Thursday
ဒုက္ခသည်တဦးရဲ့ အတွေး
ငါ့ရဲ့ငယ်ဘ၀,
ပြေးခဲ့ရ,လွှားခဲ့ရ,
မျက်ရည်လည်း ကျခဲ့ရ,
ငါ့သွေးတွေကိုလည်း ငါမြင်ခဲ့ရ,
လူတွေငိုကြွေးသံကိုလည်း ငါကြားခဲ့ရ,
ငါ့အသည်းနှလုံးမှာ
မကျက်တတ်တော့တဲ့ အနာတွေ
ဒါဏ်ရာဗလပွနဲ့ ကျန်ရစ်ခဲ့ရ,တယ်။
မီးလောင်ပြာကျသွားတဲ့
ငါတို့ရွာ ဇနပုဒ်ဟာ
မည်းကြုတ်ကြုတ်အိမ်တိုင်တွေသာ
မီးခိုးနဲ့ပြာမှုန့်တွေကြား
ငါ့နှလုံးသားအထက်
အကင်းမသေနိုင်တဲ့
အနာရွတ်သက်သက်နဲ့
မှတ်ကျောက်တင်ရစ်ခဲ့တယ်။
ဘုန်းကြီးမကြွနိုင်တဲ့
အသုဘ,တွေ။
ကြည်း(ကြေး)စည်သံကင်းတဲ့
သေဆုံးရ,ခြင်းတွေ။
ဖျာလိပ်နဲ့တောင် မသိပ်နိုင်တဲ့
မိုးကာလိပ်နဲ့အလောင်းတွေ။
အချိန်မရ,လို့
မြေမမြှုပ်လိုက်ရ,တဲ့
လူသေတွေ။
ဒီလိုတွေ ဒီလိုတွေနဲ့
အိမ်နီးချင်းနိုင်ငံရဲ့မြေမှာ
ငါ.......ဒုက္ခသည်ဖြစ်နေရ,ပါတယ်။
အခုတော့
နှစ်ကာလ,ကလည်း ကြာလာ
ရိက္ခာကလည်း နည်းသွား
ငြိမ်းချမ်းရေးစကားကလည်း ပေါ်ပျူလာဖြစ်
ရွှေပြည်တော်ပြန်ဖြစ်ဘို့အရေး
အလေးပေးရ,တော့မယ်ပါ့။
တခုတော့ရှိပါရဲ့
ငြိမ်းချမ်းရေးမပျက်ရုံမှေးနေပြီး
အုံကြွမှုတွေပြန်ဖြစ်ခဲ့လျင်
ငါပုန်းခဲ့ဘူးတဲ့တော
ချောင်းတွေကောလို့
သစ်တောတွေပြုဉ်း
ဗုံးတွေကအောထ,
စားလို့ရ,တဲ့ကြွေဥ
အင်ဥနဲ့ မျှစ်တွေသာမက
ပဒတ်စာပါမပေါက်နိုင်တော့တဲ့နောက်
နယ်စပ်ပြန်ရောက်ဘို့အရေး
ဆက်မတွေးရဲဘူး။
တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးနဲ့
တနိုင်ငံလုံး ထာဝရ,ငြိမ်းချမ်းရေးတဲ့
ခံတွင်းတွေ့လှတဲ့စကားလုံး
ပြည်သူတွေအားလုံးရဲ့ဘ၀,ကိုမဆိုထားနဲ့
မလှပ,တဲ့ဒုက္ခသည်ဘ၀,ကို
ပြည်ဖုံးကားလေးမျှ
ချမှ ချပေးနိုင်ပါ့မလားနော်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)