• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, March 18, 2014

နှစ်ပေါင်း ၅၀ ကျော်စစ်အစိုးရလက်ထက်မှာ ဖျက်စီးခဲ့လို့ ပျက်ဆီးသွားပြီ

နှစ်ပေါင်း ၂၀ကျော်စစ်အစိုးရလက်ထက်မှာ 

ဖျက်စီးခဲ့လို့ ပျက်ဆီးသွားပြီ


မတ်လ (၁၄) ရက်နေ့က ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် ရှိအချစ်သစ်ပင်မြက်ခင်းပြင်၌ အပြည်ပြည်ဆိုင်ရာမြစ်
များနေ့ အခမ်းအနားကိုနိုင်ငံရေးအကျဉ်း သားဟောင်းများအင်အားစုကော်မတီကဦးစီးကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် လူသားကမ္ဘာ၌မြစ်များ၏ အရေးကြီးပုံကို ဆရာဦးအုန်း၊ ဆရာဦးထွန်းလွင်၊ ဆရာဦးချိုချို၊ ဆရာမဒေါ်ဒေ၀ီသန့်စင်၊ ဆရာဦးဝင်းမျိုးသူနှင့် ဆရာဦးစိုးသူရထွန်းတို့ ကဟောပြောခဲ့ကြသည်။

“ဧရာဝတီမြစ်က အခုလောလောဆယ်မှာတောင် အခြေအနေမကောင်းဘူး။
မကောင်းတဲ့ အခြေအနေအပေါ်မှာ ထိန်းချုပ်တာတွေလုပ်မယ်ဆိုရင် မြစ်ဝကျွန်းပေါ်နဲ့ နှစ်ပိုင်းပြတ်ထွက်သွားမှာပဲ။
နိုင်ငံတကာမှာလည်း ဒီလိုတွေ ဖြစ်နေတာကို မြင်နေရတာပဲ။
ဧရာဝတီကိုမှီခိုနေတဲ့ မြန်မာပြည် လူဦးရေကနည်းမှမနည်းတာ။
ဧရာဝတီကမြန်မာနိုင်ငံဧရိယာရဲ့ ၆၅ ရာခိုင်နှုန်းရှိတယ်။
မြစ်ဆုံပြီးရင် ဒုတိယအန္တရာယ်အကြီးမြစ်က သံလွင်မြစ်ပေါ့”
ဟု မိုးလေ၀သ ပညာရှင်ဆရာဦးထွန်းလွင်က အဆိုပါအခမ်းအနားတွင်ပြောကြားသည်။

“မြစ်တွေကြောင့် လူတွေအသက်ရှင်နေရတယ်ဆိုတာ ငြင်းမရပါဘူး။
မြစ်တွေရဲ့ ကျေးဇူးတရားကို လူတိုင်းသိကြပါစို့ပြောချင်တယ်။
နှစ်ပေါင်း ၅၀ ကျော် စစ်အစိုးရလက်ထက်မှာ ဖျက်ဆီး ခဲ့လို့ ပျက်စီးသွားပြီ။
ဒါကိုကုစား တဲ့အခါမှာ တစ်နှစ်၊ နှစ်နှစ်နဲ့ ကုစားလို့မရဘူး။ 
မြစ်ဆုံကိစ္စကို ဦးသိန်းစိန်အစိုးရကရပ်သင့်တယ်ထင်ပြီး ယာယီရပ်ဆိုင်းထားတယ်။
အပြီးရပ်ဆိုင်းဖို့အတွက် သူ့မှာလည်း အားတွေလိုလိမ့်မယ်။
ဧရာဝတီမြစ်ဆုံကိစ္စအပြည့်အ၀ ရပ်ဆိုင်းဖို့အတွက် ပြည်သူ့အားကိုပြမှာပါ”
ဟု နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်ဦးဆောင် အဖွဲ့ဝင်ဦးမြင့်ဝင်းမောင်ကဆိုသည်။

ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည့်ပြေတီဦးကလည်း
“ကျွန်တော်တို့တိုင်းရင်းသားပြည်သူတွေအားလုံး ဆန္ဒရှိနေတဲ့အတိုင်း ဒီစီမံကိန်းကြီးအပြီးတိုင်ရပ်ဆိုင်းသွားမယ့်
နေ့ကို ကျွန်တော်တို့လည်း ပြည်သူတွေနဲ့ ထပ်တူမျှော်လင့်ပြီးတော့ စောင့်စားနေပါတယ်။
အမှန်ကို အမှန်အတိုင်းမသိခဲ့ရတဲ့အချိန်တွေက အကြာကြီးပဲ။
အမှန်ကို အမှန်တိုင်းပဲသိချင်ပါတယ်”
ဟု ပြောသည်။

မြစ်ဆုံ စီမံကိန်းဆက်လက်လုပ်ဆောင်ပါက စီမံကိန်းနှင့် မလွတ်ကင်းသည့် ဒေသခံရွာပေါင်း ၆၁ ရွာထပ်မံ ပြောင်း
ရွေ့ရမည်ဖြစ်ပြီး ယင်း ၆၁ ရွာအထဲမှ တန်ဖဲ၊ မဇွပ်၊ ပဒါန်၊ ဒေါင်ပန်၊ ဒိန်ဂါဇွပ်နှင့် အောင်ဂျာယာဉ်ရွာများကို ၂၀၁၁
ခုနှစ်တွင် အောင်မြင်သာစံပြကျေးရွာနှင့် မလိယာဉ်စံပြကျေးရွာများသို့ ပြောင်းရွေ့ထားပြီးဖြစ်သည်ဟု သိရသည်။

အာကာဗိုလ်

Copy from http://www.hotnewsweekly.com/node/2044