• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, March 20, 2014

ဆင်းရဲမွဲတေမှု ပ,ပျေက်ရေးဆိုတာ ဒါပဲ

သိမ်းတဲ့သူအပြစ်လား တောင်းတဲ့သူအပြစ်လား

မုံရွာ-ပုသိမ်အဝေးပြေးလမ်းမ ကြီးပေါ်၌ အလောင်းတော် ကဿပဘုရားဖူးများနှင့်အနောက် အမေကြီးပွဲတော်သို့ သွားလာသည့် ဘုရားဖူးကားများစည်ကားနေချိန်တွင် မြေယာများသိမ်းဆည်းခံထားရသည့် စစ်ကိုင်းတိုင်းဒေသ
ကြီး၊ ယင်းမာပင်မြို့နယ်၊ အုံတုံပင်ကျေးရွာမှထန်းတက်တောင်သူ ၂၀ခန့်သည် လုပ်စားစရာမရှိတော့သဖြင့်
တောင်းရမ်းစားသောက်နေကြကြောင်းသိရသည်။
အဆိုပါကျေးရွာမှမြေယာများကို မြို့ပြစီမံကိန်းတည်ဆောက်ရန်နှင့် ရဲတပ်ရင်း ၂၈တည်ဆောက်ရန်ဟုဆိုကာ ထန်းပင်များကို မတ်လဆန်းခန့်တွင် မြေထိုးစက်များဖြင့် ထိုးလှန်ခံရပြီး လုပ်ကိုင်စားသောက်စရာ မရှိတော့
ကြောင်း၊ မတ်လ ၁၇ရက်မှ စ,တင်၍ လမ်းဘေးဝဲယာတွင် တောင်းရမ်းနေခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရက လာရောက် ကြည့်ရှုစေလိုသည့် ဆန္ဒရှိကြကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသကို လာကြည့်ရင်သိမှာပါ။
မြေသိမ်းခံရတဲ့ ပြည်သူတွေဟာ ဘာမှကို လုပ်ကိုင်စားလို့မရတော့ပါဘူး။
တောသူတောင်သားဆိုတာကလည်း တောင်ယာလုပ်ငန်းကလွဲပြီး ဘာမှမလုပ်တတ်ဘူးလေ။
လွန် ခဲ့တဲ့ နှစ်ပတ်လောက်က ကန့်ကွက်ဆန္ဒပြဖို့ကြိုးစားတဲ့ ဒေသခံ ၁၀ဦးလောက် အဖမ်းခံလိုက်ရသေးတယ်။
ဒီနောက်ပိုင်း မြေယာ ပြန်လည်ရလိုမှုကို မလှုပ်ရှားတော့ဘဲ မနေ့ကစပြီး တောင်းရမ်းစားကုန်ကြတာပါ။ သိမ်းတဲ့သူအပြစ်လား တောင်းတဲ့သူအပြစ်လားလို့ပဲ မေးလိုက်ချင်ပါတယ်”
ဟု ဒေသခံတစ်ဦးက ဆိုသည်။

လွန်ခဲ့သည့်လအတွင်းက သက်ဆိုင်ရာတာဝန်ရှိသူများလာရောက်ခဲ့ပြီး ဆုံးရှုံးသွားသည့် ထန်းပင်များကို စာရင်းပြု
စုပေးထားရန်နှင့် လျော်ကြေးများပေးမည်ဟုပြောခဲ့သော်လည်း ထူးခြားမှုတစ်စုံတစ်ရာရှိမလာသဖြင့် ယခုလို
တောင်းရမ်းနေရကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
ဆင်းရဲမှုပ,ပျောက်ရေး ဆောင်ရွက်နေသော သန့်ရှင်းသည့်အစိုးရဆိုသည်မှာ ဒါလား ဟု ယင်းပုံရိပ်များကို မေးခွန်း ထုတ်ရတော့မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

ဇော်မြင့်၊ စိုးမိုးထွန်း

http://www.hotnewsweekly.com/node/2069
မှတ်ချက်  အနီရောင်စာလုံးနဲ့ခေါင်းစည်းက မူရင်းသတင်းဌာနရဲ့ ခေါင်းစည်းအမှန်ပါ။