာသာရေး၊ ဥပဒေဆိုင်ရာစသဖြင့် သတိ
ပေး မက်စီဂ်ျများကို စတင်ပေးပို့ခဲ့ပါတယ်။
တရုတ်ပြည်ဒေသအသီးသီးမှာလည်း ခရီးသည်များရဲ့ယဉ်ကျေးတဲ့အပြုအမူဆိုင်ရာ စည်းမျဉ်းစည်းကမ်းသတ်မှတ်
ချက်များလည်း ရှိကြပါတယ်။
ဥပမာ ဟူနန်ပြည်နယ်မှာ အပြုအမူမယဉ်ကျေးတဲ့ခရီးသည်များကို နာမည်ပျက်စာရင်းမှာထည့်သွင်းသလို ဟူပေ
ပြည်နယ်မှာလည်း မယဉ်ကျေးတဲ့အပြုအမူရှိခဲ့ဖူးတဲ့ ခရီးသည်များကို ပြည်ပ,ထွက်ခွာခွင့်ကန့်သတ်မယ်လို့ သတ်
မှတ်ထားကြောင်း သိရပါတယ်ခင်ဗျာ။
Copy from http://myanmar.cri.cn/666/2014/01/10/1s29034.htm