• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, January 3, 2014

အသက် တနှစ်ထပ်အိုစာလာပြီ

January 03, 2014
Friday

အသက် တနှစ်ထပ်အိုစာလာပြီ

By မင်းစိုးစံ

အချိန်တွေက လူကိုတိုက်စားနေတာလား၊ လူတွေက အချိန်ကိုဝါးမြိုနေတာလား။
တခုခုတော့ တခုခုပဲ။ ကာလတခုအတွင်းမှာ တခါတလေ ကျုပ် အချိန်ကိုစောင့်နေခဲ့ရတာရှိသလို၊ အချိန်တွေလွန်
သွားတဲ့အတွက် နောင်တတွေရခဲ့တဲ့ အကြိမ်တွေလည်း မရေမတွက်နိုင်အောင်ပါပဲ။

နယ်စပ်ကဒုက္ခသည်စခန်းမှာဆိုလျင် မနက်မိုးလင်းလျင် နေ့စားသွားလုပ်ဘို့ပြင်။ အလုပ်ရှိလျင် သွား။ မရှိလျင်အိမ်
ပြန်။ ကျားထိုးချင်လျင် ထိုး။ ဖဲရိုက်ချင်လျင် ရိုက်၊ ဒါမှမဟုတ်လျင် အရက်သောက်။ စာကလေးထီ ထိုးချင်လျင်ထိုး။

သံဆူးကြိုးကို ချဲထုတ်ဖြဲရဲရင်း မလွယ်ပေါက်ကနေ ခိုးထွက်ပြီးမတန်မရာ လုပ်အားခ,နဲ့ အလုပ်လုပ်ကြရတာလေ။
ထိုင်းတာဝန်ရှိတဲ့လူတွေ မိသွားလျင် ပါးရိုက်နားရိုက် ကန်ကျောက်ဆဲဆိုတာကို ခံရတဲ့အပြင် သူတို့နေတဲ့စခန်းက
မြက်တွေ အမှိုက်တွေကို ဒါဏ်အဖြစ်အလကားမတ်တင်း ရှင်းလင်းပေးခဲ့ရတာကို အမှတ်ရနေသေးတော့။

ကျုပ်နေခဲ့တဲ့ စခန်းမှာ စာကလေးထီဆိုတာ တရားဝင်နီးပါးလိုလိုကိုလုပ်နေကြတာ။ တတိယနိုင်ငံကိုရောက်နေကြတဲ့ ကရင်ဒုက္ခသည်တွေကိုသာမေးကြည့် စာကလေးထီဆိုတာနဲ့ မရင်းနှီးသူဆိုတာ စာကလေးထီအကြောင်းလုံးစေ့ပတ်စေ့ မသိသူဆိုတာတွေ ရှိကောင်းရှိနိုင်ပေမယ့် မကြားဘူးသူဆိုတာကတော့ ခပ်ရှားရှားဖြစ်ပါလိမ့်မယ်။ မေးချင်သလား။ ကျုပ်လာမမေးနဲ့။
ဒုက္ခသည်စခန်းထဲမှာ ဖဲရိုက်တာ၊ အရက်သောက်တာ၊ လောင်းကစားတွေလုပ်တာ ခွင့်ပြုထားလို့လား ဆိုတဲ့အမေး
မျိုး။ သေသေခြာခြာသိချင်လျင် ဒုက္ခသည်စခန်းအတွက် လုံခြုံရေးတာဝန်ယူခဲ့ပြီး တတိယနိုင်ငံကိုရောက်လာတဲ့ လုံခြုံရေးမှူးဆိုသူတွေကိုသာ မေးကြည့်။

ထိုးတဲ့လူကျတော့ တနေ့ပေါက်နိုးနိုး၊ အရင်းပြန်ရနိုးနိုးနဲ့ ငွေတိုးပေးချေးလိုချေး။ ကိုယ်ရမယ့်ရိက္ခာတွေထဲက ကြို
တင်ရောင်းတဲ့စနစ်နဲ့ ရောင်းတဲ့လူက ရောင်း။ ၀ယ်တဲ့လူကလည်း ၀ယ်။ ရိက္ခာထုတ်တဲ့အခါကျတော့ သူရမယ့်
ရိက္ခာ ဟိုလူလည်း ရစရာရှိလို့ထုတ်မယ်။ ဒီလူလည်း ရစရာရှိလို့ထုတ်မယ်။ တက်ပါပြီဗျာ ပြဿနာတွေ။
အဲဒီပြဿနာမျိုး ဘယ်လိုရှင်းသလဲ။
ကျုပ်ကိုလာမမေးနဲ့။
စခန်းထဲက ရပ်ကွက်မှူးလုပ်လာခဲ့တဲ့ ရပ်ကွက်မှူးဆိုသူတွေကိုသာ မေးကြည့်။ 

အဲဒီလိုအခြေအနေဆိုးမျိုးကနေ အခုဆိုလျင် အချိန်ကိုတန်ဘိုးထားပြီး အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုတဲ့ဆောင်ပုဒ်ကို
လက်တွေ့ကျကျ ကျင့်သုံးနေတဲ့နိုင်ငံကို ရောက်နေတာတောင် ကျုပ်တို့ကရင်အချို့ လောင်းကစားကို ခုံမင်စွဲမက်
နေကြသေးတဲ့အတွက် အချို့ဘ၀ပျက်ကြရတဲ့ဇာတ်လမ်းလေးတွေ သိုးသိုးသန့်သန့်ကြားနေရတာကတော့ အင်မ
တန်ကိုဝမ်းနည်းစရာကောင်းတဲ့ အဖြစ်မျိုးပဲမဟုတ်ပါလား။

ဒီနိုင်ငံက လူနေမှုအဆင့်အတန်းကို အမီလိုက်နေရလို့  သားသမီးတွေကို ရင်အုပ်မကွာထိန်းသိမ်းစောင့်ရှောက်ဘို့
အချိန်တွေနည်းပါးနေရတာ အားလုံးအသိပါ။ ရုပ်ဝတ္ထုပစ္စည်းတွေဆိုတာကလည်း နည်းပညာတွေပေါ်လာတာနဲ့အ
မျှ ဒီနေ့အတွက် နောက်ဆုံးပေါ်ဆိုတဲ့ပစ္စည်းကိုဝယ်ဘို့ ဆိုင်ကိုသွားလိုက်တာနဲ့ ဆိုင်ပေါ်မှာ ဒီထက်ကောင်းမွန်တဲ့
သစ်လွင်တဲ့ နောက်ဆုံးပေါ်ပစ္စည်းဆိုတာတွေက ကိုယ့်ကိုကြိုဆိုနေတာကို တွေ့ရပါလိမ့်မယ်။

အဲဒီလိုအခြေအနေမျိုး ရင်ဆိုင်ရတဲ့ကြားထဲ စောစောကပြောတဲ့လောင်းကစားဆိုတာအပြင် အခြားကိစ္စ၀ိစ္စတွေနဲ့
ရောထွေးရှုတ်ပွနေတဲ့ အခြေအနေမျိုးတွေကြား အချိန်ဆိုတာဘာပါလိမ့်ဆိုတာတွေးဘို့ အချိန်ပေးပြီးစဉ်းစားဘို့ သ
တိရနေတုန်းမှာပဲ အသက်ကတနှစ်ထပ်တိုးလာရပါပြီ။ နေရမယ့်အချိန်က လျှင်လျှင်မြန်မြန်ကြီးကို နည်းလာရပါပြီ။
လူ့ရွာကနေမပြန်ခင်မှာ လူ့လောကကို နှုတ်ဆက်ဘို့အတွက် အကောင်းဆုံးနှုတ်ဆက်စကားကိုမရှာဖွေနိုင်ခဲ့မိလျင်
တောင် အဆိုးဆုံးအမွေအနှစ်ကို မျိုးဆက်သစ်တွေအတွက် ချန်မထားရစ်မိဘို့အရေးကြီးတယ် မဟုတ်ပါလား။

ဘီဘီစီမှာ တာဝန်ယူအသံလွှင့်ပေးခဲ့တဲ့ မေးပါများ စကားရ၊ ဗဟုဿုတ ဟင်းလေးအိုး၊ စတဲ့ကဏ္ဍကို ထုတ်လွှင့်ခဲ့
တဲ့ ဆရာဦးဖေသန်းရဲ့ စကားတခွန်းကို ရေးသားဖေါ်ပြရင်း နှစ်သစ်နဲ့အတူ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ကြောင်းပါခင်ဗျား။

လူတကာတွေ အမှားပြင်ဆင်နေချိန်မှာ ကိုယ်က သူများမှားဘူးပြီးသားတွေကို လိုက်မှားနေတဲ့ အမှားနောက်
လိုက်ကောင်းကြီး လုပ်မနေပါနဲ့။
ဦးဖေသန်း (ဘီဘီစီ)

Karen Buddhist Society of Minnesota က  ဦးစီးပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကျင်းပခဲ့တဲ့ ပုံရိပ်အချို့ကို ရှုစားမြင်တွေ့နိုင်ပါတယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)