• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, January 6, 2014

ကရင်နှစ်သစ်ကူးပွဲတော်အကြောင်း ပြန်ပြောင်းတွေးကြည့်ခြင်း

January 06, 2014
Monday

ကရင်နှစ်သစ်ကူးပွဲတော်အကြောင်း

 ပြန်ပြောင်းတွေးကြည့်ခြင်း

By မင်းစိုးစံ

ခေါင်းစဉ်က ကျုပ်အတွက်အတော်ကိုလေးပင်ပါတယ်။
ပြန်ပြောင်းတွေးတယ်ဆိုကတည်းကိုက ကောင်းတာပါနိုင်သလို မကောင်းတာလည်း ပါနိုင်ပါတယ်။
ကျုပ်ကိုယ်တိုင် ပါဝင်ဆင်နွှဲတဲ့နှစ်သစ်ကူးအကြောင်းကိုတွေး ကြည့်တာပဲကောင်းမယ်လို့ ထင်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ကိုယ်ကိုယ်တိုင်တွေ့ရမြင်ရတာကို တွေးပြီးရေးတာက ပိုပြီးသေခြာနိုင်လို့ပါ။
နှစ်သစ်ကူးဆိုကတည်းက တနှစ်ကုန်လို့နောက်တနှစ်ကိုပြောင်းတာမဟုတ်ပါလား။
ဒီနှစ် ကရင်နှစ်သစ်ကူးနေ့ကတော့ ကျုပ်အတွက် အထူးခြားဆုံး ဂုဏ်ယူစရာအကောင်းဆုံးနှစ်ဖြစ်တယ်လို့ ပြော
လျင် ရနိုင်ပါတယ်။
ဒီနှစ်မှပဲ ထူးထူးခြားခြား KBSMN (Karen Buddhist Society of Minnesota) အဖွဲ့က သဘာပတိနေရာမှာ ၀င်ပြီး
ထိုင်ပေးဘို့ကြိုတင်ပြောလာလို့ဖြစ်ပါတယ်။
သူတို့အဖွဲ့ခေါင်းဆောင်မဟုတ်တဲ့အပြင် သူတို့အဖွဲ့ဝင်လည်းမဟုတ်တဲ့ ကျုပ်က သူတို့ကိုမေးမိပါတယ်။ ခင်ဗျားတို့ ရဲ့ဥက္ကဌတွေ မတက်ဘူးလားလို့ပေါ့လေ။

အလုပ်တွေများနေလို့ မလာနိုင်ကြဘူးလို့ပြောတာနဲ့ သဘာပတိမိန့်ခွန်းတွေဘာတွေ အလွတ်ကျက်တာပေါ့ဗျာ။ ကိုယ့်ထက်ဝါရင့်တဲ့ ပဂ္ဂိုလ်တွေရဲ့ စကားတွေလည်းရှာနဲ့ ကြိုတင်ပြင်ထားတာ။ အရေးထဲဝါသနာအရ ဓါတ်ပုံလေး
ဘာလေးရိုက်ချင်သေးတော့ လိုအပ်တာတွေပြင်ဆင်ထားတာပေါ့ဗျာ။

အခန်းအနားစပါပြီ။ ဖီ့ဘီးယော် ဖီ့ဘူးယော် ဖုန်းမကျီ စပါးစောင့်နတ်ကိုပင့်ဖိတ်တဲ့ဒုံး ကတဲ့အခါ ဘင်တီးဘို့ လူလို တယ်ဆိုလို့ အိုးနင်းခွက်နင်းနဲ့ ၀င်တီးလိုက်သေးတယ်။ ကျုပ်မြေးအရွယ်လေးက အဲဒီဒုံးအတွက် ဘင်တီးပေးနေ
တာဗျို့။ အဲဒါ ကျုပ်က သူ့နေရာမှာဝင်တီးလိုက်တာ။

နောက်ပြီး ကရင့်ရိုးရာ ၁၂လရာသီဒုံး ကပြန်တော့ ဒုံးကတဲ့အပြိုကြီးတွေက တခါထပ်တီးခိုင်းပြန်တယ်။ အဲဒီက
လေး ထပ်ဖယ်ပေးရပြန်တယ်။ ကျုပ်တီးတော့ရော အဆင်ပြေလားဆိုတော့ ပရမ်းပတာကိုဖြစ်လို့။
ဒီလိုနဲ့ အမျိုးသားအလံတော်ကို အလေးပြုဘို့ လုပ်တော့ ကျုပ်က လူငယ်လေးတစ်ယောက်ကို ငါ့မြေး မင်းတို့အလံ
အလေးပြုတဲ့အခမ်းအနား စတော့မလားလို့မေးမိတော့ ဘာပြန်ပြောလဲသိလား။
အဘိုး ကျနော့နေရာဝင်ပြီး အမိန့်ပေးဦးမလို့လား တဲ့။ မှတ်ကရောပဲ။

အဲဒါ ဘာလဲဆိုတော့ နေရာတကာမှာ ၀င်ဝင်ပါတတ်တဲ့လူဆိုလျင် ဘယ်သူမျှမလေးစားဘူးဆိုတာ သိထားဘို့လိုပါ
တယ်။ တကယ်တော့ ကျုပ်က ဒုံးအဖွဲ့မှာ ၀င်ပြီးတီးဘို့ဆိုဘို့ တာဝန်ရှိတာမဟုတ်ပါဘူး။ တာဝန်လည်းမယူထားသ
လို ဘယ်သူမျှလည်း တာဝန်အတိအကျပေးထားတာမရှိပါဘူး။
ကတဲ့လူတွေက တောင်းဆိုလာလို့ ၀င်ကူလိုက်တာပါ။ ၀င်ကူတယ်ဆိုပေမယ့် အသေအခြာ ညှိထားတာမဟုတ်တဲ့
အတွက် အိုးနင်းခွက်နင်းဖြစ်သွားခဲ့ရပါပြီ။

ပြီးတော့ လူငယ်လေးတွေအပေါ် မလေးစားရာ စော်ကားရာလည်းကျသွားပါတယ်။
အဲဒီအတွက် အပြင်ပန်းအနေနဲ့ ဘာမျှမဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် လူအများကြီးရှေ့မှောက်မှာ တီးဘို့အသင့်
ဖြစ်နေတဲ့ လူငယ်လေးရဲ့ရင်ထဲမှာ ဘယ်လောက်မုန်တိုင်းထန်သွားလိုက်မလဲ။ နောက်ဆက်တွဲအနေနဲ့ သူ့မှာရှိနေ
တဲ့ လုပ်ချင်ကိုင်ချင်စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတဲ့အထိ ဖြစ်သွားရပါပြီ။ ပိုဆိုးတာက သူ့မှာ
အရေးကြီးဆုံး လိုအပ်နေတဲ့ မိမိကိုယ်ကို မိမိယုံကြည်မှုဆိုတဲ့ စိတ်ဓါတ်ကို ရိုက်ချိုးပစ်လိုက်သလိုမျိုး ဖြစ်သွားခဲ့ရ
ပြီမဟုတ်ပါလား။

ဒီနေရာမှာ တာဝန်ခွဲဝေမှုအပိုင်းနဲ့ အပြန်အလှန်လေးစားလိုက်နာမှုအပိုင်း ဆိုတာ ဘယ်လောက်အရေးကြီးသလဲ
ဆိုတာကို ပြနေပါတယ်။ လူငယ်တွေ လူကြီးကိုလေးစားဘို့လိုသလို လူကြီးကလည်း လူငယ်ကိုလေးစားဘို့ လို
အပ်ပါတယ်။ ဒီလိုမျှမဟုတ်လျင်တော့ ငါလူကြီး မင်းတို့ထက်အလျင် ထမင်းစားလာတဲ့လူဆိုပြီး လူငယ်တွေအပေါ်
မောက်မောက်မာမာနဲ့ ဆက်ဆံနေကြဦးမယ်ဆိုလျင်ဖြင့် စည်းလုံးညီညွတ်ရေးနဲ့ သွေးစည်းခိုင်မာရေးဆိုတာ စာ
ထဲမှာပဲ ရှိနေမှာပါ။

တခါ သဘာပတိနေရာကို ရောက်သွားပြန်တော့ ပြောတဲ့လူကတော့ အာပေါက်အောင်ပြောနေသလောက် အခမ်း
အနားကို လာကြတဲ့လူတွေ အများစုဟာ ပြောချင်တာပြောကြ စားချင်တာစားကြ (လူငယ်ရောလူကြီးတွေပါ) က
လေးတွေဆိုလျင်လည်း ခုန်ပေါက်ပြေးလွှားအော်ဟစ်နေလိုက်ကြတာ ဘာသံမျှကို သဲသဲကွဲကွဲမကြားရဘူး။
လူငယ်ဆိုတာ တနေ့လူကြီးဖြစ်လာမယ်။ အမျိုးသားရေးနဲ့ပတ်သက်တဲ့ သမိုင်းပေးတာဝန်တွေကို ထမ်းဆောင်ကြ
ရမယ့်သူတွေဖြစ်တယ်။(ပြောသံကြားဘူးတာ)
အဲဒီလို ဖြစ်လာမယ်ဆိုတဲ့လူငယ်တွေကိုကြည့်လိုက်တော့ ခမ်းမထဲမှာလုံခြည်ကို ခေါင်းပူးခြုံရင်း လမ်းသလားနေ တာနဲ့ နောက်ဆုံးပေါ် ဖုံးတွေကိုဖွင့်ပြီးကြည့်နေတာနဲ့ လူကြီးတွေ နှစ်သစ်မှာဘာတွေပြောနေသလဲ၊ သူတို့ရည်မှန်း
ချက်တွေက ဘာလဲ ဆိုတာ နားမထောင်တဲ့အတွက် မသိလိုက်ကြရပါဘူး။
ဒီနှစ် တနှစ်ထဲလားဆိုတော့ မဟုတ်ပါဘူး။ နှစ်တိုင်း အခမ်းအနားတိုင်း ထုံးစံတခုလိုဖြစ်နေတာပါ။

ကျုပ်စကားပြောဘို့ အလှည့်ရောက်လာတော့ စောစောတုန်းက ဒုံးကိစ္စနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတာရယ်
သဘာပတိက အမှာစကားပြောနေချိန်မှာ ဖြစ်ပျက်နေတာကိုကြည့်ပြီး စိတ်မသက်မသာဖြစ်မိတာမို့ ဘာတွေပြော
လို့ ဘာတွေဆိုလိုက်မှန်းတောင် မမှတ်မိတော့ဘူး။
သေခြာတာတခုက ဒီနှစ်နှစ်သစ်ကူးနေ့မှာ လူငယ်တွေကိုပြောဘို့ ကျက်မှတ်ထားတဲ့ စကားလက်ဆောင် တလုံးမျှ
မပြောဖြစ်တာ အမှန်ပါ။

သို့သော် ကျုပ် စိတ်ဓါတ်အကျကြီး  မကျသေးပါဘူး။ ဘာကြောင့်လဲဆိုလျင် မျိုးဆက်သစ်လူငယ်လေးတယောက်
ရဲ့ ကရင့်ရိုးရာစောင်းကောက်သံက ကျုပ်ကို အားရှိစေလို့ဖြစ်ပါတယ်။ ဘလော့ဂ် မိတ်ဆွေတွေအတွက်လည်း ခွန်
အားတစုံတရာ ဖြစ်စေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)