Monday
ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း နှစ်)
ဒီနေ့မှာတော့ မိဘများအနေနဲ့ဖြစ်ဖြစ် လူငယ်တွေကို ပိုးကရင်စာသင်ပေးနေတဲ့သူတွေပဲဖြစ်ဖြစ် ကရင်အမျိုးသား
အခမ်းအနားတွေကို တက်ရောက်မယ့်သူတွေပဲဖြစ်ဖြစ် အထူးလိုအပ်ပြီးမဖြစ်မနေဆိုတတ်ရမယ့် သီချင်းတပုဒ်ကို
ကျုပ် သီဆိုပြပါ့မယ်။
ကရင့်အမျိုးသားအခမ်းအနားမှာ ကရင့်အမျိုးသားအလံတော်ကိုအလေးပြုမယ်။
ကျဆုံးလေပြီးသော ကရင့်အာဇာနည်ခေါင်းဆောင်ကြီးတွေကိုအလေးပြုမယ်။
ကရင့်အမျိုးသားသီချင်းကို ဆိုကြမယ်။
အလံကိုအလေးပြုတာတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာတို့ကတော့ သူများလုပ်တဲ့အတိုင်း မ
သိမသာခိုးကြည့်ပြီးလိုက်လုပ်လို့ရပေမယ့် ကရင့်အမျိုးသားသီချင်းကိုကျတော့ ၀ရူးဝရူးလိုက်လုပ်လို့မဖြစ်ဘူးလေ။
ကရင်တစ်ယောက်ဖြစ်လာမှတော့ ကိုယ့်ကရင်အမျိုးသားသီချင်းကိုတောင် မဆိုတတ်ဘူးဆိုလျင် သင့်တော်ပါ့မ လားဗျာ။
ကရင်အမျိုးသားတွေကြားမှာ မျက်နှာမငယ်ရအောင် အမျိုသားသီချင်းလေး လေ့ကျင့်ထားကြပါစို့လား။
ရပြီးသား မိတ်ဆွေတွေကိုတော့ အားနာမိပါရဲ့။
တကယ်ပြောတာပါ။
ဘာကြောင့်လဲဆိုတော့ ကျုပ်အသံက ကြားလိုက်တာနဲ့ ထပြေးချင်စိတ်ပေါက်အောင်ကို ကောင်းလွန်းလို့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် အများကြားမှာ ဆိုတတ်တော့ ပိုကောင်းတာပေါ့နော်။
သူများတွေက ကိုယ့်အသံလောက်မှမကောင်းပဲနဲ့ ဆိုနေသေးတာပဲ။ ကိုယ့်အသံကောင်းကြောင်းကြွားတဲ့အနေနဲ့ အားရပါးရကြီးကို ဆိုပြလိုက်စမ်းပါ။
တခုတော့ရှိတာပေါ့လေ၊ ကျုပ်အသံကိုကြားလိုက်တာနဲ့ သီချင်းဆိုချင်စိတ်တွေပျောက်ပြီး သင်ချင်စိတ်ပါပျောက်
သွားလျင်တော့ မဆိုတတ်တဲ့မိတ်ဆွေအတွက် ကရင်အမျိုးသားကြားမှာ မျက်နှာငယ်ရမယ့်အရေးတွေးပြီး စိတ်
မကောင်းဖြစ်မိမှာအမှန်ပါ။
သည်းခံပြီး နားထောင်ပါ။ မဖြစ်မနေသင်ပါ။ တောင်းပန်ပါတယ်။
ဒီသီချင်းကလည်း စာမသင်ခင်မှာနဲ့ စာသင်အပြီးမှာ မဖြစ်မနေ နှလုံးသွင်းပြီးသီဆိုကြဘို့ အထူးလိုအပ်ပါတယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)