Wednesday
ပါးစပ်ရာဇ၀င် ဖြစ်သွားမှာ စိုးလို့ပါ
By မင်းစိုးစံ
ကျုပ်တို့ကရင်လူမျိုးတွေဟာ ရာဇ၀င်ကို ပြန်ကြည့်လိုက်လျင် မှတ်တမ်းမှတ်ရာ သေသေခြာခြာ တိတိကျကျ မရှိခဲ့
တဲ့အတွက် ခိုင်မာတဲ့ သက်သေအထောက်အထားတွေ မပြနိုင်ခဲ့တဲ့ အဖြစ်အပျက်တွေ အများအပြားရှိနေခဲ့တာကို
သိကြမှာပါ။ ကရင့်သမိုင်းမှတ်တမ်းတွေ အင်မတန်နည်းပါးခဲ့တာကို သတိပြုမိသူတွေထဲမှာ ဘလော့ဂ်မိတ်ဆွေ
တွေရှိနေမယ်လို့ ထင်တဲ့အတွက် ပါးစပ်ရာဇ၀င် ဖြစ်သွားမှာစိုးလို့ပါဆိုတဲ့ ခေါင်းစည်းကိုတင်ပြီးဉာဏ်မှီသလောက်
လေးနဲ့တွေးမိသမျှကို ရေးချလိုက်ပါတယ်။
ဒီလိုပါ ကျုပ်ငယ်ငယ်တုန်းက ကျုပ်အမေက ကျုပ်ကိုပြောပြဘူးတယ်။ သားရေ အဲဒီလယ်ကွင်းတွေဟာ မင်းအဘိုး
ပိုင်ခဲ့တဲ့ လယ်ပေါ့ကွာ အဲဒီ ထန်းပင်တွေအစီအရီစိုက်ထားတဲ့ ကန်သင်းရိုးကနေစ,ပြီး ဟိုး တောအုပ်စပ်စပ်လေး
က ၀ါးတောတွေအထိပေါ့။ နောက်ပြီးကွင်းအလည်က အိုင်ကြီးဟာ ငါးပိတနှစ်စာအတွက် ဖူလုံတဲ့ငါးတွေ အောင်း
နေတာပေါ့။ အခုတော့ အဲဒီအိုင်ထဲမှာ စပါးတွေစိုက်လိုက်ကြလို့ ငါးတွေလည်း မနေနိုင်တော့ဘူး။ ငါးပိလည်း မရ
တော့ဘူးပေါ့ကွယ်။
အဲဒီ ထန်းပင်တွေ အစီအရီအောက်က မြေနေရာလေးမှာ မြပတိုင် နောင်ထပ္ပံ နောင်အီခယ် ထီဖိုးစံ ကော့ဖန်ရပ် စ
တဲ့ ရွာတွေက ကျုံဒိုးကို ဆင်းပြီး ပစ္စည်းတွေဝယ်တဲ့အခါ တထောက်နားဘို့အတွက် မင်းအဘိုးကိုယ်တိုင် သစ်သား
ဇရပ်တဆောင်နဲ့ ရေတွင်းတူးထားခဲ့တာပေါ့၊ မင်းမြင်တဲ့အတိုင်းပဲ။
ကျုပ်လည်း ရေတွင်းထဲကို ၀ါးကိုင်းလေးနဲ့မောင်တက်လုပ်ထားတာလေးကိုယူ ၀ါးကျည်ထောက်ချိတ်ပြီး ရေခပ်ပြီး
သောက်လိုက်ရင်း ဇရပ်ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ ဘာစာတမ်းအမှတ်အသားမျှ မတွေ့တာနဲ့ အမေ့
ကို အဘိုးဆောက်ထားတာဆိုပြီး ဘာအမှတ်အသားမျှလည်း မတွေ့ပါလားအမေရာ။
ဒီနယ်တနယ်လုံးက သိနေကြတာပါသားရယ်။ ဘာမှတ်တမ်းမှ ရေးနေစရာမလိုပါဘူး တဲ့။
အခုတော့ ထန်းတောလည်း ပျောက်ပြီ ဇရပ်လည်း မရှိတော့ဘူး။ ရေတွင်းလည်း မတွေ့တော့ဘူး။ လယ်ကွင်းအ
လည်က ရေအိုင်နေရာလည်း အိမ်တွေဆောက်ပစ်လိုက်ကြပြီ။ ဘယ်မှာတုန်းမှတ်တမ်းမှတ်ရာ။ အဲဒါက ပုဂ္ဂိလက
နဲ့ဆိုင်တဲ့ ရာဇ၀င်ပါ။ အဲဒီအကြောင်း ကျုပ်သားကို ပြောကြည့်လိုက်ပါလား။ ရ,စရာတောင်ရှိမှာမဟုတ်ဘူး။
ဘာတွေလာပြောနေတာလဲ ဆိုပြီးတော့။
အမျိုးသားရေးနဲ့ဆိုင်တဲ့ မှတ်တမ်းမှတ်ရာတွေကျတော့ရော အများကြီးထဲက တခုလောက်ရေးကြည့်မယ် ဥပမာ အ
ခု ကျုပ်တို့ ကရင်နှစ်သစ်ကူးနေ့မှာ သုံးနေကြတဲ့ ပိုးကရင်စာဆိုပါတော့၊ ဘယ်ခုနှစ်က စ,ပြီး ဘယ်သူက တည်ထွင်
ခဲ့တာလဲ ဘယ်နယ်ကနေ စ,ပြီး ဘယ်လိုအဆင့်ဆင့်ပြန့်ပွါးလာသလဲ တိကျတဲ့အမှတ်အသားရှိလျင် ပြစမ်းဆိုလျင်
ဘာနဲ့ပြမလဲ။
အခု က,နေကြတဲ့ဒုံး ဆိုပါစို့။ ဘယ်ကနေစပြီး ဖြစ်လာတာလဲ။ ဘာကြောင့် ဒုံးလို့ခေါ်သလဲ။ ဒုံးအဆင့်ဆင့်ပြောင်း
လဲလာတာကို သိလား။ အဲလိုမေးလျင် ဘယ်လိုအထောက်အထားတွေနဲ့ ပြကြမလဲ။ နာ့ဟူးပွါတဲ လုပ်လို့ရတဲ့ ကာ
လ,မျိုးမဟုတ်တော့ဘူး။
ခင်ဗျားဟာက ဟိုးရှေးပဝေသဏီက အကြောင်းမေးတော့ ကျုပ်တို့က ဘယ်မှတ်မိမှာတုန်းဗျ။ အဲဒီအကြောင်းရေး ထားတဲ့ စာတွေပေတွေဆိုတာ ရှိချင်မှရှိမှာ။ ဟို ကရင်လူကြီးတွေဆိုနေတဲ့ ထားတွေထဲမှာကလည်း အချိန်ကာလ
တိတိကျကျ မပါဘူးလေ။ လို့ဆင်ခြေပေးဘို့ စဉ်းစားနေလား။ ဒါဆိုလျင် ကရင်ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းနှစ်
ဆယ်လောက်နေခဲ့ဘူးတယ်ဆိုတဲ့ ကရင်ဒုက္ခသည်တွေကို မေးကြည့်လိုက်စမ်းပါ။ DKBA နဲ့ SPDC ပေါင်းပြီး ကျုပ်
တို့ ဒုက္ခသည်စခန်းကို ဘယ်နှစ်ကြိမ်မီးရှို့ခဲ့သလဲ။ လူဘယ်နှစ်ယောက်သေခဲ့သလဲ။ အမျိုးသား။ အမျိုးသမီး။ အ
သက် အရွယ်။ သေဆုံးရပုံ။ ဘယ်နေ့လဲ။ ဘယ်အချိန်လဲ။ အဲဒီလို မီးရှို့ခံရအပြီး နောက်ဆက်တွဲ ဘာတွေဖြစ်ပျက်
ခဲ့သလဲ။ ဘယ်သူတွေ ဦးဆောင်ပြီး ဘာတွေလုပ်ခဲ့ကြသလဲ။
လူတစ်ရာမှာ ငါးဆယ်လောက် အတိအကျသိလျင် အင်မတန်ကံကောင်းပြီမှတ်။ လတ်တလော ဖြစ်နေတဲ့ ကိစ္စမှာ
တောင် မှတ်မှတ်ရရမရှိဘူးဆိုလျင် တနည်းအားဖြင့် ကိုယ့်အရေးကိစ္စမှာတောင်အလေးအနက် မထားတတ်ဘူးဆို
လျင် နောင်လာမည့်အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အဆိုးအကောင်းတွေကို ဘယ်လိုသင်္ခဏ်းစာတွေနဲ့ ချိန်ထိုးပြီး အ
ကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြမလဲ။
လေရှည်နေတာနဲ့ လိုရင်းကိုမရောက်တော့ဘူး။
ကဲ ဒီနှစ် ကရင့်လက်နက်ကိုင် အင်အားစုတွေပေါင်းပြီး ကရင်အမျိုးသားနှစ်သစ်ကူးလုပ်ကြတယ်။ စစ်ရေးပြအခမ်း အနားမှာ လက်နက်ကိုင်ဆောင်ခွင့်မရခဲ့ကြဘူး။ ကျုပ်တို့ ကရင်နှစ်သစ်ကူးကျင်းပတဲ့ အခါတိုင်းမှာ စစ်ရေးပြလုပ် တဲ့အခါတိုင်း လက်နက်ပါသလား မပါဘူးလား။ ဒါဆို ဘာကြောင့် ဒီနှစ်လို နေ့ထူးနေ့မြတ်ကြီးကျမှ လက်နက်ကိုင်
ပြီး စစ်ရေးပြအခမ်းအနားလုပ်ခွင့်မရှိတာ ဘာကြောင့်လဲ။
နှစ်သစ်ကူးကျင်းပရေးကော်မတီ နာယကတစ်ဦးဖြစ်တဲ့ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF) အမှတ်(၃)၊တိုက် နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူက
“ဒီလိုနှစ်သစ်ကူးနေ့အခမ်းအနားမှာ လူထုတွေအရှေ့ လက်နက်တွေနဲ့စစ်ရေးပြတာ မသင့်တော်ဘူးထင်လို့ အရေး
ပေါ်အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်လိုက်တာပါ”
လို့ ကေအိုင်စီကို ပြောတဲ့အကြောင်း KICသတင်းထဲမှာ ရေးထားတာတွေ့ရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး စောဂျော်နီက
“စစ်ရေးပြအခမ်းအနားဆိုတာက ကရင်တော်လှန်ရေးနေ့တို့၊ အာဇာနည်နေ့တို့မှာပဲ ထည့်သွင်းကျင်းပတာဖြစ် တယ်။
နှစ်သစ်ကူးနေ့နဲ့တော့ သက်ဆိုင်မှုမရှိပါဘူး။
ဒါကြောင့် ကော်မတီကနေ ဒါကိုမလုပ်တော့ဘဲ ဆုံးဖြတ်အတည်ပြုလိုက်တာဖြစ်တယ်”
ဆိုပြီး KICမှာ ပြောထားပြန်ပါတယ်။
ကရင်ခေါင်းဆောင်တွေ ဘာကြောင့်အခုလိုပြောပြီး သေနတ်မပါတဲ့ စစ်ရေးပြအခမ်းအနားကို လုပ်လိုက်ကြရသလဲ
ဆိုတာကို မတွေးမိတဲ့လူ ရှိမယ်မထင်ဘူး။ ကရင့်တော်လှန်ရေးနယ်မြေမှာ ဘ၀ပေး အသက်ပေးပြီး သမိုင်းပေးတာ
ဝန် ထမ်းဆောင်လာခဲ့ကြသူတိုင်း တွေးမိနေမှာပါ။ တော်လှန်ရေးနယ်မြေမှာ ကျွဲကူးရေပါ လုပ်နေခဲ့ဘူးတဲ့ ကျုပ်လို
အူကြောင်ကြားလူတောင် တွေးနေမိသေးတာပဲ။
ကဲထားလိုက်ပါတော့။ ဒီနေရာမှာ ကျုပ်ဉာဏ်မှီသလောက် အိတ်သွန်ဖါမှောက်ပြီး ရေးကြည့်မယ်။ အမှားပါလျင် ဆဲ
သာဆဲထည့်။ လုံးဝ,အားမနာနဲ့။ ကျုပ်တွေးပြီးရေးထားတာနဲ့ ပတ်သက်ပြီး ပြောစရာရှိလျင်လည်း ပြောသာပြော။ မ
ညှာနဲ့။
ဗမာစစ်အစိုးရဆိုတာ အစကတည်းက ကျုပ်တို့တိုင်းရင်းသားတွေကို မျိုးဖြုတ်ချင်နေတာ။ ဒါကြောင့် ကျုပ်တို့ကရင်
တွေရဲ့ စကားဝှက်မှာ ဗမာစစ်တပ်ကို ထွီးဖလူ(ထွိပလု) ခွေးရူးလို့ သုံးထားတာ အားလုံးအသိပဲ။ ခွေးတောင်မှ ရိုးရိုး
ခွေးမဟုတ်ဘူး။ ခွေးရူး။ ခွေးရူးဆိုကတည်းက စဉ်းစားသာကြည့်တော့ ဘာအသိဉာဏ်မျှမရှိတော့ဘူး။ သူသွားတဲ့
နေရာမှာ တွေ့တာ မိတာ အကုန်ကိုက်တော့တာပဲ။ သစ်ရွက်နဲ့ထိလည်း ကိုက်တာပဲ။ လှေကားထစ်လည်း ခဲတာပဲ။ အိမ်တိုင်နဲ့တိုးမိလည်း ဟပ်တာပဲ။ ခွေးအချင်းချင်းဆုံလည်း ကိုက်တာပဲ။
အဲဒီလို အသိတရားကင်းအောင် သူတို့ကို ဗမာစစ်ခေါင်းဆောင်တွေက သင်တန်းတွေပေးထားတာ။
တပ်ကနားတော့ ကောင်းရောင်းကောင်းဝယ် မလုပ်စားတတ်တော့ဘူး။ လူကြားထဲမတိုးဝံ့တော့ဘူး။ ဒီတော့ ဓါးပြ
တိုက်စားမယ်။ လုစားမယ်။ မုဒိန်းကျင့်မယ်။ အဲဒီအဆင့်ထက် မပိုနိုင်တော့ဘူး။
လူထုနဲ့ ကင်းကွာအောင်။ စစ်သားနဲ့ အရပ်သား။ စစ်သားနဲ့ ကျောင်းသား။ စစ်သားနဲ့ ဘုရားသား။ မပေါင်းမိအောင်
နည်းမျိုးစုံသုံးပြီး ပြည်ထောင်စုဗမာနိုင်ငံတော်ကြီးကို အနုကြမ်းစီးထားတာ။ မောင်ပိုင်စီးထားတာ။
အခုတခါ ငြိမ်းချမ်းရေးဆိုတာကို အခွင့်ကောင်းယူပြီး ကရင်စစ်သားတွေနဲ့ လူထုကို ပညာသားပါပါနဲ့ ခွဲလိုက်တာပဲ
လို့ ကျုပ်မြင်တယ်။ ကျုပ်တို့ကရင်တွေမှာ စစ်သားနဲ့အရပ်သား တသားတည်းဖြစ်နေတာကို မလိုချင်လို့။ ခွဲချင်လို့
တမင်သက်သက်ဆင်လိုက်တဲ့ ကစားကွက်တစ်ခုဖြစ်တယ်။ ကရင်စစ်သားတွေက လူကိုလူလိုမြင်တယ်။ ပြည်သူနဲ့
ရန်သူကို ကောင်းကောင်းခွဲခြားတတ်တယ်။ အဲဒီလိုဖြစ်ဘို့ ကရင်စစ်ဘက်အရာရှိတွေက အခက်အခဲတွေကြားထဲ
က သင်ကြားပို့ချထားတာ။ ဘာပြဿနာမျှ မရှိဘူး။ ရွာထဲရောက်လျင် သေနတ်ကို ထရံပေါ်မှာချိတ် ရွာထဲလိုက်ပြီး
လည်လို့ ရတယ်။
ကဲ ထားလိုက်ပါတော့။ အခုတော့ ပွဲကလည်း ပြီးသွားပြီ။ ပွဲပြီး မီးသေ လို့ သဘောထားလိုက်ကြမလား။ အဲဒီလိုမျိုး
တော့ မလုပ်လိုက်ကြပါနဲ့။ ကရင်အမျိုးသားနှစ်သစ်ကူးနေ့မှာ ကရင်တွေ လက်နက်ကိုင်ပြီး စစ်ရေးပြအခမ်းအနား
တွေ လုပ်ခဲ့တာကွဆိုတာကို ပါးစပ်ရာဇ၀င် မဖြစ်ရလေအောင် မှတ်တမ်းမှတ်ရာလေးတော့ လုပ်ထားကြဘို့ ဆော်
သြပါရစေ။ ဘာကြောင့်လဲ ဆိုလျင် မပြောကောင်းမဆိုကောင်း ကရင့်အမျိုးသားနှစ်သစ်ကူးပွဲတော်မှာ လက်နက်မ
ကိုင်ရ ဆိုတဲ့ အစဉ်အလာကြီးတစ်ခုဖြစ်သွားရာကနေ ကရင်ဒုံး မက,ရ။ ကရင်သီချင်း မဆိုရ။ ကရင်စကား မပြော
ရ။ ကရင်အလံ မထောင်ရ။ (ရေးချင်တာကျန်သေးပေမယ့် ဆက်မရေးတော့ပါဘူး) ဆိုတဲ့အထိ ဖြစ်သွားမှာစိုးလို့ပါ။
ဗမာ စကားရှိတယ်လေ။ မဖြစ်နိုင်တာ ဘာမျှမရှိဘူး။ မဖြစ်သေးတာပဲ ရှိတယ်၊ ဆိုတာ။
တဆက်တည်း ဗမာစစ်တပ်က စစ်သားတွေ တပ်ထဲက ထွက်လျင် ဘာလုပ်စားတတ်ကြသလဲ ဆိုတာ သိချင်လျင်
အောက်က ရုပ်သံဖိုင်ကို ကြည့်နိုင်သလို။ ကရင်တွေ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပတဲ့အခါတိုင်း စစ်
ရေးပြအခမ်းအနားတွေကို လက်နက်ကိုင်ပြီးပြခဲ့တာ ၂၀၁၃ခုနှစ်အထိ ဖြစ်တယ်ဆိုတာကို မှတ်တမ်းအနေနဲ့ တင်ပြ
ထားတာကိုလည်း ကြည့်ရှုနိုင်ကြောင်းပါခင်ဗျား။
ဟာသ ဆိုပေမယ့် ဗမာစစ်သားတွေ တကယ်ကြုံနေရတဲ့ လက်တွေ့ဘ၀,အမှန်ပါ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)