BGF တပ်ပိုင် စက်သုံးဆီသိုလောင်ရုံ မီးလောင်
ဇန်န၀ါရီ ၂၀ရက်၊ ၂၀၁၄ခုနှစ်။
စောညွှန့်သောင်း
ကရင်ပြည်နယ် ဖားအံမြို့နယ်၊ အိန္ဒုဂွင်အတွင်း မိုင်းအောင်ရပ်ကွက် ဖားအံ-ကောကရိတ်ကားလမ်းမ နံဘေးရှိ
နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)-BGF တပ်ပိုင် စက်သုံးဆီသိုလောင်ရုံကို ဇန်န၀ါရီ ၁၇ ရက်နေ့က မီးလောင်
ကျွမ်းခဲ့သည်ဟု သိရသည်။
၎င်းစက်သုံးဆီသိုလောင်ရုံ၌ ဓါတ်ဆီအလုပ်သမားနှစ်ဦးမှ ဓါတ်ဆီပီပါအဖုံး ဖွင့်သည့်အချိန်တွင် ဆီပီပါအတွင်းရှိ
ဆီအငွေ့များနှင့် လေဖိအား ပေါင်းစပ်သောကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများ
က ပြောသည်။
ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသူ စောအယ်စိုးက
“နေ့လယ် ၁၂ နာရီအချိန်လောက်မှာ မီးက စလောင်တယ်။
မီးသတ်သမားနဲ့ ဒေသခံတွေ စုပေါင်းမီးဝိုင်းသတ်ကြလို့ နေ့လည် ၁နာရီကျော်မှ မီးငြိမ်းသွားတော့တယ်။
အဲဒီနေရာက အိမ်နဲ့မနီးဘူးဆိုတော့ အခြားနေရာ မီးကူးတာတော့ မရှိပါဘူး”
ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ထိုသို့ မီးလောင်ကျွမ်းခဲ့ရာတွင် စက်သုံးဆီဘောင်စာကားကြီးတစ်စီး၊ ခြောက်ဘီးကားတစ်စီးနှင့် ထော်လာဂျီ ကား
တစ်စီးအပါအ၀င် ဒီဇယ် ၅ ပီပါနှင့် ဓါတ်ဆီ ၃၅ ပီပါတို့ မီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။
မီးလောင်ကျွမ်းမှုကိစ္စကြောင့် စက်သုံးဆီအလုပ်သမားနှစ်စ်ဦးဖြစ်သည့် အသက်၂၆နှစ်အရွယ် အောင်အောင်(ခေါ်)
ထိန်လင်းအောင်၊ အသက်၂၉နှစ်အရွယ် ကျော်ဆန်းဦးတို့ကို အိန္ဒုရဲတပ်ဖွဲ့မှ ပေါ့ဆ,မှု ဥပဒေအရ ပုဒ်မ-၂၈၅ ဖြင့်
လက်ရှိ တရားစွဲဆိုထားကြောင်း ဖားအံမြို့မီးသတ်ဌာန၏မီးသတ်ဦးစီးအရာရှိ ဦးအောင်ရဲမင်းက ကေအိုင်စီ သို့ပြော
သည်။
ဦးအောင်ရဲမင်းက
“မီးလောင်ရတာက သူတို့ ဆီအဖုံးဖွင့်တဲ့အခါ အားပြင်းပြင်းနဲ့ဖွင့်တော့ လေဖိအားနဲ့ အငွေ့တို့ထိပြီး မီးစ,လောင်
တာလို့ သိရတယ်။
ဒါကြောင့် သူတို့ကို ပေါ့ဆ,မှုနဲ့ တရားစွဲဆိုထားရတာပါ။”
ဟု ပြောသည်။
အဆိုပါ မီးလောင်မှုတွင် ဆုံးရှုံးသွားသည့် ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်း (၃)ရာကျော်ရှိသည် ဟု ဦးအောင်ရဲ
မင်းက ဖြည့်စွက်ပြောဆိုသည်။
မီးလောင်ကျွမ်းသွားခဲ့သည့် စက်သုံးဆီးလောင်ရုံသည် BGF တပ်ဖွဲ့အားလုံးမှ ပိုင်ဆိုင်ထားသည့် စက်သုံးဆီသို
လှောင်ရုံဖြစ်ပြီး ပြီးခဲ့သည့် သုံးနှစ်ခန့်က စ,တင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Read more http://www.kicnews.org/2014/01/bgf-
၉မိုင် GE 4 စစ်တပ်ဝင်းအတွင်း မီးလောင်၊ ဝါယာရှော့ခ်ဟု ယာဉ်ထိန်းရဲယူဆ,
ရန်ကုန်မြို့ ၉မိုင် ပြည်လမ်းနဲ့ တော်ဝင်လမ်းထောင့်က မြို့ပြဆောက်လုပ်ရေး အင်ဂျင်နီယာတပ် GE 4 စစ်တပ်ဝင်း
ထဲက ပစ္စည်းသိုလှောင်ရုံ ၂ခု ဇန်နဝါရီ ၂ဝရက်နေ့ည ၇နာရီမှာ မီးလောင်ကျွမ်းခဲ့ပါတယ်။
၂နာရီနီးပါး ကြာမြင့်တဲ့မီးလောင်မှုကို မီးသတ်ကားအစီး ၃ဝလောက်နဲ့ ငြိမ်းသတ်ခဲ့ရပြီး ၉မိုင်လမ်းဆုံကယာဉ်ထိန်း
ရဲကတော့ အရပ်စကားနဲ့ဆိုရင် ဝါယာရှော့ခ်ကနေ စတင်လောင်ကျွမ်းပုံရတယ်လို့ ဆိုပါတယ်။
သူ့ကို အထက်အရာရှိက တာဝန်ပေးထားတာက မီးလောင်မှုနဲ့ပတ်သက်ပြီး သတင်ပို့ဖို့ဖြစ်ပြီး သူ့ရဲ့တွက်ချက်မှုအ
ရဆိုရင် ဆုံးရှုံးမှုဟာ ၁၈သိန်းဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
အရန်မီးသတ်တပ်ဖွဲ့က မီးလောင်ကျွမ်းမှုကို ချက်ချင်းသတင်းမထုတ်ပြန်ခဲ့သလို GE တပ်က ဗိုလ်မှူးတစ်ယောက်
ကလည်း မီဒီယာတွေ သတင်းမှတ်တမ်းယူမှုကို ကြိမ်းမောင်းပြောဆိုခဲ့ပါတယ်။
Read more http://www.kamayutmedia.com/2014/01/20/army-engineering-on-fire/
ဘီအိုစီက လေယာဉ်ဆီ သိုလှောင်ရုံ မီးလောင်ပေါက်ကွဲ၊ ၂နာရီအကြာမှာ မီးစွယ်ကျိုး
မင်္ဂလာဒုံမြို့နယ် တပ်မတော်(လေ) စစ်သားစုဆောင်းရေးတပ်ထဲက ဘီအိုစီဝင်းအတွင်းမှာ သိုလှောင်ထားတဲ့လေ
ယာဉ်ဆီတွေ ပေါက်ကွဲရာက ဇန်နဝါရီ ၂၁ရက်နေ့ ညနေ ၆နာရီကျော်မှာ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပါတယ်။
သိုလှောင်ထားတဲ့ လေယာဉ်ဆီတွေဟာ မိနစ်ခြားအလိုက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ဘီအိုစီဝင်းနားက ပြည်လမ်း
ပိုင်းကို ယာယီပိတ်ဆို့ခဲ့သလို မီးခိုးလုံးတွေကြောင့် မင်္ဂလာဒုံလေဆိပ်ကိုလည်း ယာယီပိတ်ခဲ့ပေမယ့် မီးညွန့်မကျိုး
ခင်မှာဘဲ ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။
လောင်စာဆီတွေ ပြင်းထန်တဲ့ပေါက်ကွဲအားတွေနဲ့ လောင်ကျွမ်းခဲ့တာကြောင့် ခက်ခက်ခဲခဲမီးငြိမ်းသတ်ခဲ့ရပြီး အ
နည်းဆုံး မီးသတ်သမားတစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
နှစ်နာရီနီးပါး မီးလောင်ကျွမ်းခဲ့ပြီး ည ၇နာရီ မိနစ် ၅ဝလောက်မှာ မီးညွန့်ကျိုးသွားခဲ့ပါတယ်။
ပျက်စီးဆုံးရှုံးမှု၊ မီးလောင်ပေါက်ကွဲမှု အကြောင်းရင်းတွေနဲ့ပတ်သက်ပြီး မီးလောင်မှုဖြစ်ပွားတဲ့နေရာမှာရှိတဲ့ တပ်မ
တော်အရာရှိတွေအပါအဝင် တာဝန်ရှိသူ ဘယ်သူကမှ ဖြေဆိုခြင်းမရှိခဲ့ပါဘူး။
ဘီအိုစီဝင်း မီးလောင်ပေါက်ကွဲမှုမဖြစ်ခင်တစ်ရက်မှာလည်း ပြည်လမ်းနဲ့ တောင်ဝင်လမ်းထောင့်မှာရှိတဲ့ အင်ဂျင်နီ
ယာတပ်ရင်း GE 4 ဝင်းထဲက ဂိုထောင်နှစ်လုံးလည်း မီးစွဲလောင်ခဲ့ပြီး ခန့်မှန်းခြေ ကျပ် ၁၈သိန်းဖို့ ဆုံးရှုံးခဲ့တယ်လို့
ဆိုပါတယ်။
Read more http://www.kamayutmedia.com/2014/01/21/fuel-tanks-explode/