• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, March 20, 2014

သမိုင်းဝင် တို့ဗမာ သီချင်း နဲ့ ဒီနေ့ ငြိမ်းချမ်းရေး အခင်းအကျင်း

Source picture from facebook

Wednesday
March 19, 2014

သမိုင်းဝင် တို့ဗမာ သီချင်း နဲ့ ဒီနေ့ ငြိမ်းချမ်းရေး 

အခင်းအကျင်း

By မင်းစိုးစံ

စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတဲ့အချိန်မှာ ဆေးရိုးသည်က တမှောင့်လို့ ပြောကြမလားမသိဘူး။
အောက်တိုဘာလ (၁)ရက်ထက်နောက်မကျပဲ အပစ်အခတ်ရပ်စဲဘို့ လက်မှတ်ထိုးကြတော့မယ့်အချိန်မှာ အခု လို ခေါင်းစည်းက ဘာလိုလိုကြီးဖြစ်နေလို့ပါ။
ခေါင်းစည်းက သိပ်ပြီးမလှပသလို အရေးအသားကလည်း ကြမ်းရှ ရှကြီးဖြစ်နေမှာကတော့ အသေအခြာပါပဲ။
ဘာကြောင့်ပါလိမ့်ဆိုတာ စိတ်ဝင်စားလျင်ဖြင့် ဆက်လက်ဘတ်ရှု လေ့လာနိုင်ပါတယ်။ ဗမာစစ်အစိုးရ(မြမ္မာအစိုးရ) မကောင်းကြောင်းတွေရေးမှာပါကွာ၊ အူကြောင်ကြောင်နိုင်လွန်းတဲ့ အရေးအသားတွေ အတွက် အချိန်အကုန်မခံနိုင်ဘူး ဆိုလျင်တော့ အားမနာပါနဲ့ ကျော်သွားလိုက်ပါ။ ဗမာစစ်အစိုးရ(မြမ္မာအစိုးရ)မကောင်းကြောင်း ရေးပဲရေးနိုင်လွန်းတယ် ဘာများရေးဦးမလို့ပါလိမ့်ဆိုတာ သိချင်
သည်ပါ့ ဆိုမှသာ ဆက်လက်ဘတ်ရှုတော်မူကြပါလို့ မေတ္တာရပ်ခံပါရစေ။

ကရင်နဲ့ဗမာဆိုတာ ရန်ဘက်သက်သက်ကြီးမဟုတ်ခဲ့လျင်တောင် သမိုင်းကြောင်းတလျှောက် မိတ်ဘက်အစစ် အ
မှန်လို့တော့ ပြောရအခက်သားဗျ။ နှစ်ပေါင်းခြောက်ဆယ်ကျော် လူမျိုးရေးပဋိပက္ခသမိုင်းကြောင်းကြောင့် သံသယ
တွေ အာဃာတတွေက ဒီကနေ့အထိ ဖြေရှင်းလို့ကိုမရနိုင်သေးဘူးမဟုတ်ပါလား။
ပြီးခဲ့တာတွေ ကုလားကာချလို့ ခေတ်သစ် စနစ်သစ်နဲ့ တိုင်းပြည်တိုးတက်ရေးအတွက် အတူတကွဆောင်ရွက်ကြ
ဘို့ဆိုတာ လူကြား လို့ကောင်းအောင်ပြောနေကြတာမဟုတ်တန်ကောင်းပေမယ့် ဒီကနေ့ဖြစ်ပျက်နေတာတွေ ပြော
ဆိုလုပ်ကိုင်နေတာတွေကို ဆက်စပ်ပြီးကြည့်ကြမယ်ဆိုလျင် ဗမာမင်းအဆက်ဆက်(အုပ်စိုးသူအဆက်ဆက်)နဲ့ အ
ခု ဗမာစစ်အစိုးရ(မြမ္မာစစ်အစိုးရ)တို့ လုပ်ပုံကိုင်ပုံသဘောထားတွေအားလုံးဟာ တထေရာတည်း တသမတ်တည်း မပြောင်းမလွဲဘူးဆိုတာကို ပြနေတာကို ရှေ့မီနောက်မီ ၀ါရင့်တိုင်းရင်းသားတော်လှန်ရေးသမားတွေသိသလို ဗမာ
ပြည်ရဲ့ သမိုင်းကို တစိုက်မတ်မတ်လေ့လာနေသူတွေလည်း သိကြမှာဖြစ်ပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးလိုလို အပစ်အခတ်ရပ်စဲရေးလိုလို အမျိုးသားပြန်လည်ရင်ကြားစေ့ရေးယောင်ယောင် အဲ
ဒီလိုအကြောင်းကြောင်းတွေကြားမှာ ထုံသလိုလိုအသလိုလိုနဲ့ ရူးချင်ယောင်ဆောင်နေတဲ့လူတွေကတော့ ဆိတ်
ကပ်ပယ်အိတ်လိုဖြစ်နေတာမို့ ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ ဆိုတဲ့မူကိုလက်ကိုင်ထားနေကြရင်း ရေငုံ
နှုတ်ပိတ် မသိသလို ခပ်ဆိတ်ဆိတ်နေနေတာမျိုးလည်း ရှိကောင်းရှိမှာပါ။

တို့ဗမာသီချင်း ဆိုတာ နှယ်နှယ်ရရ သီချင်းမဟုတ်သလို ဗမာ့သမိုင်းမှာ အင်မတန်အရေးပါအရာရောက်ခဲ့တဲ့ အ
မျိုးသားရေး သီချင်းတပုဒ်ဖြစ်ပါတယ်၊ စာလုံးတိုင်းကို လေးနက်တဲ့အဓိပ္ပါယ်တွေနဲ့တည်ဆောက်ထားတာ ဖြစ်တဲ့
အလျှောက် သီကုံးရေးစပ်တဲ့နေရာမှာ အသေအခြာရွေးချယ်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။ နေ့ရက် နေရာ ရေး သားသူ ရည်ရွယ်ချက် စတာတွေကို သိချင်လျင်ဖြင့် Google ကိုသွား။ တို့ဗမာသီချင်း ဆိုပြီးရေးလိုက်ရုံပါပဲ။

သီချင်းထဲက စာသားတချို့ကိုကြည့်ကြပါစို့၊ ဒီကနေ့ဗမာစစ်အစိုးရ(မြမ္မာစစ်အစိုးရ) လုပ်ပုံကိုင်ပုံနဲ့ ဟိုးရှေးဗမာ မင်း
အဆက်ဆက်လုပ်ပုံကိုင်ပုံတွေ တူသလားမတူဘူးလားဆိုတာ။ ပထမမြမ္မာနိုင်ငံတော်တည်ထောင်ခြင်း။ ဒုတိယ
မြမ္မာနိုင်ငံတော် တည်ထောင်ခြင်း။ တတိယမြမ္မာနိုင်ငံတော် တည်ထောင်ခြင်း။ ဟော အခုစတုတ္ထမြန်မာနိုင်ငံတော်
တည်ထောင်ခြင်း။
မရသေးဘူးလား ပဉ္စမမြမ္မာနိုင်ငံတော်။ ဆဌမမြမ္မာနိုင်ငံတော်။ သတ္တမ။ အဌမ။  န၀တ အဲ လေ န၀မ။ ဒဿမ စတဲ့
စတဲ့နိုင်ငံတော်တွေ ဆက်လက်တည်ထောင်ဘို့ပြင်နေသလားမှတ်နေရတယ်။
သီချင်း စာသားထဲမှာ တိုင်းရင်းသားအကုန်အစင် တို့ပြည်(ပြေ)လို့မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာ သခင်။ လို့ဆို
နေတော့ကာ တိုင်းရင်းသားတွေနဲ့ ဒီတိုင်းပြည်ရဲ့သယံဇာတ(ရေထု မြေထု လေထု)အားလုံးဟာ ဗမာတွေသာပိုင်ပြီး တိုင်းရင်းသားတွေနဲ့ ဘာမျှမဆိုင်အောင်လုပ်ရမယ့်တာဝန်ဟာ ဗမာ့တာဝန်ဖြစ်တယ် လို့ ဆိုလိုခြင်းဖြစ်တယ်ဆိုတာ
ကို အခိုင်အမာလုပ်ပြနေတာတွေက မေခမလိခ။ သံလွင်။ စတဲ့နေရာတွေမှာ ရေကာတာဆောက်ပြတာတို့ ဒေသခံ
တိုင်းရင်းသားတွေကို ပြောင်းခိုင်းတာတို့ ဆိုတာတွေက မင်းတို့တိုင်းရင်းသားတွေမှာ ဘာအခွင့်အရေးမျှမရှိဘူး လို့
ပြောနေတာနဲ့ အတူတူပဲမဟုတ်ပါလား။

ဗမာပြည်တ၀ှမ်းအကုန် တို့အိမ်မှတ်ပါ တို့ယာမှတ်ပါ အဲဒါ တို့ဗမာ ဆိုတာက ရှိသမျှမြေတွေအားလုံးကို ဗမာတွေ
ပိုင်တယ်၊ ကရင်တောင်ယာသော ကချင်တောင်ယာသော ဘာသောညာသောနားမလည်ဘူး လုပ်ချင်သလို လုပ်
မယ် သိမ်းချင်တိုင်း သိမ်းမယ်၊ ရွာတွေပြောင်းမယ်၊ မီးရှို့မယ်။
ကရင်ပြည်နယ်မှာ စစ်ဆင်ရေးတွေလုပ်တော့ သစ်ပင်ပေါ်မှာ ဓါးမြှောင်နဲ့ အသေအချာထွင်းထားတဲ့စာတမ်းတခုရှိ
တယ်။
နွားဆိုလျင် ဟင်း။ လှည်းဆိုလျင် ထင်း။ ယောက်ျား မသာ။ မိန်းမ ဖါ။ ဆိုပြီးတော့ ရေးထွင်းထားတာ။ အဲဒါကိုကြည့်လိုက်လျင် ဒီနေ့ရေပန်းစားနေတဲ့ အပစ်အခတ်ရပ်စဲရေး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ငြိမ်းချမ်း
ရေးဆိုတာတွေကို ဒေသခံတိုင်းရင်းသားတွေဘက်က ဘယ်လိုလုပ်ပြီးယုံရဲမှာတဲ့လဲ။

တခါ သန်းကောင်စာရင်းကိစ္စမှာ ကရင်ဆိုလည်း ကရင်မို့၊ ကချင်ဆိုလည်း ကချင်မို့၊ ချင်းဆိုလည်း ချင်းမို့၊ ရှမ်းဆို
လည်း ရှမ်းမို့၊ ထည့်ချင်တဲ့နာမည်ထည့်ပြီး တစစီဖြစ်အောင်လုပ်ပစ်လိုက်တာ။ မကသေးဘူး အခြားလူမျိုး ဆိုတာ
ကိုပါ အဆစ်ထည့်လိုက်သေးတယ်၊ ဒါတွေဟာ တို့ဗမာသီချင်းထဲကအတိုင်း လိုက်လုပ်နေတာများလားဆိုတဲ့ အ
တွေးမျိုးကို ဖြစ်နေစေတာမို့ အခုလုပ်နေတဲ့ မြန်မာငြိမ်းချမ်းရေးအဖွဲ့က ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ဆို
တာကြီးက ဘာလိုလိုကြီးဖြစ်မနေဘူးလား။ ရက်ရွှေ့ရတာနဲ့၊ ဖဲ့ထုတ်နေတာနဲ့၊ စစ်ရေးနဲ့ဖြေရှင်းနေတာနဲ့၊ ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး ဘာညာအကြောင်းပြပြီး နယ်မြေချဲ့ထွင်လက်ဦးမှုယူနေတာနဲ့၊ သစ်ခိုးဂိုဏ်းကိုအကြောင်းပြပြီး
နယ်မြေကိုထိန်းချုပ်တာနဲ့။ အခု ရေကာတာဆောက်ဘို့အကြောင်းပြပြီး နယ်မြေကိုအပိုင်စီးဘို့ လုပ်နေပြန်ပြီ။

တို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ များစွာပါ့ တိုင်းများကိုပါ တိုက်ခိုက်ကာ အောင်ခဲ့တာ တို့ဗမာ ဆိုတဲ့
အပိုဒ်ကိုကြည့်ချင်းအားဖြင့် ခေါက်ရိုးကျိုးနေတာတို့၊ ရှေ့တန်းကတပ်နဲ့ နောက်တန်းကမိခင်တပ် အဆက်အ
သွယ်မရလို့၊ သမ္မတကြီးက အမိန့်ပေးထားပြီးသား ဆိုတာတို့က လံကြုပ်(လုပ်ကြံ)ထားတာတွေလို့ ပြောလို့ရှိ
လျင် လွန်မယ်များထင်သလား။
စစ်ရေးနဲ့ဖြေရှင်းမယ်ဆိုပြီး စိမ်ခေါ်တာထက် ငြိမ်းချမ်းရေးလုပ်မယ် ဆိုပြီး အချို သပ်တာက ပိုပြီးထိရောက်မှုရှိ
တာကို သိနေတော့ လုပ်စရာရှိတာလုပ်ပြီးတာနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တဲ့လူက စစ်ရေးနဲ့ဆိုင်တဲ့လူကို လွှဲချ စစ်
ရေးက အုပ်ချုပ်ရေးကို လွှဲချ ဒီလိုနဲ့ပဲ တိုင်းရင်းသား တော်လှန်ရေးလက်နက် ကိုင်အဖွဲ့တွေရဲ့ တပ်စခန်းတွေကို
ငြိမ်းချမ်းရေးအသံကောင်းဟစ်ပြီး တခုပြီးတခုသိမ်းလိုက်တာမဟုတ်လား။

စစ်အုပ်စုထဲမှာပဲ အပျော့ဂိုဏ်း အမာဂိုဏ်း ဒီမိုကရေစီလိုလားသူ မလိုလားသူ ပြုပြင်ပြောင်းလဲချင်တဲ့အဖွဲ့ မပြောင်း
လဲချင်တဲ့အဖွဲ့ ဆိုတဲ့အထင်အမြင်မျိုးဖန်တည်းပြီး ကြားထဲဝင်ရော။
ရတဲ့သတင်းအချက်အလက်တွေကို ပြန်သုံးသပ်။
ပြီးတော့ အတိုက်အခံအင်အားစုတွေ အင်အားချိနဲ့ယိမ်းယိုင်သွားအောင်လုပ်။ ဒီမိုကရေစီဆိုတာ ခေါင်းဆောင်မှုအပိုင်းနဲ့ အာဏာခွဲဝေမှုအပိုင်းတွေမှာ အတိုးအလျှော့လုပ်ပေးလိုက်တာနဲ့ ဒီမိုက
ရေစီဖြစ်သွားပြီ လို့ ဇဝေဇ၀ါဖြစ်အောင်ပြော။
ပြီးတော့မှ သူတို့စက်ကွင်းထဲကနေ မရုန်းနိုင်တော့ဘူးဆိုတော့မှ ငြိမ်းချမ်းရေးလား အပစ်အခတ်ရပ်စဲရေးလား အ
မျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတာတွေကို စိတ်ကြိုက်အကောင်အထည်ဖေါ်။
အဲဒီလိုအခြေအနေမျိုးမရောက်မချင်း ဝေ့လည်ကြောင်ပတ်လုပ်ပြီးရင်း လုပ်နေမှာလား ဆိုတာကိုတော့ သတိကြီး
စွာထားပြီး မျက်ခြေမပြတ်စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

နောက်ဆုံးပန်းတိုင်ကတော့ ဗမာပြည်တ၀ှမ်းအကုန် တို့အိမ်မှတ်ပါ တို့ယာမှတ်ပါ အဲဒါ တို့ဗမာ။ ဆိုတာနဲ့ တိုင်း
ရင်းသား အကုန်အစင် တို့ပြည်(ပြေ)လို့မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာသခင် ဆိုတဲ့အတိုင်း ပုံမှန်ချီတက်နေ
တယ် ဆိုတာကိုတော့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အထင်အရှားမြင်ကြတာမို့ လိုအပ်
တာတွေ ပြင်ဆင်ထားကြတဲ့နောက်တော့ စစ်မှန်ပြီးရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆိုတာ အိမ်မက်လို
များ ဖြစ်ကုန်လေမလားဆိုတာတွေးမိရင်း အောက်က ရုပ်သံဖိုင်ကိုတင်ဆက်ပေးလိုက်ပါတယ်။


ကျန်းမာချမ်းသာကြပါစေ။






မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)