• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, January 11, 2014

ဘီသွေးတွေရဲ့ တန်ပြန်သက်ရောက်မှု (Responsibility )

မင်းရဲ့ဖခင်ဟာ B သွေးပိုင်ရှင်ဖြစ်ခဲ့မယ်ဆိုရင်

သူဟာမင်းရဲ့အဖေဆိုတာထက် လမ်းပြကြယ်တစ်စင်းနဲ့ပိုတူတဲ့သူပါ။
နေရာတကာမှာမင်းကိုဦးဆောင်ပြီး ခေါ်သွားတတ်ရုံတင်မကပဲ ဘယ်လမ်းကိုဘယ်လိုလျောက်ရမလဲ ဆိုတာကို
ပါ ညွှန်ပြတတ်သူပါ။
သူက အားကောင်းမောင်းသန်ယောက်ျားတစ်ယောက်မဟုတ်တာတော့ သေချာတယ်။
ဒါပေမယ့် အတွေးအခေါ်စွမ်းရည်မှာတော့ဘယ်အဖေမှလိုက်လို့မမှီအောင်တော်တဲ့သူတစ်ယောက်ဖြစ်တယ်။
သူကသူ့ရဲ့ဘဝကို စွန့်စားခန်းတွေကိုရင်ဆိုင်ရင်းနဲ့ဖြတ်သန်းချင်တဲ့ သူမျိုးပါ။
ပြီးတော့မင်းအပေါ်ကိုလည်း အပြည့်အဝနားလည်ပေးလိမ့်မယ်။
အဖေအများစုက သားတွေအပေါ်မှာဆိုရင် ခပ်တန်းတန်းပဲဆက်ဆံလေ့ရှိကြပေမယ့် သူကတော့မင်းရဲ့ ခံစားချက်
တွေကို အကောင်းဆုံးနားလည်ပေးဖို့ကြိုးစားလိမ့်မယ်။
မင်းကံကောင်းပါတယ်။
သူကသဘောကောင်းတဲ့ သူတစ်ယောက်ပါ။
သူ့မှာယောက်ျားအများစုနှစ်သက်တဲ့ အရက်သောက်တာဖြစ်ဖြစ် မကောင်းတဲ့အကျင့်တစ်ခုတော့ရှိလိမ့်မယ်။ ဒါပေမယ့် သူကသူများအပေါ်မှာဘယ်တော့မှကလိန်ကကျစ်ကျတဲ့သူမဟုတ်ဘူး။
သူကစိတ်ဆိုးခဲတယ်။
သူဒေါသထွက်ပြီဆိုရင်လည်း ပေါက်ကွဲတတ်တယ်။
ဆုံးဖြတ်ချက်လွယ်လွယ်ချတတ်တယ်။
အားနာတတ်တယ်။
မင်းက သူ့ကိုအကောင်းဆုံးအဖော်ပြုပေးဖို့လိုသလို သူလုပ်တာတွေအားလုံးအတွက် အကောင်းဆုံးအကြံတွေပေး
ဖို့ လိုအပ်တယ်။

ဘီသွေးတွေရဲ့ တန်ပြန်သက်ရောက်မှု (Responsibility)
လူတော်တော်များများက မှန်လို ကျင့်တတ်ကြတယ် ကိုယ်အပေါ်ကောင်းတဲ့သူကို ပြန်ကောင်းမယ် ကိုယ့်အပေါ် မ
ကောင်းတဲ့သူကို ပြန်ပြီးမကောင်းဘူး။
ဒါပေမယ့်ဘီသွေးပိုင်ရှင်တွေကတော့ ခိုင်းနှိုင်းဖို့တော့ ခက်လိမ့်မယ်။
ဘာလို့လဲဆိုတော့ သူတို့ကသူတို့အပေါ်ကောင်းတဲ့ သူတွေအပေါ်မှာလည်း ရိုးရိုးသားသားပဲ။
သူတို့ကို မကောင်းကြံနေတဲ့သူတွေအပေါ်မှာလည်း ကောင်းတဲ့သူတွေဖြစ်ပါတယ်။
တစ်ခါတစ်လေသူတို့ကို မကောင်းကြံနေတာကို သိသိနေတာတောင် ဟန်ဆောင်နေလေ့ရှိပါတယ်။
ဒါကတော့ ဘီသွေးအများစုရဲ့ ထူးခြားတဲ့ responsibility လေးပဲဖြစ်ပါတယ်။

ပျော်ရွှင်ခြင်း (Happy)
နဂိုထဲကခပ်ပျော်ပျော်ဘီသွေးတွေက သူတို့ပျော်နေတဲ့အချိန်မှာဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့။
ဘီသွေးတွေကပျော်တဲ့ အချိန်မှာစကားတွေ ရေပက်မဝင်အောင် ပြောလေ့ရှိတယ်။
သွက်လက်မြူးကြွနေပြီး ထူးခြားတာတွေလျောက်လုပ်လေ့ရှိတယ်။
တချို့ဘီသွေးတွေကတော့ အရမ်းပျော်နေတဲ့အချိန်မှာ ရည်းစားဟောင်းတွေဆီ သူငယ်ချင်းဟောင်းတွေဆီကို ဖုန်း
ဆက်လေ့ရှိပါတယ်။

ဝမ်းနည်းခြင်း (sadness)
စိတ်ထိခိုက်လာတဲ့အခါမှာ ဘီသွေးတွေက အခန်းအောင်းသတ္တဝါလေးတွေဖြစ်သွားတတ်ပါတယ်။
စကားလည်း နည်းသွားတယ်။
စိတ်မပါလက်မပါပုံစံမျိုးဖြစ်သွားတယ်။
တခြားသူကိုစိတ်မညစ်စေချင်တဲ့ ဘီသွေးတွေက အတတ်နိုင်ဆုံးဟန်ဆောင်ပြီး ဖုံးကွယ်ထားလေ့ရှိပါတယ်။

စိတ်လှုပ်ရှားခြင်း (excited)
ဘီသွေးတွေစိတ်လှုပ်ရှားလာပြီဆိုရင်တော့ သူက ဂဏာငြိမ်မှာမဟုတ်တော့ဘူး။
သူ့ကိုအားပေးမယ့်သူကို လိုက်ရှာတတ်တယ်။

ဒေါသထွက်ခြင်း (angry)
ဘီသွေးတွေရဲ့ဒေါသ,က ကြောက်ဖို့ ကောင်းပါတယ်။
အများစုက သည်းခံတတ်သူတွေ စနောက်တတ်သူတွေ ဖြစ်တာကြောင့်သူတို့ဒေါသ,ထွက်ရင်လည်း ဘယ်သူနဲ့မှ
မတူပါဘူး။
ဘာဆိုဘာမှမမြင်တော့ပဲ ပေါက်ကွဲတတ်တဲ့သူမျိုးတွေပါ။

roBBin

Copy from http://waiphyo46.blogspot.com/