• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, March 15, 2014

အလှမ်းဝေးနေပြီလား


အလှမ်းဝေးနေပြီလား

March 15, 2014
Saturday

By မင်းစိုးစံ

အမှန်အတိုင်းပြောရလျင် စိတ်မသက်မသာဖြစ်မိတာအမှန်ပါ။
ဒါကြောင့်မို့လို့ ဗဒိုမန်းရှားလာဖန်းပြောသွားခဲ့ဘူးတဲ့ စကားတွေထဲက ဒီ စစ်အစိုးရဆိုတာ ဒီလိုပြောနေလို့မရဘူး၊
သူတို့နားလည်တဲ့ဘာသာစကားနဲ့ ပြောမှရမယ့် လူတွေဖြစ်တယ်။
စစ်အာဏာရှင်တွေပြုတ်တာနဲ့ အားလုံးစည်းလုံးညီညွတ်မှာပဲတဲ့။
ဗိုလ်ကြီးဟောင်းနေမျိုးဇင်ပြောခဲ့သလို ပွက်ပွက်ဆူနေတဲ့ ရေကိုအေးအောင်စောင့်နေတဲ့အချိန်မှာ အပူဆိုတဲ့ကာ
လတခုကို ဖြတ်ရမယ်တဲ့။
ဟုတ်ကဲ့ အပူဆိုတဲ့ကာလ ဆိုတာကိုဖြတ်မှာပါ၊ ဒါပေမယ့် ပူနေတဲ့ရေကို လောင်စာအပြည့်ဖြည့်ထားတဲ့ မီးဟုန်း
ဟုန်းတောက်နေတဲ့ ရေပူအိုးကို မီးဖိုပေါ်ကမချပဲနဲ့ ဒီအတိုင်းထိုင်စောင့်နေလို့ အပူဆိုတဲ့ ကာလဆိုးကြီးက ပျောက်
ကွယ်နိုင်မှာတဲ့လားဗျာ။

အစိုးရဦးဆောင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ကြားခံဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ Myanmar Peace Centerအပေါ် အယုံအကြည်မရှိကြောင်း ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)အဖွဲ့ပြော ဆိုတဲ့ခေါင်းစဉ်အောက်မှာ ငြိမ်းချမ်းရေးအတွက်ကိုယ်ဖိရင်ဖိ အားသွန်ခွန်စိုက် စိတ်ရှည်သည်းခံခြင်း မျှော်လင့် ချက်ခိုင်မာစွာနဲ့ဆွေးနွေးနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ခေါင်းဆောင်တွေရဲ့ ပြောဆို ချက်တွေထဲက တချို့ကိုကောက်နှုတ်တင်ပြလိုက်ပါတယ်။
အဲဒါကို မဘတ်ခင်မှာ အောက်က ရုပ်သံဖိုင်တွေကို ဦးစွာ နားဆင်ကြည့်ရှုကြပါဗျား။




 “MPCက နံပါတ်တစ် ကိုယ့်လူမဟုတ်ဘူး။ သူများလူ။ သူ့တာဝန်က ကိုယ့်ဘက်ကအခြေတွေယိုင်ဖို့ သူ့တာဝန် ရှိ
တယ်။ ကျွန်တော်တို့ အကြိမ်ကြိမ်သွားတယ်။ ကျွန်တော်တို့ တပ်ပေါင်းစုနဲ့သွားတွေ့တယ်။ ဖျက်ချင်တယ်။
UNAနဲ့ တွေ့တယ်။ ဖျက်ချင်တယ်။ ဗမာပါတီတွေနဲ့ဖြစ်ဖြစ် ရရှိတဲ့ညီညွတ်ရေးကို ဖျက်ချင်တယ်။ သူ့ဘက်ကနေ
ပြီးတော့ ထိုးဖောက်ဖို့ခိုင်းထားတဲ့သူတွေပဲ။
ဒါကြောင့် ကျွန်တော်သတိပေးချင်တာက သူတို့တစ်လတစ်ကြိမ် ခေါ်တွေ့တယ်ဆိုတာက Brainwash လုပ်တာပဲ။

သူတို့ လုပ်နည်း နှစ်နည်းရှိတယ်။ 
အဓိကဘာလဲဆိုတော့ သူတို့ဆီမှာ လူရိုသေ၊ ရှင်ရိုသေ ဘွဲ့တွေရှိတယ်။ ဒေါက်တာတို့၊ နိုင်ငံခြားပြန်တို့ ဟိုပညာ
ရှင်တို့၊ ဒီပညာရှင်တို့၊ သမ္မတအကြံပေးတို့ ဆိုတဲ့ဆိုင်းဘုတ်တွေသုံးပြီးတော့ ကျွန်တော်တို့လူတွေကိုခေါ်ပြီး ဘာ
လုပ်လဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုလို့ ကျွန်တော်တို့ကပြောနေပြီးတော့ စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ပုံစံကိုဆွေး
နွေးဖို့မရောက်ခင်မှာ လက်ဦးမှုယူပြီးတော့ ဖက်ဒရယ်ဆိုသည်မှာ ဆင်တစ်ကောင် ကိုင်သလိုပေါ့။ ဒါကတော့ မြွေ
ပဲ။ ဒါကတော့ လှံပဲ။ ဒါကတော့ နံရံပဲ။ ဒါကတော့ ကြိုးပဲ။ ဒါကတော့ သစ်ပင်ပဲ။ ဆိုတာမျိုး။
ဇဝေဇ၀ါဖြစ်အောင် တမင်တကာလုပ်နေတယ်လို့ပဲ ထင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီကဆွေးနွေးချက်တွေဟာ ဥပမာ ၂၀၀၈ထဲမှာ ဖက်ဒရယ်မူတွေ ပါနေတာပဲဆိုပြီး
တော့ ပညာရှင်နော်။ နိုင်ငံခြားကလူတွေခေါ်ပြီးတော့ တစ်ဖက်လှည့်နဲ့ ခိုင်းတာ။ သူတို့ကိုယ်တိုင်တောင် မပြော ဘူး။
သုံးဖွဲ့ရှိတယ်။ အဲဒီပညာရှင်။ ကျွန်တော်စာရင်းလုပ်ထားတာ။
အဲဒီပညာရှင်တွေ ပြပြပြီးတော့ ကျွန်တော်တို့ အမှန်တကယ်စစ်မှန်တဲ့၊ တကယ်လိုချင်တဲ့ဖက်ဒရယ်ကို ရွေ့လျား
အောင်လုပ်နေတာ။

၂၀၀၈ကိုပြင်ရင် ဖက်ဒရယ် ရမယ်ဆိုတဲ့ အယူအဆ။ နံပါတ်တစ်။
နံပါတ်နှစ် ဖက်ဒရယ်ဆိုတာ တခြားမဟုတ်ဘူး။
Power Sharing ရယ်။ Resource Sharing ပဲ။ အဲဒီအယူအဆကို သွတ်သွင်းတယ်။
နံပါတ်သုံး။ အခုရှိနေတဲ့ ၂၀၀၈ထဲက ဇယား (၁)ကို ဇယား(၂)ထဲရွှေ့လိုက်။ အဲဒါဖက်ဒရယ်ဖြစ်ပြီ။
နံပါတ်လေး။ အခုရှိနေတဲ့ပြည်နယ်က ဘာလိုချင်လဲ။
ပြည်နယ်အစိုးရ အားနည်းနေတယ်။ ပြည်နယ်လွှတ်တော် အာဏာသိပ်မရှိဘူး။ နည်းနည်းတိုးပေးလိုက်။
ဖက်ဒရယ် ဖြစ်ပြီဆိုပြီး အားလုံးပရမ်းပတာ အယူအဆတွေရိုက်သွင်းနေဖို့ အမြဲတမ်းအပတ်စဉ် ခေါ်ဆွေးနွေးတာ။ အဲဒါကို ကျွန်တော်တို့ တန်ပြန်ရိုက်ချိုးဖို့လိုတယ်”
လို့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
Read more
http://www.phophtawnews.org/burmese/index.php/economic/item/1098-mpc-ncct-nbf.html

အဲဒီကိစ္စနဲ့ ပတသက်ပြီး ဦးဇိုဇမ်က သူ့အနေနဲ့ Brainwash အလုပ်ခံဘို့ သွားတာမျိုးမဟုတ်ဘဲ သွားရောက်ငြင်း ခုံခြင်းမျိုးသာဖြစ်ပြီး သူ့အနေနဲ့လည်း MPC အပေါ် အယုံအကြည်မရှိသလို တိုင်းရင်းသားတွေအတွက် Ethnic Peace Center မျိုးသာ ပေါ်ပေါက်စေချင်တဲ့အကြောင်း ပြောသွားပါတယ်။
Read more
http://www.phophtawnews.org/burmese/index.php/economic/item/1098-mpc-ncct-nbf.html

ကျုပ်တို့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲက ဘယ်အဖွဲ့တွေ ဦးဏှောက်အဆေးခံလိုက်ရပြီလဲ။
ဘယ်နှစ်ဖွဲ့ အကျဉ်းအကြတ်ထဲရောက်သွားခဲ့ရပြီလဲ ဆိုတာ မခန့်မှန်းတတ်တော့ပါဘူး။ တဆက်တည်းမှာ ပြည်ထောင်စုမြန်မ္မာနိုင်ငံတော်တ၀ှမ်းလုံး မျှော်လင့်တောင့်တနေကြတဲ့ ငြိမ်းချမ်း စွာအတူယှဉ်
တွဲနေထိုင်ရေးနဲ့ စစ်မှန်တဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆိုတာ စကားလုံးလေးတွေလှသလောက် တကယ့်
လက်တွေ့မှာ အိမ်မက်ကိုတကယ်ဖြစ်အောင်လုပ်ရတာထက်ပိုခက်နေမလား မပြောတတ်။
မြမ္မာစစ်အစိုးရဘက်ကတော့ အပိုင်ကိုပြောနေပါပြီ သြဂုတ်လ (၁)ရက်နေ့ထက်နောက်မကျပဲ နိုင်ငံလုံးဆိုင်ရာငြိမ်း ချမ်းရေး အတွက် လက်မှတ်ထိုးဖြစ်ကြမယ်  တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကလည်း ဒီထက်စောစော လက်မှတ်ထိုးဖြစ်ချင်နေကြတယ်လို့ ဆိုပါလား။

ကျုပ်ကတော့ မြမ္မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားတွေပိုနေလို့ နိုင်ငံခြားကို ရောင်းရပါတယ်ဆိုတဲ့ ၀န်ကြီးမျိုး၊ တနေ့ ထ မင်းတနပ်စားပြီး အကြွေးဆပ်ခိုင်းတဲ့ ၀န်ကြီးမျိုး၊ နယ်လှည့်ပြီး ပါးရိုက်တဲ့ဝန်ကြီးမျိုး၊ ရွှေလက်နဲ့ခေါ်လို့မရလျင်
ကျည်ဆံကျွေးပစ်လိုက်ဆိုတဲ့ ၀န်ကြီးမျိုး အဲဒီလို မိုက်မိုက်ကန်းကန်းဝန်ကြီးမျိုးတွေ လက်ထက်မှာ စစ်မှန်ပြီးရေ
ရှည်တည်တံ့ခိုင်မြဲတဲ့  ငြိမ်းချမ်းရေးဆိုတာကြီးက အလှမ်းဝေးနေဦးမယ်လို့ ထင်မြင်ယူဆမိကြောင်းပါခင်ဗျား။




ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)