• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, March 16, 2014

အမြင်မတော်တာ ဆင်တော်နဲ့ ခလောက်


အမြင်မတော်တာ ဆင်တော်နဲ့ ခလောက်

Sunday March 16, 2014

By မင်းစိုးစံ

အားလုံးမင်္ဂလာပါခင်ဗျား။
ကျုပ်ရဲ့ဘလော့ဂ်ပေါ်မှာ ဒီကနေ့ ဗမာစစ်အစိုးရ(မြမ္မာစစ်အစိုးရ)က အကောင်အထည်ဖေါ်နေတဲ့(လုပ်နေတဲ့) မ ဟုတ်တရုတ်တွေထဲက မျိုးစောင့်ဥပဒေဆိုတာနဲ့ပတ်သက်ပြီး ဒီနေ့မတိုင်ခင်အထိ ဘာဆိုဘာမျှရေး သားတင်ပြခဲ့
ခြင်း မပြုခဲ့ပါဘူး။
အဓိက အချက်ကတော့ ဘာသာရေးနဲ့ပတ်သက်ပြီး နားမလည်လို့ဖြစ်ပါတယ်။
ကျုပ်အနေနဲ့ ဘာသာရေးကိုနားမလည်ပဲနဲ့ ပေါက်တတ်ကရတွေလျှောက်ရေးနေတာကို နားလည်တဲ့လူတွေက ဒီ လူ ရေးချင်တာရေးနေတာပါကွာ ဘာမျှနားလည်တဲ့လူမဟုတ်ဘူး။ အရေးအသားကိုကအဆင့်မရှိတဲ့အရေးအသား
မျိုး။
ကရင်လိုပြောလျင်တော့ လိက်လ်ုစံင်းယိုဝ် ဟ်ုဆူ့လင်ထုင်းဖိုင်သှေ်အေး အဓိပ္ပါယ်က ဒီစာတွေက အိတ်ထဲ ထည့်လို့
မဖြစ်ပါဘူး၊ မရပါဘူး ဆိုတာပါ။ အရေးမပါဘူး အကျိုးမရှိဘူးလို့ အဓိပ္ပါယ်ပေါက်ပါတယ်။

ဒါကအရေးမကြီးပါဘူး။
ကိုယ့်အရေးအသားကြောင့် ဘာသာရေးကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်စေ ထိခိုက်စရာဖြစ်သွားပြီဆို
လျင်တော့ အခုလက်ရှိဘ၀မှာမကောင်းသလို နောက်နောင်ဘ၀မှာလည်းကောင်း နိုင်မှာမဟုတ်ပါဘူး။
မိမိယုံကြည်ကိုးကွယ်နေတဲ့ ဘာသာကို စော်ကားမိတာတခုတည်းတင် မကောင်းတာလားဆိုတော့ မဟုတ်ပါဘူး။
ကိုယ်မယုံကြည်တိုင်း အခြားတပါးသူကိုးကွယ်နေတဲ့ဘာသာကို စော်ကားပြောဆိုမိလျင်လည်း အတူတူပဲဖြစ်ပါ
တယ်။

တိုင်းနိုင်ငံတွေမှာ ဥပဒေတရပ်ကိုပြဌာန်းရေးဆွဲရတယ်ဆိုတာ တိုင်းပြည်တိုးတက်သာယာဝပြောဘို့ ငြိမ်းချမ်းဘို့
ညီညီညွတ်ညွတ်ဖြစ်ဘို့ လိုအပ်နေလို့ ရေးဆွဲပြဌာန်းကြတာလို့ နားလည်မိပါတယ်။
ဒီကနေ့ ဗမာစစ်အစိုးရ(မြမ္မာစစ်အစိုးရ) ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မျိုးစောင့်ဥပဒေဆိုတာကို ရေးဆွဲပြဌာန်း
ဘို့လုပ်နေတာဟာ ကောင်းတယ်၊ မကောင်းဘူး။ သင့်တော်တယ်၊ မသင့်တော်ဘူး။ အချိန်အခါကျပြီ၊ မကျဘူး။ နိုင်
ငံရေးလှည့်ကွက်တွေ ဘာဘာညာညာ ဆိုတာထက် ကျုပ်တို့ဗုဒ္ဓဘာသာဝင်တွေမှာ ဥပဒေတရပ်ပြဌာန်း ရေးဆွဲရ
ဘို့အထိ မိမိဘာသာအပေါ် လိုက်နာကျင့်ကြံမှု လျော့နည်းကျဆင်းလာလို့၊ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်း
စောင့်ရှောက်ဘို့ ပျက်ကွက်လာလို့သာ ရေးဆွဲပြဌာန်းဘို့ ဖြစ်လာရတာလို့ ယူဆပါတယ်။

ဘာကြောင့်များ ပြည်ထောင်စု မြမ္မာနိုင်ငံတော်(ပြည်ထောင်စု ဗမာနိုင်ငံတော်)မှာ အမျိုးဘာသာ သာသနာကို
ထိန်းသိမ်းဘို့ မျိုးစောင့်ဥပဒေဆိုတဲ့ ဥပဒေတရပ်ပြဌာန်းရတဲ့အခြေအနေမျိုးအထိ ဖြစ်လာရတယ်ဆိုတာ တွေး
ကြည့်မိပါတယ်။ မျိုးစောင့်ဥပဒေ ဆိုတာနဲ့ပတ်သက်ပြီး ကျုပ်ရဲ့သဘောထားအမြင်ကိုမရေးခင်မှာ ဗမာပြည်တွင်း
က ရေးသားချက်တွေကို ဦးစွာရေးသားတင်ပြပါ့မယ်။ တောင်ဥက္ကလာပ က ဘီဘီစီသောတရှင် ဦးကိုလေး ရေး
တဲ့စာပါ။

ဖေဖေါ်ဝါရီလ ၁၄ရက်ညပိုင်း ဘီဘီစီကနေထုတ်လွှင့်ပေးတဲ့ မြမ္မာ့အရေးမှာ စာပေဟောပြောပွဲတွေတားမြစ်ခံရ
ခြင်းနဲ့ပတ်သက်ပြီးတော့ ပါဝင်ဆွေးနွေးသွားတဲ့သံဃာတော်က အကြောင်းကြောင့်အကျိုးဖြစ်ရတာလို့ အဓိကဆွေး
နွေးသွားပါတယ်။
အခုဖြစ်နေတဲ့ အကျိုးဆက်တွေရဲ့အခြေခံအကျဆုံး အကြောင်းတရားတွေကတော့ တိုင်းပြည်ဆင်းရဲတွင်းနက်ခြင်း၊
ပညာရေးစနစ်ညံ့ဖျင်းပြီး အသိဉာဏ်မပြည့်စုံခြင်း၊ အာဏာရှင်စနစ်ရှည်ကြာပြီး ၁၉၆၂ ခုနှစ်ကနေစပြီး လူမျိုးရေး
ဘာသာရေး အဓိကရုဏ်းတွေကို အချိန်ကိုက်ဖေါ်ဆောင်ခဲ့ခြင်း စတာတွေကြောင့်ဖြစ်ပါတယ်။

အခုလည်း ဒီမိုကရေစီပြောင်းလဲရေးကို လက်မခံနိုင်ကြသေးတဲ့အုပ်စုတွေက လှုံ့ဆော်မှုတွေပြုလုပ်ပြီးတော့ အ မှန်တရားဖေါ်ထုတ်ပေးတဲ့ စာပေဟောပြောပွဲတွေကို တားမြစ်ဘို့ ကြိုးပမ်းနေကြတာပါ။
နောက်တကြောင်းကတော့ ဦးစည်သူအောင်မြင့် ဆွေးနွေးသလို တရားဥပဒေစိုးမိုးမှုမရှိတာလည်း အဓိကအမှန်ပဲ
ဖြစ်ပါတယ်။

အခုပေါ်ပေါက်နေတဲ့ ဘာသာရေးလူမျိုးရေးပြဿနာတွေနဲ့ စာပေဟောပြောပွဲ ပိတ်ပင်တားမြစ်နေခြင်းတွေဟာ ဒီမို
ကရေစီအရေးဆန့်ကျင်တဲ့သူတွေက ပယောဂနဲ့အနှောင့်ယှက်တည်းဟူတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်
ရခြင်းဖြစ်ကြောင်း စာပေပညာရှင်တွေဆက်လက်ပြီးတော့ ဟောပြောကာ အသိဉာဏ်ဖွင့်ပေးကြပါလို့ ဘီဘီစီက
နေတဆင့် တိုက်တွန်းရပါတယ်ခင်ဗျား။

နောက်တယောက်ကတော့ ဘီဘီစီသောတရှင် ပဲပရစ်ဆိုသူဖြစ်ပါတယ်။ သူက ဒီလိုရေးထားပါတယ်။ လက်ရှိ မြမ္မာနိုင်ငံရဲ့ဘာသာရေးပြဿနာတွေကို ထိန်းချုပ်ဘို့လုပ်နေတဲ့ သမ္မတကြီးရဲ့အပြုသဘောဆောင်တယ်
ဆိုတဲ့ ဥပဒေတွေက တကယ်တော့ မြမ္မာနိုင်ငံအနာဂတ်အတွက် ဖြစ်မလာသေးတဲ့အရာတွေကို ထောက်ပြရေးဆွဲ
နေတယ်လို့ ယူဆမိပါတယ်။
ဥပမာ အခုဖြစ်နေတဲ့ မျိုးစောင့်ဥပဒေပေါ့ဗျာ။
အဓိကကတော့ ဥပဒေတွေဘယ် လောက်ပဲ ပြဌာန်းပြဌာန်း တိုင်းပြည်ဆင်းရဲလျင်တော့ ချိုးဖေါက်ကြမှာပဲ။
အဲဒီတော့ တိုင်းပြည်ထူထောင်ဘို့အ လျင်မစဉ်းစားပဲ မျိုးစောင့်ဥပဒေပြဌာန်းရေးကိုသာ ရှေ့တန်းတင်လာကြတာ
စိုးရိမ်စရာလို့ ကျနော်ထင်မိပါ တယ်။

တိုင်းပြည်ဆင်းရဲနေလျင် ဘယ်လိုဥပဒေကိုမဆို ချိုးဖေါက်ကြမှာပဲဆိုတာ အမှန်အကန်ပေါ့ဗျာ။
ဥပဒေတွေကို လူတိုင်းလိုက်နာကြမယ်ဆိုလျင် ထောင်ဆိုတာရှိစရာလိုပါ့မလား။
ထောင်မရှိတဲ့နိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ ရှိမှရှိ ရဲ့လားမသိ။

သံဃာတော်တပါးဖြစ်တဲ့ ဆရာတော်အရှင် ဦးသုဒဿနရေးတဲ့စာထဲမှာ
အမျိုးဘာသာကိုတကယ်ချစ်တဲ့လူဟာ ဘုရားမဖျက်ပါဘူး သိမ်မဖျက်ပါဘူး သံဃာကိုလည်းမရိုက်နှက်ပါဘူး။
အခုဆိုလို့ရှိလျင်ကြေးနီတောင်မှာ ဘုရားဖျက် ကျောင်းဖျက်သံဃာကိုရိုက်နှက်ခဲ့သလို တနေ့ကပဲ သမီးကလေး
ကျေးရွာမှာ ဘုရားတွေ ဘုန်းကြီးကျောင်းတွေကို ဖျက်ခဲ့တာတွေ၊ နောက် ယင်းမပင်မြို့နယ်မှာ ရဟန်းတော်တပါး
ကိုရိုက်နှက်ခဲ့လို့ အခုထက်ထိဆေးရုံကမဆင်းရသေးပါဘူး။ ဆိုတော့ အစိုးရဟာအမျိုးဘာသာကိုချစ်တာလား? အာဏာကိုချစ်တာလား? ဆိုပြီးမေးထားပါတယ်။
ဗမာစစ်အစိုးရ(မြမ္မာအစိုးရ)ပြောတာကတော့ ၀ိနည်းနဲ့ညီတယ်ဆိုလားပဲ။
ကျုပ်လည်း နားမလည်တော့ ဘာမှတ်ချက်မှ မပေးရဲပါဘူး။

တရုတ်မြမ္မာနယ်စပ်က ဦးစိုးမြင့်ပြောထားတာကို ရေးပြရမယ်ဆိုလျင်
ဘာသာ သာသနာတခုမှာလျော့နည်းနေမယ်ပေါ့နော် အမျိုးဘာသာ သာသနာ ကာကွယ်ရေးကို ရေးဆွဲတဲ့နေရာ
မှာ ဥပမာ ဗုဒ္ဓဘာသာဆိုပါစို့ ဗုဒ္ဓဘာသာမှာ ဒီအပိုင်းမှာတော့ ဗုဒ္ဓဘာသာက အားနည်းနေတယ်လို့ ကျနော်ထင်
တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာမှာက Zing သဘောမျိုးသွားတာ။ ကျင့်စဉ်ပေါ့။
အဲဒီတော့ သူက လောကီရေးမှာအားနည်းနေမယ်လေ။
သူက အဲလိုပြောပြီး လောကီ လောကုတ္တရာ နှစ်ဌာနလုံးကိုထိန်းညှိပေးသွားနိုင်တာက အစ္စလာမ်ဘာသာဖြစ်တယ်
ဆိုတာကိုပြောလိုက်တော့ ဆွေးနွေးနေတာနဲ့မဆိုင်တော့သလိုလိုဖြစ်သွားလို့ အစီစဉ်တင်ဆက်တဲ့သူက ရပ်လိုက်
ရတယ်။

အစ္စလာမ်ဘာသာက လောကီလောကုတ္တရာ နှစ်ခုစလုံးကိုထိန်းနိုင်တာ မထိန်းနိုင်တာကိုတော့ ကျုပ်မသိပါဘူး။
အဲဒီအတွက်လည်း အစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မျှ မပေးနိုင်ပါဘူး။
ဗုဒ္ဓဘာသာမှာ လောကီရေးနဲ့ပတ်သက်ပြီးတကယ်အားနည်းနေသလား ဆိုပြန်တော့ သိပ်မသေခြာဘူး။
လောကီအရေးဆိုတာ လူမှုရေးဆိုလျင်တော့ ဗုဒ္ဓဘာသာကနေ အခြားဘာသာကိုကူးသွားသူတွေထဲက ကျုပ်ရဲ့
ကိုယ်တွေ့မျက်မြင်အရပြောရလျင် လူအတော်များများဟာ အကူအညီရလို့ ကူးသွားတာမျိုးပဲရှိပါတယ်။
သေသေခြာခြာလေ့လာသလား မလေ့လာဘူးလားဆိုတာတော့ ကာယကံရှင်တွေပဲသိမှာပါ။

ကျုပ်ရဲ့ အလုပ်ရှင်တယောက်ရှိတယ်၊ သူ့မှာ ကုန်စုံ ဆိုင်ရှိသလို အခြားစီးပွါးရေးလုပ်ငန်းတွေလည်းရှိတယ်။ ၀မ်းခါအခြေအနေမကောင်းတော့ စီးပွါးပျက်တယ်ပေါ့ဗျာ။ နောက်ဆုံးတော့ သူဟာ ဗုဒ္ဓဘာသာကနေ အခြားဘာ
သာတခုကိုပြောင်းလိုက်တယ်၊ အလုပ်ရှင်တောင် စီးပွါးပျက်ပြီဆိုမှတော့ အလုပ်သမားကျုပ်လည်း စားဝတ်နေရေး
ဘယ်ချောင်လည်ပါ့မလဲ။ အဲဒီတော့ ဘာသာပြောင်းသွားတဲ့ ကျုပ်အလုပ်ရှင်က သူ့လိုဘာသာပြောင်းဘို့ပြောတယ်
ဗျ။ သူက ကျုပ်ကို ပွင့်ပွင့်လင်းလင်းပဲပြောတယ် မင်း မယုံကြည်လျင်လည်း ဘာမျှမဖြစ်ဘူး၊ သူတို့မှာက အဆက်
အသွယ်ကောင်းတွေရှိတယ်။ အဲဒီတော့ ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့ ၀င်သာဝင်လိုက် ဆိုပြီးပြောပါတယ်။

နောက်တမျိုးကတော့ ကျန်းမာရေးပေါ့၊ ခွဲစိပ်ကုသရမယ့်ရောဂါဆိုးကြောင့် အခြားဘာသာကို ကူးလိုက်ရတာမျိုး
တွေ့ဘူးပါတယ်၊ အစားထိုးခွဲစိပ်ကုသရမယ်ဆိုတော့ ငွေရေးကြေးရေးက စကားပြောပြီလေ။
နောက်တမျိုးက သံ ဃာတော်တွေတရားဟောတဲ့အခါ ပါဠိ နဲ့ ဗမာလိုချည်းဟောကြတာဆိုတော့ နားမလည်တာနဲ့
အခြားဘာသာကို ကူးသွားကြသူတွေလည်းရှိတယ်။

မျိုးစောင့်ဥပဒေကို ရေးဆွဲသင့်မသင့်ဆိုတာက စောစောပိုင်းကပြောခဲ့သလိုပေါ့ စားဝတ်နေရေး ပြေလည်နေလျင်
အခြားဘာသာကို မပြောင်းနိုင်ဘူးဆိုတာထက် မိမိကိုးကွယ်တဲ့ဘာသာတရားကို မျက်စေ့မှိတ်နားပိတ်ပြီး ယုံနေ
တာထက် အသေအခြာလေ့လာကျင့်ကြံအားထုတ်ပြီးမှ ယုံကြည်တာကပိုပြီးအကျိုးရှိမှာဖြစ်တော့ ဘာသာရေး
လွတ်လပ်ခွင့်ကို ဟန့်တားဖျက်ဆီးထားတဲ့ဥပဒေမှန်သမျှကို ရုပ်သိမ်းဖျက်ဆီးပစ်ရမှာဖြစ်ပါတယ်။

လူတယောက်က ကျုပ်ကိုပြောဘူးတယ်၊ ဗုဒ္ဓဘာသာကနေ အခြားဘာသာကို ကူးသွားတဲ့လူတွေဟာ ဘာနဲ့အ
လားသဏ္ဍန်တူသလဲဆိုလျင် ကိုယ့်မိခင်မှာ ဘခင်ကြီးငုတ်တုတ်ရှိနေပါလျှက် အခြားအမျိုးသားတဦးနဲ့ အတင်း
အဓမ္မ အတူနေခိုင်းတာနဲ့ အတူတူပါပဲတဲ့ ဒါကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျုပ်မိတ်ဆွေပြောသွားခဲ့တာပါ။

ကျုပ်ကတော့ အဲဒီလိုမဆိုချင်ပါဘူး၊ ကျုပ်အမြင်ကတော့ ဗုဒ္ဓဘာသာကနေ အခြားဘာသာကိုပြောင်းသွားတဲ့ လူ
မှာ အခြေအနေအကြောင်းအမျိုးမျိုးရှိနေနိုင်တဲ့အပြင် ဒါကသူ့ရပိုင်ခွင့်ပါ။ သူပိုင်ဆိုင်တဲ့ ရွေးခြယ်ခွင့်ပါ။ ကျုပ်ပြောချင်တာကတော့ ဗုဒ္ဓဘာသာဖြစ်နေပါလျှက်၊ ဗုဒ္ဓဘာသာပါလို့ခံယူထားပါလျှက် ဗုဒ္ဓဘာသာသာသနာကို
လက်တွေ့ကျကျထိန်းသိမ်းစောင့်ရှောက်မှု မပြုတဲ့အပြင် ဖျက်လိုဖျက်ဆီးလုပ်နေတဲ့လူတွေမှသာလျှင် အဲဒီပုဂ္ဂိုလ်
မျိုးသာလျှင် မိမိမှာ ဘခင်ငုတ်တုတ်ရှိနေပါလျှက် မိမိရဲ့မိခင်ကို အခြားတပါးသောယောက်ျားသားနဲ့ အတင်းအဓမ္မ
အတူနေခိုင်းနေတာသာဖြစ်ကြောင်းပါခင်ဗျား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)