• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, February 4, 2014

ဓါတု လက်နက်စက်ရုံမှုခင်း အပေါ် ဥပဒေကြောင်း သုံးသပ်ချက်

February 04, 2014
Tuesday

ဓါတု လက်နက်စက်ရုံမှုခင်း အပေါ် ဥပဒေကြောင်း 

သုံးသပ်ချက်

By အောင်ထူး

မကွေးတိုင်း ပေါက်မြို့နယ်တွင် စစ်အစိုးရတည်ထောင်ထားသော လက်နက်စက်ရုံသတင်းကို ယူနီတီ ဂျာနယ်တွင်
ဖေါ်ပြခဲ့သဖြင့် သတင်းထောက်ကိုလူမော်နိုင်အား ဖမ်းဆီးပြီး တရားဝင်လျှို့ ဝှက်ချက်ဥပဒေအရ ဖေဖေါ်ဝါရီလ (၁)
ရက်နေ့က အရေးလိုက်သည့်အပြင် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် အခြားသတင်းထောက်သုံးဦး တို့အား
ဆက်လက်ဖမ်းဆီးထားသည့် မှုခင်းနှင့်စပ်လျှဉ်း၍[1] ဥပဒေကြောင်းအခြေခံမှလည်းကောင်း၊ လူတဦးချင်းစီ၏
အခြေခံအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာထုတ်ဖေါ်ခွင့်ရှုထောင့်နှင့် တိုင်းပြည်၏အကျိုးဖြစ်သည့် တရားဝင်လုံခြုံ
မှုရှုထောင့်တို့မှလည်းကောင်း ချဉ်းကပ်သုံးသပ်ပါမည်။

ထိုကဲ့သို့ သတင်းစာဆရာများအား အရေးယူလိုက်ခြင်းမှာ လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို ဆုံရှုံးစေသဖြင့် ဒီမိုကရေ
စီကို ထိခိုက်စေသည်ဟူ၍လည်းကောင်း၊ အဆိုပါသတင်းစာဆရာများသည် တိုင်းပြည်၏ လျှို့ ဝှက်ချက်ကို ဖေါ်
ထုတ်လိုက်သဖြင့် တည်ဆဲဥပဒေကို ချိုးဖေါက်လိုက်ခြင်းဖြစ်သည် ဟူ၍လည်းကောင်း အလွယ်တကူ နိဂုံးမချုပ်
သင့်ပါ။ ပထမတခုသည် လူတဦးချင်းစီ၏အခွင့်အရေးကို အဓိက ထားသည်။ ဒုတိယတခုသည် လူ့အဖွဲ့ အစည်း
တရပ်လုံး၏ အကျိုးစီးပွားကို အဓိကထားသည်။ ဤနှစ်ခုကို မှန်ကန်စွာ ပေါင်းစပ်နိဂုံးချုပ် အဖြေရှာရန် လိုအပ်
လာသည်။

လွတ်လပ်စွာထုတ်ဖေါ်ခွင့်သည် လူ့အဖွဲ့အစည်း၏ အသက်သွေးကြောဖြစ်သည်။ သို့ရာတွင် လွတ် လပ်စွာထုတ်
ဖေါ်ခွင့်သည် အကန့်အသတ်မဲ့မဟုတ်ပါ။ အကန့်အသတ်နှင့် ကျင့်သုံးရသည်။ တချိန်တည်း၌ ကန့်သတ်မှုနည်းနိုင်
သမျှ နည်းအောင် ကြိုးစားရသည်။[2] ကန့်သတ်မှု နည်းလေလေ၊ လွတ်လပ်မှု ပိုရလေလေဖြစ်သည်။ ရှိသင့်သော
အကန့်အသတ်အောက်တွင် ယူနီတီဂျာနယ်မှသတင်းစာဆရာများအား အရေးယူလိုက်ခြင်း ဖြစ်သလား၊သို့မဟုတ်
ကျယ်ပြန့်ပြီး ဒီမိုကရေစီ၏ အနှစ်သာရကို ထိပါးစေနိုင်သည့် အကန့်သတ်အောက်တွင် အရေးယူခံရ သလား၊ ဟူ
သည်ကို ဆန်းစစ်ရန် လိုအပ်လာသည်။

ဥရောပတိုက်၏ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်အဖြစ်မှ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းဝင်အဖြစ်သို့ နှစ်ပေါင်း ရှစ်
ဆယ်မျှအတွင်းပြောင်းလဲသွားခဲ့သော ဆွီဒင်နိုင်ငံတွင် လွတ်လပ်ထုတ်ဖေါ်ခွင့်ကို ကိုင်စွဲ၍ဒီမိုကရေစီကိုဖေါ်ဆောင်
ကြောင်း ကျေညာကျင့်သုံးသည်။ အကျိုးဆက်အနေဖြင့် ရှင်းရှင်းလင်းလင်းရှိမှုကို ဆန်းစစ်ဖေါ်ထုတ်သော နိုင်ငံတ
ကာအဖွဲ့အစည်း[3]၏ အကဲဖြတ်ချက်အရ ဆွီဒင်နိုင်ငံသည် ကမ္ဘာပေါ်တွင် လာဘ်စားမှု အရှင်းလင်းဆုံးနိုင်ငံများ
စာရင်းတွင် ထိပ်ဆုံးပိုင်းမှ ပါလေ့ရှိပြီး ၂၀၁၃ခုနှစ်တွင် ဖင်လန်နိုင်ငံနှင့်ပူးတွဲ၍ တတိယနေရာတွင် ရှိသည်။ လာဘ်စားမှု အရှင်းလင်းဆုံးနိုင်ငံများအနက် ပထမနေရာတွင် ပူးတွဲရှိနေသူများမှာ ဒိန်းမတ် နှင့် နယူးဇီလန် တို့ဖြစ်
သည်။

လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို ကျင့်သုံးခွင့်အများဆုံးရနေသော ဆွီဒင်နိုင်ငံမှာပင် လက်နက်စက်ရုံပေါင်း မြောက်
များစွာရှိသည်။ လက်နက်များ၊ လက်နက်ထုတ်လုပ်ရေး နည်းပညာများကို အခြားနိုင်ငံများသို့ ရောင်းချကာ ၀င်ငွေ
ရှာသည်။ ယင်းတို့သည် နိုင်ငံ၏တည်ဆဲဥပဒေအရ[4] ယေဘုယျအားဖြင့် လျှို့ဝှက်သတင်း[5] များဖြစ်သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖေါ်ပြ ပုံနှိပ်ထုတ်ဝေ ဖြန့်ချီ ခွင့်မရှိ။ ဥပဒေအရ အရေးယူ အပြစ်ပေးခံရပေ
မည်။ သူလျှိုလုပ်မှု[6] သို့မဟုတ် သူလျှိုလုပ်ရန် အားထုတ်မှုသည် ကြီးလေးသည့် ရာဇ၀တ်မှု ကျူးလွန်ရာရောက်
သည်။

၂၀၁၂ခုနှစ်မတ်လတွင် ဆွီဒင်နိုင်ငံမှ လက်နက်ထုတ်လုပ်သည့် နည်းပညာများကို အသုံးချ ကာ ဆော်ဒီအာရေးဗီး
ယားနိုင်ငံသို့ သွားရောက်ပြီး လက်နက်စက်ရုံတည်ပေးရန် ဆွီဒင်အစိုးရ၏ အားထုတ်မှုကို ဆွီဒင် ရေဒီယိုသတင်း
ထောက်သုံးဦး[7] က ဖေါ်ထုတ်ရေးသားခဲ့သည်။ ယင်းမှာ အစိုးရ၏ကာကွယ်ရေးမူဝါဒ[8] နှင့် ဆိုင်သော လျှို့
ဝှက်သတင်းဖြစ်သည်။ သတင်းထောက်များမှာ သူလျှိုလုပ်မှုဖြင့်အရေးယူမခံရသည့် အပြင် ၂၀၁၃ခုနှစ် ဧပြီလ တွင် စုံစမ်းစစ်ဆေးမှုအပေါ်အခြေခံသည့် သတင်းပညာဆု[9] ရရှိသွားကြသည်။[10]

ယူနီတီဂျာနယ်မှ သတင်းထောက်အပေါ် စွဲဆိုထားသည့် တရားဝင်လျှို့ဝှက်ချက် ဥပဒေ[11] ပုဒ်မ ၃ (၁) မှာ သူ
လျှိုလုပ်မှု[12] ဖြစ်သည်။ ပုဒ်မ (၉)သည် အားထုတ်မှုဖြစ်သည်။ ဗြိတိသျှအုပ်စိုးသည့်ခေတ် ၁၉၂၃ခုနှစ်တွင် ယင်း
ဥပဒေကို အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံလုံးတွင် ပြဌာန်းကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ကျင့်သုံးပုံခြင်း အတူတူ လူ့
အဖွဲ့အစည်းနောက်ခံကွာခြားသောအခါ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံထက်များစွာသာလွန်ကြောင်း တွေ့နိုင်သည်။ အိန္ဒိယတွင် ဒီမိုကရေစီကိုတန်ဘိုးထားသည့်အပြင် လွတ်လပ်သော တရားစီရင်ရေးစနစ် လွန်စွာအားကောင်း
သည်။ တရားဝင်လျှို့ဝှက်ချက် ဥပဒေကို ချိုးဖေါက်ကြောင်းဖြင့် အိန္ဒိယအစိုးရက သတင်းထောက် ဂီလာနီ ဆိုသူ
အား ၂၀၀၂ခုနှစ် ဇွန်လတွင် တရားစွဲခဲ့သော်လည်း ခုနှစ်လခန့်အချုပ်နှင့်ရင်ဆိုင်ခဲ့ရပြီးနောက် အမှုကို ပြန်လည်
ရုပ်သိမ်းပေးလိုက်သည်။[13]

“တရားဝင်လျှို့ဝှက်ချက် ဥပဒေဟာ အလွန်ရှေးကျလွန်းတယ်။ လျှို့ဝှက်ချက်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုချက် မရှင်း
လင်းဘူး။ ဗြိတိန်မှာ ၁၉၈၉ခုနှစ်မှာ အဲဒီဥပဒေကို ဖျက်သိမ်းခဲ့ပြီး လုံးဝကွဲပြားတဲ့ဥပဒေကို ကျင့်သုံးနေပြီ။ ဒီဥပဒေ
ကို အိန္ဒိယမှာ တစစီဖျက်ပစ်သင့်နေပြီ” ဟု ဂီလာနီက ပြောခဲ့သည်။[14] မြန်မာနိုင်ငံတွင်လည်း အလားတူ သုံး
သပ်ရမည် မုချဖြစ်သည်။

ဗြိတိန်ုနိုင်ငံတွင် အများပြည်သူ အကျိုးစီးပွားဖေါ်ထုတ်ခွင့်ဥပဒေကို ၁၉၉၈ခုနှစ်တွင် ပြဌာန်းခဲ့သည်။[15] ၎င်းအရ ဆိုလျှင် သဘာဝပတ်ဝန်းကျင်ပျက်စီးစေမှုနှင့် ရာဇ၀တ်ပြစ်မှု စသည်တို့နှင့်စပ်လျှဉ်း၍ ဖေါ်ထုတ်ခြင်းအား အကာ
အကွယ်ပေးကြောင်း ပြဌာန်းထားသည်။ ယင်းဥပဒေတွင် ပုဂ္ဂိုလ်ရေးအကာအကွယ်ပေးမှုများနှင့် စပ်လျှဉ်း၍ အ
ငြင်းပွားမှုများရှိခဲ့သဖြင့် ပြင်ဆင်မှုများပြုခဲ့ရသော်လည်း ဥပဒေအရ တာဝန်ရှိမှုကို ချိုးဖေါက်ခြင်းကဲ့သို့သော အများ
ပြည်သူအကျိုးစီးပွားကို ဦးတည်သည့် ဖေါ်ထုတ်မှုကိုမူ ဆက်လက်အတည်ပြုပြဌာန်းထားသည်။[16]

မြန်မာနိုင်ငံ၏ တည်ဆဲ တရားဝင်လျှို့ဝှက်ချက် ဥပဒေ၏ မိခင်ဖြစ်သည့် ဗြိတိန် နိုင်ငံတွင် ယင်းဥပဒေ ထက်များစွာ
ပိုကောင်းသော 1989 ခုနှစ် ဥပဒေ[17] ကိုသာမက အများပြည်သူ အကျိုးစီးပွားဖေါ်ထုတ်ခွင့်ဥပဒေ ကိုပါ ၁၉၉၈ခု
နှစ်တွင် ပြဌာန်းခဲ့သည်။ ယင်းကို ၂၀၁၃ ခုနှစ် နိုဝင်္ဘာလ ၂၉ရက်နေ့တွင်နောက်ဆုံး ပြင်ဆင်ခဲ့သည်။
ထို့အပြင် ၂၀၀၀ခုနှစ်တွင် သတင်းလွတ်လပ်မှုဥပဒေကိုပါ ပြဌာန်းခဲ့ပြန်သည်။[18] ယင်းသို့ဖြင့် လွတ်လပ်စွာထုတ်
ဖေါ်ခွင့်သည် ပို၍အားကောင်းလာခဲ့သည်။ အိမ်နီးခြင်းဖြစ်သည့် ထိုင်းနိုင်ငံမှာပင် ၂၀၁၀ ခုနှစ် တရားဝင်သတင်း
ဆိုင်ရာ ဥပဒေပေါ်ပေါက်လာခြင်းဖြင့် ပြည်သူလူထု၏ သိရှိခွင့်[19] ကို များစွာပို၍ အားဖြစ်စေသည်။

မြန်မာနိုင်ငံတွင်မူ လွန်ခဲ့သော နှစ်ပေါင်း ၉၁နှစ်က ပြဌာန်းခဲ့သည့် ဥပဒေဟောင်းကြီးကို ယနေ့တိုင် သုံးစွဲနေဆဲ
ဖြစ်သည်။ ဗြိတိန်နိုင်ငံကဲ့သို့ အများပြည်သူ အကျိုးစီးပွားဖေါ်ထုတ်ခွင့်ဥပဒေသာ ရှိမည်ဆိုပါက ဓါတု လက်နက်
များထုတ်လုပ်နေသည်ဟု ယူဆနိုင်သည့် လက်နက်စက်ရုံအကြောင်း ဖေါ်ထုတ်ရေးသားသော ယူနီတီဂျာနယ်မှ
သတင်းထောက်များသည် ဆွီဒင်ရေဒီယိုမှ သတင်းထောက်များ ဆုရသကဲ့သို့ စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံသည့်
သတင်းပညာဆု ရရှိကြပေမည်။ ဦးသိန်းစိန်အစိုးရအနေဖြင့် နိုင်ငံတကာဥပဒေအရတာဝန်ရှိမှုအပေါ် လိုက်နာ
မှုရှိမရှိ စုံစမ်းစစ်ဆေးဖေါ်ထုတ်နိုင်ရန် ကြိုးစားသောကြောင့်ဖြစ်သည်။ ယင်းမှာ အဘယ်နည်း။

ဓါတုလက်နက် ထုတ်လုပ်မှုကို နိုင်ငံတကာ ဥပဒေအရ တားမြစ်ထားသည်။[20] ဤသည်ကို တကမ္ဘာလုံးရှိ နိုင်ငံ
အားလုံးလိုက်နာကြရသည်။ သို့ဖြစ်၍ ယင်းနှင့်စပ်ဆိုင်သည့်သတင်းအား တိုင်းပြည်၏ တရားဝင်လျှို့ဝှက်ချက် အ
နေဖြင့်လည်းကောင်း၊ တိုင်းပြည်ကာကွယ်ရေးနှင့်သက်ဆိုင်သည့်သတင်း အနေဖြင့်လည်းကောင်း ဖုံးကွယ်ထား
ခွင့်မရှိပါ။ ယင်းသို့ဖြစ်ပါက နောင်နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ဆီးရီးယားနိုင်ငံတွင် အာဆတ်အစိုးရ ထုတ် လုပ်ခဲ့သည့် ဓါတုလက်နက်စက်ရုံများအား ကုလသမဂ္ဂက ကြီးကြပ်ပြီးဖျက်ဆီးပစ်ရသည့် အနေအထားမျိုးကဲ့
သို့ ရောက်သွားနိုင်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ခုနှစ် အထူးရံပုံငွေ ဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်သည် မည်
သည့် အဖွဲ့အစည်း၏ စာရင်းစစ်ဆေးမှုမျှ ခံယူစရာမလိုဘဲ တိုင်းပြည်ဘဏ္ဍာငွေများအား ထင်သလို အသုံးချခွင့်ရ
နေသည်။ ယင်းငွေများကို ဓါတုလက်နက် စက်ရုံအတွက်သုံးနေမည်ဆိုလျှင်လည်း မည်သူမျှမသိနိုင်။ လူ့အဖွဲ့အ
စည်းနောက်ခံသည် အမှောင်ဖုံးနေဆဲဖြစ်သဖြင့် အမှန်တရားဖေါ်ထုတ်ရန်ကြိုးပမ်းမှုများ ရှိနေသည်မှာ သဘာဝ
ကျသည်။

ယူနီတီဂျာနယ်မှ သတင်းထောက်များသည် လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို လူတဦးချင်းအနေဖြင့် ရိုးရိုးကျင့်သုံးနေ
ခြင်း မဟုတ်။ Investigative Journalism ဟုခေါ်သည့် စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံသည့် သတင်းပညာကို အ
သုံးပြုကာ တိုင်းပြည်လူထု အကျိုးစီးပွားကို ဖေါ်ဆောင်ရန်ကြိုးပမ်းနေကြခြင်း ဖြစ်ပုံရသည်။ ယင်းသို့ဖြစ်ပါက ယူ
နီတီဂျာနယ်သည် သတင်းခေတ်တခေတ်ကို စတင်ဦးဆောင်နေခြင်းဟု အသိအမှတ်ပြုရပါမည်။ စုံစမ်းစစ်ဆေးမှု
အပေါ် အခြေခံသည့်သတင်းပညာကို လိုက်စားသော နိုင်ငံသားသတင်းသမားများ[21] အမြောက်အများပေါ်လာ ပါက လူ့အဖွဲ့အစည်းအပြောင်းအလဲကို ကြီးမားစွာ အထောက်အပံ့ဖြစ်ပါမည်။

၂၀၀၈ ဖွဲ့စည်းပုံပေါ်အခြေခံတည်ဆောက်ထားသောလွှတ်တော်မှာမူ လူ့အဖွဲ့အစည်းကို စစ်မှန်သော လမ်းကြောင်း
သို့ ဦးတည်ပြောင်းလဲနိုင်စွမ်း ရာနုန်းပြည့်ကင်းမဲ့လျှက်ရှိသည်။ ၁၉၇၅ခုနှစ် နိုင်ငံတော်လုံခြုံရေး ဥပဒေအပါအ၀င်
စစ်အာဏာရှင်အစိုးရအဆက်ဆက် ပြဌာန်းခဲ့သည့် မည်သည့် မတရားဖိနှိပ်သည့် ဥပဒေတခုတလေကိုမျှ မရုပ်
သိမ်းနိုင်။ ဒီမိုကရေစီ၏ အသက်သွေးကြော ဖြစ်သော အခြေခံလွတ်လပ်မှုအခွင့်အရေးသုံးရပ် (လွတ်လပ်စွာထုတ်
ဖေါ်ခွင့်၊ စည်းရုံးခွင့် စုဝေးခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်) တို့ကိုအာမ,ခံပေးနိုင်သည့်ဥပဒေများအား မပြဌာန်း နိုင်ရုံ
သာမက ၁၉၂၆ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေကဲ့သို့ ဗြိတိသျှကိုလိုနီခေတ်က ကျန်ရစ်ခဲ့သည့် ဥပဒေအမွေ
ကောင်းများကို ဖျက်ပစ်ခဲ့သည်။ လွတ်လပ်ရေးရစခေတ်က စည်းရုံးခွင့်၊ စုဝေးခွင့်များအား အောင်မြင်စွာကျင့်သုံး
ခွင့်ရခဲ့သည့် ရဲဥပဒေများအားချောင်ထိုးထားပြီး မတရားဖိနှိပ်သည့် ၂၀၁၁ခုနှစ် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း
လှည့်လည်ခွင့် ဥပဒေကို ပြဌာန်းခဲ့သည်။ လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို အထောက်အပံ့ဖြစ်စေရန် တရားဝင် သ
တင်းဆိုင်ရာ ဥပဒေမျိုးကို ပြဌာန်းပေးရန် မည်သည့်လွှတ်တော်အမတ်ကမျှ မမြွက်ဟကြရုံသာမက ဗြိတိသျှကို
လိုနီခေတ်က ကျန်ခဲ့သည့် ဥပဒေအမွေဆိုးဖြစ်သော ၁၉၂၃ခုနှစ် တရားဝင်လျှို့ဝှက်ချက် ဥပဒေကို ပယ်ဖျက်ရုပ်
သိမ်းရန် သို့မဟုတ် အစားထိုးရန် မည်သူကမျှ အဆိုတင်သွင်းခြင်းမရှိ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လူထုထံမှ အကြံပေးစာများ ရရှိသည်
ဟု ဆိုသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံသည် ဖက်ဒရယ်အခြေခံလမ်းကြောင်းနှင့် ကင်းလွတ်လျှက်ရှိကြောင်း မည်
သည့်လွှတ်တော်အမတ်မျှ မဆွေးနွေးရဲကြ။ ၂၀၁၂ခုနှစ် နိုဝင်္ဘာလ (၂)ရက်နေ့တွင် ဖက်ဒရယ်ဥပဒေရေးဆွဲရန်
ဦးတီခွန်မြတ်နှင့် ဒေါ်နန်းဝါနုတို့အား တာဝန်ပေးကြောင်း မိန့်မိန့်ကြီး ကြေငြာခဲ့သည့် လွှတ်တော်ဥက္ကဌ ဦးရွှေမန်း သည် မသိခြင်ယောင်ဆောင်လျှက်ရှိသည်။ ဖက်ဒရယ်ဥပဒေသည် ဘယ်ရောက်နေသည်မသိ။ ဥပဒေအထက်မှာ
လွှတ်တော်ရှိတယ် ဟူ၍ ကလိရုံမျှကလိခဲ့သည့် ဒေါက်တာဆိတ်ဖွားဆိုသူအား ရှူးရှူးရှားရှားလုပ်ကာ ခုတ်မယ်၊
ထစ်မယ်၊ ပါးပါးလှီးမယ် ကြိမ်းဝါးခဲ့ကြသော လွှတ်တော်သည် ယခုတော့ သူတို့နှင့် မဆိုင်သယောင်ပြုနေသည်။

“ဘယ်နိုင်ငံရေးပါတီကိုမျှ ဂရုမစိုက်၊ အစိုးရကို အတိုက်အခံလုပ်တဲ့ နိုင်ငံရေးသမားတွေကို ထောင်ချ ပစ်မယ်။”
 ဟူ၍ အသားလွတ် ကြိမ်းမောင်းခြိမ်းခြောက်နေသော နယ်လှည့်ပါးရိုက်ဝန်ကြီး ဗိုလ်ချုပ်ဟောင်းအုန်းမြင့် အား
အရေးယူရန် ဝေးစွ။ လွှတ်တော်က မသိယောင်ပြုလျှက်ရှိသည်။ အနည်းအပါးဝေဘန်ပြောဆိုမည်လားဟူသော မျှော်မှန်းချက်ကလေးဖြင့် ဒီဗွီဘီ သတင်းထောက်က အင်တာ
ဗျူးသောအခါ လွှတ်တော်အမတ်တဦးက “ပန်းနဲ့ပေါက်သလောက်ဘဲ သဘောထားပါတယ်။” ဟူ၍ မခို့တရို့အ
ပြုံးဖြင့် ပြန်ကြားခဲ့သည်။

လွှတ်တော်အမတ်ဟူသည် ပုဂ္ဂိုလ်တဦးအနေဖြင့် မိမိ၏ခံစားချက်ကို ရှေ့တန်းတင်ပြောရန်မဟုတ်။ လူ့အဖွဲ့အ
စည်း လျှောက်သင့်သည့်လမ်းကြောင်းကို ဦးတည်၊ လူထု၏နစ်နာမှုကို ကိုယ်စားပြုဖွင့်ချကာ၊ တရားမှုအတွက်
တိုက်ပွဲဝင်ရန် တာဝန်ရှိသည်။ ဗိုလ်ချုပ် ဟောင်းအုန်းမြင့်သည် ဒီမိုကရေစီကို အတိအလင်းစော်ကားနေခြင်းဖြစ်
သည်။ ယင်းမှာ လူထုကို စော်ကားခြင်းဖြစ်သည်။ လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို တလွဲအသုံးချနေခြင်းလည်း ဖြစ်
သည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ဆိုသည်မှာ အစိုးရအာဏာပိုင်များထံတွင်သာ ရှိ
ကြောင်း သက်သေပြနေခြင်းဖြစ်သည်။ ဤသည်ကို မဖေါ်ထုတ်ဘဲ “ပန်းနဲ့ပေါက်သလာက်ဘဲ သဘောထားပါ တယ်။” ဟူ၍ ခေါင်းစင်းခံပေးနေသော လွှတ်တော်အမတ်များသည် စနစ်ဟောင်းကို ပြောင်းနိုင်ဘွယ်မရှိပါ။

လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို အထောက်အပံ့ဖြစ်စေမည့် ဥပဒေသစ်များ ပြဌာန်းပေးရန် ဝေး၍ မတရားဥပဒေဖြင့် အရေးယူခံနေရသော ယူနီတီ ဂျာနယ်မှ သတင်းထောက်များမှုခင်းကိုလည်း လွှတ်တော်အတွင်း မည်သည့် ဆွေးနွေးမှုမျှမပြု။ ၂၀၀၈ ဖွဲ့ စည်းပုံအောက်တွင် ဦးရွှေမန်းခေါင်းဆောင်လျှက်ရှိသော လွှတ်တော်သည်
မည်သို့လျှင် လူ့အဖွဲ့အစည်းကို ပြောင်းလဲနိုင်မည်နည်း။

၁၉၉၈ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ သို့ပြောင်းသွားခြင်းမှာ လွှတ်တော်က ဦးဆောင်စတင်ခဲ့ခြင်း မဟုတ်
ပါ။ အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများကို လူထုအသင်းအဖွဲ့များက ဖေါ်ထုတ်ရာတွင် သတင်းမီဒီယာများက
တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ကြသည်။ အမှန်တရားကို ဖေါ်ထုတ်ကြသည်။ ဥပဒေရေးရာ အဖွဲ့အစည်းများ
က ပံ့ပိုးပေးကြသည်။ ယင်း၏အကျိုးဆက်အနေဖြင့် ကျောင်းသားများ၊ အခြေခံလူထုများ၊ နိုင်ငံရေး အင်အားစုများ
ပါဝင်သည့် လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဆယ်ဂဏန်းတချို့မျှ အရေအတွက်ရှိသည့် စစ်
ဗိုလ်များ အင်ဒိုနီးရှားလွှတ်တော်မှ ထွက်တော်မူ နန်းကခွါခဲ့ရသည်။ လတ်တလော မြန်မာနိုင်ငံ အခြေအနေတွင်
သတင်းမီဒီယာများသည် စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာကို ယခုထက်ပို၍ အသုံးပြုလာကြ
မည်ဆိုလျှင် ယင်းသို့မျှော်လင့်ဘွယ်ရှိလာနိုင်သည်။

ယခုအငြင်းပွားသည့် လက်နက်စက်ရုံမှာ လက်ရှိသမတ ဦးသိန်းစိန် က နအဖစစ်အစိုးရ၏ ၀န်ကြီး ချုပ်အနေဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့စဉ်က တည်ဆောက်ထားခဲ့သည့် စက်ရုံဖြစ်သည်။ ယူနီဖေါင်း ချွတ်၊ အရပ်ဝတ် ပြောင်းကာ သမတ တာဝန်စတင်ယူခဲ့စဉ်က ရှင်းရှင်းလင်းလင်းရှိမှု [22] နှင့် တာဝန်ခံမှု [23] ဟူ သော စကားလုံးများကို ရွှန်းရွှန်းဝေအောင် သုံးခဲ့သူဖြစ်၏။ သို့ ဖြစ်ပါလျှက် ၄င်းသည် လူ့ အဖွဲ့ အစည်း ရှင်းရှင်းလင်းလင်း ရှိစေရန် ပံ့ပိုးကူညီ နေသော ယူနီတီ ဂျာနယ်မှ သတင်းထောက်များကို အဘယ်ကြောင့် အရေးယူနေသနည်း။ အပြောတခြား၊ အလုပ် တလွဲဖြစ်သည်။ အရပ်ဝတ်ပြောင်းထားခြင်းမှာ ၀ိုင်အရက်ဟောင်းကို ပုလင်းသစ်ထဲ သို့ ထည့်ထားခြင်းသာဖြစ်ကြောင်း ပို၍ထင်ရှားလာသည်။ ယင်းသို့ မဟုတ်ဟု ဆိုပါက ယူနီတီဂျာနယ်မှ သတင်းထောက်များအား ဖမ်းဆီး အရေးယူထား ရာမှ ချက်ခြင်းလွှတ်ပေးပြီး အငြင်းပွားလက်နက်စက်ရုံမှာ ဓါတုလက်နက် စက်ရုံမဟုတ်၊ ရိုးရိုး စက်ရုံသာဖြစ်ကြောင်း၊ မယုံလျှင် နိုင်ငံတကာမှ အချိန်မရွေးလာရောက် စစ်ဆေးနိုင်ကြောင်း ထုတ်ပြန် လိုက်ရုံမျှ နှင့် ဤပြသနာပြီးဆုံး သွားပါမည်။

မြန်မာနိုင်ငံသည် အမှောင်ဖုံးနေသည့် စစ်အာဏာရှင်အုပ်ချုပ်မှု ဆယ်စုနှစ်ငါးစုကျော် ဖြတ်သန်းခဲ့ရသော နိုင်ငံဖြစ်
သည်။ အလင်းခေတ်ကိုရောက်ရန် သတင်းထောက်များအပါအ၀င် အခြေခံလူထုများသည် နည်းပေါင်းစုံနှင့် ဆက်
လက်ကြိုးပမ်းနေကြဆဲဖြစ်သည်။ အလင်းခေတ်ကို မရောက်သေးသည်မှာ အတိအကျဖြစ်သည်။ ဒီမိုကရေစီရေး
အသွင်ကူးပြောင်းမှု ဟူသည်မှာ အမည်ခံမျှသာ ဖြစ်နေပြီး ယင်းအောက်တွင် စစ်အာဏာရှင်စနစ် ကြီးထွားအောင်
သာ ဖေါ်ဆောင်ခြင်း ခံနေရသည်။ သာဓက ဖြစ်ရပ်အတော်များများကို ထောက်ပြလျှက် “သတင်းစာ၊ ဂျာနယ်တွေ လွတ်လပ်ခွင့်ရလာတယ်ဆိုတာ အာဏာပိုင်တွေ ကြိုက်တာတွေ ရေးနေကြလို့ပါဗျာ။” ဟူ၍ လက်ရှိ ပြည်တွင်းသ
တင်းထောက် တဦးက ပြောဘူးသည်။

မည်သို့ပင်ဖြစ်စေ၊ ရေးခွင့်ရ ပြောခွင့်ရသမျှလေးကို အသုံးချလျှက် ရိုးရိုးသတင်းများကို လိုက်လံစုဆောင်းဖေါ်ပြနေ
ရာမှ တဆင့်မြှင့်ပြီး စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံသည့်သတင်းပညာကို အသုံးချကာ ရှင်းရှင်းလင်းလင်းရှိသည့် လူ့အဖွဲ့အစည်းဖြစ်လာနိုင်ရေးအတွက် ပိုင်းခြားဝေဘန်သုံးသပ်ချက်များတိတိပ,ပ,လုပ်လာသည့် သတင်း သမား
များအား လေးစားရပါမည်။

ရှင်းရှင်းလင်းလင်းရှိမှုကို စောင့်ကြည့်လေ့လာသည့် နိုင်ငံတကာအဖွဲ့အစည်းကြီးက ဖေါ်ပြသည့် ၂၀၁၃ ခုနှစ်အ
တွက် လာဘ်စားမှု အကင်းစင်ဆုံးနိုင်ငံများစာရင်းတွင် ဒိန်းမတ်နိုင်ငံနှင့် ယှဉ်တွဲ၍ ပထမနေရာရသည်မှာ နယူးဇီ
လန်နိုင်ငံဖြစ်သည်။ ယင်းနိုင်ငံတွင် စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံသည့်သတင်းပညာ အားကောင်းသည်။
စ်ကီ ဟေဂါ [24] ကဲ့သို့သတင်းထောက်များနံမည်ကြီးသည်။ မြန်မာနိုင်ငံကဲ့သို့ပင် နယူးဇီလန်နိုင်ငံတွင် (၁၉၅၁ ခုနှစ်) တရားဝင်လျှို့ဝှက်ချက်ဥပဒေမျိုးရှိသော်လည်း ၁၉၈၂ခုနှစ်၌ တရားဝင်သတင်းဆိုင်ရာ ဥပဒေပြဌာန်းပြီး
နောက်တွင် လွတ်လပ်စွာထုတ်ဖေါ်ခွင့် အဆများစွာ ပိုရလာခဲ့သည်။
မြန်မာနိုင်ငံကဲ့သို့ အာဏာပိုင်များလာဘ်စားရာတွင် ထိပ်ဆုံးတန်းနေရာတွင်ပင် ရှိနေသေးသည့်တိုင်းပြည်၌ စုံစမ်း
စစ်ဆေးမှုအပေါ် အခြေခံသည့်သတင်းပညာ[25] ဖွံ့ဖြိုးလာမှသာ ဥပဒေစိုးမိုးရေးအတွက် အထောက်အပံ့ဖြစ်
စေပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် စီမံလုပ်ဆောင်နေမှုများ၊ အာဏာအလွဲသုံးစားမှုများ၊ လာဘ်စားမှု
များ တဖြေးဖြေးလျော့ပါးသွားစေကာ ရှင်းရှင်းလင်းလင်းရှိသည့် အလင်းခေတ်သို့ တည်နိုင်ပါမည်။

ယင်းအတွက် မည်သည့်ပြစ်မှုမျှ ကျူးလွန်ခြင်းမရှိသောယူနီတီဂျာနယ်မှ ဖမ်းဆီးအရေးယူခံ သတင်းသမားများ
အားလုံးအား ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် အာဏာပိုင်များအား ဥပဒေအထောက်အကူပြုကွန်ယက်က တောင်း
ဆိုလိုက်သည်။ ၎င်းတို့လွတ်မြောက်လာရေးအတွက် အောက်ပါအင်အားစုများအနေဖြင့် တခဲနက် စုပေါင်းလှုပ်ရှား
ကြရန်လည်း အလေးအနက် မေတ္တာရပ်ခံပါသည်။

(၁) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများ။

စစ်အစိုးရများသည် ဓါတုလက်နက် ထုတ်လုပ်သုံးစွဲခဲ့သည့် သာဓကများအား ကရင်ပြည်နယ် နှင့် ကချင်ပြည်နယ်
တိုက်ပွဲများအတွင်း တစုံတရာ တွေ့ကြုံခဲ့ရသည်။ စစ်အစိုးရအဆက်ဆက်သည် မည်သည့် နိုင်ငံခြား တိုင်းပြည်နှင့်
မျှ စစ်ခင်းခဲ့ခြင်းမရှိ။ စစ်ခင်းနိုင်ဘွယ်အခြေအနေလည်း မရှိ။ ဓါတုလက်နက်ထုတ်လုပ်သည့် သတင်းမှန်လျှင် ယင်း
လက်နက်များမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ချေမှုန်းရန်မှတပါး အခြားမရှိ။ ယူနီတီဂျာနယ်မှ
သတင်းထွက်ပေါ်လာခြင်းဖြင့် ယင်းလုပ်ငန်းစဉ်စီမံချက်ကို တစုံတရာ အဟန့်အတားဖြစ်စေနိုင်သည်။

(၂) ဒီမိုကရေစီ အင်အားစုများ။

လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်သည် ဒီမိုကရေစီ၏ အသက်သွေးကြောဖြစ်သည်။ နိုင်ငံတကာ ဥပဒေ၏ စိုးမိုးမှုအောက်
တွင် ဓါတုလက်နက်ကင်းစင်သောနိုင်ငံအနေဖြင့် ရပ်တည်နိုင်ရန် လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို သုံးစွဲကာ အမှန်တ
ရားကို ဖေါ်ထုတ်ရန် ကြိုးစားသော ယူနီတီဂျာနယ်မှ သတင်းထောက်များ ချွင်းချက်မရှိ လွတ်မြောက်လာရေး အ
တွက် ကြိုးပမ်းပေးသင့်ပါသည်။

(၃) ဥပဒေပညာရှင်များ နှင့် လူထုအသင်းအဖွဲ့ များ။

ဤမှုခင်းမျိုးအား လူ့အလွှာအလိုက် အကျိုးသက်ရောက်စေနိုင်သည့် မှုခင်း[26] ဟူ၍ နိုင်ငံတကာတွင် သတ်မှတ်
ကြပါသည်။ ဆိုလိုသည်မှာ ဤကဲ့သို့အချက်အခြာကျသည့် မှုခင်းဖြစ်ရပ်တခုအား ထိထိရောက်ရောက် ကိုင်တွယ်
ဆောင်ရွက်ပေးနိုင်လျှင် ယင်းနှင့်သက်ဆိုင်သော အလွှာတခုလုံးအတွက် သက်သာခွင့်ရစေမည် ဖြစ်သည့်အပြင် မိ
မိတို့နောက်တွင် လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေပညာရှင်များ၊ ဥပဒေရေးရာ အဖွဲ့အစည်းများ၊ လူထု အသင်းအ
ဖွဲ့များ ရှိပါကလား ဟူ၍ စိတ်အားတက်ကြွလာစေခြင်းဖြင့် လူ့အဖွဲ့အစည်းအပြောင်းအလဲအတွက် ထိရောက်သည့်
အား ဖြစ်စေပါမည်။ စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံသည့်သတင်းပညာကို ကျင့်သုံးသော သတင်းမီဒီယာလောက
အားကောင်းလာစေသင့်သည်။

ဥပဒေအထောက်အကူပြုကွန်ရက်
 ဖေဖေါ်ဝါရီလ (၄) ရက် ၂၀၁၄ ခုနှစ်

အသေးစိပ်သိလိုပါလျှင်
ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
ဆက်သွယ်ရန် ဖုံး၊ (၄၆) (၀) ၇၆ ၁၁၅၆ ၂၁၅

[1] ဖမ်းဆီးခံမိသားစုများ စိုးရိမ်ပူပန်နေကြသည့် သတင်းကို အောက်ပါ လင့်ခ် တွင် ကြည့်ရှုနိုင်ပါသည်။ ယူနီတီ ဂျာနယ် မှ သတင်းထောက်များသည် ထောင်ဒဏ် ၁၄ နှစ်ပြစ်ဒဏ်ကျခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ http://www.youtube.com/watch?v=RBs7B3Ihi14&feature=youtu.be

[2] Limitation is limited.

[3] Transparency International

[4] ဆွီဒင်နိုင်ငံ ဥပဒေ၊ Chapter 7. On Offenses against the Freedom of the Press

[5] Secret information

[6] Espionage or spy

[7] Bo-Göran Bodin and Daniel Öhman, along with their supervisor Rolf Stengård,

[8] Defence policy

[9] Investigative Journalism:

[10] http://sverigesradio.se/sida/artikel.aspx?programid=2054&artikel=5501158

[11] The Burma Official Secrets Act 1923

[12] Spying

[13] http://www.indiatogether.org/2005/jul/rvw-gilani.htm

[14] "The OSA was enacted by the British in 1923," points out Gilani. "It's an archaic Act, with no clear definition of what a 'secret' is. In Britain, it was repealed in 1989, and they now have an entirely different law. It should be scrapped in India."
See more at: http://www.indiatogether.org/2005/jul/rvw-gilani.htm#sthash.xzcQ7Tvl.dpuf

[15] The Public Interest Disclosure Act 1998: www.parliament.uk/briefing-papers/sn00248.pdf‎

[16] As from 25 June 2013 any disclosure made by a worker will only count as a “qualifying disclosure” if the worker reasonably believes that the disclosure is both “made in the public interest” and fits into of the categories set out in the legislation (eg a criminal offence, a breach of a legal obligation, a miscarriage of justice etc).

[17] http://www.statewatch.org/news/2011/sep/uk-offical-secrets-act-1989.pdf

[18] http://www.cfoi.org.uk/pdf/foia2000.pdf

[19] The Right to Know

[20] The Convention on the Prohibition of the Development, Production, Stockpiling and Use of Chemical Weapons and on Their Destruction

[21] Citizen journalists

[22] Transparency

[23] Accountability

[24] Nicky Hager – investigative journalist

[25] Dutch-Flemish association for Investigative Journalism, VVOJ: • Uncover scandals. Aimed at detecting violations of laws, rules or norms of decency, by organisations or individuals. • Review of policies or functioning of government, businesses and other organisations. • Draw attention to social, economic, political and cultural trends. Aimed at detecting changes in society. http://www.journalismfund.eu/what-investigative-journalism

[26] Class Action