Wednesday
နေရပ်မပြန်ခင် ဒါတွေကြည့်ထားကြပါ
By မင်းစိုးစံ
ကျုပ်ကိုယ်ကို တသက်လုံး ဒုက္ခသည်လို့ ခံယူထားတဲ့ လူတယောက်ဖြစ်ပါတယ်။
သတ္တ၀ါတိုင်း သတ္တ၀ါတိုင်းဟာ ဒုက္ခနဲ့ မကင်းနိုင်ကြပါဘူး။
အထူးသဖြင့် နိုင်ငံရေးဒုက္ခသည်၊ စစ်ဘေးဒုက္ခသည်၊ သဘာဝဘေးဒုက္ခသည်၊ စသည်ဖြင့် များပြားလွန်းလှတဲ့ ဒုက္ခ
ဘေးတွေထဲက စစ်ဘေးကြောင့် ကိုယ့်ရပ်ကိုယ့်ရွာကနေ အသက်လုပြီးပြေးလာခဲ့ကြရသူတွေအထဲကမှ နှစ်ပေါင်း
များစွာ သူတပါးနိုင်ငံမှာ ဖြစ်သလိုနေထိုင်နေကြရတဲ့ ကရင်ဒုက္ခသည်တွေအချို့ ဗမာပြည်ထဲကိုပြန်နေကြမယ်လို့
ဆုံးဖြတ်ထားတဲ့သူများအနေနဲ့ အောက်က ရုပ်သံဖိုင်လေးကို ကြည့်သွားကြပါ။
ဘာကြောင့်လဲဆိုတော့ အဲဒီလိုမျိုးတွေ အဲဒီလိုအဖြစ်မျိုးတွေကြုံကြရပြီဆိုလျင် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ
ကြိုတင်ပြင်ဆင်ထားနိုင်ဘို့ပါ။
ကိုယ့်အိမ်ခေါင်မိုး မိုးယိုလျင် ကိုယ်ကိုယ်တိုင် ဖါထေးရမှာပါ။
ဘယ်သူကမျှ လာပြီးဖါထေးပေးမှာ မဟုတ်ပါဘူး။
ကျုပ်တို့တတွေအပေါ် ကိုယ်ချင်းစာတရားရှိတဲ့ အစိုးရတရပ်မပေါ်ပေါက်လာသမျှ ဒီလိုစစ်အာဏာရှင်တွေ ရှိနေသ
မျှ ဆင်းရဲမွဲတေမှုဆိုတာဘယ်နည်းနဲ့မျှ မပပျောက်နိုင်ပါဘူး။
ဒီတော့ မဖြစ်မနေပြန်ကြရပြီဆိုလျင် အသက်မွေးဝမ်းကျောင်းပညာတွေသင်ထား တတ်ထားရုံနဲ့ ပြည့်စုံလုံလောက်
မှု မရှိနိုင်တော့တာအမှန်ပါ။
ဘန်ကောက်ကို တရားမ၀င်နည်းနဲ့ အလုပ်သွားလုပ်ဘူးကြပါသလား။
လူအကြိုအပို့လုပ်တဲ့ လူတွေအကြောင်းသိမှာပေါ့။ (လူပွဲစား)
ဘန်ကောက်ကို ရောက်လျင်သူ့တာဝန်ပြီးပြီ။
ကျန်တာတွေက ကိုယ်ရ ကိုယ်ယူ။ ကိုယ်ဖြစ် ကိုယ်ခံ။
ကိုယ့်အိမ်ခေါင်မိုး မိုးယိုလျင် ကိုယ်တိုင်ဖါထေးတတ်အောင် အခုကတည်းက ကြိုတင်ပြင်ဆင်ထားကြဘို့ အကြံပြု
တိုက်တွန်းလိုပါတယ်။
ဖြစ်နိုင်လျင် မြေကြီးမလိုပဲ စိုက်ပျိုးစားသောက်နိုင်တဲ့ နည်းပညာတွေ သင်ထားကြပါ။
မြေကြီးမလိုပဲ နေစရာတွေဆောက်နိုင်တဲ့ နည်းပညာတွေ တတ်ထားဘို့လိုနေပါပြီ။
ဒီလိုစစ်အာဏာရှင်တွေလက်ထက်မှာ ဗမာပြည်ပြန်ပြီး နေထိုင်ကြတော့မယ်ဆိုလျင်ပြောပါတယ်။
အဲဒီနည်းပညာတွေ မတတ်ထားဘူး၊ မသိထားဘူး ဆိုလျင်၊ အဲဒီလိုနည်းပညာတွေ မရပဲနဲ့ပြန်မယ်ဆိုလျင်တော့
ဘယ်လိုပြန်ပြေးလာခဲ့ရမလဲဆိုတဲ့နည်းကို အခုကတည်းက မဖြစ်မနေစဉ်းစားတွက်ချက်ပြင်ဆင်ထားကြလျင် ပို
ကောင်းမလား မသိဘူး။
သိပ်ပြီး မစိုးရိမ်ကြပါနဲ့။ မကြာခင်မှာ ငြိမ်းချမ်းရေးအသီးအပွင့်တွေကို မြင်ရတော့မယ် ထင်တာပဲ။
အကောင်းဆုံးအတွက် မျှော်လင့်ထားမယ်ဆိုလျင် အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားရမယ် မဟုတ်ပါလား။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)