လာ့ပါးပွဲတော်
2014-01-08
လာ့ပါးပွဲတော်ဆိုတာ လာ့ပါးဆန်ပြုတ်သောက်တဲ့ပွဲတော်ဖြစ်ပါတယ်။
တရုတ်ပြည်မှာ လာ့ပါးဆန်ပြုတ်သောက်တဲ့ ဓလေ့ထုံးစံဟာ နှစ်ပေါင်း၁၀၀၀ကျော်ရှိပြီ။ အစောဆုံးကတော့ စုန့်
ခေတ်မှာ စတင်ခဲ့တယ်လို့ သိရတယ်လေ။
လာ့ပါးပွဲတော်ရက်ကို ရောက်တိုင်းမှာ သူဌေးပဲဖြစ်ဖြစ် ဆင်းရဲသားပဲဖြစ်ဖြစ် ဘယ်သူမဆိုပေါ့နော်၊ အိမ်တိုင်း အိမ်
တိုင်း လာ့ပါးဆန်ပြုတ်သောက်ကြတယ်။
လာ့ပါးပွဲတော်ဆိုတာ ပူဇော်ပသခြင်းပွဲတော်တစ်ရပ် ဖြစ်ပါတယ်။
လာ့ပါးပွဲတော်ကျင်းပတဲ့ ၁လပိုင်း ၈ရက်နေ့ဟာ ဗုဒ္ဓဘုရား မဂ်တရားရတဲ့ နေ့လည်းဖြစ်လို့ လာ့ပါ့းပွဲတော်ဟာ ဗုဒ္ဓ
ဘာသာဝင်တို့ရဲ့ ပွဲတော်လည်း ဖြစ်တယ်။
တရုတ်လို လာ့ ဆိုတာ အမဲလိုက်ခြင်းလို့ခေါ်တဲ့ လျဲ ဆိုတဲ့ စကားလုံးကနေ ပြောင်းလဲဆင်းသက်လာတာဖြစ်ပါ
တယ်။
တစ်နှစ်တာကုန်ဆုံးချိန် ကောက်ပဲသီးနှံတွေ ရိတ်သိမ်းနေလှန်းပြီးလို့ အလုပ်အားနေကြပြီလေ။
အဲဒီလိုဆိုတော့ လူတွေက တောထဲသွား အမဲလိုက်ထွက်ကြပြီး ရလာတဲ့သားကောင်တွေနဲ့ နတ်မင်းတွေ ဘိုးဘွား
တွေကို ဂါရ၀ပြု ပူဇော်ကန်တော့ကြတယ်။
အဲဒီလို ပူဇော်ကန်တော့တဲ့အခါ ချမ်းသာသုခရဖို့ ဘေးဆိုးတွေကို ဖယ်ရှားပြီး ကံကောင်းခြင်းတွေရရှိဖို့ ဆုတောင်း
ကြတာပါ။
တောင်ပိုင်းမင်းဆက်နဲ့မြောက်ပိုင်းမင်းဆက်ကာလတုန်းက တရုတ်သက္ကရာဇ် ၁လ ၈ရက်နေ့ကို လာ့ပါးပွဲတော်ရက်
အဖြစ် တရားဝင်သတ်မှတ်ခဲ့တယ်။
အဲဒီနေ့မှာ ဘိုးဘွားတွေနဲ့ နတ်တွေကိုပူဇော်ကန်တော့ပြီး ကောက်ပဲသီးနှံတွေအထွက်တိုးအောင်နဲ့ ကံကောင်း
အောင် မင်္ဂလာရှိအောင် ဆုတောင်းတာတွေပြုလုပ်ကြတယ်။
Copy from http://myanmar.cri.cn/666/2014/01/08/1s28991.htm