• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, May 2, 2014

ခွေးတစ်ကောင်အား တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်

Source Photo from http://www.google.com/images

ခွေးတစ်ကောင်အား

တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်

5/03/2014
အရီဇိုးနားပြည်နယ် Phoenix မြို့မှာ ကလေးတစ်ယောက်ကို ကိုက်ဆွဲခဲ့တဲ့ ခွေးတစ်ကောင်အား တရားသူ
ကြီးက တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

AZ Central ရဲ့ဖော်ပြချက်အရ Mickey လို့ခေါ်တဲ့ ဒီခွေးကို သူ့ရဲ့ကျန်တဲ့ ဘဝတစ်လျှောက်လုံး ထောင်ထဲ
မှာနေသွားဖို့ တရားသူကြီး Deborah Griffith ဟာ အင်္ဂါနေ့က အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှုး Joe Arpaio 
Source Photo from http://www.google.com/images

ဖေဖော်ဝါရီလ ၂၀ရက်နေ့က ၄ နှစ်အရွယ် Kevin Vicente ဆိုတဲ့ကလေးကို Mickey က ကိုက်ဖြတ်ခဲ့တာ
ဖြစ်ပြီး မျက်လုံးတစ်ဝိုက်အရိုးများနဲ့ မေးရိုးများပါ ကျိုးသွားခဲ့တယ် လို့ဆိုပါတယ်။သူကျရမယ့်ထောင်ကိုတော့ ခရိုင်အုပ်ချုပ်ရေးမှုး Joe Arpaio ကိုင်တွယ်နေတဲ့ ထောင်တစ်ခုကနေ တာဝန်ယူကြီးကြပ်သွားမှာဖြစ် ပါ
တယ်။

သူ့ဘဝတစ်လျှောက်လုံး ထောင်ထဲမှာ ကုန်ဆုံးရမယ့်အပြင် သူ့ရဲ့အစွယ်များကို ဖယ်ရှားပြီး သင်းကွပ်မှုတွေ
လည်း ပြုလုပ်ခဲ့ပါတယ်။
တိရိစ္ဆာန်အခွင့်အရေးအဖွဲ့တွေဟာ Mickey အတွက် လှုံဆော်မှုတွေ ပြုလုပ်နေကြပြီး AZ Centralရဲ့ဖော်ပြ
ချက်အရ အခြားခွေး ၄၅၀နီးပါးကိုလည်း ရက်စက်တဲ့အပြုအမူများအတွက် သင်းကွပ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီးပြီ
လို့ဆိုပါတယ်။

The Mirror Daily


Mickey was sentenced to life behind bars in Arpaio's no-kill shelter.
(Source: CBS 5 News) 

Copy from http://www.ygnnews.com/2014/05/blog-post_4221.html