ပိုးကရင်စာ သင်ကြပါစို့ အပိုင်း (သုံး)
By မင်းစိုးစံ
ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေခင်ဗျား။ ဒီနေ့တော့ စကားပြောတဲ့အခါ အသံပီသခြင်း ရှိ မရှိ
ဆိုတာကို သတိထားကြည့်နိုင်ဘို့အတွက် အနည်းအကျဉ်း တနည်းအားဖြင့် ပါးပါးလေး ဆွေးနွေးချင်ပါတယ်။
ကရင်က ဗမာစကားကို ပီပီသသပြောနိုင်တာ မနိုင်တာကို ဆွေးနွေးမှာမဟုတ်သလို ဗမာက ကရင်စကားကို ပီပီသသပြောနိုင် မပြောနိုင်ကို ဆွေးနွေးမှာ မဟုတ်ပါဘူး။
ကရင်အသံထွက်(သရသံ လို့ပြောမလား) နဲ့ ဗမာအသံထွက်နှစ်မျိုးမှာ ကရင်တွေမှာ မရှိတဲ့အသံထွက်နဲ့ ဗမာ
တွေမှာ မရှိတဲ့အသံထွက်ကို သိသလောက် သတိထားမိသလောက် ကိုယ်တိုင်အတွေ့အကြုံတွေထဲက တင်ပြ
သွားမှာဖြစ်ပါတယ်။
ဒီတော့ မေးစရာဖြစ်လာပါပြီ၊ အခုတင်ပြဆွေးနွေးမယ်လို့ အပေါ်လေနဲ့ စကားကြီးစကားကျယ်ပြောနေတဲ့ကျုပ် က
ဗမာစကားကို ဘယ်လောက်တတ်လို့ ဘယ်လောက်နားလည်လို့ ဆွေးနွေးမှာတုန်းပေါ့လေ။ အမှန်တိုင်းရိုးရိုး သား
သားပြောရလျင် ကျုပ်က ကရင်စစ်စစ်ပါ၊ အဖေက စဝှေါ်၊ အမေက ဖလုံ၊ ဖြစ်ပါတယ်။ ဒီတော့ ကရင်ပီပီ ဗမာလို
ကောင်းကောင်းနားမလည်ပါဘူး။ ကရင်စကားကလွဲပြီး လူမျိုးခြားစကားတွေအပြင် ဗမာလိုလည်းပီပီသသ မပြော
နိုင်တာအမှန်ဖြစ်ပါတယ်။
ကရင်တွေမှာ အန် ဆိုတဲ့ သရသံ မရှိသလို ဗမာတွေမှာလည်း ကြားသံဖြစ်တဲ့ ဥပမာ အါ နဲ့ အါး ရဲ့ ကြားသံ ဆို တာမရှိပါဘူး။ ကရင်တွေမှာကျတော့ အါ နဲ့ အါး ရဲ့ ကြားမှာ အသံတမျိုးဖြစ်တဲ့ အါ လည်းမက အါး လည်းမကျ တဲ့ အသံတမျိုးရှိနေပြီး စာပေအရေးအသားနဲ့ တိတိကျကျ ရေးသားသုံးနှုန်းထားတာ ရှိပါတယ်။
သမီးရည်းစားလည်း မက လင်မယားလည်း မကျ လို့ပြောနိုင်မယ့် အသံမျိုးလားတော့မသိဘူး။ ကရင်တွေမှာ အန် ဆိုတဲ့ သရသံမရှိတာကိုရေးပြပါ့မယ်။ ပြီးတော့ အသံထွက် ဘတ်ပြပေးပါ့မယ်။
ဘားအံကနေ မော်လမြိုင်ဘက်သွားတဲ့ ကရင်တယောက်ကို ဆေးလိပ်မီး တောင်းညှိတဲ့ဗမာက ခရီးသွား ဟန်လွဲ
မေးတဲ့မေးခွန်းနဲ့ ကရင်က ဗမာကို ပြန်ဖြေတဲ့အဖြေကို ဘတ်ကြည့်ပါ။
သူငယ်ချင်း နာမည်ဘယ်လိုခေါ်တုန်း။
ငါ့နောင်မယ် တောင်ပြောင်။
ဘယ်မှာနေလဲဗျ။
ဖအောင်မှာနေတယ်။
ဘာနဲ့ လာသလဲ။
သောင်ဘောင်နဲ့ လေ။
လက်ထဲမှာလည်းပစ္စည်းတွေအများကြီးပါလားဗျ ဘာတွေတုန်း အဲဒါတွေက။
ဖေါင့်ခွဲ ကျာကျောင် ကျလုံပကောင်တွေ ပကောင်ပျားတွေပေါ့ဟာ။
ဟာ ဟုတ်လား ဘယ်တော့ပြန်မလို့လဲ။
မနက်ဖေါင် ပြောင်မယ်။
ကျေးဇူးပဲနော်။
အေးအေး။
ဒါကို ရယ်(ရီ)စရာလို့ တချို့မြင်မယ်။ တချို့ တော်တော်ညံ့တဲ့ ကရင်လို့မြင် ကောင်းမြင်မယ်။ တချို့ ကျတော့ ဗမာ
လိုပီပီသသမပြောနိုင်တာကို ရှက်စရာလို့မြင်ကောင်းမြင် ထင်ကောင်းထင်ကြလိမ့်မယ်။ အရေး ကြီးတာက ဗမာစ
ကားကိုပြောတဲ့အခါ ဗမာတယောက်လို ပီပီသသပြောနိုင်ဘို့ မလိုပါဘူး။ ဗမာလိုပြောတဲ့အခါ ဗမာတွေနားလည်
အောင်ပြောနိုင်ဘို့ပဲလိုပါတယ်။ အဲဒီလိုပါပဲ ထိုင်း တရုတ် ဂျပန် စတဲ့ လူ မျိုးတွေနဲ့ပြောဆိုတဲ့အခါမှာလည်း အတူ
တူပါပဲ။
သူတို့နားလည်နိုင်အောင်ပြောနိုင်ဘို့ကျတော့ သူတို့စာပေကို မ ဖြစ်မနေသင်ကြား တတ်မြောက်ထားဘို့တော့ လို
ပါတယ်။ အဲဒီလို လူမျိုးခြားတွေရဲ့ ဘာသာစာပေတွေ နဲ့ ဘာသာစကားတွေကို လေ့လာသင်ကြားကြတဲ့အခါ အ
ရေးအကြီး ဆုံးအချက်က သူတို့တတွေရဲ့ ပြောဆိုဆက်ဆံပုံ သူတို့တတွေရဲ့ ယဉ်ကျေးမှုကို နားလည်ထားဘို့သာ
ဖြစ်ပြီး သူတို့နဲ့ခွဲခြားလို့မရအောင် သူတို့နဲ့တူအောင် အတုခိုးဘို့မဟုတ်ပါဘူး။ သူတို့လိုလိုက်လုပ်ဘို့ မဟုတ်ပါဘူး။
ဘယ်လောက်ပဲ အတုခိုးခိုး ဘယ်လိုပဲလိုက်လုပ်လိုက်လုပ် ဘယ်လိုပုံဘယ်လိုနည်းနဲ့မျှ အားလုံးချွတ်ဆွတ်မတူနိုင်
ပါဘူး။ အဲဒီလို အတုခိုးရင်းခိုးရင်းနဲ့ ကြာလာတော့ ကိုယ့်မိခင်ဘာသာစကားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေသာ ပျက်
ဆီး ဆုံးရှုံးကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။
ကျုပ်တို့ ကရင်တွေ အမေရိကန်ကိုရောက်လာတော့ ဒီက လူမည်းတွေလုပ်သလို လိုက်လုပ်ကြတာတခုရှိတယ်။
ဘောင်းဘီကို ဒူးခေါင်းအထိ ချွတ်ပြီးဝတ်၊ လမ်းလျှောက်ရင်း လက်တဘက်က ဝှေးစေ့ကိုင်၊ တူသလားဆိုတော့ လူမည်းတွေရဲ့အရပ်အမောင်းနဲ့ သူတို့အရပ်အမောင်း၊ အသားအရည်၊ ဆံပင်၊ ဗီဇလက္ခဏာ ဒီလောက်ကွာနေတာ
များဗျာ။ ကရင်တွေရဲ့ စကားပုံတခုရှိတယ် လိပ်နဲ့တူအောင်လုပ်ပြတာ လိပ်နဲ့မတူပဲ မျောက်က သူ့ငယ်ပါကို ဖြဲပြ
တာနဲ့ တူနေတယ်ဆိုတာ။
ကရင်ပြည်နယ်ကို ကရင်လူမျိုးအုပ်ချုပ်တာမျိုး လိုချင်တာသဘာဝကျပါတယ်။
သို့သော် ကရင်လူမျိုးဖြစ်ပင်ဖြစ် ငြားသော်လည်း အဲဒီလို ကရင်မျိုးအုပ်ချုပ်လျင် ဘယ်လိုလုပ်ကြမလဲ။ ဆိုလိုတာ
က လူမျိုးခြားနဲ့တူအောင်အားထုတ်ထားတဲ့ ကရင့်ဓလေ့စရိုက်တွေကို နားမလည်နိုင်တော့တဲ့ ကရင်တယောက်
ကရင်ပြည်နယ်ကို အုပ်ချုပ် မယ်ဆိုလျင် ဘာထူးလာမလဲ။
ဒီနေရာမှာ နိုင်ငံခြားကိုရောက်နေတဲ့ ကရင်တွေကိုချည်းပြောနေတာမဟုတ်ပါဘူး ဗမာပြည်မှာနေ ဗမာစာကိုသင်
ဗမာနဲ့တူအောင်လုပ်နေတဲ့ကရင်တွေကိုလည်း ရည်ညွှန်းပါတယ်။
ဘယ်နိုင်ငံက ဘယ်စာကိုပဲသင်သင် သူတို့နိုင်ငံက အစိုးရရဲ့ မူဝါဒတွေကို လက်ခံကျင့်သုံးနိုင်အောင် သင်ရိုးညွှန်း
တမ်းတွေမှာ အစီအစဉ်တကျ ထည့်ထားပြီးသား။ ဒီတော့ တိုင်းရင်းသားနယ်မြေဒေသတွေမှာ ကိုယ့်မိခင် ဘာသာ
စာပေကို သင်ခွင့်ရှိလာတဲ့တနေ့ ကိုယ့်သင်ရိုးညွှန်းတမ်းနဲ့ကိုယ် ကိုယ့်ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းနဲ့ကိုယ် သင်ကြား
ပို့ချပေးနိုင်အောင် ကြိုတင်ပြင်ဆင်အားထုတ်ထားဘို့ အကြံပြုတိုက်တွန်းလိုကြောင်းပါ။
ကြားသံ ဆိုတာလေးကို ရေးပြပါဦးမယ်၊စောစောပိုင်းကပြောခဲ့သလို သမီးရည်းစားလည်း မက လင်မယားလည်း မကျတဲ့ အသံအကြောင်းပါ။
အါ နဲ့ အါး ကြားကအသံဆိုတော့ အါ ဆိုတာလည်းမက အါး ဆိုတာကိုလည်း ရောက်တဲ့အသံမှာ ခါ ဆိုတဲ့အသံနဲ့
ခါး ဆိုတဲ့အသံနှစ်ခုကြားမှာရှိတဲ့ အသံကို ကရင်စာပေမှာ ခကွေးရေးချ ၀တ်ဆံတစ်လုံးပေါက် လို့ရေးပြီး အသံ
ထွက်ပါတယ်။ ဗမာစာပေမှာ ၀တ်ဆံနှစ်လုံးသာရှိပြီး ၀တ်ဆံတစ်လုံးနဲ့ရေးတာမျိုး မသင်ခဲ့ရဘူးပါဘူး။
နောက်ပြီး ဗမာစာမှာ ခကွေးရေးချ ၀တ်ဆံနှစ်လုံးပေါက် ခါး ဆိုတဲ့အသံထွက်တဲ့နည်းတူ ကရင်စာပေမှာလည်း
ခါးဆိုတဲ့ အသံထွက်ပေမယ့် ရေးချကို ထည့်မသုံးပါဘူး။ ဗမာလို ခါး လို့အသံထွက်စာလုံး ကို ကရင်လို ခကွေး ရှေ့
က နှစ်လုံးပေါက် ခး လို့ ရေးသားပါတယ်၊ ဗမာလို နားလည်အောင်ရေးပြရလျင် ခ ကွေး ၀တ်ဆံနှစ်လုံးပေါက်ကို
ခါး ဆိုပြီး အသံထွက်ရတာမျိုးဖြစ်ကြောင်းပါ။
ဒီနေရာမှာ ခါး ဆိုတဲ့ဗမာစာလုံးက လူတွေရဲ့ ကိုယ်ခန္ဓာမှာရှိတဲ့ အစိတ်အပိုင်းတခုကို ခါး လို့ခေါ်သလို ကရင်မှာ
လည်းပဲ လူတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း တခုဖြစ်တဲ့ မေးကို ခါး လို့အသံထွက်ပါတယ်။ အရသာနဲ့ ပတ်သက်
ပြီးပြောဆိုတဲ့နေရာမှာ ဗမာလိုခါးသည် ဆိုတဲ့အသံအတိုင်းကရင်ကလည်း ခါးသည်ကိုအတူတူပဲ အသံထွက်ပါ
တယ်၊ အဓိပ္ပါယ်တူပါတယ်။ ရေးသားပုံချင်းကျတော့ မတူဘူးပေါ့ဗျာ။
စပ်မိလို့ ဗမာလိုကြိုးစားပြီးပြောတဲ့ကရင်တယောက်အကြောင်း ရေးပြပါဦးမယ်။
မဲဆောက်ထဲမှာ ဆိုင်ကယ်စီးတဲ့ ကရင်သုံးယောက်ပါ ဆိုင်ကယ်ကို သုံးယောက်တက်စီးတယ်၊ မောင်းသူရော စီး
သူတွေမှာပါ လိုင်စင်လက်မှတ်မဆိုထားနဲ့ တရားဝင်လက်မှတ် ဘာညာအထောက်အထား ဘာဆိုဘာမျှမရှိဘူး၊ ထိုင်းပုလိပ်(ထိုင်းရဲ) ကလိုက်တော့ မောင်းပြေးတာ သုံးယောက်စလုံးတော့ လွတ်ပါရဲ့။ တယောက်မျှ အနာတရ မ
ဖြစ်သူမရှိသလောက်ပါပဲ။ သုံးယောက်မြောက်ထိုင်တဲ့လူကတော့ လွင့်ကျသွားပြီး ဒါဏ်ရာ ပိုရသွားပါတယ်။
အဲဒါ တနေရာမှာ ဗမာသူငယ်ချင်းတွေနဲ့ဆုံတော့ ဆိုင်ကယ်ပေါ်ကနေ ကျတာ ငါ့ခါးကို ထိသွားတယ်ကွာ ဆိုပြီး
သူ့မေးကို ပြပြနေတာနဲ့ သူ့သူငယ်ချင်းကရင်တယောက်က အဲဒါ ဗမာလို မေးလို့ ခေါ်တယ်ကွလို့ ပြောလိုက်တော့ အားလုံး နာတာလည်းမေ့ ကြောက်တာလည်းမေ့ပြီး ၀ါးကနဲရယ်(ရီ)လိုက်ကြသတဲ့။
ခါ ဆိုတဲ့စာလုံးကျတော့ ဗမာလိုက ခါချတာတို့ ခါငှက် နှစ်ခါ သုံးခါ အချိန်အခါ စသည်ဖြင့်ပေါ့နော် အဲဒီအဓိပ္ပါယ် အဲဒီလို နေရာတွေမှာ သုံးကြပါတယ်။ ကရင်စာပေမှာလည်း ခါ ဆိုတာကို ရေးသားပုံချင်းတူပေမယ့် အဓိပ္ပါယ် ကျတော့ မတူပါဘူ။
ကရင်လို ခါ ဆိုတဲ့အဓိပ္ပါယ်က
ရှားပါးခြင်း။ (ကြိယာ)
တန်ဘိုးကြီးခြင်း (ကြိယာ)
ကုတင် (နာမ်)
ပစ်ခတ်။ (ကြိယာ) စတာတွေဖြစ်ပါတယ်။
ဗမာစာနဲ့ ဗမာအသံမှာမရှိတဲ့ ၀တ်ဆံတစ်လုံး နဲ့ရေးထားတဲ့ ကရင်စာပေရဲ့အရေးအသားဖြစ်တဲ့ ခါ. ဆိုတဲ့အသံ ဆို
တာကတော့ စောစောပိုင်းကပြောသလို ခါ နဲ့ ခါး တို့ရဲ့ကြားက အသံဖြစ်ပါတယ်။
ကရင်လို အဓိပ္ပါယ်က ကျိုးသွားသည်။ (ကြိယာ) ဖြစ်ပါတယ်။
ကဲပါဗျာ အနီရောင်ခြယ်ထားတဲ့ စာလုံးတွေကို ရေးပြထားတဲ့ အသံထွက်ပါတဲ့ ဗွီဒီအို ကလစ်ကလေးကို ကြည့်ရှု လိုက်ကြပါ။ ကျုပ် လူမှန်းသိတတ်စ အရွယ်က စပြီး ဒီကနေ့အထိ ဗမာစကားကို ဗမာတွေနားလည်နိုင်အောင်
ကြိုးစားပြောထားတဲ့အသံကြောင့် စိတ်ဓါတ်ကျသွားလေမလား ဆိုတဲ့စိုးရိမ်စိတ်ကို ဘေးချိတ်ထားတဲ့အသံပါ။
မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)