• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, January 19, 2014

နှစ်ချို့ဒုက္ခသည်တဦး၏ မှတ်ချက်

January 19, 2014
Sunday

နှစ်ချို့ဒုက္ခသည်တဦး၏ မှတ်ချက်

By မင်းစိုးစံ

ကျုပ်အိမ်ကို ဒုက္ခသည်စခန်းကနေပြီး အမေရိကန်ကိုမကြာမတင်လေးတင် ရောက်လာတဲ့ ဒုက္ခသည်စခန်းမှာ တာ
ဝန်ရှိခဲ့ဘူးတဲ့ လူတဦးလာလည်တယ်ဗျ။
လက်ရှိစခန်းအခြေအနေတွေကို ပြောပြတာပေါ့လေ။
ဘယ်သို့ဘယ်ညာ ဘယ်ချမ်းသာပေါ့။
ကျန်နေတဲ့လူတွေအတွက်ကတော့ ဘာဖြစ်လို့ဖြစ်မယ်မှန်းမသိဘူး။ ဗမာပြည်ထဲပဲပြန်ရမလား။ တတိယနိုင်ငံကိုပဲ
ရောက်လာမလား။ ထိုင်းမှာပဲနေထိုင်ခွင့်ရမလား။ ဘာဆိုဘာမျှမသေခြာဘူးလို့ ပြောပါတယ်။

ရိက္ခာတွေကလည်း တဖြည်းဖြည်းနဲ့ နည်းလာလိုက်တာ လူတကိုယ်အတွက်တလစာ ဆန် ၈ကီလိုဆိုတော့ဘယ်
လိုလုပ်ပြီး စားလို့လောက်မလဲ။ ကျုပ်တို့နေတုန်းက လူတကိုယ်စာ ၁၆ကီလိုသတ်မှတ်ထားပေမယ့် ဆန်ချိန်တဲ့ ဆ
ရာကြီးတွေက ဗမာအစိုးရပိုင်တဲ့ သမ၀ါယမဆိုင်က အချဉ်အတွယ်(အချိန်အတွယ်)သမားဟောင်းတွေဆိုတော့ မ
ပြည့်ခဲ့ပါဘူး။

ဆန်တပုံးကို ရှစ်ပြည် (နို့ဆီခွက်နဲ့ ခြောက်ဆယ့်လေးခွက်) ရှိခဲ့တဲ့ဆန်ဟာ ခွက်ခြောက်ဆယ်ပြည့်ရုံလေးပဲ ရှိတော့
တယ်။ ကျုပ်တို့ ဒုက္ခသည်စခန်းမှာနေကာစ,တုန်းက ခြောက်ဆယ့်လေးခွက် တိတိကိုရတာ။
ဆန်ကလည်း ပထမတန်းစား။ အကျိုးအကြေမရှိ။ အခုတော့ ဆန်ကနှစ်ပိုင်းကျိုး သုံးပိုင်းကျိုး။ ရတာက ရှစ်ကီလို။
အော်တဲ့လူလည်းအော်၊ ငြိမ်တဲ့လူလည်းငြိမ်။

နိုင်ငံတကာက အကူအညီတွေ လျော့လို့တဲ့။ ဟုတ်မှာပေါ့။
တနှစ်လည်း မဟုတ်။ ဆယ်နှစ်လည်း မက။ နှစ် နှစ်ဆယ်ဆိုတော့။ အလှူရှင်တွေလည်း စဉ်းစားကြပြီပေါ့။
တတိယနိုင်ငံကို ထွက်လာတဲ့ဒုက္ခသည်တွေကလည်း မနည်းမနော။ စခန်းထဲက ဦးရေကလည်း လျော့ကျမလာ။
ကူညီစောင့်ရှောက်တဲ့ နည်းလမ်းများ မှားနေသလားပေါ့။

အများစုကတော့ တော်တော်ကိုဒုက္ခရောက်နေတာဖြစ်ပေမယ့် တချို့ကျတော့ နှစ်လုံး၊ သုံးလုံးကြောင့် စီးပွါးပျက်ပြီး
ကြွေးပူမိတဲ့လူတွေအပြင် ထောင်မြင် ရာစွန့် သမားတွေလည်းရှိကြတယ်ဆိုပဲ။
လူတကိုယ်စာ ရှစ်ကီလိုဆိုတော့ မောင်မင်းကြီးသားတွေ တပ်ဆုတ်တဲ့လူ ဆုတ်။ နီးစပ်ရာမြို့တွေသွားပြီး စီးပွါးရှာ
တဲ့လူက ရှာ။ ဆိုတော့ လူတော်တော်လေး လျော့သွားတယ်ပြောတာပဲ။

အားလုံးကိုခြုံကြည့်လိုက်လျှင် ဗမာစစ်အစိုးရရဲ့ မမှန်မကန်တဲ့ မှားယွင်းတဲ့ မရိုးသားတဲ့ ဆိုးသွမ်းတဲ့ စနက်ကြောင့်
ဆိုတာ လယ်ပြင်မှာဆင်သွားနေသလို ထင်သာမြင်သာရှိလှပါတယ်။
ငါ့စကား နွားရ, ပြောနေတာမဟုတ်ပါဘူး။ အပေါ်ပိုင်းက အရာရှိတွေက အဘိုးတန်သစ်တွေ၊ အဘိုးတန်ကျောက် မျက်ရတနာတွေ၊ သတ္တုတွေ၊ ရေနံတွေ၊ သဘာဝဓါတ်ငွေ့တွေ ရောင်းလို့ရတာမှန်သမျှနဲ့ ကြီးပွါးချမ်းသာနေကြတာ
ဆိုတော့ အောက်က အရာရှိကြီးငယ်တွေကလည်း လယ်မသိမ်း မြေမသိမ်းပဲနေလျင် ချမ်းသာမှာမဟုတ်ဘူးလေ။
ဒီတော့ ဖြစ်တဲ့နည်းနဲ့ ရတဲ့နည်းတွေနဲ့သိမ်းကြတော့တာပေါ့။

ကဲ ဒုက္ခသည်စခန်းက လူဦးရည်ဘယ်လိုလျော့မတုန်း။ ကောင်းရောင်းကောင်းဝယ်လုပ်စားဘို့ နေရာမျှမရှိတော့တဲ့
နောက် သူများနိုင်ငံမှာ ဘ၀ကိုရင်းပြီးဆင်းဆင်းရဲရဲနဲ့ အသက်ရှင်နိုင်အောင်လုပ်ရုံကလွဲပြီး ဘာဆက်လုပ်မလဲ။
ဦးအောင်မင်းပြောသလို ဆင်းရဲလျင် ဘယ်သူမျှလက်နက်မကိုင်ဘူးဆိုတော့ လက်နက်မကိုင်တဲ့ပြည်သူတွေ ချမ်း
သာနေပြီးသားမို့လို့ ပြောလိုက်တာလား။

ဆန္ဒပြတဲ့ စာတမ်းထဲမှာ အစိုးရဆိုးများကို ထိန်းချုပ်နိုင်သည့်ဥပဒေ ရေးဆွဲပြဌါန်းပေးပါ ဆိုတာစာလုံးပေါင်းများမှား
နေသလား မသိဘူး။ တကယ်တော့ လက်ရှိတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေကြတဲ့လူတွေဟာ ပြည်သူလူထုက ရွေး
ခြယ်ထားတဲ့ မင်းတွေမဟုတ်ဘူးဗျ။ သူတို့စိတ်ကြိုက်နှစ်ပေါင်းရာထောင်ချီပြီးအုပ်ချုပ်နိုင်အောင် ဥပဒေတွေပြဌါန်း
ထားပြီးသားလေ။ အဲဒါကို ထိန်းချုပ်တဲ့ဥပဒေ ပြဌါန်းရေးဆွဲရမယ်ဆိုတော့ စိတ်ခိုင်ခိုင်ထားကြပေါ့ဗျာ။
တကယ်စာတမ်းထိုးရမှာက အဆိုးရ,စိုးများကို ဆိုပြီး ရေးရမှာ။
အဆိုးတွေလုပ်ရမှ နေသာထိုင်သာရှိတဲ့ အုပ်စိုးသူတွေဖြစ်တဲ့အတွက် အဆိုးရ,စိုး လို့ရေးတာက ပိုလိုက်ဘက်မယ်
ထင်ပါတယ်။
ဒီလိုအခြေအနေမျိုးနဲ့ ကရင်ဒုက္ခသည်တွေ ပြန်ကြရပြီဆိုလျင်တော့ အဆိုတော် ကိုင်ဇာဆိုခဲ့ဘူးတဲ့ သီချင်းတပုဒ်
ကို ကာတွန်းဆရာ တယောက်ရေးခဲ့ဘူးတာပြန်ရေးပြချင်တယ်။ ထိုင်နေလို့တော့ ဘာမျှ ဖြစ်မလာဘူး ဆိုတဲ့တေး
သီချင်းကို ကာတွန်းဆရာက ထိုင်နေလို့တော့ ဘာမျှဖြစ်မလာဘူး။ ထ,ကြည့်တော့လည်း ဘာမျှဖြစ်မလာတယ်။
ဆိုပြီး ရေးခဲ့ဘူးပါတယ်ဗျား။
ဗမာစကားပုံရှိတယ်လေ ထိုင်နေတော့ အကောင်းသား ထ,သွားမှ ကျိုးမှန်းသိ ဆိုတာ။

နှစ်ချို့ဒုက္ခသည်တဦး၏ မှတ်ချက်
 
လွန်ခဲ့တဲ့
ကာလ,ဆယ်နှစ်
ရွေးခြယ်တွက်စစ်ဆောင်းစု
ရေစစ်တခုထဲလောင်းချ
ဘာမျှလည်းကျမလာ
ရေစစ်ထဲမှာလည်းဘာမျှမရှိ
နတ္ထိသုည။

ဒီလိုနဲ့
နှစ် နှစ်ဆယ်ကြာအချိန်အခါကို
ဆန်ကာထဲထည့်
ဆန်ပြာသလို ဆန်ကာတင်ကြည့်တယ်
ဘာဆိုဘာမျှမရှိ
နတ္ထိဗလာ
ဆန်ကာဟာ ဆန်ကာပဲ။

မထူးခြားတဲ့အဖြစ်
ဆန်ကာနဲ့ရေစစ်ကိုပစ်ပြီး
လက်ရှိဘ၀,အစစ်မှာ
ငါ့ကိုငါ ရဲရဲတင်းတင်းကြည့်
အတွင်းအားအပြည့်နဲ့ဟစ်အော်ကြည့်တော့
ဟား..............
ပဲ့တင်သံမဆိုထားနဲ့
ငါ့အသံတောင်ငါပြန်မကြားရဘူး
ဘာဖြစ်လို့များပါလိမ့်။

သေခြာသွားတာက
ငါ့အသံငါပြန်မကြားရတာဟာ
ကျည်ဆံမကြောက်တဲ့
ဆာနေတဲ့ဗိုက်တွေရဲ့အသံတွေ
ဒုက္ခသည်ငါ့အသံကို
အဆ,မတန် ဖုံးလွှမ်းထားလို့ပဲ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောက်မှာ ဒီကနေ့ဖြစ်ပျက်နေတဲ့ ဗမာစစ်အုပ်စုရဲ့ ပြည်သူအပေါ် ကျင့်ကြံပုံလေးတွေကို သိချင်လျင် ကြည့်နိုင်စေ
ဘို့ သတင်းမှတ်တမ်း တချို့ကို ကူးယူတင်ပြလိုက်ပါတယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)