• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, February 12, 2014

ကျုပ်ပေးခဲ့တဲ့ဂတိ ကျုပ်တည်ပါတယ်နော်

February 12, 2014
Wednesday

ကျုပ်ပေးခဲ့တဲ့ဂတိ ကျုပ်တည်ပါတယ်နော်

By မင်းစိုးစံ

“တိုင်းပြည် ပြိုကွဲစေမယ့် အကြောင်းတရားက အာဏာရှင် စနစ်ပဲ။
အာဏာ ရှင်စနစ်က ဒီနေ့ ပြုတ်ရင် တိုင်းပြည်က ဒီနေ့ စည်းလုံးသွားမှာပဲ၊ ဒါကို ကျနော်တို့ ယုံကြည်တယ်။”

"မျက်မှောက် ကရင်အမျိုးသားများရဲ့ စံတန်ဖိုးဟာ ဘာလဲ"
"ယနေ့လူတွေဟာ စံတန်ဘိုး ဆိုတဲ့စကားလုံးကို အတော်သုံးနှုန်း ပြောဆိုလာကြပါတယ်။
လူသားတွေရဲ့ စံတန်ဖိုး၊ ဥရောပရဲ့ စံတန်ဖိုး၊ အာရှရဲ့ စံတန်ဖိုး - စတာတွေကို ပြောနေကြပါတယ်။
ဒီလိုဆိုရင် ကရင်အမျိုးသားများအတွက်၊ အထူးသဖြင့် လူမျိုးတမျိုးအဖြစ်လုံခြုံစွာ ရပ်တည်သွားကြဖို့ ပိုင်းဖြတ် ထားကြတဲ့ ကရင်မျိုးချစ်များအတွက် မျက်မှောက်ကာလ ကရင်အမျိုးသားများရဲ့စံတန်ဘိုးဟာ ဘာလဲ"

"ကရင် လူမျိုးတွေဟာ သမိုင်းမှာ ဘယ်လူမျိုးကိုမှရန်ပြုခြင်း ကျွန်ပြုခြင်းမရှိခဲ့ဘူး။ တခြားအမျိုးသားတွေနဲ့ အေးအေးချမ်းချမ်း သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြတယ်။
ဒါဟာ ကရင်အမျိုးသားတွေရဲ့ စံတန်ဖိုးလား။"

"ရိုးရိုးအေးအေးနဲ့ ရောင့်ရဲတင်းတိမ် လွယ်တတ်ကြတယ်၊ မာန်မာန မောက်မာထောင်လွှားမှုတွေ နည်းတတ်ကြ
တယ်၊ ဒါဟာ စံတန်ဖိုးလား။
တာဝန်ကျေတတ်ကြတယ်၊ မိမိလူမျိုးအပေါ် ကျွန်ပြုထားသူများထံမှာ အမှုထမ်းဖြစ်ခဲ့ရင်တောင် ကျိုးနွံသစ္စာမြဲလေ့
ရှိတယ်။ ဒါဟာ စံလား။’

"ကရင်အမျိုးသားတွေဟာ မတရားမှုအပေါ် ဘယ်တော့မှ ဦးမညွှတ်ဆိုတဲ့ စိတ်ဓါတ်နဲ့ဇွဲသတ္တိ ပါပဲ"

"ကျနော့်အနေနဲ့ကတော့ တွေဝေခြင်းအလျဉ်းမရှိ ရှင်းလင်းပြတ်သားတဲ့ အဖြေကို ပေးပါတယ်။
ဒါကတော့ မျက်မှောက်ကရင်အမျိုးသားတို့ရဲ့ စံတန်ဘိုးဟာ မတရားမှုအပေါ် ဘယ်သောအခါမျှ ဦးမညွှတ်ဆိုတဲ့ ကရင်အမျိုးသားတို့ရဲ့ စိတ်ဓာတ်နဲ့ဇွဲသတ္တိပါပဲ။
ဒါကို တိကျရှင်းလင်းစွာ ထင်ဟပ်ပေးနေတာကတော့ ကေအဲန်ယူ ဦးဆောင်တဲ့ ကရင့်အမျိုးသားတော်လှန်ရေးကြီး
ပါပဲ"

Copy from
http://shweaoutal.blogspot.com/2008/02/blog-post_21.html

သူ့အိမ်ကို ကျုပ် ရောက်သွားတယ်။
ကိစ္စက ၂ခု။
တခုက သနူးထူး ဂျာနယ်အတွက် ကျုပ်ရေးပေးထားတဲ့ ကဗျာထဲက စာသားတချို့ကို ပြောင်းပေးဘို့ ကိစ္စဖြစ်ြ့ပီး၊
နောက်တခုက ကျုပ်ဖွဲ့စည်းတည်ဆောက်ခဲ့တဲ့ အရှေ့ပိုးကရင် စာပေနဲ့ယဉ်ကျေးမှု ဖေါ်ထုတ်မြှင့်တင် ထိန်းသိမ်း
ရေး ကော်မီတီကိစ္စတွေထဲက တခုဖြစ်တဲ့ အရှေ့ပိုးကရင် အခြေခံမူလတန်းကျောင်း ကိစ္စ ဖြစ်ပါတယ်။

စံချိန်တင်အပြေးသမားတဦး၏ တိုးလျှိုးသံ ဆိုတဲ့ ကဗျာထဲမှာပါတဲ့ စာကြောင်းတွေထဲက
သမိုင်းပေးတာဝန် ကျေပြွန်ချင်ကြသူတွေအတွက်
အမိအဘနဲ့ လူကြီးမင်းများတို့ရယ်
သနားငဲ့ညှာသောအားဖြင့်
ကျနော်တို့ကို လမ်းဖွင့်ပေးလိုက်ကြပါဗျာ ဆိုတဲ့ စာကြောင်းကို ပြင်ခိုင်းတာပါ။
ကျုပ်မပြင်ပေးနိုင်ပါဘူး လို့ပြောခဲ့ပါတယ်။
အဲဒီကဗျာ သနူးထူးစာစောင်မှာ ပါမလာပါဘူး။
သူဟာ သနူးထူးစာစောင်ရဲ့ အယ်ဒီတာချုပ်ဖြစ်ပါတယ်။

ခင်ဗျားအနေနဲ့ အရှေ့ပိုးကရင်စာပေနဲ့ပတ်သက်ပြီး လုပ်ကိုင်ခွင့်မရှိတာလေးနဲ့တော့ DKBA ထဲ မပြန်ပါနဲ့ လို့ ကျုပ်ကို သူပြောခဲ့ပါတယ်။
ကျနော် မပြန်ပါဘူး။ ဂတိပေးပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ပြန်သွားတဲ့လူတိုင်း တယောက်မျှအခြေအနေ ကောင်းခဲ့တာမျှမရှိပဲ။
အဖွဲ့အစည်းနဲ့ပဲ ပြန်ပြန် တစ်ယောက်ချင်းပဲ ဖေါက်ထွက်ဖေါက်ထွက် ကရင်လူထုအတွက် အစပိုင်းမှာ ဟုတ်မလို
လိုနဲ့ နောက်ဆုံးတော့ ဘာမျှဖြစ်မလာဘူး။
ဗမာပြည် ကွန်မြူနစ်အသံ အသံလွှင့်ခဲ့စဉ်တုံးက လူထုက ကွန်မြူနစ်ရဲဘော်တွေကို ဘာပြောသလဲဆိုတော့
စစ်မတိုက်နိုင်လို့ နားမယ်ဆိုလျင် နားပါ။ အလင်းဝင်တာမျိုး လက်နက်ချတာမျိုးတော့ မလုပ်ကြပါနဲ့ တဲ့။
ဘာကြောင့်လဲ ဆိုတော့၊ အဲဒီလက်နက်ချသွားတဲ့ ရဲဘော်တွေဟာ ကွန်မြူနစ်တွေကို ကူညီအားပေးခဲ့တဲ့ အရပ်
သားတွေကို မဆလ လက်ထဲ ထိုးအပ်တဲ့အလုပ်မျိုး လုပ်လို့ပါတဲ့။

ကျုပ်တို့ ကရင့်တော်လှန်ရေးထဲမှာလည်း လူးလူ ဆိုတဲ့ အထူးတပ်ရင်း ၁၀၁က တပ်ကြပ်တယောက် မြပတိုင်စခန်း
မှာ လက်နက်ချခဲ့ဘူးတယ်။
ကရင့်တော်လှန်ရေးထဲမှာ တပ်ကြပ်အဆင့်ဖြစ်ပေမယ့် မဆလ တပ်ထဲရောက်သွားတော့ ဗိုလ်ကြီးလေ။
ရာထူးနဲ့ အာဏာနဲ့။ နေရာပေးထားတာ။ ဘာလုပ်ရသလဲဆိုတော့ ကရင့်ပျောက်ကျားတပ်တွေ ရှိတဲ့နေရာတွေကို လိုက်ပြတယ်။ ဘမ်းတယ်၊ သတ်တယ်။ နောင်တပွဲ၊ နောင်ထပ္ပံ၊ ကေါ့လပို၊ ထီ့ကလေး၊ နဘူး၊ ကေါ့ဖံရပ်၊ ထီဖိုးစံ ကျုံဒိုးချောင်းဖျား စတဲ့ရွာတွေက ပျောက်ကျားတပ်တွေ အများအပြား ထိခိုက်ကျဆုံးကုန်ကြရတယ်။
သူက စကားဝှက်တွေကို ကောင်းကောင်းသိနေတာကိုး။ ပြီးတော့ ဘယ်စက်က ဘယ်သူပြောတာ၊ ဘယ်သူက ဘယ်နေရာမှာ ရောက်နေတယ်။ အားလုံးသိနေတာဆိုတော့။
မကြာပါဘူး။ KNU က စက်တွေပြောင်း သတင်းမှန်မရနိုင်အောင် လုပ်ပစ်လိုက်တာနဲ့ ဗိုလ်ကြီး လူးလူ တယောက်
မဆလ အတွက် အသုံးမ၀င်တော့တဲ့အဆုံး ဘ၀ပျက်တာပါပဲ။  

ဒါကြောင့် ကျုပ် ဂတိပေးခဲ့တာပါ။
ဒါက ဟိုးအရင့် အရင်တုန်းက အခြေအနေပါ၊ အခုတော့ ဒီလိုတွေရှိတော့မှာမဟုတ်ပါဘူး။ ရှေ့မီ နောက်မီ ကရင် လူကြီးတယောက်ပြောတာက ဗမာတွေ ငါးဘမ်းတာ ရေမနောက်ဘူးနော် တဲ့။
ငါးဖမ်းတာပဲ ရေမနောက်လို့နေမလား။ လို့မေးတော့
ဘယ်နောက်မလဲကွာ ရေထဲလျှပ်စစ်ဓါတ်လွှတ်ပြီး ဘမ်းတာကွ။ တဲ့။
ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ပေးခဲ့တဲ့ဂတိ ကျုပ်တည်ပါတယ်နော်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
  
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ ဖဒိုမန်းရှာနှင့် mizzima ဆက်သွယ်မေးမြန်းခဲ့သော နောက်ဆုံး အင်တာဗျူး

မေး။ ။ စစ်အစိုးရရဲ့ စနေနေ့က ကြေညာချက်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းကို တကယ်ပဲ ဦးတည်
တာလား။
ဖြေ။ ။ ဒါဟာ ဒီမိုကရေစီကို ဦးတည်တာ မဟုတ်ဘူး၊ အာဏာရှင်စနစ် ခိုင်မြဲရေးကို ဦးတည်နေတာ။

မေး။ ။ အခုလို့အချိန်မှာ၊ အားလုံး မမျှော်လင့်တဲ့အချိန်မှာ ကောက်ကာငင်ကာ ကြေညာလိုက်တာ ဘာကြောင်လို့ ထင်လဲ။
ဖြေ။ ။ စက်တင်ဘာလ တော်လှန်ရေးအပြီးမှာ နိုင်ငံတကာက ဖိအားက ပိုများလာတယ်။
ပြည်တွင်းမှာလည်း သူတို့ကို သိပ်မခံမရပ်နိုင်တော့ဘူး ဆိုတဲ့အချက်က ထင်ရှားလာတယ်။
အဲဒီအပေါ်မှာ အခြေခံပြီးတော့ ယူအမ်ရဲ့ ပါဝင်မှု၊ အဲဒီအပေါ်မှာ သူတို့သွားနေတဲ့ ရုတ်မက်ပ်ဟာ နိုင်ငံခြားကနေ ဖိ
အားတွေ မြင့်လာရင်၊ ဝင်လာရင် အတားအဆီး ဖြစ်မှာစိုးတယ်။
နိုဝင်ဘာလ (၁၆) ရက်နေ့က သူတို့ သတင်းစာရှင်းလင်းပွဲမှာ ဒါကိစ္စက ရှင်းတယ်။
နိုင်ငံတကာကနေပြီးတော့ သူတို့ရဲ့ ရုတ်မက်ပ်ကို ဝင်ပြီးနှောက်ယှက်တာကို သူတို့လက်မခံဘူး။
အဲဒီတော့ သူတို့က သူတို့လမ်းကြောင်းကို သွားတော့မယ်လို့ပြောလိုက်တာ ဖြစ်တယ်။
ယူအမ်ရဲ့ ပါတီစီပေးရှင်းကို လက်မခံဘူး။ နိုင်ငံတကာက ဖိအားပေးတာကိုလည်း လုံးဝ လက်မခံဘူး။

မေး။ ။ သူတို့က တကယ်ပဲ ၂ဝ၁ဝမှာ ရွေးကောက်ပွဲ လုပ်သွားနိုင်သလား ခင်ဗျ။
ဖြေ။ ။ ရွေးကောက်ပွဲက လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အရင်တုန်းက ၁/၉ဝ ထုတ်ထားတာ ရှိတယ်။
အဲဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သူတို့ကို ဝိုင်းမေးရမယ်။
အဲဒါကို အကောင်အထည် မဖော်ဘဲနဲ့ သူဟာနဲ့သူ နောက်ထပ် ၂ဝ၁ဝခုနှစ်၊ ၂ဝ၂ဝ တို့ လုပ်ချင်ရာ လျှောက်လုပ်
နေလို့ မဖြစ်ဘူး ထင်တယ်။

မေး။ ။ အရင်ကလည်း လူထုဆန္ဒ ခံယူပွဲတွေကို အကြပ်ကိုင်ပြီး လုပ်ခဲ့တာရှိတော့၊ အခုရော ဒါမျိုးလုပ်လို့ မရနိုင်
ဘူးလား။
ဖြေ။ ။ သူတို့လုပ်လို့ ရနိုင်ပါတယ်။
မေလ ရွေးကောက်ပွဲမှာတုန်းက သူတို့ တွက်ခြေမကိုက်ဘူး။
မကိုက်တော့ မေလ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးဖို့ National Convention နဲ့ Road map ကို စဉ်းစားတာ
ဖြစ်တယ်။
အဲလို ဖြစ်တဲ့အခါကျတော့ ဒီတချီမှာတော့ နိုင်လဲနိုင်၊ ရှုံးလည်းနိုင် သူတို့လုပ်မှာ ဖြစ်တယ်။
ဒါကြောင့်မို့ ဒီကိစ္စ္ဂအပေါ်မှာ ကျနော်တို့သေသေချာချာ စဉ်းစားပြီးတော့မှ ခိုင်မာတဲ့ တုံ့ပြန်မှု၊ ပြတ်သားတဲ့ တုံ့ပြန်မှု
တွေ ကျနော်တို့ လုပ်ဖို့ လိုတယ်။

မေး။ ။ ဘာတွေ ဖြစ်မလဲ ခင်ဗျ။
ဖြေ။ ။ လက်ရှိ သွားနေတဲ့ လမ်းကြောင်းကို ကျနော်တို့ လက်မခံနိုင်ဘူး။
လူထု လှုပ်ရှားမှုတွေ လုပ်ရမယ်ဆိုတဲ့ အချက်ဘက်က ရပ်တည်ပြီး လုပ်ရမှာ ဖြစ်တယ်။

မေး။ ။ လူထုက ဘာတာဝန်တွေ ရှိလာပြီးလဲ ခင်ဗျ။
ဖြေ။ ။ လူထုက အများကြီးလုပ်လို့ရတယ်။
သူတို့က Political Non-cooperation၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ စီးပွားရေးအရလည်း လုံးဝ
ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ လူမှုရေးအရ လုံးဝ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ အဲလို လက်တုံပြန်ရမယ်။
နိုင်ငံရေး တိုက်ပွဲတွေ၊ လူထု တိုက်ပွဲတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေ၊ နိုင်ငံတကာက နေပြီးတော့ နိုင်ငံရေး တိုက်
ပွဲတွေ၊ နိုင်ငံတကာ ဖိအားတွေ၊ ဒါတွေကို ကျနော်တို့ မြှင့်တင်ရမယ်။
မဟုတ်ရင် နအဖက သူတို့ နားလည်တဲ့ ဘာသာစကားနဲ့ သူတို့ကိုပြောမှ။
အရင်တုန်းကလို သူတို့က ချောမြူရေးဝါဒကို ကျင့်သုံးနေတာကြောင့် သူတို့ ဘယ်သူ့ကိုမှ ဂရုစိုက်မှာ မဟုတ်ဘူး။

Source: mizzima http://hinlinpyin-star.blogspot.com/2008_02_01_archive.html


Thursday, 14 February 2008

မန်းရှာရေ

မန်းရှာရေ မြစ်ဝကျွန်းပေါ်က
တို့ဘ၀တွေ ယူခဲ့...
မန်းရှာရေ ပဲခူးရိုးမက
အချစ်ညတွေယူခဲ့...
မန်းရှာရေ ဒေါနတောင်တန်းက
တောပန်းတွေယူခဲ့...
မန်းရှာရေ နင့်သေနတ်ကို
နင်ကိုင်လာခဲ့...
မန်းရှာရေ သွေးစွန်းနေတဲ့သင်တိုင်းတွေ
ဝတ်ခဲ့...
မန်းရှာရေ အမျိုးသားရေး လွတ်မြောက်ရေးတွေ
ကျောပိုးခဲ့...
မန်းရှာရေ နင့်ရဲဘော် နင့်သားသမီး
စူးနစ်ယုံကြည်ထားရစ်ခဲ့...
အဆိပ်လူးထား ကျည်ဖူးတစုံ
ရင်အုံနဲ့လဲ မကြေကွဲနဲ့ နမ့်ကျင်ရွှေ
နင်မှာတာတွေ ကမ္ဘာမြေပေါ်ကျန်ခဲ့ပြီ..။ ။

(ဆရာမန်းရှာနှင့် အမ နမ့်ကျင်ရွှေသို့)
မောင်လွမ်းဏီ ၁၅-၂-၂၀၀၈

Copy from http://vimutti.blogspot.com/2011/09/blog-post_5831.html