• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, January 4, 2014

မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းကို ရန်ကုန်မြို့တွင် လူငယ်များက ဖြန့်ဝေ

မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းကို 

ရန်ကုန်မြို့တွင် လူငယ်များက ဖြန့်ဝေ

January 4, 2014
Saturday

၆၆နှစ်ပြည့် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၄ရက်နေ့မှာတော့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းနဲ့အတူ အခြား လှုပ်
ရှားတက်ကြွသူ လူငယ် ၁၂ယောက်ဟာ ရန်ကုန်မြို့မှာ လွတ်လပ်ရေးကြေညာစာတမ်းကို ဖြန့်ဝေခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်ကြေညာခဲ့တဲ့ သမိုင်းဝင် မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်းကို အ
များပြည်သူတွေသိနိုင်စေဖို့ ဝေငှတာဖြစ်ပြီး ပြည်သူကို ကာကွယ်မပေးနိုင်တဲ့ အစိုးရကို ရှုတ်ချတဲ့အနေနဲ့ အကျီအ
နက်ရောင်တွေ ဝတ်ဆင်ခဲ့ကြပါတယ်။

သူတို့တောင် မသိရှိခဲ့ရတဲ့ လွတ်လပ်ရေးကြေညာစာတမ်းကို အများပြည်သူအတွက် ဖြန့်ဝေနိုင်ခဲ့တာမို့ ဝမ်းသာသ
လို လွတ်လပ်ရေးကြေညာစာတမ်းရဲ့ အဓိပ္ပာယ်အနှစ်သာရကို သိအောင်လုပ်ဆောင်ခဲ့တဲ့အတွက် အကျိုးရှိတယ်
လို့ ကိုအောင်ကျော်မင်းက ဆိုပါတယ်။

ရန်ကုန်အပါအဝင် မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ ဖားအံ စတဲ့အခြားမြို့တွေမှာလည်း တစ်ချိန်တည်းလိုလို ဖြန့်ဝေခဲ့တာ
ဖြစ်တယ်လို့ ပါဝင်ဆောင်ရွက်သူတွေက ဆိုပါတယ်။


Copy from http://www.kamayutmedia.com/2014/01/04/hand-out-burmas/